Monday, May 4, 2009

ငှက်ကလေးအိမ်မပြန်တဲ့နေ့

ငှက်ကလေးအိမ်မပြန်တဲ့နေ့


ကောင်းကင်ပြင်က ကြယ်တွေထိုးဆင်း
အလင်းတွေ ဆောက်တည်ရာမရ ငိုက်သွားခဲ့ချိန်ကပေါ့
ငါဒီနေ့တော့ ဝေးဝေးမသွားတော့ဘူးလို့
ငှက်ကလေးကတွေးရင်း အတောင်တွေ ချိုးချလိုက်တယ်
အဲဒီအချိန်မှာ
သူ့ကို ဖြတ်ခနဲ မြင်လိုက်ခဲ့တာပါ
ပျံသန်းသွားလိုက်တာများ ပင်လယ်ပြင်ဘက်ကို ထွက်တော့မလို
မေမေကပြောနေတယ်
ခုတလော အရာရာဟာ ထူးထူးဆန်းဆန်း ရှိလိုက်တာတဲ့
ဝေးဝေးမသွားနဲ့သားလို့ သူမှာတယ်
စူးစမ်းစွန့်စားချင်တဲ့စိတ်ဟာ ကမဿဘကျှောစေသတဲ့မေမေ
လူတွေပြောပြောနေတာ သားကြားဖူးတယ်
ယောနသံစင်ရှော
အစဉ်အလာကို ဖောက်ထွက်ပြီး လွတ်မြောက်ခဲ့သူ
ငှက်ကလေးဟာ အတိုင်းအဆမဲ့ အတွေးတွေနဲ့
ချိုးထားတဲ့အတောင်ကို လှည့်ရင်း ပြန်ဆန့်ထွက်လိုက်တယ်
မိုးသားတွေ တလိပ်လိပ် တက်နေတဲ့ဘက်က
သူ့ကို ဖြတ်ပျံသွားတဲ့ ငှက်ကလေးတစ်ကောင်က ဟိုးအဝေးမှာ
မေမေ့စကားကို ခဏမေ့ထားပြီး တောင်ပံကို ခပ်သွက်သွက်ခတ်တယ်
လေတိုးသံဟာ တဖြေးဖြေး ပြင်းပြင်းလာတယ်
ရှင် ကျွန်မနောက် ဘာလို့ လိုက်လာတာလဲလို့ ရှေ့က ငှက်ကလေးက လှည့်မေးတယ်
ဒီလောက် လေတွေတိုက်နေတဲ့ဘက်ကို မင်းဘာသွားလုပ်တာလဲ သိချင်လို့ပေါ့လို့ သူပြန်ဖြေတယ်
လေတိုက်လို့ သစ်ရွက်တွေလှုပ်ရင် ကျွန်မ ပျှောရွှင်တာပေါ့ရှင်လို့ သူမက မခို့တရို့လေး ပြောတယ်
သူတို့ချင်း ရင်ဘောင်တန်းမိတဲ့အခါ
ပင်လယ်ရေပြင်ဟာ အပြာရောင် သန်းနေပြီ
မြင်နေကျ မိုးကုတ်စက်ဝန်းမှာ အနက်ရောင် လိုက်ကာတွေ ကျနေပြီ
မိုးတွေလည်း သည်းသည်းမည်းမည်း ရွာလို့
လျှပ်စီး မိုးကြိုးတွေလည်း မြင်နေရပြီ
ငါတို့ ပြန်ကြမလားလို့ သူမေးလိုက်တော့
ရှင်က ကြောက်တတ်လိုက်တာနှောလို့ သူမပြန်ပြောတဲ့အခါ
သူ့မာနဟာ ထောင်းခနဲ ထလာတယ်
တဟူးဟူးတိုက်နေတဲ့ လေကို အပြင်ဆန်ရင်း သူပျံတယ်
ဒီနေ့လေ ရှင်နဲ့တွေ့ရတာ ကျွန်မသိပ်ပျှောတာပဲလို့
သူ့အနားကပ်ပြီး တိုးတိုးလေး ဆိုသွားတော့
သူ့စိတ်တွေဆိုတာ ကြည်နူးလို့
စွန့်စားသူ ကိုလံဘတ်စ်ဟာ အချစ်ကို တွေ့ခဲ့ပြီပေါ့လို့
သူအှောဟစ်လိုက်တယ်
ဟိုကတော့ တခစ်ခစ်ရယ်လို့
ပျှောရွှင်မှုမှာ သူတို့ သတိမေ့သွားလိုက်တာ မိနစ်ပေါင်းများစွာ
သတိရချိန်မှာ သူတို့တစ်ကိုယ်လုံး မိုးရေတွေထဲ နစ်လို့
လေတိုက်နှုန်းမှာ သူတို့ အတောင်ပံတွေဟာ မတိုးတော့ဘူး
ရာသီဥတုဟာ အရမ်းဆိုးနေပြီ
အရာရာဟာ လေးလံလာပြီ
သူတို့ ပြန်မှ ဖြစ်တော့မယ်
နားထဲမှာ သားရေ သားရေ ဆိုတဲ့ မေမေ့ခှေါသံကို ကြားလိုက်ရသလိုပဲ
သူ့တကိုယ်လုံး တုန်ခါ
အသိတရားဟာ မုန်တိုင်းကြားထဲရောက်မှ ပှေါလာတော့တယ်
သူတို့ အတောင်တွေကို အစွမ်းကုန်ဖွင့်
လာရာလမ်းအတိုင်း ရွက်စုံလွှင့်ဖို့ ကြိုးစားရတယ်
လေသံတွေဟာ ကြောက်မက်ဖွယ်ရာ တရွှီးရွှီး
မိုးစက်တွေက ဓားသွားထက်ထက်တွေလို သူတို့ကို လာလာရိုက်ခတ်တယ်
ကောင်းကင်တစ်ခုလုံး မည်းမှောင်နေလိုက်တာက
အချင်းချင်းတောင် မမြင်နိုင်လောက်အောင်ကို
သူတို့တွေ ခဏခဏ ကွဲသွားလိုက်တာများ
အရိပ်ကိုဖမ်းပြီး ပျံသန်းနေရသလို
လေသံမိုးသံကလွဲလို့ ဘာသံမှ သူတို့ မကြားရတော့ဘူး
တခါတော့
ကျွန်မကို ကယ်ပါဦး ဆိုတဲ့ အသံတိုးတိုးလေးတစ်ချက် ကြားလိုက်ပြီး
ကောင်မလေးဟာ လေစီးကြောင်းမှာ လွင့်ကျသွားလိုက်တာ
ငှက်ကလေးဟာ အတင်းပဲ အရိပ်ကျသွားရာဘက်ကို ထိုးစိုက်ဆင်း
ကောင်မလေးကို သူ့အတောင်နှစ်ဘက်ကြား သိုဝှက်ဖို့ ကြိုးစားရင်း
အံကိုတင်းလို့ အသက်ကို ခပ်ပြင်းပြင်း ရှူတယ်
ကျွန်မကို ပစ်မသွားပါနဲ့နှောလို့ သူမ ငိုရှိုက်ရင်း ပြောတဲ့အခါ
သူ့စိတ်မှာ အစိုးရိမ်ဆုံး အခြေအနေကို ခံစားလိုက်ရတယ်
ငါတို့ ဘယ်ကို ရောက်နေပြီလဲ
ငါတို့ ဘယ်ကို ဦးတည်နေတာလဲ
အဖေ အမေ ညီလေး ညီမလေး
ငါ့မိသားစု အသိုက်အမြုံလေး ဘယ်မှာလဲ
မုန်တိုင်းက နေရာအနှံ့ကို အပြင်းဆုံး ရိုက်ခတ်နေပြီ
သူ့မျက်လုံးတွေ ပြာနေခဲ့
သူ့ခြေလက်တွေ အားပျော့နေခဲ့
သူ့နှလုံးခုန်သံဟာ တိုးတိတ်စွာ
သူ့မျက်ဝန်း ပိတ်ကားပြင်မှာ ပုံရိပ်တွေ ထင်လာတယ်
အဖေ အမေ ညီလေး ညီမလေး ငါ့ချစ်သူ
စကဿကန့်ပေါင်းများစွာ
မိနစ်ပေါင်းများစွာ
နာရီပေါင်းများစွာ
လေသံတွေဟာ တဝူးဝူး
လှိုင်းရိုက်သံတွေက တဝေါဝေါ
လှေကလေးဟာ သူ့ကို ဆိပ်ကမ်းတစ်ခုဆီ ခှေါဆောင်သွားပါလိမ့်မယ်
နောက်တစ်ခါ မေမေနဲ့ ပြန်တွေ့ခွင့် ရတဲ့အခါ
သူဒီအမှားကို ပြင်ခွင့်ရချင်တဲ့အကြောင်း
ချစ်သူနဲ့အတူ ဒူးထောက် ဆုတောင်းချင်တယ်။


လင်းဆက်
03 May 2009

ဒီကဗျာရဲ့ အစပိုင်းလေးကို ရေးဖြစ်ခဲ့တာ ကြာပါပြီ။ ဒါပေမယ့် ဆက်မရေးနိုင်ခဲ့ဘူး။ ၃ရက်နေ့ကတော့ ဒါလေးကို အပြီးရေးမယ်ဆိုပြီး ထိုင်ရေးဖြစ်တယ်။ နာဂစ်အကြောင်းနဲ့ ပတ်သက်ပြီး လူတွေအတွက် ရေးဖွဲ့တဲ့ကဗျာတွေ အများကြီး ရှိပြီး ဖြစ်နေတာမို့ ကျွန်တှောက ငှက်ကလေးတစ်ကောင်ကို ဇာတ်အိမ် တည်လိုက်ပါတယ်။ ပထမတော့ ဒီကဗျာကို ကိုမိုးလှိုင်ညတို့နဲ့ အတူ ကဗျာရွတ် မလို့ပဲ။ ဒါပေမယ့် အကြောင်းကြောင်းနဲ့ မရွတ်ဖြစ်ခဲ့ဘူး။ ကွန်ပျူတာလည်း မိုဒမ်းပျက်သွားတာမို့ အင်တာနက် မတက်နိုင်တာနဲ့ ၃ရက်နေ့မှာ မတင်နိုင်ခဲ့ဘူး။ အခုမှ တင်ဖြစ်တော့တယ်။

No response to “ငှက်ကလေးအိမ်မပြန်တဲ့နေ့”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz