Sunday, April 26, 2009

C:\windows\system32\config\system error

ကွန်ပျူတာ Hibernate လုပ်နေတုန်း မစောင့်နိုင်တာနဲ့ ပိတ်လိုက်မိတာ။ ပြန်ဖွင့်တဲ့ အချိန်မှာ ဖွင့်မရတော့ဘူး ဆိုလို့ ခေါင်းက ပုတ်လောက် ကြီးသွားတယ်။ တစ်သက်လုံး လုပ်ထားသမျှ ဒီအထဲမှာ။ ဟာဒ်ဒစ်နှစ်ခါ ပျက်ပြီးလို့ ဒေတာတွေ လုပ်ထားသမျှတွေလည်း တှောတှော ဆုံးခဲ့ဖူးပြီးသား။ ဒါကြောင့် ဒီတစ်ခါ ဖြစ်ရင်တော့ သွားပြီလို့ တွေးမိပြီး တှောတှော တုန်လှုပ်သွားတယ်။ ပြီးမှ စိတ်အေးအေးထားပြီး အဲရာမက်ဆေ့ကို ဖတ်ကြည့်တယ်။

C:\windows\system32\config\system error

ဖြစ်တာက System32 အောက်က Config အောက်က System ဆိုတဲ့ဖိုင် Corrupt ဖြစ်သွားတာတဲ့။ စက်ကို လုံးဝ ဆိုင်မပို့ချင်ဘူး။ စိတ်လည်း မချဘူး။ ဒီစက်က ကျွန်တှော့အသက်ပဲ။ ဒါနဲ့ လုပ်လို့ရနိုင်မယ့် နည်းလမ်းလေးတွေ စဉ်းစားကြည့်တယ်။

ကံကောင်းချင်တော့ ဟောဒီလိုလေး လုပ်လိုက်တာ ပြန်ကောင်းသွားတယ်။ ပထမဆုံး စက်ထဲကို Window XP SP2 အခွေ ထည့်လိုက်တယ်။ ပြီးတော့ ဖွင့်တဲ့အချိန် F8 နှိပ်ပြီး Boot ကို CD ကနေ တက်လိုက်တယ်။ ပြီးရင် Repair ဆိုတာကို ရွေးလိုက်တယ်။ အထဲကို ရောက်ဖို့ (1) ဆိုတာ ရိုက်တယ်။ အဲဒီမှာ C:\windows ထဲကို ရောက်သွားတယ်။ C:\windows\chkdsk /p ဆိုတဲ့ Command လေး ရိုက်ထည့်လိုက်တယ်။ ၅မိနစ်လောက် ကြာတော့ Welcome Screen ပြန်တက်လာတယ်။ ပျှောလိုက်တာ။ နောက်တစ်ခါ မဖြစ်ခင် Back Up လုပ်ရတော့မယ်။ ဟူး External HD ဝယ်ရဦးမယ်။

No response to “C:\windows\system32\config\system error”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz