Saturday, May 23, 2009

မြန်မာအစ မြောက်ဝင်ရိုးစွန်းက


စရေးတုန်းကတော့ အိုင်ဒီယာမဂဿဂဇင်း နှစ်ပတ်လည်အတွက် ရည်စူးပြီး ရေးတာပါပဲ။ နှစ်ပိုဒ်လည်းပြီးရော လက်က လုံးဝမရတော့ဘူး။ အပြောင်အပျက်ဘက်ကို ရောက်သွားတော့တယ်။ ဒီလိုနဲ့ စင်မတင်နိုင်တဲ့ စာတစ်ပုဒ် ဖြစ်သွားပါရော။ ဘာသာရေး အမြင်တွေနဲ့ မဖတ်ဖို့ကိုတော့ ကြိုတောင်းပန်ထားပါရစေ ခင်ဗျ။



မြန်မာအစ မြောက်ဝင်ရိုးစွန်းက


နီကိုရဲ ငါးပေါင်ပေးပါ
သမီးကို အကြည်တှော ပေါင်ငါးဆယ်
မင်းသိခဿင ပေါင်နှစ်ဆယ် ယူမယ်ဗျို့
မြသန်းတင့် ၃အောင်စ
ဂျူး ၅အောင်စ
..........
..........
..........



ယနေ့မှစ၍ နောင်နှစ်ပေါင်းများစွာ ကြာလွန်သော ကာလတစ်ခုတွင် စကြဝဠာအတွင်းမှ ဂြိုဟ်ပဲ့တစ်ခုသည် ကမဿဘာ့ ဆွဲငယ်အား နယ်ပယ်အတွင်း အရှိန်ပြင်းပြင်း ဝင်ရောက်လာကာ ကမဿဘာကြီးကို ဝင်ဆောင့်လေသည်။ ထိုဖြစ်ရပ်ကြောင့် ကမဿဘာ့ရေထု အပှေါသို့ သုံးပေခန့် မြင့်တက်လာခဲ့ပြီး ကမဿဘာ့မြို့ကြီး တှောတှောများများ ပျက်စီးသွားခဲ့ရ၏။ ကမဿဘာ့မြေလွှာ အတှောများများလည်း တွန့်ခေါက်သွားခဲ့ရပြီး နေရာအနှံ့ ပြတ်ရွေ့ကြောင်းကြီးများ ဧရာမချောက်ကြီးများ တောင်တန်းကြီးများ ဖြစ်ပှေါလာခဲ့သည်။ ကမဿဘာလောကကြီး တစ်ခုလုံး မှောင်အတိ ကျသွားခဲ့ရပြီး ယင်းသို့ ပြင်းထန်သည့် အရှိန်ကြောင့် လူပေါင်းများစွာ သေဆုံးခဲ့ရသည်။ မသေဘဲ ကျန်ခဲ့သူ တှောတှောများများမှာလည်း ကမဿဘာမြေတွင် ဆွဲငင်အား မတည်ငြိမ်ဘဲ ဟိုမှသည် သည်မှဟိုသို့ အတိအကျမရှိ ယိမ်းထိုး လည်ပတ်မှုကြောင့် ဦးနှောက်ယိုယွင်းကာ အသိမှတ်ဉာဏ်အားလုံး ပျက်စီးကုန်လေသည်။ ကမဿဘာကြီး၏ သံလိုက်စက်ကွင်းများလည်း ပျောက်ကွယ်သွားခဲ့ပြီး မြောက်နှင့်တောင် ဝင်ရိုးစွန်း နှစ်ဘက်မှာ နေရာပြောင်းက ယခု ကျွန်ုပ်တို့ နေထိုင်ရာ ရန်ကုန်မြို့ကြီးသည် မြောက်ဝင်ရိုးစွန်း တည့်တည့် ဖြစ်လာခဲ့ရလေသည်။ မြောက်ဝင်ရိုးစွန်း ဖြစ်သွားသှောလည်း ရှေးယခင် ကကဲ့သို့ နှင်းများ ကျခြင်း ရေခဲခြင်းများ မရှိတော့ဘဲ ပကတိရာသီဥတုသာ ဖြစ်တော့သည်။ အလင်းရောင်ကို အရူးအမူး လိုချင်ကြကုန်သော ရှေးခေတ်က ရန်ကုန်သားများမှာ ယခုကဲ့သို့ ၂၄နာရီ နေရောင်ခြည် လုံလောက်စွာ ရနေသော မြောက်ဝင်ရိုးစွန်းက ရန်ကုန်မြို့ကြီး၏ ယနေ့ဖြစ်အင်ကို မြင်များမြင်တွေ့ခဲ့လျှင် လွန်စွာ ရင်ထုမနာ ဖြစ်ကြမည်မှာ မြေကြီးလက်ခတ် မလွဲပါချေ။ ယခင် တောင်တန်း ဒေသများမှာ မြေပြန့်လွင်ပြင် ဖြစ်သွားခဲ့ပြီး၊ ယခင် မြေပြန့်ဒေသများမှာ တောင်ကုန်းတောင်တန်းများ ဖြစ်ကုန်တော့သည်။

လောကနိယာမ ပျက်ခြင်း ပြုခြင်းများ ပြီးပြီးနောက်၊ ဘုရားသခင်၏ ကျွန်တှောတို့ သိသမျှ ဒုတိယ သတဿတပါတ် ကုန်ဆုံးပြန်သောအခါ ဤကမဿဘာကြီးတွင် လူများ ထပ်မံပှေါပေါက်လာပြန်သည်။ လူများဟု ဆိုခြင်းမှာ နေရာဒေသကိုလိုက်ပြီး ချားလ်ဒါးဝင် တီထွင်ခဲ့သည့်အတိုင်း မဆီမဆိုင် မျောက်ဖြစ်နေကြသည့် လူများ၊ မဟာဗြဟဿမာကြီး၏ မည်သည့်အစိတ်အပိုင်းမှ ဖြစ်လာကြမှန်း မသိ ဖြစ်လာကြသော လူများ၊ ကောင်းကင်သနင်း သိကြားမင်းကြီး ကာမရာဂ မအောင့်အီးနိုင်ရာမှ သမုဒဿဒရာထဲ အဖိုမျိုးစေ့ကျပြီး မိခင် မြေကြီး၏ဓာတ်ဖြင့် လူဖြစ်လာကြသူများ၊ ပထမအကြိမ်တုန်းက လူ၏ လက်ျာနံရိုးကို အသက်ဓာတ် မှုတ်သွင်းပြီး လူမိန်းမ ဖြစ်စေရာမှ အကြင်လူနှင့် လူမိန်းမ ပူးပေါင်းကာ သူ့အား တှောလှန်ကြသည့်အကြောင်းကို သိပြီး ဖြစ်တှောမူသောကြောင့် နှစ်ဘက် ညှပ်တိုက်ခံရခြင်းကို ကာကွယ်ရန် ဂရိနတ်သမိုင်းထဲကအတိုင်း လက်လေးဘက် ခြေထောက်လေးချောင်း ခေါင်းနှစ်လုံးနှင့် ကိုယ်တစ်ခု ပုံစံ ဖန်ဆင်းခံရသော ဟိုက်ဘရစ် အမျိုးအစား စကန်းဂျန်နရေးရှင်း လူများ၊ ရုပ်နာမ်နှစ်ပါးအစွဲထားပြီး ကြက်ဥအစရှာမရသလို ဖြစ်လာကြသည့် လူများ စသည်ဖြင့် အမျိုးအစားများလည်း ကွဲလေ၏။

ယခုအကြိမ် ဧဒင်ဥယျာဉ် တည်နေရာသည် ဟိုးလွန်ခဲ့သော နှစ်ပေါင်းများစွာက မြန်မာပြည်ကြီးရှိ ကန်တှောကြီးပန်းခြံ ရှိခဲ့ရာ နေရာ ဖြစ်လာလေသည်။ ယခင်ဧဝ အမည်ကိုကား မြန်မာမှုပြုကာ အေးမဟု ခှေါတွင်စေ၏။ အာဒမ်ကိုကား ဤပြည်ကြီးဝယ် ရှေးယခင်က စိနတိုင်းသား အမြောက်အများ နေခဲ့ဖူးသည်ကို အမှတ်ရစိမ့်သောငှာ အားနိမ့်၊ အားဆိမ့်၊ အတူး စသည့်နာမည်များအတိုင်း အားဒမ်ဟု ခှေါတွင်စေ၏။ ယခင်က ဤနေရာတွင် ကရဝိက်ရုပ်ကြီး ရှိခဲ့ဖူးသောကြောင့် အမှတ်တရ အနေဖြင့် ကရဝိက်ဥယျာဉ်ဟု အမည်ပညတ်ထားလေ၏။ တနေ့သောအခါ ဒါဝင်၏ လူများသည် ဟိုမှသည် သည်မှဟို လှည့်လည်သွားလာရင်း ထိုဥယျာဉ်ထဲသို့ ရောက်လာလေသည်။ ထိုသူတို့၏ ပုံစံမှာ မျောက်ပုံစံ ဖြစ်နေသောကြောင့် အေးမသည် လန့်၏ အှောသည်။ ထိုအခါ ထိုသူများမှာလည်း လက်လေးဘက် ခြေလေးဘက် ဖြစ်နေသော ထိုစုံတွဲအား ရုတ်တရက်မြင်ပြီး ဘီလူးသရဲ တွေ့သည့်အလား ကရောသောပါး ထွက်ပြေးကြသည့်ကာလ ပြုတ်စားရန် သယ်လာသော ဒညင်းသီးတစ်စေ့သည် ထွက်ကျကျန်ခဲ့လေသည်။ ကာလအတန်ကြာသောအခါ ထိုဒညင်းသီးစေ့မှ ဒညင်းပင်ပေါက်လာပြီး ဒညင်းသီးများ သီးလေတော့သည်။

ထိုဒညင်းသီးများထဲမှ ဒညင်းသီးတစ်လုံးသည် ထူးထူးခြားခြား ကြီးမားလှချေရာ မသကဿငာသောကြောင့် တက်ရောက် ကြည့်ရှုသောအခါကာလ ဒညင်းသီးအတွင်းမှ မိန်းမပျိုလေးတစ်ယောက် ထွက်လာလေသည်။ သံသေဒဇ ဒညင်းပင်ကို မှီကာ မွေးလာသောကြောင့် အဆင်းမှာ ညိုညက်ညက် ရှိလေ၏။ မွေးမွေးချင်းပင် ထိုမိန်းမပျိုလေးမှာ ၁၆နှစ်သမီးအရွယ် ရှိနေပြီး ရှိုက်ဖိုကြီးငယ် အသွယ်သွယ်နှင့်လည်း ပြည့်စုံလေသည်။ သို့ရာတွင် ဓမဿမတာအရ နို့ဆာ၍ငိုလေရာ အေးမက ဘာလုပ်ရမှန်းမသိ ကြောင်ကြည့်နေဆဲခဏတွင် အာဒမ်သည် စေတသိက် လှုံ့ဆှောမှုအရ မိမိလက်ညှိုးကို အဆိုပါ မိန်းကလေး ပါးစပ်ထဲ ထည့်ပေးလိုက်သောအခါ အငိုတိတ်သွားသော ဟူ၏။ ထိုအခိုက် လေပြင်းမိုးပြင်းများ ကျလာပြီး မုတ်ဆိတ်ကျင်စွယ် ဗရပြစ်နှင့် ဆာဒူးကြီးတစ်ပါး ရောက်လာကာ အဆိုပါ ကလေးမမှာ ဟိုးယခင်ဘဝပေါင်းများစွာ ပုဂံခေတ်ကြီး ကောင်းစားစဉ် ကာလက ဝါးအတွင်းမှ မွေးဖွားသူ ဝေဠုဝတီ ဝင်စားသူပင်ဖြစ်ကြောင်း၊ လက်ညှိုး ပါးစပ်ထဲ ထည့်ရုံဖြင့် ကလေး နို့ဆာ မပြေကြောင်း ပြောဆိုကာ မေဓာဝီသီချင်းကို ဝင်းဦးကဲ့သို့ သီဆိုရင်း အဓိဋဿဌာန်ပြု၏။ ထိုသောအခါ သူလက်ညှိုးမှ နို့မိုးများ သွန်းဖြိုးရွာသည် ဟူ၏။ ထို့နောက် သူသည် အားဒမ်၏ လက်ကို ကောင်မလေး ပါးစပ်မှ ဆွဲနှုတ်ခါ သူ့လက်ကို ထည့်လိုက်ပြီး မွှေ၍ပင် နေလိုက်သေးသည်။ ဒညင်းမယ်လေးမှာလည်း နွားသိုးကြိုးပြတ် တပြွတ်ပြွတ်နှင့် အငမ်းမရ စို့ရရှာလေ၏။

အားဒမ်နှင့် အေးမသည်ဤလောကကြီးအတွင်း သူတို့ နှစ်ဦးတည်းသာ ရှိသည်ဟု ထင်ထားရာမှ ဒါဝင်၏ လူမျောက်များကိုလည်းကောင်း၊ ဗြဟဿမာကြီး လွှတ်လိုက်သည့် ဆာဒူးကြီးကိုလည်းကောင်း၊ အရှင်လတ်လတ် ဒညင်းသီးထဲမှ ထွက်လာသော ဒညင်းမယ်လေးကိုလည်းကောင်း တစ်ဆက်ထဲ တွေ့ရသောအခါ မျက်စိများပင် ချာလပတ် လည်နေလေတော့သည်။ သူတို့အတွက် ပို၍ ထူးဆန်းနေသည်မှာ သူတို့မှလွဲ၍ ထိုသူအားလုံး ခြေနှစ်ချောင်း လက်နှစ်ချောင်း သီးခြားစီ လွတ်လွတ်လပ်လပ် သွားလာနေကြပုံကို မြင်တွေ့ရသောကြောင့်ပင် ဖြစ်သည်။ အားဒမ်သည် ဒညင်းမယ်လေးကို မြင်ပြီးနောက် ရင်တဒိတ်ဒိတ် ခုန်နေ၏။ အေးမမှာကား ဘာကို ဒေါသဖြစ်လို့ ဖြစ်မှန်းမသိ၊ ဘာကို ခံပြင်းလို့ ခံပြင်းနေမိမှန်းမသိ။ သူသိသည်မှာ သူသည် ဒညင်းမယ်ကို လုံးဝလုံးဝ ကြည့်မရခြင်းပင် ဖြစ်လေသည်။ ထိုထက် ပိုဆိုးသည်မှာ အားဒမ်က ဒညင်းမယ်အား ခြေအဆုံး ခေါင်းအဆုံး တပြုံးပြုံးနှင့် အမုန်းကြည့်နေသောကြောင့်ပင် ဖြစ်လေတော့သည်။

ပထမပိုင်းပြီး၏။

No response to “မြန်မာအစ မြောက်ဝင်ရိုးစွန်းက”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz