ကျွန်တှော ဒီရက်ပိုင်း မြန်မာစာလုံးတွေ စစ်ဆေးဖြစ်တယ်။ အဓိကကတော့ ကွန်ပျူတာ ဒေတာ အဘိဓာန် ဖိုင်တွေ၊ အမည်စာရင်းတွေ၊ အချက်အလက်တွေ ပါပဲ။ အဲဒီမှာ သွားတွေ့တာက စစ်တာက ဒေတာတစ်သိန်း အမှားတွေ ထွက်လာတာက နှစ်သိန်းလောက် ဖြစ်နေတာကိုပါ။ Standard ထားမယ့် အရာတစ်ခုက မှားနေရင် ထွက်လာတဲ့ အဖြေအားလုံးကလည်း အမှားပြ နေမှာပဲ။ ဒါကြောင့် Standard မှာ အမှားမရှိအောင် ကြိုးစားရတယ်။ မြန်မာနိုင်ငံ မြို့ရွာများစာရင်း ဆိုရင် စုစုပေါင်း စာလုံး တစ်သိန်းလောက် ရှိတယ်။ ပေါင်းထားတဲ့ စာလုံးတွေမှာ မမြင်ဖူးတာတွေ အများကြီး တွေ့ရတယ်။ အမှားတွေ ဆိုတာလည်း ဒင်းကြမ်းပဲ။ ဒါတောင် စာတွေကို Normalize စက်နဲ့ အရင်လုပ်ပြီးမှ စစ်တာ။ Syllable အသစ်တွေ ထွက်လာလိုက်တာလည်း မနည်းဘူး။ အဓိက အမှားက စာစီစာရိုက် အမှား။ အရင်တုန်းကတော့ ဒေတာဆိုတာ ပရင့်ထုတ်ရုံ၊ ကြည့်ရုံလောက်ပဲ ရေးကြတာဆိုတော့ Accuracy ကို ဂရုမစိုက်ဘူး။ ကျွန်တှောတို့ အတွက်တော့ Accuracy ဆိုတာ အရမ်း အရေးကြီးတာမို့ ဘာလာလာ စစ်ဆေးရပြန်တယ်။ အခုဆို မြန်မာနိုင်ငံ မြို့ရွာများစာရင်း ဒေတာ တစ်သိန်းလောက်ဟာ လုံးဝနီးပါး သန့်စင်သွားပြီမို့ ကျွန်တှော ကျေနပ်သွားတယ်။ ဒါတောင် အရပ်ဒေသအလိုက် အသံကို မူတည်ပြီး ပေါင်းထားတဲ့ စာလုံးတွေကို ပြင်မထားနိုင်သေးပါဘူး။ ကိုယ်က အချိန်အများကြီး ပေးပြီး Research အတွက် လုပ်ထားပေမယ့် လုပ်စားမယ့် သူတွေက အဆင်သင့်မို့ အပြင်ကိုတော့ လောလောဆယ် မဖြန့်သေးပါဘူး။ ကိုယ့်အချင်းချင်း ကြားမှာပဲ စမ်းသပ် အသုံးပြုနေဆဲ ဖြစ်ပါတယ်။ အောက်က ဟာတွေကတော့ ကျွန်တှော အများဆုံး တွေ့ရတဲ့ အမှားတွေပါ။ ဒါလေးတွေကို သတိထားပြီး စာရေးကြမယ်ဆိုရင် ကိုယ့် စာသားတွေဟာ အများကြီး သန့်စင်လာတာကို တွေ့လာရပါလိမ့်မယ်။
Repeat Errors
အသတ်ကို တစ်ခုထက်ပို၍ ရေးခြင်း (က်)
သေးသေးတင်ကို တစ်ခုထက်ပို၍ ရေးခြင်း (ကံ)
နောက်ပစ်ကို တစ်ခုထက်ပို၍ ရေးခြင်း (ကဲ)
တစ်ချောင်းငင်ကို တစ်ခုထက်ပို၍ ရေးခြင်း (ကု)
နှစ်ချောင်းငင်ကို တစ်ခုထက်ပို၍ ရေးခြင်း (ကူ)
တစ်ချောင်းငင်နှင့် နှစ်ချောင်းငင် ရော၍ ရေးခြင်း (ကူ)
ဟထိုးကို တစ်ခုထက်ပို၍ ရေးခြင်း (လှ)
လုံးကြီးတင်ကို တစ်ခုထက်ပို၍ ရေးခြင်း (ကိ)
လုံးကြီးတင်ဆံခတ်ကို တစ်ခုထက်ပို၍ ရေးခြင်း (ကီ)
ဝဆွဲကို တစ်ခုထက်ပို၍ ရေးခြင်း (ကွ)
ဝဆွဲဟထိုးကို တစ်ခုထက်ပို၍ ရေးခြင်း (လွှ)
အောက်မြစ်ကို တစ်ခုထက်ပို၍ ရေးခြင်း (ကဲ့)
Syllable Forming Errors
ဗျည်း မစခင် (သေးသေးတင်၊ ဟထိုး၊ တစ်ချောင်းငင်၊ နှစ်ချောင်းငင်၊ ဝဆွဲ၊ လုံးကြီးတင်၊ လုံးကြီးတင်ဆန်ခတ်၊ နောက်ပစ်) စတာတွေကို မှားရိုက်မိခြင်း
စာလုံးအစဉ် ရေးသွင်းပုံ မှားခြင်း (ကကြီး+ တစ်ချောင်းငင်+ သေးသေးတင်)(ကကြီး+ သေးသေးတင်+ ယပင့်+ တစ်ချောင်းငင်)
Word Spelling Error
ယပင့် နဲ့ ရရစ်
သေးသေးတင်၊ နသတ် နဲ့ မသတ်
ကသတ်၊ ပသတ်၊ တသတ်
ည နဲ့ ငြ
ဈမျဉ်းဆွဲ နဲ့ စလုံးယပင့်
ဉကလေး နဲ့ ဥ
ဝိုက်ချ နဲ့ မောက်ချ (ဖား၊ ဖါး)
Phrase & Sentence Level Error
ပုတ်ဖြတ် ပုဒ်ရပ် သကေဿငတများ အသုံးမပြုခြင်း
အခြားသကေဿငတ (xxx --- ...) စသည်တို့ကို အသုံးများခြင်း
No response to “စာစီစာရိုက် အမှားများ”
Post a Comment
Trackbacks
Leave a trackback