Thursday, May 21, 2009

ကျွန်တှောနဲ့ ပြည်သူ့လွှတ်တှော


ပြည်သူ့လွှတ်တှောဆိုတာ ရွှေတိဂုံဘုရားရဲ့ အနောက်ဘက်က ပြည်လမ်းဘေး အဆောက်အအုံကြီးပေါ့။ ကားနဲ့ ဖြတ်ဖြတ်သွားတိုင်း မြင်နေရတာ။ ဧရိယာလည်း ကျယ်သလို ခန့်ညားမှုကလည်း အပြည့်။ ရန်ကုန်မှာ နေတယ်ဆိုပေမယ့် ပြည်သူ့လွှတ်တှောဆိုတာ ကျွန်တှောနဲ့ ဘာမှ မပတ်သက်တဲ့ နေရာတစ်ခုပါပဲ။ အဲဒီအထဲ ရောက်ဖူးဖို့ဆိုတာ စိတ်ကူးထဲမှာတောင် ရှိခဲ့တာ မဟုတ်ဘူး။ ရောက်ချင်တော့လည်း ကြံဖန် ရောက်သွားခဲ့ရတာ။ ပြီးတော့ ကံကောင်းထောက်မစွာ။

၁ဝတန်း စာမေးပွဲတွေ ဖြေပြီးတာနဲ့ သိပ်မကြာခင်ပဲ မြစ်ကြီးနားကနေ ရန်ကုန်ကို ၁လလောက် သွားနေဖြစ်တယ်။ ရန်ကုန်ကနေ ပြန်ရောက်ရောက်ချင်းပဲ ဆရာမ ဒှေါမြငွေ ကျွန်တှော့ကို လိုက်ရှာနေတယ်လို့ သိရတယ်။ ဒါနဲ့ ဆရာမအိမ်ကို သွားတော့ အာဆီယံ နှစ်သုံးဆယ်ပြည့်ဆိုလား သုံးဆယ့်တစ်နှစ်ပြည့်ဆိုလား အထိမ်းအမှတ် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ အတွက်တဲ့။ မြန်မာပြည်က အဲဒီနှစ်ကမှ အာဆီယံအဖွဲ့ဝင် ဖြစ်လာတာ။ ကျွန်တှော သိတော့ ရက်က ၂ရက်လားပဲ လိုတော့တယ်။ ကျွန်တှောတို့ ကျောင်းက လူတချို့ကို ရွေးထားပြီးသွားပြီ။ ကျွန်တှောကတော့ ချွင်းချက်ပေါ့။ ဖြတ်လမ်းကနေ မြို့နယ်အဆင့် ပြိုင်ရမှာ။ ဒါနဲ့ အာဆီယံနဲ့ ပတ်သက်တာတွေ သတင်းစာထဲမှာ လိုက်ရှာဖတ်ရတယ်။ မြန်မာပြည်နဲ့ ပတ်သက်တဲ့ ဗဟုသုတတွေရောပေါ့။ မြန်မာပြည်နဲ့ ပတ်သက်တဲ့ ဗဟုသုတတွေတော့ ကျွန်တှောက သိပ်မကြောက်ဘူး။ အာဆီယံ ဆိုတာကလည်း မြန်မာပြည်က အဲဒီတုန်းကမှ ဝင်တဲ့ အဖွဲ့မို့ သတင်းစာတွေထဲမှာ မြိုင်မြိုင်ဆိုင်ဆိုင် ပါနေတာဆိုတော့ သတင်းစာ ဖတ်ရုံနဲ့တင် လုံလောက်တယ်လို့ ပြောရမယ်။ အဂဿငလိပ်လိုတွေ မှတ်ရတယ်။ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေရဲ့ ပထဝီနဲ့ ဒေသနဿတရ ဗဟုသုတတွေကို လိုက်ဖတ်ရတယ်။ ဝန်ကြီးချုပ်တွေ ထင်ရှားတဲ့သူတွေကို မှတ်ထားရတယ်။ ဘယ်တိုင်းမှာ ဘာရှိတယ်၊ ဘယ်မြို့နယ်မှာ ဘာရှိတယ် ဆိုတာတွေ လေ့လာရတယ်။ အချိန်ကလည်း သိပ်မရှိတော့ ကျွန်တှောလည်း ကပျာကယာ လုပ်ရတယ်။ သွားဖြေတော့ အထက (၁)ကျောင်းမှာ သွားဖြေရတယ်။ ကချင်ပြည်နယ် တစ်ခုလုံး လာဖြေကြတာဆိုတော့ လူတွေမှ အပြည့်ပဲ။ ကျွန်တှောက အိမ်နားမှာနေတဲ့ အထက(၁)က အမကြီးတစ်ယောက်နဲ့ အတူတူသွားတယ်။ သူ့နာမည် စဉ်းစားလို့ မရဘူး။ ရင် ဆိုတဲ့ တစ်လုံးတော့ ပါသလိုပဲ။

ဖြေပြီး တစ်ရက်နှစ်ရက်ကြာတော့ ဆရာမက အိမ်ကို ဝမ်းသာအားရ ဖုန်းဆက်လာတယ်။ ကျွန်တှောက ကချင်ပြည်နယ် ပထမရတယ်တဲ့။ အဲဒါ ရန်ကုန်ကို ဗဟိုအဆင့် သွားပြိုင်ရမယ်တဲ့။ ကျွန်တှောရတဲ့ အမှတ်ကလည်း မဆိုးလှဘူး။ ဒါပေမယ့် နိုင်ငံအဆင့် ပြိုင်ရမှာဆိုတော့ ထပ်လေ့လာထားဦးပေါ့။ ကျွန်တှောလည်း တှောတှော ပျှောသွားတယ်။ မြို့နယ်ပညာရေးမှူးရုံးသွား လိုအပ်တဲ့ ဖောင်တွေဘာတွေဖြည့် လုပ်ရတာပေါ့။ ကျောင်းအုပ်ကြီးကလည်း ခှေါပြီး အားပေးတယ်။ ရန်ကုန်ကို ကျွန်တှောနဲ့ ဆရာမ ဒှေါမြငွေ သွားရမယ်တဲ့။ ကျောင်းက တစ်ရက်ကို ဘယ်လောက်လဲ မမှတ်မိတော့ဘူး အသုံးစရိတ်ပေးတယ်။ ဆရာမက အဲဒီတုန်းက ဆရာချိုနဲ့ လက်မထပ်ရသေးဘူး။ ကျွန်တှောတို့ ဆယ်တန်းကို သမိုင်းသင်တယ်။ သူက ရန်ကုန်နဲ့ သိပ်အကျွမ်းမဝင်တော့ ရန်ကုန်သား ကျွန်တှော့ကို ဟိုရောက်ရင် ဟိုလျှောက်သွား ဒီလျှောက်သွား မလုပ်ရဘူးလို့ မှာတယ်။ ဆရာမရယ် ကျွန်တှောရယ် ရန်ကုန်ကို လေယာဉ်နဲ့ သွားကြတယ်လို့ ထင်မိတယ်။

ဟိုရောက်တော့ ကန်တှောကြီးပတ်လမ်းက အောက်မြန်မာနိုင်ငံပညာရေးရုံးကို သွားရတယ်။ အဲဒီမှာ ရောက်ကြောင်း သတင်းပို့ရတယ်။ ဖောင်တွေ ဖြည့်ရတယ်။ သူတို့က ကျွန်တှောတို့ တည်းခိုဖို့ကို နေရာစီစဉ်ပေးတယ်။ တည်းရတဲ့ နေရာကလည်း အမှတ်တရ နေရာလေးပါ။ မြေနီကုန်း ဘလေဇွန်နားက အထက(၁) ကမာရွတ် (မရမ်းခြံ) ဆိုတဲ့ မိန်းကလေးကျောင်း။ အဲဒီကျောင်းက ပြောရရင် ကဗျာဆန်တယ်။ ညဘက်ဆို စကားဝါပန်းနံ့လေးတွေ၊ ညမွှေးပန်းနံ့လေးတွေ သင်းလို့။ ကျွန်တှောတို့ အဲဒီကို ရောက်တော့ တခြား ပြည်နယ်တိုင်းတွေက ကျောင်းသားတွေ ဆရာ၊ ဆရာမတွေလည်း ရောက်နေကြပြီ။ အချင်းချင်း နှုတ်ဆက်ကြ၊ မိတ်ဆက်ကြပေါ့။ ကျွန်တှောနဲ့ ရွယ်တူ သုံးလေးယောက် ပါတယ်။ ရှမ်းပြည်နယ်က ရန်နိုင်အေး ပါတယ်။ မနဿတလေးက ဇာနည်ထွန်း ပါတယ်။ ဇှောလင်းဆိုတာ ပါတယ်။ ကျန်တဲ့သူတွေကို နာမည်သိပ်မမှတ်မိဘူး။ ကျွန်တှောတို့ အားလုံး ကြားထဲမှာ ထူးထူးခြားခြား ကောင်မလေးက တစ်ယောက်တည်း။ သူက မွန်ပြည်နယ်အတွက် လာတာ။ သူ့အမေ ပါလာတယ် ထင်တယ်။ သူ့နာမည်က ချိုနွယ်လှိုင် ဆိုလားပဲ။ သူ့ကို ကျွန်တှော တကဿကသိုလ်တက်နေတဲ့အချိန် မြောက်ဥကဿကလာ ဆေးတကဿကသိုလ် (၂)မှာ ပြန်တွေ့တယ်။ ဒါပေမယ့် အကြောင်းကြောင်းကြောင့် သွားမနှုတ်ဆက်ဖြစ်ပါဘူး။ ရန်နိုင်အေးကို ကလောမှာ ပြန်တွေ့တယ်။ နောက်ပိုင်း သူ စစ်ဆေးတကဿကသိုလ် တက်သွားတယ်လို့ သတင်းကြားရတယ်။ ဇှောလင်းကိုတော့ ရေကြောင်းသိပဿပံမှာ ပြန်တွေ့တယ်။ သူက ကျွန်တှော့ထက် တစ်နှစ်ငယ်တော့ ကျွန်တှော့ ဂျူနီယာ။ ကျန်တဲ့ လူတွေနဲ့ ပထမတော့ စာအဆက်အသွယ် ရှိကြသေးတယ်။ နောက်ပိုင်းတော့ ဝေးသွားတာပဲ။

ကျွန်တှောက ရန်ကုန်မှာလည်း နေခဲ့ဖူး၊ ဟိုစပ်စပ် ဒီစပ်စပ်လည်းသိ၊ စကားလည်း များတာမို့ အဖွဲ့ခေါင်းဆောင်လို ဖြစ်သွားတယ်။ အဲဒီကျောင်းက စာသင်ခန်း တစ်ခုထဲမှာ ကျွန်တှောတို့တွေ စုပြီး နေကြတယ်။ ဆရာမတွေရယ် ကောင်မလေးရယ်က အပှေါထပ်မှာ။ ဘယ်သူယူလာတဲ့ သတင်းမှန်း မသိဘူး။ အဲဒီကျောင်းက သရဲအရမ်းခြောက်တယ်လို့ ကြားရတယ်။ ဒါပေမယ့် ကျွန်တှောတို့ကတော့ ပျှောတာပဲ။ ညဘက် မအိပ်နိုင်ကြဘူး။ တစ်ယောက်အကြောင်း တစ်ယောက် ပြောကြ၊ ရယ်စရာ မောစရာတွေ ပြောလိုက်ကြ၊ စလိုက်နောက်လိုက်ကြနဲ့ သိတောင် မသိလိုက်ဘူး။ ဒါပေမယ့် ပြိုင်ပွဲကျရင်တော့ ပထမရအောင် လုပ်မယ်ဆိုပြီး အားလုံးက အပီအပြင် ပြင်ဆင်ထားကြတယ်။ ပထမတော့ ကျွန်တှောတို့အားလုံး ဗဟိုအဆင့်မှာ ထပ်ပြိုင်ဖို့ လုပ်ထားတာကို နောက်ပိုင်း ဘာကြောင့်မှန်း မသိဘူး အဲဒါ ပျက်သွားတယ်။ ကျွန်တှောတို့ ပြိုင်စရာ မလိုတော့ဘူးတဲ့။ ပြည်နယ်နဲ့ တိုင်းအလိုက် ဆုတွေပေးတော့မယ်လို့ သတင်းထွက်လာတယ်။ ဒီလိုနဲ့ ကျွန်တှောတို့အားလုံး ပြည်သူ့လွှတ်တှောထဲ ရောက်ဖို့ အကြောင်း ဖန်လာပါတော့တယ်။

ပထမတစ်ရက်က ရီဟာဇယ် လေ့ကျင့်ရတယ်။ ဒုတိယ တစ်ရက်မှာတော့ ဆုပေးပွဲနဲ့ ညစာစားပွဲ တက်ရတယ်။ ကျွန်တှောက ကချင်ပြည်နယ်ဆိုတော့ ပထမဆုံး ဆုတက်ယူရတာပါပဲ။ ဆုပေးသူက အဲဒီတုန်းက အတွင်းရေးမှူး(၁) ဗိုလ်ချုပ်ခင်ညွန့်။ ညစာစားပွဲကလည်း အလျှံအပယ်ပါပဲ။ ခန်းမဆောင်ကြီးထဲမှာ။ ပြီးတော့ ကျွန်တှောတို့ ဓာတ်ပုံတွေ ရိုက်ကြတယ်။ မှတ်မိသေးတယ်။ အဲဒီတုန်းက အာဆီယံခေါင်းဆောင်တွေ လုပ်လေ့လုပ်ထရှိတဲ့ လက်တွေကို တစ်ယောက်နဲ့တစ်ယောက် Crossing ချိတ်ပြီး ရိုက်ကြသလိုမျိုး။ ဟိုတစ်ယောက်တည်းသော ကောင်မလေးကတော့ အလယ်ကပေါ့။

အဲဒီနောက်ပိုင်း အဲဒီတုန်းက သူငယ်ချင်းတွေနဲ့ စာအဆက်အသွယ် လုပ်ကြသေးတယ်။ နောက်ပိုင်းမှာတော့ ဘယ်သူတွေက ဘယ်တွေရောက်ကုန်မှန်း မသိတော့ဘူး။ အဆက်အသွယ် ပြတ်သွားကြတာရယ်၊ ကျွန်တှော့ မှတ်ဉာဏ်တွေ ယိုယွင်းလာတာကြောင့်လည်း ပါတယ်။ ဒါလေးကိုတောင် မနည်းပြန်စဉ်းစားပြီး ရေးရတယ်။ ဘာရယ်မဟုတ်ပါဘူး။ ကိုယ့်ဘဝမှာ ရခဲ့ဖူးတဲ့ အမှတ်တရ အောင်မြင်မှုလေး တစ်ခုကို လုံးလုံး မမေ့သွားခင် မှတ်ထားလိုက်တဲ့ သဘောပါ။ တစ်ခါတစ်ခါတော့ အဲဒီဘက်ကို ဖြတ်သွားရင် အဲဒီတုန်းက ဆုရခဲ့တာလေး ပြန်ပြန်သတိရသလို ဆယ်တန်းကျောင်းသား ဘဝလေးကိုလည်း ပြန်လွမ်းမိတယ်။

ကျွန်တှောတို့နှစ်က မြစ်ကြီးနား အထက(၃)က တှောတှောလေး အောင်မြင်တယ်လို့ ပြောရမယ်။ ဆယ်တန်းမှာ တစ်နိုင်ငံလုံး ဒုတိယ ရတဲ့သူလည်း ထွက်လာတယ်။ ပြည်နယ်အဆင့်တွေလည်း အများကြီးပဲ။ သူငယ်ချင်း တှောတှောများများလည်း ဆရာဝန် ဖြစ်လာကြတယ်။ ကျွန်တှောကတော့ အဲဒီတစ်နှစ်လုံး ကဗျာပြိုင်ပွဲ၊ စာစီစာကုံး ပြိုင်ပွဲတွေမှာ ပထမအမြဲရလို့ ဆုပေးပွဲ လုပ်တဲ့အချိန်မှာ ၁၂ဆုလောက် တက်ယူခဲ့ရတယ်။ ဘဝတလျှောက်လုံး ဆုအများဆုံး ရခဲ့တဲ့ နှစ်တစ်နှစ်ပါပဲ။ ဒါပေမယ့် အဲဒီတွေကြောင့်ပဲ ကျွန်တှော့ စာမေးပွဲမှာ အားနည်းခဲ့တာ။ စာမေးပွဲခန်းထဲ စာစီစာကုံးကို စိမ်ပြေနပြေနဲ့ ထိုင်ရေးနေခဲ့မိတာ နောက်ဆုံး အချိန်မလောက်တော့လို့ ကမန်းကတမ်း နိဂုံးချုပ်လိုက်ရတော့ မြန်မာစာ အမှတ်က ၇၃နဲ့ ဂုဏ်ထူးမှတ် လွဲခဲ့ရတယ်။ ကျွန်တှော့ဆရာမကြီး ဒှေါသိန်းမြင့်ဆိုတာ ဆူလို့ မဆုံးတော့ဘူး။ အားလုံးက ကျွန်တှော မြန်မာစာ ဂုဏ်ထူးရမယ် တွက်ထားကြတာကိုး။ ကျွန်တှောတို့နှစ်က သုံးဘာသာ ဂုဏ်ထူးတွေ များတာမို့ လေးဘာသာတွေပဲ မြို့နယ်မှာ ဆုပေးတော့ ကျွန်တှော့မှာ မြို့တှောခန်းမဘေးက စောစိုးနေဝါးတို့ အိမ်ရှေ့လမ်းမကြီးမှာ တစ်ယောက်တည်း ငိုခဲ့ရသေးတယ်။ ပြန်တွေးကြည့်တော့ ပေါလိုက်တာဗျာ။


One response to “ကျွန်တှောနဲ့ ပြည်သူ့လွှတ်တှော”

Sthanm said...

ကိုညီရေ ဟိုတစ်ယောက်တည်းသော ကောင်မလေးကို အဲဒီတုန်းက ခိုက်မိနေသလား....တွေးမိတာလေးပါ။ဟား ဟား

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz