Saturday, April 11, 2009

Diary 11.04.2009


ဒီရက်တွေမှာ ကျွန်တှော အင်တာနက်ကို တှောတှော စိတ်ပျက်တာနဲ့ ကိုယ့်ဘလော့တောင် ကိုယ်ဝင်မကြည့်ဖြစ်ဘူး။ မတ်လ၂၁ ကတည်းက ပျက်သွားတဲ့ အင်တာနက် အခုထိကို မကောင်းသေးဘူး။ မြန်မာတယ်လီပို့က တောင်းပန်စာ ရေးတယ် ဆိုပေမယ့် ဒါဟာ ဒီလို တောင်းပန်ရုံလောက်တော့ မဖြစ်သင့်ဘူးလို့ ကျွန်တှော ယုံကြည်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ တစ်လနီးပါး အင်တာနက် ပျက်သွားတဲ့ အပှေါမှာ ဒုကဿခရောက်သူတွေ အများကြီး ရှိခဲ့ပါတယ်။ အိုင်တီကုမဿပဏီတွေ၊ အင်တာနက်ကဖေးတွေ၊ ဖရီးလန့် သမားတွေ၊ အောက်ဆို့ဆင်း သမားတွေ အများကြီးပဲ ထိခိုက်ခဲ့တယ်။ အားလုံးက အင်တာနက်ကို အလကား သုံးနေကြသူတွေလည်း မဟုတ်ဘူး။ ထိုက်ထိုက်တန်တန် မကဘဲ မတရား ဈေးကြီးပေးပြီး သုံးနေကြရတာပါ။ တခြားနိုင်ငံမျိုးမှာ ဆိုရင်တော့ အဲဒီ ISP တရားစွဲခံရပြီး ဒေဝါလီခံရဖို့သာ ပြင်ပေတော့။ ဒီမှာတော့ တောင်းပန်စာလေးနဲ့တင် ပြီးသွားရော။ ကောင်းပါပြီ တောင်းပန်စာ။ အဲဒီတောင်းပန်စာကရော ဘယ်လောက် တိကျသလဲ။ ဘယ်နေ့ပြီးမယ် ဘယ်နေ့ပြီးမယ်နဲ့ ရွှေ့ရွှေ့သွားလိုက်တာ ဘယ်တော့မှကို မပြီးတော့ဘူး။ တကယ်ပျက်တာလား ညာပျက်တာလား ဆိုတာကို ကျွန်တှောတို့လို နီးနီးကပ်ကပ် နေတဲ့သူတွေတောင် မသိတော့တဲ့ဘဝ။

ဆီမီးဝီသုံး တကယ်ပျက်တယ် ထားဦး။ ကျွန်တှောတို့မှာ Plan B ကောင်းကောင်း မရှိသေးဘူး ဆိုတာကို ဒီအဖြစ်အပျက်က သေချာစေခဲ့ပါတယ်။ တစ်နိုင်ငံလုံးရဲ့ Traffic တွေကို China Border ၁ဝဝမက် မပြည့်တဲ့ လမ်းကြောင်းပှေါကနေ ပေးခဲ့ရတယ်။ ဒီလိုသာ နောက်ပိုင်း ထပ်ခါထပ်ခါ ဖြစ်နေမယ်ဆိုရင် ကျွန်တှောတို့ ဘယ်လို လုပ်ကြမလဲ။ ခေတ်မီနိုင်ငံတှောကို နည်းပညာနဲ့ ဘယ်လို ကျေးဇူးပြုရမလဲ။ ဒီတစ်ခါပျက်တာ တှောတှောကြီး ကြာသလို ဆိုးလည်း ဆိုးပါတယ်။ ကျွန်တှောကတော့ Plan B ကိစဿစကို စဉ်းစားနေမိတယ်။

အင်တာနက် မကောင်းတာနဲ့ ဒီလောကကြီးနဲ့ တှောတှောကို ဝေးသွားတယ်။ ဒီရက်ပိုင်း စာအုပ်တွေ အများကြီး လက်ဆောင်ရ၊ ဝယ်ဖြစ်၊ ဖတ်ဖြစ်ပေမယ့် အင်တာနက်မှာ တက်ပြီးတော့ကို ရေးချင်စိတ် ပျောက်သွားတာ။ ရေးချင်စိတ်လေး ပှေါလာလို့ ရေးမယ်ပြင်ပြန်တော့ မီးကမလာ။ ဒါနဲ့ပဲ ဘကဿထရီတွေ အင်ဗာတာတွေ ပြေးဝယ်ရတော့တယ်။ ဝယ်လာလို့မှ တစ်ရက်မပြည့်ဘူး အိမ်က ကလေး ဘယ်လိုလုပ်လိုက်တယ်ကို မသိဘူး ပျက်ပါလေရော။ စိတ်ကို ဘယ်လိုဖြစ်သွားမှန်း မသိဘူး။ အလုပ်လုပ်မယ်ဆိုပြီး စက်ဖွင့်လိုက်တော့ မလာတော့ဘူး။ ဒါနဲ့ နေပူပူမှာ စက်ကြီးထမ်းပြီး ဆိုင်ပြန်ပို့ရပြန်တယ်။ အလုပ်ပိုတွေပေါ့ဗျာ။ တကယ်တော့ ကျွန်တှောမုဒ်ပျက်နေတာ တှောတှော ကြာခဲ့ပြီ။ ဘာဖြစ်လို့လည်းဆိုတာ မပြောချင်ပါဘူး။ ကျွန်တှော့ဘဝနဲ့ ကျွန်တှော့အကြောင်းပဲ။ ထားတော့။ လောကကြီးမှာ ရက်စက်တတ်မှ သက်သာတယ်။ သနားတတ် အားနာတတ် ငဲ့ညှာတတ်သူတွေဟာ အောက်ကပဲ။ ရင်စီးပြီးသာ ခံပေတော့။ အဖြစ်အပျက်တွေ၊ အတွေ့အကြုံတွေဟာ ကျွန်တှော့စိတ်ကို ရိုင်းစိုင်းအောင် လုပ်တယ်။ အများအမြင်မှာ ကျွန်တှောဟာ ရိုင်းစိုင်းမယ် ရင့်သီးမယ် ဒါပေမယ့် ဒီလိုဖြစ်လာအောင် ဘာတွေက လုပ်ခဲ့တယ် ဆိုတာကိုတော့ ဘယ်သူကမှ မမြင်ကြဘူး။ ထားပါတော့။

သကြဿငန်ရောက်လာပေမယ့် ကျွန်တှော့အတွက်တော့ ဘာမှ မထူးခြားဘူး။ သူငယ်ချင်း မဏဿဍပ်တွေဘာတွေလည်း သွားဖို့ စိတ်ကူး မရှိဘူး။ အိမ်မှာနေမယ်။ စိမ်ပြေနပြေ စာဖတ်မယ်။ ပျင်းလာရင် အိပ်မယ်။ အာရုံလာရင် သိမ်းထားတဲ့ ပုလင်းလေး သောက်မယ်။ အီးလိုက်ဘရီအတွက် ဒီဇိုင်းလေး စဉ်းစားနေတယ်။ ခေါင်းထဲမှာ ဘယ်လို Transaction တွေလုပ်မယ်ဆိုတာ အမြဲစဉ်းစားနေမိတယ်။ ဘဝမှာ အမြဲတမ်း ရည်ရွယ်ချက် တစ်ခုခုကို အားသွန်ခွန်စိုက် လုပ်နေသူပဲ ဖြစ်ချင်တယ်။ အဲဒါဟာ တခြား စိတ်ညစ်ငြူးစရာတွေ၊ အဆင်မပြေတာတွေ တှောတှောများများကို မေ့ထားစေနိုင်တယ်။ ရုတ်တရက် သေသွားရင်တောင် အဓိပဿပာယ် မမဲ့တော့ဘူးပေါ့။ အခုအားလပ်ရက်တော့ ဖတ်ခဲ့သမျှ စာအုပ်တွေအညွှန်းကို တင်ဖြစ်မယ် ထင်တယ်။ ဘယ်သူ့ကိုမှ အတတ်ပညာပြဖို့၊ ဆရာလုပ်ဖို့ မရည်ရွယ်။ စာရေးချင်တဲ့ ဝါသနာနဲ့ ကိုယ့်ဘာသာကိုယ် မှတ်တမ်းတင်တဲ့ သဘောလေးပါပဲ။ အယူအဆ မတူရင် ပြေပြေလည်လည် ဝေဖန်လို့ ရတယ်။

No response to “Diary 11.04.2009”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz