Monday, May 25, 2009

မြန်မာအစ မြောက်ဝင်ရိုးစွန်းက (၂)


မြန်မာအစ မြောက်ဝင်ရိုးစွန်းက (၂)



အားဒမ်သည် မသိမသာ အချိုးပြောင်း၍ နေလေပြီ။ ယခင်တုန်းက အေးမအေးမနှင့် တေခါှေခါှ တပြောပြော တယုယု တရရ ရှိခဲ့သှောလည်း ယခုသှောကား သူ့မျက်လုံးများက အေးမထံတွင် မရှိတော့။ တခါတရံ ထူးထူးဆန်းဆန်း ဝဏဿဏပဘာ ကလျာဖူးစသစ် ဘာညာဖြင့် ဟိုဟိုဒီဒီ ရေရွတ်နေတတ်သေးသည်။ မုဒုလကဿခဏဇာတ်ကို မင်းသိသလားဟုလည်း မေးတတ်သေး၏။ ဘာတွေ ဆိုလိုမှန်းတော့ အေးမ သေသေချာချာမသိ။  အေးမ သိသည်က သူ ဒီဥယျာဉ်ကြီးထဲမှ ထွက်သွားချင်နေမိတာကိုပင်။ အမှန်အတိုင်း ပြောရလျှင် ဒညင်းမယ်လေးနှင့် ဝေးရာသို့ သွားချင်ပြီ။ အရင်တုန်းကဆို အားဒမ်နှင့် သူသည် တစိတ်ထဲ တစ်ဝမ်းထဲ။ အေးမသွားချင်သောအရပ်သည် အားဒမ် သွားချင်သော အရပ်ပင် ဖြစ်၏။ အေးမ စားသော အသီးသည် အားဒမ် စားသော အသီးပင် ဖြစ်၏။ ဒီကောင်မလေး ရောက်လာကတည်းက အေးမသည် သီးခြားဖြစ်သွားသလို ခံစားနေရသည်။ အားဒမ်သက်သက် သူသက်သက် ဘာမှမဆိုင်သလိုမျိုး ခံစားရလာသည်။ 

ဘာမှန်းမသိသော လက်နှစ်ဖက် ခြေနှစ်ဖက် လူမလေးသည် ပြောရရင်တော့ တစ်မျိုးတလေတော့ ထူးဆန်းသည်ဟု ဝန်ခံစရာတော့ ရှိပေသည်။ ဤကောင်မလေး သူနှင့်တူသည်ကို အေးမ သိပါ၏။ သို့သှောလည်း ကောင်မလေးက လူပိုပီသသည်ဟု အေးမ ခံစားရသည်။ အနှီကောင်မလေးသည် သွားချင်ရာ တစ်ကိုယ်တည်း ခုန်ပေါက် သွားနိုင်သည်။ သစ်ပင် အမြင့်ကြီးများ အပှေါသို့လည်း တက်၏။ ပက်လက်လည်း အိပ်သည်။ မှောက်ရက်လည်း အိပ်သည်။ ထိုထက်ပိုပြီး ပြောရလျှင် သူမ၏ ကိုယ်ခနဿဓာ။ ဒညင်းမယ်လေးမှာ သူ့လိုပင် မိန်းမသားဖြစ်ကြောင်း သူ့စိတ်ထဲမှာ အလိုလို သိနေသည်။ သို့သှော သူကား ဒညင်းမယ်လေးလို မဟုတ်။ ဒညင်းမယ်လေးမှာ ရှိသည်များ သူ့ထံတွင် မရှိ။ သူ့ထံတွင် ရှိနေသော အားဒမ်ကြီးကား ဒညင်းမယ်လေးတွင် မရှိ။ လူသည် မရှိသော အရာများကို စိတ်ဝင်စားသည်။ လိုချင်တတ်သည်။ သူ့ထံတွင် မရှိသော အရာများကို အေးမ လိုချင်နေမိသည်။ သူ့ပုံစံလိုမျိုး အေးမလည်း ဖြစ်ချင်သည်။ မိန်းမဆိုသည်မှ လှချင်ပချင်သည်ပဲ။ သူ့လိုပဲ အားဒမ်လည်း စိတ်ဝင်စားနေကြောင်း သူသိသည်။ နှစ်ပေါင်းများစွာ တပူးပူး တတွဲတွဲ အတူတူ နေလာခဲ့သည်ပဲ။ အပွေးမြင် အပင်သိသည်ပေါ့။ သို့ရာတွင် သူတို့နှစ်ဦး စိတ်ဝင်စားပုံခြင်း မတူသည်ကိုလည်း အေးမ ကောင်းကောင်းကြီး သိနေပြန်သည်။ အဆိုပါ သူ့ထံတွင် မရှိသော အရာများကြောင့် အားဒမ်သည် သူမကို ဂရုမစိုက်ဘဲ၊ ဒညင်းမယ်လေး ဆီသို့သာ မျက်စိရောက်နေတော့လေသည်။ တခါတခါ ဘာရယ်မဟုတ် အကြောင်းမရှိ အကြောင်းရှာ မြည်တွန်တောက်တီး နေတတ်သေးသည်။ သူတို့နှစ်ဦး ကြားတွင် အသားဆိုင်တစ်ခု ဆက်ထားသည်မှအပ ကွဲပြားနေလေပြီဟု အေးမ ရင်နာနာနှင့် တွေးနေမိလေ၏။

ထိုနေ့ကား လေပူများခပ်ပြင်းပြင်းတိုက်သော နေ့တစ်နေ့ ဖြစ်ပေသည်။ အားဒမ်နှင့် အေးမသည် ဒညင်းမယ်ကို အကြောင်းပြု၍ ထုံးစံအတိုင်း စကားများပြီးသောကာလ စိတ်ပျက်လက်ပျက်ဖြင့် ထိုင်နေကြသည်။ စကားများရခြင်းမှာလည်း အားဒမ်၏ မျက်လုံးများက အမြဲလိုလို ပြူးထွက်မတတ် ဒညင်းမယ်လေးကိုသာ အသဲအသန် လိုက်လံ ကြည့်ရှုနေသောကြောင့် ဖြစ်ပေသည်။ ကြာတော့ အေးမ ဘယ်လိုမှ သည်းမခံနိုင်တော့။ ထို့ကြောင့် ဒညင်းမယ်ကို ဒီနေရာက ထွက်သွားဖို့ ပှေါတင် ပြောရတော့သည်။ ဒညင်းမယ်လေးက တရှုံ့ရှုံ့ငို၏။ ကျွန်မမှာ ဘာအပြစ်ရှိလို့လဲရှင် ကျွန်မမှာ ဘာအပြစ်ရှိလို့လဲရှင် ဟူသော မျက်နှာပေးလေးဖြင့် ရင်ကို သွက်သွက်ခါအောင်လှုပ်ရင်း အားဒမ်၏ လက်မောင်းကို ဟိုပွတ်ဒီပွတ်ပွတ်ကာ တသိမ့်သိမ့် ငိုလေ၏။ ထိုသို့လှုပ်လေ အေးမ၏ ဒေါသများက ပိုပိုပြင်းထန်လာလေ ဖြစ်လာကာ စိတ်မထိန်းနိုင်တော့ဘဲ ပါးတစ်ချက် ရိုက်မိလေ၏။ ဒညင်းမယ်လေး၏ မျက်နှာပြင် ဖြူဖြူဥဥဝယ် လက်လေးချောင်းရာ နီရဲရဲသည် စင်းစင်းကြီး ပှေါလာလေသည်။ သူမရိုက်ချက်ကြောင့် ဒညင်းမယ်လေးသည် အမလေးဟု တစ်ချက်သာ အှောနိုင်ကာ မြေပှေါသို့ ပုံခနဲ လဲကျသွားလေတော့သည်။ ဒေါသမပြေသေးသော အေးမသည် လဲကျနေသော ဒညင်းမယ်၏ ရင်အစုံကို ဖနောင့်နှင့် ပေါက်မည်လုပ်သည်တွင် အားဒမ်နှင့် ရင်ဆိုင်ရလေတော့သည်။ အားဒမ်သည် လက်နှစ်ဖက်ဖြင့် သူ့လည်ပင်းကို ညှစ်ထားပြီး အသည်းနှလုံး မရှိတဲ့ ရက်စက်သောမိန်းမလို့ ပြင်းပြင်းထန်ထန် စွပ်စွဲသည်။ အေးမ သီသေးထားသော သစ်စေ့ဆွဲကြိုးကို ဆွဲဖြုတ်ပစ်ကာ အေးမကို ပြစ်ပြစ်နှစ်နှစ် ပြောဆိုလေ၏။ သူတို့နှစ်ဦးတို့ကား ဘယ်လိုမှ တစ်ကိုယ်တည်း မပျှောပိုက်နိုင်ကြတော့လေပြီ။ ကိုယ်ချင်း ဆက်နေကြသှောလည်း အားဒမ်က မျက်နှာကို ဟိုဘက်လှည့်ထားသည်၊ အေးမက ဒီဘက်လှည့်ထားလေသည်။ 

ခဏကြာတော့ အားဒမ်သည် စိတ်ပျက်လက်ပျက်ဖြင့် အိပ်ပျှောသွား၏။ ဒညင်းမယ်လေးကား ယခုထက်တိုင် မေ့နေရာက သတိမရသေး။ မြေပြင်တွင် ပက်လက်လေး စင်းစင်းကြီး လဲနေသေး၏။ အေးမသည် ဒညင်းမယ်လေး၏ မျက်နှာကို ကြည့်ရင်း ဒေါသက တနုံ့နုံ့ ဖြစ်၍ လာပြန်ကာ ဒင်းကို တခုခု လုပ်ချင်လာပြန်၏။ သို့သှောလည်း အားဒမ် နိုးလာပြီး ခုနကလို လည်ပင်းညှစ်မည် စိုးသောကြောင့် ဘာလုပ်ရမှန်းမသိ အကြံအိုက်နေ၏။ ထိုသောခဏ သူ့မျက်လုံးများသည် ဒညင်းပင်ကြီးဆီသို့ ရောက်သွားလေတော့သည်။ ဒညင်းပင်ကြီးဝယ် ဒညင်းသီးများသည် ပြွတ်သိပ်စွာ သီးနေ၏။ လူသည် တစ်ခုခုကို အပြစ်တင်မရလျှင် အခြားတစ်ခုခုကို အပြစ်တတ်တတ်သည့်အတိုင်း အေးမ၏ ဒေါသများသည်လည်း ဤဒညင်းမယ်လေး မွေးဖွားလာရာ ဒညင်းပင်ကြီးဆီသို့ ကျရောက်သွား လေတော့သည်။ အဆိုပါ ဒညင်းပင်ကြီးမှ ဒညင်းသီးများသည်သာ ဤသို့သော ဒညင်းမယ်လေးပေါင်း မြောက်များစွာ မွေးလာဦးမည်ဆိုလျှင် သူသေရုံသာ ရှိတော့မည်။ ဒင်းအသီးအားလုံးကို ဖျက်ဆီးပစ်ရမည်ဟု စိတ်တွင် ဖြစ်လာကာ အနီးအနားမှ တုတ်ရှည်တစ်ချောင်းကို ဆွဲယူပြီး ဒညင်းသီးများကို ရိုက်ချလေ၏။ အားဒမ်မှာကား အိပ်ပျှောနေသောကြောင့် ဘာမှမသိဘဲ ပျော့ခွေနေလေ၏။ ဒညင်းပင်မှ ဒညင်းသီးများ ကြွေကျလာသောအခါ အေးမသည် ကျောက်တုံးဖြင့် ဒညင်းသီးများကို ထုချေပစ်လေ၏။ 

ထိုအခိုက် ထူးဆန်းသော အချင်းအရာ တစ်ရပ်ကို မြင်ရသည်ကား သူကျောက်တုံးဖြင့် ဒညင်းသီးများကို ထုလိုက်တိုင်း ဒညင်းမယ်လေသည် အမလေး၊ အား စသည်ဖြင့် ရေရွတ်မြည်တမ်းကာ မပဋာမြေလူးသလို လူးလှိမ့်နေရခြင်းပင်။ အေးမသိလေပြီ။ ဘဲအုပ်ကို ပြာနှင့်ပက်လျှင် အသံတိတ်သကဲ့သို့၊ နှင်းဆီပင်ကို ဝါးညှပ်လျှင် သန်စွမ်းသကဲ့သို့ ဓါတ်ရိုက်ဓါတ်ဆင်ခြင်းသဘောကို ကောင်းကောင်းကြီး ရိပ်မိလေပြီ။ ထို့ကြောင့် တစ်လုံးပြီးတစ်လုံး ထု၏။ ဒညင်းမယ်မှာ လူးကာလှိမ့်ကာ ဒုကဿခခံရရှာလေသည်။ သို့သှောလည်း ကြာလာတော့ သူလက်အံ သေလာပြီ။ ထိုအခိုက် အားဒမ်ကလည်း နိုးလာမည့်ပုံစံ ပှေါလာသောကြောင့် ခုနက ခြွေချထားသော ဒညင်းသီးများကို နေရောင်ကောင်းစွာရသော ကျောက်ဖျာကြီး တစ်ချပ်ပှေါတွင် စုပြုံထားလိုက်လေသည်။ ထိုအခါ ပို၍ပို၍ ထူးဆန်းသည်မှာကား ဒညင်းမယ်သည် လူးကာလှိမ့်ကာ နေရာမှ ပူလှချည်ရဲ့ လောင်လှချည်ရဲ့ဟု အှောကာ ခပ်လှမ်းလှမ်းရှိ ရေအိုင်ထဲသို့ ဒယီးဒယိုင် အပြေးသွားကာ ခုန်ဆင်းပြီး ရေထဲစိမ်နေရလေသည်။ အေးမသည် ရုတ်တရက် ကြောင်ကြည့်နေပြီးမှ အရာရာကို သဘောပေါက်သွားသောကြောင့် အားရပါးရ ဟေးခနဲပင် အှောဟစ်လိုက်လေသည်။ ယခုအတိုင်းဆိုလျှင် ဒညင်းမယ်သည် ရေထဲမှ တက်လာရဖို့ အကြောင်းမမြင်တော့။ ရေထဲမှ တက်မလာသဖြင့် အားဒမ်လည်း ဒညင်းမယ်အပှေါ ဟိုဟိုဒီဒီ သွားရည်တမြားမြားနှင့် မျက်စိမကစားနိုင်တော့။ ခဲနဲ့ ထုနေလျှင်ကမှ သူ့လက်ချက်မှန်း အားဒမ် သိနေဦးမည်။ ယခုလိုဆိုလျှင် သူလုပ်ထားသည်ကိုလည်း အားဒမ်အနေဖြင့် သိနိုင်ခြင်း မရှိတော့။ နေများများပူပါစေလို့သာ သူ့အနေနှင့် ဆုတောင်းရန်ရှိသည်။ နေပူလျှင် ကျောက်ဖျာပူမည်။ ကျောက်ဖျာပူသည်နှင့်အမျှ ဒညင်းသီးများ ပူသလို ဒညင်းမယ်လည်း ပူလောင်ကာ ရေထဲဆင်းစိမ်နေရမည်ကို သူသိလေပြီ။



ဒုတိယပိုင်း ပြီး၏။


No response to “မြန်မာအစ မြောက်ဝင်ရိုးစွန်းက (၂)”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz