Thursday, May 7, 2009

တမတ်တန်ကြေးစည်

ဒီနေ့မနက်က အပြင်မထွက်ခင် သတင်းစာ ရောက်လာလို့ ဖတ်ကြည့်မိတော့ ထူးထူးခြားခြား သတင်းတစ်ပုဒ်ကို သွားတွေ့တယ်။ တစ်ညလုံး အင်းလျားကန်ကြီးထဲ ရေကူးနေတဲ့ လူတစ်ယောက် အကြောင်းပါ။ မေလ ၅ရက်နေ့ ညကတည်းက ကူးလိုက်တာ ၆ရက်နေ့ မနက် ငါးနာရီမှာ အကူးရပ်သွားတော့တယ်။ တှောတှောလည်း ရေကူးနိုင်တဲ့ သူပါလားလို့ တွေးမိပါရဲ့။

ဒါနဲ့ ဟိုသတင်း ဒီသတင်းလေးတွေ လျှောက်ဖတ်ကြည့်တော့ တမတ်တန် ကြေးစည် ဆိုလား ဘာလား ဘလော့တစ်ခု သွားတွေ့ပါလေရော။ အှော တှောတှောလေးကို အရေးအသားတွေ ရုန့်ရင်းကြမ်းတမ်း နေပါပေါ့လားလို့ ပင့်သက်ချမိတယ်။ ရေးခဲ့ဖူးတဲ့ အရက်သမားတွေ နေတဲ့ရွာ ဆိုတဲ့ ကဗျာလေး သွားပြန်သတိရမိတယ်။ မီဒီယာကမ်ပိန်း လုပ်ချင်ရင်လည်း မီဒီယာရဲ့သဘော လူတွေရဲ့ သဘောသဘာဝကို နားလည်သင့်တယ်။ သူများက ဆဲတိုင်း ကိုယ်က ပြန်ဆဲနေတော့ ဒီရပ်ကွက်ထဲမယ် ကျက်သရေတုန်းတယ်။ အယူအဆ ဝါဒရေးရာ ပညာပိုင်းဆိုင်ရာ ငြင်းကြပြောကြတာ တှောသေးတယ်။ အခုကတော့ တဖြေးဖြေး မိုက်ရိုင်းလာလိုက်ကြတာ မဆီမဆိုင်တဲ့ ကိုယ်ရေးကိုယ်တာ တွေကိုပါ ပုတ်ခတ်လာကြတယ်။ ဖတ်ကြည့်တော့လည်း အားလုံးက မဲပြာပုဆိုး။ အရေးအသားတွေကလည်း ထေ့သလိုလို ငေါ့သလိုလို စောင်းသလိုလိုတောင် မကတော့ဘူး။ တစ်ယောက်ကိုတစ်ယောက် Insult ဆိုတဲ့ အခြေအနေမျိုး ဖြစ်နေပြီ။ ဒါမျိုးစာတွေ ဖတ်ရတာ စိတ်ပျက်ဖို့ ကောင်းတယ်။ ရပ်ကွက်ထဲ ထိုင်ဆဲနေတဲ့ အမူးသမား ကြည့်နေရသလိုပဲ။ ပညာလည်းမရဘူး။ တခါတလေတော့ ရယ်ရတာမျိုး။ ဘာပေးချင်တာလည်း ဘာပြောချင်တာလည်း ဆိုတာကို နားကို မလည်တော့ဘူး။

ငယ်ငယ်တုန်းက အမေ ဆေးတိုက်တာကို သတိရတယ်။ ရောဂါပျောက်ချင်ဇောနဲ့ ဆေးဆိုတာ နင်းကန်တိုက်လို့ စုပြုံတိုက်လို့ အတင်းတိုက်လို့ မရဘူးလေ။ ရောဂါကြီးလေ ဆေးကို ဖြေးဖြေးချင်း ကြာကြာ တိုက်ရလေ။ နင်းကန်တိုက်လိုက်ရင် ဆေးပြီးသွားတာတွေ အဆိပ်ဖြစ်တာတွေ ဖြစ်တတ်သေးတယ်။ တခါတလေ အရမ်းခါးတဲ့ ဆေးမျိုး ဆိုရင်တောင် အဲဒါလေး မသိသာအောင် အချိုလွှာလေးတွေ ဖုံးပေးထားသေးတယ်။ အထဲမှာ ခါးမှန်းတော့ သိတယ်။ ဒါပေမယ့် အဝင်မဆိုးဘူးပေါ့။ ဆရာမြသန်းတင့်သာ ရှိသေးရင် ဆေးတိုက်ခြင်း အနုပညာဆိုပြီး ရေးဦးမလား မသိ။


No response to “တမတ်တန်ကြေးစည်”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz