Saturday, April 11, 2009

The Reader


The Reader




ကိတ်ဝင်းစလက် အှောစကာဆု ရခဲ့တဲ့ The Reader ကားကို နှစ်ခါပြန် ကြည့်ဖြစ်တယ်။ အရမ်းကောင်းလွန်းလို့ တကယ်ကို ထိုက်ထိုက်တန်တန် အှောစကာ ရခဲ့တာပဲလို့ တွေးလိုက်မိတယ်။ ကိတ်ဝင်းစလက်တင် ကောင်းတာ မဟုတ်ပါဘူး။ ဇာတ်လမ်းရော ကျန်တဲ့ သရုပ်ဆောင်တွေပါ အကုန်ကောင်းတယ်။ ဒီဇာတ်လမ်းက ဂျာမန် ဥပဒေပညာရှင်နဲ့ တရားသူကြီး Bernhard Schlink ရဲ့ The Reader ဆိုတဲ့ ဝတဿထုကို ပြန်ရိုက်ထားတာပါ။ ကိတ်က ဟန်နာရှမဇ် ဆိုတဲ့ အမျိုးသမီးအဖြစ် သရုပ်ဆောင်တယ်။

ဇာတ်လမ်းကို ရှေ့နေ Michael Berg ရဲ့ နောက်ကြောင်းပြန် အတွေးလေးနဲ့ စပါတယ်။ မိုက်ကယ်ရဲ့ ငယ်ဘဝအဖြစ် David Kross ကသရုပ်ဆောင်တယ်။ သူဖျားပြီး အိမ်ပြန်လာတဲ့လမ်းမှာ ဟန်နာရှမဇ်နဲ့ စတွေ့ခဲ့တဲ့ အကြောင်းလေး။ မိုးရေတွေထဲ ဖျားပြီး အော့အန်နေတဲ့ မိုက်ကယ်ကို ဟန်နာက ကူညီပေးခဲ့တယ်။ အဲဒီအချိန်မှာ မိုက်ကယ်က အသက် ၁၅နှစ်ပဲ ရှိသေးပြီး ဟန်နာက ၃၆နှစ် ရှိနေပါပြီ။ မိုက်ကယ် အဖျားရောဂါ ပျောက်ကင်းတဲ့ အချိန်မှာ ဟန်နာကို သွားပြန်ရှာခဲ့တယ်။ ဟန်နာဟာ တိုက်ဟောင်းကြီးတစ်ခုရဲ့ အပှေါထပ်က အခန်း ခပ်စုတ်စုတ်လေး တစ်ခုမှာ နေထိုင်ပါတယ်။ ပန်းစည်းလေးနဲ့ ရောက်လာတဲ့ မိုက်ကယ်ဟာ အဲဒီနေ့မှာပဲ ဟန်နာနဲ့ အတူတူ အိပ်ဖြစ်သွားခဲ့တယ်။ ဒီလိုနဲ့ မိုက်ကယ်ဟာ ကျောင်းကနေ မကြာခဏ လစ်လစ်လာပြီး ဟန်နာနဲ့ လာလာတွေ့တယ်။ ကျောင်းမှာ သူသင်ကြားရတဲ့ ဂရိ၊လက်တင် ပုံပြင်တွေ ဇာတ်လမ်းတွေကို ဟန်နာ့ကို ပြောပြောပြတယ်။ မိုက်ကယ်ဟာ ကျောင်းမှာ သူနဲ့ သက်တူရွယ်တူ ကောင်မလေးတွေကို တွေ့ခဲ့ပေမယ့် ဟန်နာ့ကိုသာ စွဲလန်းသွားခဲ့တယ်။ တခါတလေတော့လည်း သူတို့နှစ်ယောက် စကားအနည်းအကျဉ်း များတတ်ကြတယ်။ ဒီလိုနဲ့ တစ်ရက်မှာတော့ ဟန်နာဟာ နေထိုင်ရာ အခန်းကနေ ခြေရာလက်ရာ မကျန်အောင် ပျောက်သွားခဲ့တယ်။

မိုက်ကယ်ဟာ ဥပဒေကျောင်းသားအဖြစ် ဘဝကို ရွေးချယ်ခဲ့တယ်။ လက်တွေ့လေ့လာရေး တစ်ခုမှာ တရားခွင်ထဲက ဟန်နာကို ပြန်တွေ့ခဲ့ပါတယ်။ ဟန်နာဟာ အော့ဇဝစ် အကျဉ်းထောင်ထဲက အကျဉ်းသား ၃ဝဝကျှောကို သေစေမှုနဲ့ စွဲချက်တင်ခံနေရတယ်။ ဟန်နာနဲ့အတူတူ အခြားစွဲချက်တင်ခံရသူတွေလည်း ရှိပါတယ်။ ဒါပေမယ့် အားလုံးက ဟန်နာကို အပြစ်ပုံချကြတယ်။ တရားခွင်ထဲမှာ ဟန်နာပြောသွားချက် တချို့ဟာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ တရားသူကြီးကမေးတယ်။ ဘာဖြစ်လို့ အဲဒီအကျဉ်းစခန်း မီးလောင်နေချိန်မှာ တံခါးကို မဖွင့်ပေးခဲ့သလဲလို့ မေးတယ်။ အဲဒီလို မဖွင့်ပေးခဲ့လို့ လူ ၃ဝဝကျှော သေခဲ့ရတယ်လို့ ဆွဲချက်တင်တယ်။ ဟန်နာက ကျွန်မရဲ့ တာဝန်ကို ကျွန်မလုပ်တာပဲလို့ ပြောပါတယ်။ သူ့တာဝန်က အကျဉ်းသားတွေကို စောင့်ကြပ်ရသူပါ။ ပြီးရင် လစဉ်လတိုင်း အကျဉ်းသား ၁ဝဦးကို ရွေးချယ်ပေးရတယ်။ အဲဒီသူတွေက အဆိပ်ငွေ့နဲ့ အသတ်ခံရပါတယ်။ အားလုံးက ဟန်နာဟာ ဒါကို ခေါင်းဆောင်ပြီး လုပ်ခဲ့ပါတယ် ဆိုတဲ့အကြောင်း မှတ်တမ်းတစ်ခုမှာ ဟန်နာကိုယ်တိုင် ဝန်ခံ ရေးသားထားပါတယ် ဆိုပြီး ဝိုင်းပုံချကြတယ်။ တရားသူကြီးက ဟန်နာရဲ့ လက်ရေးနဲ့ တိုက်စစ်ဖို့ ပြောတယ်။ ဒါပေမယ့် ဟန်နာဟာ အဲဒီအချက်ကို ငြင်းဆန်ပြီး သူရေးတာပါလို့ ဝန်ခံသွားခဲ့တယ်။

အဲဒီ အချက်လေးဟာ ဒီဇာတ်လမ်းမှာ အရေးကြီးတဲ့ အချက်လေး တစ်ခုပါပဲ။ ဒီဇာတ်လမ်းရဲ့ နာမည်ဟာလည်း ဒါနဲ့ အများကြီး ဆက်စပ်နေခဲ့တယ်။ အဲဒီ အချက်လေး တစ်ခုကြောင့်ပဲ ဟန်နာဟာ ထောင်ဒဏ်နှစ်ပေါင်းများစွာ ကျခံခဲ့ရတယ်။ တကယ်တော့ ဟန်နာဟာ စာမတတ်သူပါ။ အဲဒါကြောင့်လည်း သူဟာ မိုက်ကယ်နဲ့ တွေ့ခဲ့စဉ်က အမြဲတမ်း စာဖတ်ပြ စေခဲ့တာ။ အကျဉ်းထောင်မှာ ရှိစဉ်ကလည်း သူဟာ အကျဉ်းသား တချို့ကို ညတိုင်း စာဖတ်ခိုင်းခဲ့ဖူးတယ်တဲ့။ ဒီအချက်ကို ဟန်နာဟာ အလွန်ရှက်ပုံ ရပါတယ်။ ဒါကြောင့် အရှက်နဲ့ သူ့ဘဝကို ထောင်ဒဏ်များစွာနဲ့ လဲလှယ်ပစ်ခဲ့တယ်။ ဟန်နာဟာ ထောင်ဒဏ် တစ်သက် ချမှတ်ခံရတယ်။ ကျန်တဲ့သူတွေကတော့ နှစ်အနည်းငယ်စီပဲ ကျခံခဲ့ရတယ်။

ဟန်နာ ထောင်ကျသွားပြီးတဲ့နောက် မိုက်ကယ်ဟာလည်း အိမ်ထောင်ကျခဲ့တယ်။ သမီးလေးတစ်ယောက် ရပြီးတဲ့အချိန်မှာ အိမ်ထောင် ကွဲသွားတယ်။ ဘာကြောင့်ရယ်လို့ မပြောပေမယ့် ဒါဟာ ဟန်နာနဲ့ ပတ်သက်နေတယ် ဆိုတာကို ဇာတ်ကားကိုကြည့်ရင်း ခံစားသိလာပါတယ်။ မိုက်ကယ်ဟာ သူတို့နှစ်ယောက် ဆုံခဲ့ကြချိန်က စာအုပ်လေးတွေကို ပြန်တွေ့ရင်း အဲဒီစာအုပ်တွေကို အစအဆုံး အသံသွင်းဖတ်ပြပြီး တိပ်ခွေတွေကို ဟန်နာ့ဆီ ပို့လိုက်ပါတယ်။ ဟန်နာဟာ သူ့ဆီကို ထူးထူးခြားခြား ရောက်လာတဲ့ ချောစာထုပ်ကို ဖွင့်ကြည့်ရင်း အထဲက ကက်ဆက်ကို ဖွင့်လိုက်ချိန်မှာ မိုက်ကယ်ရဲ့ အသံနဲ့ သူနားထောင်ဖူးတဲ့ ဇာတ်လမ်းလေးကို မှတ်မိသွားပြီး အလန့်တကြား ဖြစ်သွားတဲ့ပုံဟာ သရုပ်ပီပြင်လွန်းပါတယ်။ မိုက်ကယ်ဟာ တိပ်ခွေပေါင်း များစွာကို ဟန်နာ့ဆီ ပို့ပေးခဲ့တယ်။ အဲဒီအချိန်မှာ ဟန်နာဟာ စာတတ်ချင်စိတ် ပြင်းပြလာတာမို့ ထောင်ထဲမှာ မိုက်ကယ်ပို့လိုက်တဲ့ အခွေတွေနဲ့ စာအုပ်တွေကို တိုက်တိုက်နားထောင်ပြီး စာရေးကျင့်ပါတယ်။ ဒီလိုနဲ့ အနည်းငယ် ရေးတတ်ချိန်မှာ မိုက်ကယ့်ဆီကို စာပြန်ရေးနိုင်ခဲ့တယ်။ မိုက်ကယ်ဟာ စာတွေကို မဖတ်သလို စာလည်း ပြန်မရေးပါဘူး။ ဒါပေမယ့် တိပ်ခွေတွေကိုတော့ ပို့မြဲ ပို့ပေးနေခဲ့တယ်။

ဒီလိုနဲ့ ဟန်နာ လွတ်မယ့်ရက်ဟာ နီးလာတဲ့ တစ်နေ့မှာ ထောင်အာဏာပိုင်က မိုက်ကယ့်ကို အကြောင်းကြားတယ်။ ဟန်နာ့မှာ ဆွေမျိုးမိတ်ဆွေ တစ်ယောက်မှ မရှိဘူးတဲ့။ အဲဒါကြောင့် သူ့ရဲ့ တစ်ဦးတည်းသော အဆက်အသွယ် မိုက်ကယ့်ကို ဟန်နာလွတ်မြောက်ချိန်မှာ ကူညီဖို့ ပြောပါတယ်။ ဒါကြောင့် မိုက်ကယ်ဟာ ဟန်နာ မလွတ်မီ တစ်ပတ် အလိုမှာ ထောင်ကို သွားရောက် တွေ့ဆုံခဲ့တယ်။ အဲဒီတွေ့ဆုံခန်းဟာလည်း ဒီဇာတ်ကားရဲ့ အရေးအကြီးဆုံး အခန်းတစ်ခု ဖြစ်ပါတယ်။ ဟန်နာဟာ မိုက်ကယ်ကို ကလေးလို့ ခှေါတယ်။ သူ့ကို မြင်လိုက်လို့ ဟန်နာဟာ အရမ်းပျှောရွှင်သွားခဲ့တယ်။ ဒါပေမယ့် မိုက်ကယ်ဟာ သူ့ကို ဟန်နာ ရုတ်တရက် ခွဲခွာသွားခဲ့လို့ နာကျင်ခဲ့ရတဲ့ ဒဏ်ရာက ပြင်းပြခဲ့တာမို့ ဟန်နာ့အပှေါမှာ ဟက်ဟက်ပက်ပက် မရှိတဲ့ပုံစံ ပေါက်နေခဲ့တယ်။ အဲဒီဇာတ်ဝင်ခန်းဟာ ကြည့်နေတဲ့ သူတွေကိုတောင် မချင့်မရဲ ဖြစ်စေပါတယ်။ ဘာလို့ မိုက်ကယ်က ဒီလိုပုံစံ ခပ်စိမ်းစိမ်း ဖြစ်သွားရတာလဲပေါ့။ တကယ်တော့ ဟန်နာဟာ ကမဿဘာကျဉ်းကျဉ်းလေးမှာ နေခဲ့ရတဲ့သူနဲ့ ပုံစံတူတယ်။ သူနဲ့ ဆက်ဆံခဲ့ဖူးသူဟာလည်း များများစားစား မရှိခဲ့ဘူး။ တရင်းတနှီးဆိုလို့ မိုက်ကယ်တစ်ယောက်ပဲ ရှိခဲ့တာ။ မိုက်ကယ်ကတော့ ရှေ့နေဘဝနဲ့ အပြင်မှာ လူပေါင်းများစွာနဲ့ ဆက်ဆံခဲ့တာမို့ အတွေးအမြင် အယူအဆတွေက ကွာခြားပါလိမ့်မယ်။ ဒါပေမယ့် ဟန်နာ့ဆီမှာ ရိုးသားမှုတစ်ခု ရှိတယ်ဆိုတာ ကျွန်တှောတို့ မြင်နေရတယ်။ ဒါကို ဘာလဲလို့တော့ ပြမထားဘူး။ သူတို့နှစ်ဦး တွေ့ဆုံချိန်မှာ မိုက်ကယ်က ဟန်နာလွတ်လာရင် နေထိုင်ဖို့ အခန်းတစ်ခု စီစဉ်ပေးထားတဲ့အကြောင်း ပြောတယ်။ သူတို့ကို ဆွဲချက်တင်ခဲ့တဲ့ မိန်းခလေးကို သတိမရဘူးလားလို့ မေးတယ်။ ဟန်နာပြန်ဖြေတဲ့ စကားလေးဟာ ကောင်းပါတယ်။ သူထောင်ထဲ ရောက်နေပေမယ့်လည်း လူတွေ သေနေတုန်းပဲ မဟုတ်လားတဲ့။ ဟန်နာဟာ မိုက်ကယ်ဆီက အရင်လို နွေးနွေးထွေးထွေး ယုယမှုကို မျှောလင့်နေခဲ့ပုံ ရပါတယ်။ ဒါပေမယ့် သူထင်ထားသလို ဖြစ်မလာဘဲ သူမမျှောလင့်ထားတဲ့ စကားတွေကိုသာ ကြားလိုက်ရချိန်မှာ တှောတှောလေး တုန်လှုပ်သွားပုံ ရပါတယ်။ ဒီလိုနဲ့ ဟန်နာဟာ သူလွတ်မယ့်နေ့ မတိုင်ခင်မှာ ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့တယ်။ မိုက်ကယ်အတွက် လက်ဖက်ခြောက်ဘူး အဟောင်းလေးတစ်ခု ထားခဲ့တယ်။ အထဲမှာ သူတို့ကို ဆွဲချက်တင်ခဲ့တဲ့ အမျိုးသမီးကိုပေးဖို့ သူစုထားတဲ့ ပိုက်ဆံလေးတွေ ထားခဲ့တယ်။ မိုက်ကယ်ဟာ အဲဒါကို တွေ့ခဲ့ချိန်မှာတော့ ချုံးပွဲချ ငိုကြွေးပါတော့တယ်။

နောက်ဆုံးမှာတော့ မိုက်ကယ်ဟာ အဲဒီဘူးလေးနဲ့ ပိုက်ဆံလေးကို ယူပြီး ဟန်နာတို့ကို ဆွဲချက်တင်ခဲ့တဲ့ အမျိုးသမီးဆီကို သွားခဲ့တယ်။ အမျိုးသမီးကလည်း ခါးခါးသီးသီးပါပဲ သူတို့ ခံစားခဲ့ရတဲ့ အပှေါမှာ နာကျည်းနေဆဲ ဖြစ်ပါတယ်။ ဟန်နာ့ကို ခွင့်လွှတ်ဖို့ လာတောင်းပန်တာလားလို့ မေးတယ်။ မိုက်ကယ်က တကယ်တော့ ဟန်နာဟာ စာမတတ်သူ တစ်ယောက် အဲဒါကို ဖုံးကွယ်ပြီး ဝန်ခံထွက်ဆိုသွားခဲ့တာပဲလို့ ပြောပြပါတယ်။ သူနဲ့ ငယ်ရွယ်စဉ်မှာ ပတ်သက်ခဲ့ဖူးသူ လို့လည်း ဝန်ခံတယ်။ အမျိုးသမီးဟာ ဟန်နာထားခဲ့တဲ့ ပိုက်ဆံကို မယူပေမယ့် လက်ဖက်ခြောက်ဘူးလေးကိုတော့ အမှတ်တရ အနေနဲ့ ယူထားလိုက်ပါတယ်။ မိုက်ကယ်က အဲဒီပိုက်ဆံတွေကို စာတတ်မြောက်ရေးမှာ အသုံးပြုဖို့ ခွင့်တောင်းခဲ့တယ်။ နောက်ဆုံးမှာတော့ မိုက်ကယ်ဟာ သူ့သမီးလေးကို သူတို့ ဆုံခဲ့တဲ့ နေရာလေးတွေကို ခှေါသွားပြီး အဲဒီ အဖြစ်အပျက်လေးတွေကို အမှတ်တရ ပြောပြနေခဲ့တဲ့ပုံနဲ့ ဇာတ်သိမ်းသွားခဲ့တယ်။

ဒီဇာတ်လမ်းဟာ အစပိုင်းမှာ လိင်မှုရေးရာ ပြကွက်တွေနဲ့ အနည်းငယ် ကြမ်းတမ်းတယ်လို့ ထင်ရပေမယ့် အဲဒီနောက်ပိုင်းမှာတော့ ဇာတ်လမ်းတစ်ခုလုံးကို ရင်မောနေအောင် ကြည့်ရတဲ့ အချစ်ကားကောင်း တစ်ခုပဲ ဖြစ်ပါတယ်။ တချို့စကားလေးတွေဟာ အတွေးတွေကို အများကြီး ဆန့်ထွက်စေခဲ့တယ်။ ဇာတ်လမ်းဟာလည်း ရိုးရိုးစင်းစင်းနဲ့ သိပ်ကို သရုပ်မှန်တယ်။ အဲဒီလို ရိုးစင်းတဲ့ ဇာတ်လမ်းတွေဟာ ဆွဲဆောင်မှုအားအကောင်းဆုံး ဖြစ်လာတတ်တာကိုလည်း ကျွန်တှော တွေးနေခဲ့မိတယ်။ ဇာတ်လမ်းက ရိုးစင်းပေမယ့် လူတစ်ယောက်ချင်းရဲ့ မတူညီတဲ့ အတွေးအမြင်တွေကို ပြသွားတာလည်း ကောင်းတယ်။ ပြီးတော့ ကိုယ့်ရဲ့ ပုဂဿဂလိက အားနည်းချက်လေးကို ဘဝတစ်ခုလုံးနဲ့ လဲသွားတဲ့ ကိစဿစကလည်း အများကြီး အတွေးပွားစေပါတယ်။ ဒါဟာ မှန်လား မမှန်ဘူးလားပေါ့။ တခါတလေ အတွေးအမြင် သေးသေးလေး တစ်ခုဟာ ဘဝကြီး တစ်ခုလုံးကို ပြောင်းလဲစေတယ်လို့ ကျွန်တှော သိလိုက်ရတယ်။

ကိတ်ဝင်းစလက် သရုပ်ဆောင်သွားတဲ့ အကွက်တွေဟာလည်း တကယ်ကို ပီပြင်ပါတယ်။ မိုက်ကယ်ငယ်စဉ်ဘဝ သရုပ်ဆောင်တဲ့ David Kross ကတော့ ဂျွန်ထရာဗိုလ်တာနဲ့ ဆင်တယ်။ သူလည်းကောင်းတယ်။ မိုက်ကယ်လူကြီးပိုင်း သရုပ်ဆောင်တဲ့ Ralph Fiennes ကိုတော့ သိပ်မကြိုက်မိဘူး။ ဒီဇာတ်လမ်းကို ကြည့်ပြီးချိန်မှာတော့ ကျွန်တှော့ အကြိုက်ဆုံး ဇာတ်ကားတွေထဲမှာ ဒီဇာတ်ကားက ထိပ်ပိုင်းကနေ ပါဝင်လာခဲ့ပါတော့တယ်။ 18+ Den ဆိုတာ ၁ဂနှစ် ကျှောတဲ့ သူတွေအတွက်ပဲ ရည်ရွယ်ပြီး ပေးခဲ့တဲ့ နာမည်ပါ။ အဲဒီအတွက် တချို့အယူအဆတွေ၊ ကျွန်တှော ညွှန်းတာတွေဟာ ၁ဂနှစ်အောက် လူငယ်တွေအတွက် မရည်ရွယ်ဘူး ဆိုတာကိုတော့ သိစေချင်ပါတယ်။

No response to “The Reader”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz