Sunday, April 19, 2009

Standard Myanmarsar

စနစ်ကျတဲ့ မြန်မာစာ


သကြဿငန်မှာ ဘယ်မှ မသွားဖြစ်ပါဘူး။ နေ့နေ့ညည မြန်မာစာနဲ့ ပတ်သက်တာ တစ်ခုကို ကျွန်တှောရယ် မာခ်ရယ် ကြိုးစားပမ်းစား လုပ်နေကြတယ်။ ကုဒ်တွေကို မာခ်က ရေးတယ်။ ပြီးတော့ NLP အတွက် အရေးပါတဲ့ နည်းပညာတွေကို သူက ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားသလို လော့ဂျစ်လည်း ကောင်းတာမို့ တှောတှော အလုပ်ဖြစ်ပါတယ်။ ကျွန်တှောက ခေါင်းပူရုံ မျက်စိရှုပ်ရုံလောက် အမှားစစ်၊ အကြံပေး ဟိုတွေးဒီတွေး ဒီလောက်ပါပဲ။

အဲဒီရက်ပိုင်းက အင်တာနက်ကို လုံးလုံးလျားလျားကြီး ဖွင့်မပေးသေးပေမယ့် ရုံးပိတ်ရက်မို့ တှောတှောလေး မြန်ပါတယ်။ မီးကလည်း ၂၄နာရီနီးပါး ပုံမှန်လာနေတာမို့ စိတ်ချမ်းချမ်းသာသာနဲ့ အလုပ်လုပ်နိုင်တယ်။ ဒါကြောင့် ဒီရက်ပိုင်း အလုပ်ပြီးနှုန်းက မြန်တယ်။ အကြံကောင်းတွေလည်း ထွက်တယ်။ အခု ကျွန်တှောတို့ စမ်းနေတဲ့ဟာက မြန်မာစာသားတွေကို Research လုပ်နိုင်ဖို့ ဖြစ်ပါတယ်။ ရလဒ်တွေဟာ သိပ်ကောင်းပါတယ်။ ကျွန်တှောတို့ မမြင်တွေ့ခဲ့တဲ့ အမှားတွေကို မြင်တွေ့လာတယ်။ မှန်တယ်လို့ ထင်ထားတာတွေ မှားနေတာ တွေ့ရတယ်။ မြန်မာစာကို ကွန်ပျူတာပှေါ တင်ရာမှာ မရှိမဖြစ် လိုလာမယ့် Ngram လမ်းကြောင်းကို ကျွန်တှောတို့ ခြေချမိလာပြီ။ ပြီးတော့ နောင်တချိန် ပှေါလာနိုင်တဲ့ မြန်မာ Search Engine တွေအတွက် မြန်မာစာလုံး ပိုင်းဖြတ်ပုံ စနစ်တွေကို ကျွန်တှောကို လေ့လာနိုင်လာပြီ။

မြန်မာစာဟာ စာလုံး တစ်ခုနဲ့ တစ်ခုကြား Space မခံတဲ့ ဘာသာစကားမျိုး ဖြစ်ခဲ့လေတော့ တှောတှော ဒုကဿခရောက်တယ်။ အဓိကက လူ့အမှားပဲ။ စာလုံးပေါင်းသတ်ပုံ မှားတာက ထားတော့။ ကွန်ပျူတာနဲ့ ပြင်ရတာ လွယ်လွယ်လေးရယ်။ အဖြတ်အတောက် အထားအသို မှားတာမျိုးကျတော့ ကွိုင်တက်ပါလေရော။ ကျွန်တှောကိုယ်တိုင် ဒါတွေ လုပ်နေတာမို့ ဘလော့မှာ စာရေးတဲ့အခါ အဖြတ်အတောက် မှန်နိုင်သမျှ မှန်အောင် ကြိုးစားရေးတယ်။ ဒါပေမယ့် စစ်လိုက်တော့ ထွက်လာလိုက်တဲ့ အပြစ်တွေ အများကြီးပဲ။ ဘုရားစူး ဒီအတိုင်း ကြည့်ရင် ဘာမှ မြင်ရမှာ မဟုတ်ဘူး။ မြန်မာစာအကြောင်း ရေးနေတဲ့ သူတွေ (ကျွန်တှောအပါအဝင်) တှောတှောများများဟာ အဖြတ်အတောက် အထားအသို မှားနေကြတာ အများကြီးပါပဲ။ မြန်မာစာမှာ စာလုံးတစ်ခုနဲ့ တစ်ခုအကြား နေရာလပ် ချန်တဲ့စနစ်ကို အရင်ကတည်းကသာ စနစ်တကျ ကျင့်သုံးခဲ့ရင် အခုလို သိပ်ခက်ခဲမယ် မထင်ဘူး။

ကျွန်တှောကတော့ ကွန်ဆာဗေးတစ် မဟုတ်ဘူး။ ပြီးတော့ လူမချစ်ရင် မူလည်းမချစ်ဘူး ဆိုတဲ့အထဲ မပါဘူး။ လူ မကောင်းပေမယ့် သူ့မူလေး တစ်ခုက ကောင်းနေရင် အဲဒီမူကို မမုန်းပါဘူး။ ဥပမာ ဦးနေဝင်းကို ကျွန်တှော မကြိုက်ဘူး။ ဒါပေမယ့် မြန်မာစာလုံးပေါင်း သတ်ပုံကျမ်းကို (ဘယ်လိုနည်းနဲ့ဖြစ်ဖြစ်) လုပ်သွားခဲ့တာကို တကယ် ကျေးဇူးတင်တယ်။ အရာရာမှာ စနစ်တစ်ခု ရှိဖို့ လိုအပ်တယ်။ လူကိုမုန်းရင်တော့ တနဲ့တစ် ပြသဿသနာ၊ ကျွန်တှော၊ ကျွန်မ၊ ကျွန်ုပ်၊ ရှင်၊ ခင်ဗျား စတဲ့ဟာတွေကို မုန်းနေမှာပဲ။ ဒါပေမယ့် စာဆိုတာ ပေပှေါမှာ စကဿကူပှေါမှာတင် ရှိနေတော့မယ့်အရာ မဟုတ်ဘူး။ ကွန်ပျူတာပှေါ တက်လာတော့မယ်။ အဲဒီအခါမှာ စံစနစ်ဆိုတာ ရှိကိုရှိရမယ်။ ဒီခေတ်မှာ ကျွန် (Slave) ဆိုတာ မရှိတော့ဘူး။ သက်ဦးဆံပိုင် ဘုရင်စံနစ် မဟုတ်ဘူး။ အဲဒီအတွက် ကျွန်တှော ဆိုတဲ့ ဝေါဟာရဟာ ဟိုးယခင်တုန်းက (တှောသော ကျေးတှောမျိုး ကျွန်တှောမျိုး) ဆိုပြီး အဓိပဿပာယ် ထွက်ကောင်း ထွက်နိုင်ပေမယ့် ဒီနေ့ခေတ်မှာ အနက် မတူနိုင်တော့ဘူး။ ကျွန်တှောလို့ ပြောမိတာနဲ့ ဒီကောင် တယ်တှောတဲ့ ကျွန်ကြီးပါလားလို့ ဘယ်သူမှ မမြင်တော့ပါဘူး။ ကျွန်တှောဟာ ယောက်ျားတစ်ယောက်ကို ကိုယ်စားပြုတဲ့ စကားလုံးတစ်လုံး ဖြစ်နေပါပြီ။ (ယောက်ျာလုံးမပါ)။ ပြသဿသနာက အဲဒီ ရှေးရိုး အယူအဆကို ဒီနေ့ခေတ်ကာလကြီး အထိ တချို့က လက်ကိုင်ထား နေကြတဲ့ အဓိက အကြောင်းရင်းကတော့ လူကို မုန်းတာကြောင့်ပဲ ဖြစ်ပါလိမ့်မယ်။

ဦးနု ကျပြန်တော့ ဦးနေဝင်းလောက် လူမုန်းမများတဲ့ အတွက် သူ့ရဲ့ ဆဋဿဌသဂဿငါယနာတင္ပြဲ အကြောင်းကို သိပ်ပြီး အရေးတယူ မလုပ်ကြဘူး။ ဆဋဿဌသဂဿငါယနာတင် ကျမ်းဂန်တွေမှာ ဘုရားဟော မဟုတ်တာတွေ ပါတယ်။ ဒါကြောင့် တချို့နိုင်ငံတွေက မြန်မာပြည်က ဆဋဿဌသံဃာယနာတင်ပွဲကို အသိအမှတ် မပြုကြဘူး။ ထားပါတော့။ အရေးကြီးတာက ဒီလို အသုံးအနှုန်းဆိုရင် (တ) ဖြစ်ရမယ်။ ဒါမျိုး ဆိုရင်တော့ (တစ်) ဖြစ်တယ် ဆိုပြီး အဲဒီလို ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်တာဟာ အလွန်မှန်ကန်တဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်ပါတယ်။ ဦးနေဝင်း မှန်တယ်လို့ ကျွန်တှော ပြောတာ မဟုတ်ဘူး။ အဲဒီကိစဿစကို ငြင်းခဲ့ကြတဲ့ ဆရာကြီးတွေ အများကြီးပဲ။ လူကိုကြောက်လို့ မှားနေတဲ့အရာကို လက်ခံတယ် ဆိုရင်တော့ သူတို့ ကိုယ့်ကိုကိုယ် တူနဲ့ထုသေဖို့ ကောင်းသေးတယ်လို့ မှတ်ချက်ချ ချင်တယ်။ ဒါပေမယ့် အဲဒီကနေ ဘာရလာသလဲဆိုတော့ ဒီနေ့ ကွန်ပျူတာခေတ်မှာ (အရေအတွက်၊ ကိန်းဂဏန်း နဲ့ ပတ်သက်တဲ့ စာလုံးတွေဆိုရင် တစ် ဆိုပြီး မှတ်ပါ) ဆိုတဲ့ သေချာတဲ့ စည်းမျဉ်း တစ်ခုကို ရေးနိုင်တာပါပဲ။

ဒီနေရာမှာ စာပေ (Literature) နဲ့ ဘာသာဗေဒ (Linguistic) မတူပုံကိုလည်း သိသင့်ပါသေးတယ်။ တချို့တွေက စာပေမှာ တှောတယ်။ ဒါပေမယ့် အဲဒါဟာ စာပေမှာ တှောတာ သက်သက်ပဲ ရှိပါသေးတယ်။ အဲဒီလူဟာ ဘာသာဗေဒမှာ ကျွမ်းကျင်သူ မဟုတ်သေးဘူး။ ဘာသာဗေဒဟာ ပိုပြီး ခက်ခဲ နက်နဲတယ်လို့ ပြောရပါမယ်။ အဲဒီနှစ်ခုကို လူတွေက ရောရောပစ်ကြတော့ စာပေတှောတဲ့သူ ပြောတဲ့ စကားဆိုရင် မှန်တယ်ထင်ပြီး ဤကိုကျွဲ လိုက်ဖတ်ကြရော။ ဒါကြောင့် ဟိုးတုန်းက မြန်မာစကားလုံးတွေရဲ့ ရင်းမြစ်ကို စိတ်ကူးတွေ၊ စာတွေ့တွေနဲ့ လိုက်ရှာဖွေခဲ့ကြတဲ့ ဆရာကြီးတွေရဲ့ စာအုပ်တွေကို ကမဿဘာ့ပညာရှင်တွေ လက်သင့်မခံ ကြတာပါ။ အဲဒီအခါတုန်းက ဘာသာဗေဒ ပညာရပ်က သိပ်ပြီး မတွင်ကျယ်ခဲ့သေးလို့လည်း ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။

Academic Term Paper တွေ သီးဆစ်တွေ ရေးဖူးတဲ့သူဆိုရင် သိကြပါတယ်။ သက်ဆိုင်ရာ အဖွဲ့အစည်း၊ သက်ဆိုင်ရာ ပညာရပ် ပညာရှင်တွေ ထုတ်ဝေတဲ့ စာအုပ်တွေကို အထူး ဂရုပြု ကြရတယ်။ အဲဒါတွေ နောက်မှာမှ အခြားစာအုပ်တွေက လိုက်တယ်။ မြန်မာနိုင်ငံက မြန်မာစာဌာနဟာ မြန်မာစာနဲ့ ပတ်သက်ရင် အထင်ကရ ဖြစ်ပါတယ်။ မြန်မာစာနဲ့ ပတ်သက်တဲ့ သုတေသနတွေ လုပ်တယ်။ စာအုပ်စာတမ်းတွေ ထုတ်ဝေတယ်။ မြန်မာအဘိဓာန်တွေ၊ စာလုံးပေါင်း သတ်ပုံကျမ်းတွေ ပြုစုတယ်။ ဒီလိုပြုစုရာမှာ သူတို့ ပညာရှင်တွေ အချင်းချင်း ကြားထဲမှာလည်း အယူအဆ မတူညီသူတွေ အများကြီးပါ။ အဲဒီအခါ အကြိတ်အနယ် ငြင်းကြခုံကြရင်း အဖြေတစ်ခု ထွက်လာအောင် လုပ်ကြရတယ်။ ထွက်လာတဲ့ အဖြေကို အတည်ပြုပြီးမှ စာအုပ် ထုတ်ကြတယ်။ ဒါကြောင့်လည်း ဒီလို အဖွဲ့အစည်းတွေက ထုတ်ဝေ ပြဋဿဌာန်းထားတဲ့ အချက်အလက်တွေ စည်းမျဉ်းတွေကို နိုင်ငံတကာ ပညာရှင်တွေ အားလုံးက ပိုပြီး လက်ခံကြတာပါ။

အခုလို ရှည်ရှည်ဝေးဝေး ပြောနေရတာ အကြောင်း ရှိပါတယ်။ ကိုယ်က သီပေါမင်း ခေတ်လောက်က ဆိုရင်လည်း အမျိုးမျိုး ကွဲပြားနေတဲ့ စာလုံးပေါင်း သတ်ပုံတွေကို ညညွီတ်အောင်လို့ ပြဋဿဌာန်းထားတဲ့ မြန်မာမင်း လွှတ်တှောသုံး သတ်ပုံ ကျမ်းစာတွေကို လိုက်နာရပါလိမ့်မယ်။ ထို့အတူ ဒီဘက်ခေတ်မှာလည်း မြန်မာစာ အဖွဲ့က ပြဋဿဌာန်းထားတဲ့ စာလုံးပေါင်း သတ်ပုံကျမ်းကို လိုက်နာသင့်ပါတယ်။ အခုလို မြန်မာစာကို ကွန်ပျူတာပှေါ တင်ဖို့ ကြိုးစားနေကြတဲ့ အချိန်မှာ မြန်မာစာကို စနစ်တကျ ရေးသားသင့်ပါတယ်။

ကျွန်တှောတို့ ဘလော့တွေ၊ ဝဘ်ဆိုဒ်တွေ၊ စာအုပ်တွေက စာတွေကို စစ်ဆေးကြည့်တဲ့အခါ လူတစ်ယောက်ချင်းစီရဲ့ မတူညီတဲ့ စာလုံး ပိုင်းဖြတ်ပုံတွေ၊ မှားယွင်းနေတဲ့ သတ်ပုံတွေ၊ ကွဲပြားတဲ့ အသုံးတွေကို တွေ့လာရတယ်။ တခါတလေ တစ်ယောက်ထဲကနေ တစ်ခုနဲ့တစ်ခု မတူအောင် မျိုးစုံရေးတာ တွေ့လာရတယ်။ အဲဒီအခါမှာ သူ့စာတွေဟာ စနစ်တကျ မရှိတော့ဘူး။ ပြန့်ကျဲနေတယ်။ စနစ်တကျ မရှိတဲ့အတွက် စက်ကလည်း စိတ်ညစ်ပါတယ်။ စနစ်တကျမရှိတဲ့စာနဲ့ စနစ်တကျ ရေးသားထားတဲ့စာ နှစ်မျိုး ယှဉ်တဲ့အခါ စက်က စနစ်တကျရှိတဲ့စာကို ပိုပြီး အလေးထားပါတယ်။ ဒါကလည်း မှတ်သားရတာ သူ့အတွက် လွယ်ကူလို့ပါ။ ဇှောဂျီနဲ့ ရိုက်ထားတဲ့ စာတွေဆို ပိုဆိုးတယ်။ ဒီနေရာမှာ ဇှောဂျီဟာ Input Rendering System တစ်ခုကို ထည့်ထားမယ်ဆိုရင် ဒီပြသဿသနာတွေ အများကြီး ပြေလည်သွားစေနိုင်တယ်။ အဖြတ်အတောက်မှာတော့ ကျွန်တှောတို့စာမှာ ယခင်ကတည်းက စနစ်တကျ မရှိခဲ့တဲ့အတွက် တှောတှောလေး ခက်ခဲ နေဆဲပါ။

အခု ကျွန်တှောတို့ မတူညီတဲ့ စာလုံး ပိုင်းဖြတ်ပုံတွေကို လေ့လာနေပါတယ်။ တှောတှောလေးလည်း ခရီးရောက် နေပါပြီ။ ကျွန်တှောတို့ ကြိုးစားနေတာက ဘယ်သူတွေ ဘယ်လိုပဲ မှားမှားယွင်းယွင်း လုပ်ထားထား၊ စနစ်တကျ အစီအစဉ်တကျ ဖြစ်သွားအောင် စက်ကနေ အလိုအလျောက် ပြင်ပေးသွားနိုင်တဲ့ စနစ်လေး တစ်ခုပါ။ မှားပလေ့စေ ရေးချင်လို့ကို ဒီလို တမင်သက်သက် ရေးတာမျိုး ဆိုရင်လည်း ဒီကောင်ကို သုံးစရာ မလိုပါဘူး။ ဒါပေမယ့် ကွန်ပျူတာတို့၊ Search Engine တို့ ဆိုတာတွေမှာ စနစ်တကျ ဖြစ်နေတဲ့ ဟာတွေကို ပိုပြီး အရေးပေးတယ် ဆိုတဲ့ အချက်လေးကိုတော့ အလေးအနက် အသိပေးချင်ပါတယ်။ စနစ်မကျတဲ့ စာတွေဟာ အရေအတွက် ဘယ်လောက်များများ တန်ဖိုး ကျသွားနိုင်ပါတယ်။ တချို့တွေရဲ့ စာလုံးတွေမှာ အသတ်နှစ်ခု ဖြစ်နေတာတွေ၊ လုံးကြီးတင် နှစ်ခု ဖြစ်နေတာတွေ၊ ဒါရေးပြီးမှ ဟိုဟာ ရေးရမှာကို ဟိုဟာ အရင်ရေးတာတွေ အများကြီး တွေ့ရတယ်။ ဒါကြောင့် စာရေးတဲ့အခါ သဒဿဒါ အထားအသို မမှန်ကန်ရင်တောင် သတ်ပုံနဲ့ ပုဒ်ဖြတ်ပုဒ်ရပ်တွေကို တတ်နိုင်သမျှ သတိထားပြီး ရေးသင့်တယ်လို့ အကြံပြုလိုပါတယ်။


အထက်ပါစနစ်ကို စိတ်ဝင်စားသူတွေ မာခ့်ရဲ့ဘလော့မှာ လေ့လာနိုင်ပါတယ်။ [Link]

Fix: ဆဋဿဌသဃဿငာယနာ လို့ မှားရေးထားမိတာကို မမေဓာဝီ ညွှန်ပြလို့ ပြင်လိုက်ပါတယ်။

No response to “Standard Myanmarsar”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz