Friday, May 8, 2009

စာအုပ်တိုက်တွေနဲ့ စာမူ


ဒီနှစ်ထဲမှာ မဂဿဂဇင်းကို ပို့ကြတဲ့ စာမူ တှောတှောများများ ဖတ်ဖြစ်တယ်။ ကျွန်တှော ကိုယ်တိုင်လည်း တချိန်တုန်းက မဂဿဂဇင်းကို စာတွေ ကဗျာတွေ ပို့ခဲ့ဖူးတာပဲ။ ဘာသွားတွေ့လည်းဆိုတော့ တချို့က စာတှောတှော ရေးနိုင်တယ်။ ဒါပေမယ့် သူတို့ ပို့တဲ့ နေရာက မှားနေတယ်။ မဂဿဂဇင်းတွေမှာ သူ့ပုံစံလေးတွေ ရှိတယ်။ ဥပမာ သောင်းပြောင်းထွေလာ ဆိုရင် အထဲကစာတွေက ဟာသတွေ ဖြစ်နေပေမယ့် ကဗျာမှာတော့ အရမ်းကောင်းတာ သိရမယ်။ ကဗျာမှာတောင် ဘယ်လိုကဗျာလဲ ဒါကို သိနေရမယ်။ ကဗျာပုံစံခြင်း တူတာ မဟုတ်ဘူး။ မဂဿဂဇင်းတိုင်းမှာ ရွေးတဲ့ အယ်ဒီတာကလည်း မတူဘူး။

ပထမဆုံးက စကားလုံး သုံးတာ။ တချို့ စကားလုံးတွေက တချို့ ဆရာတွေရဲ့ မူပိုင်လိုကို ဖြစ်နေတတ်တဲ့ စကားလုံးတွေ ရှိတယ်။ ဥပမာ သူငယ်ချင်း ဆိုရင် ဆရာမင်းမှော၊ မောင်သစ်ဆင်း ဆိုရင် ဆရာဇှောဂျီ၊ ထိပ်ထားတို့ ကောင်မလေးတို့ ဆောင်းဦးပေါက်တို့ ဆိုရင် ကိုတာရာမင်းဝေ၊ ငါ့ရဲ့ သေချင်းဆိုးမလေးတို့ ဘာတို့ဆိုရင် မင်းခိုက်စိုးစန်၊ မစဿစတာချာလီ ဆိုရင် ဆရာချော၊ ယုဇနမခင်ပျို ဆိုရင် ဆရာဇှော စသည်ဖြင့်ပေါ့။ ဖြစ်နိုင်ရင် မဂဿဂဇင်းကို ပို့တဲ့သူတွေ အနေနဲ့ အဲဒီစာလုံးတွေကို ရှောင်သင့်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဖတ်တဲ့ အယ်ဒီတာကို ဒီစာလုံးကို မြင်လိုက်တာနဲ့ ဟိုဆရာတွေကို ပထမဆုံး ပြေးမြင်တော့တာပဲ။ သူတို့က အဲဒီစကားလုံးတွေကို အလှဆုံး သုံးသွားခဲ့ဖူးတာကိုး။ ဒီတော့ သူတို့ကို ကျှောအောင် ရေးနိုင်ရင်ရေး မဟုတ်ရင်တော့ အဲဒီကဗျာ ပါဖို့ မလွယ်တော့ဘူး။

ဒုတိယက လေယူလေသိမ်း။ စာစရေးတဲ့ အချိန်မှာ ကိုယ်ကြိုက်တဲ့ စာရေးဆရာတွေ၊ ကဗျာဆရာတွေရဲ့ အငွေ့အသက်တွေ ကိုယ့်စာထဲ အများအပြား လွှမ်းမိုးတာပဲ။ ဒါဟာ လူတိုင်းလိုလို ဖြစ်နေကြပဲ။ ဒါပေမယ့် ဒါကို ကျှောလွှားနိုင်အောင် လုပ်ရပါမယ်။ အထက်ကလိုပဲ စာရေးဆရာတိုင်းမှာ သူ့ရဲ့ လေ၊ ပုံစံ ရှိတယ်။ ဂျူးနဲ့ ခင်ခင်ထူး မတူဘူး။ စကားပြောရေးတာချင်း အတူတူ အမေမာနဲ့ ဒေါက်တာသန်းထွန်း မတူဘူး။ တာရာမင်းဝေနဲ့ မင်းခိုက်စိုးစန် မတူဘူး။ ဒါမျိုးကို စာဖတ်တာများလာရင် ခွဲတတ်လာတယ်။ ကိုယ်က တစ်ယောက်ယောက်ကို အရမ်းကြိုက်တဲ့အခါ အဲဒီလို သူတို့ စတိုင်တွေ ကိုယ့်စာထဲမှာ ပါလာတယ်။ အဲဒါကို များများရေးရင်း ကိုယ်ပိုင်စတိုင်တစ်ခု ဖြစ်လာအောင် လုပ်သင့်တယ်။ မဟုတ်ရင် အယ်ဒီတာတွေ အနေနဲ့ ပထမ စာရေးဆရာတွေကိုပဲ မြင်နေလိမ့်မယ်။ ကိုယ့်စာဟာ အပယ်ခံရဖို့ များနိုင်တယ်။

နောက်တစ်ခုက ဇာတ်လမ်းအသွားအလာ။ ဒါလည်း ပုံစံ ရှိတာပဲ။ ကိုနေမျိုး၊ ကိုငြိမ်းအေးအိမ်၊ ဆရာနေဝင်းမြင့်၊ ကိုတာ တစ်ယောက်နဲ့တစ်ယောက် ဘယ်မှာတူလို့လဲ။ ကိုယ်ရေးတဲ့ အခါလည်း ကိုယ့်ပုံစံကိုယ် ဖြစ်နေတဲ့ စာမျိုးမှ အရွေးခံရဖို့ များတယ်။ ကိုယ်က ဝတဿထုတစ်ပုဒ်၊ အက်ဆေးတစ်ပုဒ် ရေးတယ်ဆိုရင် မပို့ခင် အထပ်ထပ် အခါခါ ပြန်ဖတ်သင့်ပါတယ်။ အထူးသဖြင့် စကားလုံးရဲ့ အားကို ဂရုစိုက်တဲ့ စာမျိုးတွေမှာ အကောင်းဆုံး အားအပါဆုံး စကားလုံးကို ရနိုင်ဖို့ ကြိုးစားရပါတယ်။ အခုရေး အခုပို့တဲ့ စာတွေမှာ အားနည်းချက်တွေ အများကြီး ရှိတတ်ပါတယ်။ ဇာတ်လမ်းဇာတ်ကွက်ကို အလေးထားတဲ့ စာမျိုး ဆိုရင်လည်း ကိုယ့်စာကို အစအဆုံး မျက်စိထဲ မြင်ယောင်ပြီး ဇာတ်ကွက်စေ့မစေ့ မြင်ကြည့်သင့်ပါတယ်။ မဟုတ်ရင် အရှေ့အနောက် အဆီအငှေါ မတည့်တာတွေ ဖြစ်တတ်ပါတယ်။

နောက်တစ်ခုက ကဗျာတွေ။ ကိုယ်က ဘယ်လို ကဗျာမျိုးကို ရေးမှာလဲ။ ဒါကို အရင်ဆုံး သိရပါမယ်။ နိမိတ်ပုံတွေ လွန်ကဲနေတဲ့ ကဗျာမျိုးလား။ အယ်လ်ပီလား။ အသံချိုတာလား၊ စကားလုံး လှတာလား။ အားမာန်ပါတာလား။ ဒီလောက်တော့ ခွဲခြားရမယ်။ (ဒီနေရာမှာ နည်းစနစ်တွေအကြောင်း မပြောသေးပါဘူး)။ နိမိတ်ပုံအကြောင်း ရေးချင်တယ်ဆိုရင် နိမိတ်ပုံတွေအကြောင်း Symbolism အကြောင်း လေ့လာရမယ်။ ဘယ် Sign ဟာ ဘယ်အနက်ကို ပြောချင်တယ်ဆိုတာ ကိုယ်တိုင်က နားလည်ထားရမယ်။ ဒါကိုမှ မလေ့လာဘဲနဲ့ ကိုယ့်စိတ်ထင်ရာ နိမိတ်ပုံတွေပေးပြီး မှောဒန်ကဗျာ နားလည်ရင်ခံစား နားမလည်ရင် မခံစားနဲ့ဆိုတာ မှားတယ်။ ဒါတွေကို နားလည်ချင်ရင် လေ့လာလို့ ရတယ်။ အသံချိုတဲ့ ကဗျာ ရေးချင်ရင် အသံရဲ့ သဘောသဘာဝ၊ အနုအရင့်၊ အဖိအဖော့၊ အတက်အကျကို သိရမယ်။ အသံချိုတဲ့ ကဗျာမှာ စာလုံးတွေက ကြမ်းတမ်းနေတာ ပြသဿသနာ မဟုတ်ဘူး။ အဓိကက ဖတ်ကြည့်လိုက်ရင် ပြေနေတာမျိုး။ စကားလုံးလှတဲ့ကဗျာ ရေးမယ်ဆိုရင် မြန်မာစာကို အများကြီး ဖတ်ဖူးရမယ်။ နူးညံ့တဲ့ စကားလုံးတွေ အသစ်လေးတွေ ရွေးတတ်ရမယ်။ အားမာန်ပါတဲ့ ကဗျာမျိုးဆိုရင် ဖတ်လိုက်တာနဲ့ ကဗျာရဲ့ အသံကိုက ခက်ထန်ရမယ်။ စကားလုံး အနုအရွလေးတွေ မဖြစ်သင့်ဘူး။ လွမ်းလွမ်းဆွေးဆွေး ကဗျာမျိုး ဆိုရင်လည်း စကားလုံးတွေက ပြောင်ချှောချှော ပျက်တက်တက် မဖြစ်သင့်ဘူး။ ကိုယ်ရေးနေတဲ့ ကဗျာ ပထမပိုင်းမှာ ပါရီတွေ၊ လန်ဒန်တွေ၊ သိမ်းမြစ်တွေ ရေးနေပြီးတော့မှ ရုတ်တရက်ကြီး ပုပဿပါးသူ မယ္ဝဏဿဏ ကောက်ရေးလိုက်တော့ ကဗျာထဲနစ်နေတဲ့ စိတ်လေးက ဘယ်ရောက်သွားမှန်း သိတော့မှာတောင် မဟုတ်ဘူး။

စာအုပ်တိုက်တွေမှာ အယ်ဒီတာပှေါ မူတည်ပြီး သူတို့ ပုံစံလေးတွေ ရှိကြတယ်။ ကိုယ့်ပုံစံဟာ ဘယ်စာအုပ်တိုက်နဲ့ ကိုက်လည်းဆိုတာ အရင်ဆုံး လေ့လာပြီးမှ ကိုယ့်စာမူကို ပို့သင့်တယ်။ မဟုတ်ရင် အချိန်ကုန် ငွေကုန်ပါတယ်။ တချို့တွေဆို စိတ်ရှည်ရှည် ဇွဲသန်သန်နဲ့ လစဉ်မပြတ် ရေးပို့ကြတယ်။ ရေးရင်းရေးရင်းနဲ့ လက်လည်း တက်လာတယ်။ အဲဒီလိုမျိုးသူဆိုရင် ဖတ်တဲ့ အယ်ဒီတာက မှတ်မိနေပြီ။ ဒါပေမယ့် သူ့ပုံစံက အဲဒီစာအုပ်တိုက်ထွက် မဂဿဂဇင်းနဲ့ ပုံစံနဲ့ မကိုက်ဘူး။ အဲဒီအခါကျတော့ အပယ်ခံရပြန်တယ်။ မကောင်းလို့ မဟုတ်ဘဲ သူ့ပုံစံနဲ့ မညီလို့ မရွေးတာ။ တချို့ကျတော့လည်း အများကြီးသာ ရေးတယ်၊ ကိုယ်ပိုင်ဟန် ထွက်မလာဘူး။ တချို့ကျတော့လည်း ပေါက်ကရလေးဆယ် လျှောက်ရေးကြတယ်။ စာရေးတာဟာ ပျှောရွှင် စိတ်ကြည်နူးစရာ အလုပ်တစ်ခုပါ။ ကိုယ့်စာလေးကို ပရင့်တက်မီဒီယာမှာ မြင်ရတာဟာလည်း ပီတိဖြစ်စရာ တစ်ခုပါပဲ။ ဒါပေမယ့် အထက်က ပြောခဲ့သလို အခြေအနေလေးတွေ ရှိနေတာကိုတော့ ကျွန်တှောတို့ ကြိုသိထားသင့်တယ် ထင်မိပါတယ်။

ဘာပဲပြောပြော အခုလို ရေးချင်ရာရေးပြီး တင်ချင်သလိုတင် ကိုယ့်ကို ရွေးမယ့်လူလည်း မရှိတဲ့ အင်တာနက်ပှေါ တင်ရတာ ပိုပြီးတော့ စိတ်ချမ်းသာစရာ ကောင်းမနေဘူးလား။ ဒါကြောင့် ကျွန်တှောဆို ဒီအပှေါမှာ ရေးချင်ရာတွေ စိတ်ထင်ရာတွေ လျှောက်ရေးနေတာပေါ့။ စာမူခတော့ မရဘူးပေါ့လေ:D

No response to “စာအုပ်တိုက်တွေနဲ့ စာမူ”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz