Wednesday, April 15, 2009

The Alchemist (2)

The Alchemist (2)
Paulo Coelho


And now it was only four days before he would be back in that same village. He was excited, and at the same time uneasy: maybe the girl had already forgotten him. Lots of shepherds passed through, selling their wool.

အခုတော့ အဲဒီရွာလေးကို ပြန်ရောက်ဖို့ လေးရက်လောက်ပဲ လိုတော့တယ်။ သူစိတ်လှုပ်ရှားနေမိတယ်။ တချိန်တည်းမှာပဲ သူ့ကို ကောင်မလေးကများ မေ့သွားခဲ့ပြီလား ဆိုတဲ့ ခံစားချက်နဲ့ နေမထိထိုင်မသာ ဖြစ်နေပြန်တယ်။ သိုးကျောင်းသား တှောတှောများများ သူ့ထက်အရင် အဲဒီမှာ သိုးမွေးတွေကို ရောင်းချခဲ့ ဖူးတယ်လေ။

“It doesn’t matter,” he said to his sheep. “I know other girls in other places.”
But in his heart he knew that it did matter. And he knew that shepherds, like seamen and like traveling salesmen, always found a town where there was someone who could make them forget the joys of carefree wandering.

ဒါ အရေးမဟုတ်ပါဘူးကွာလို့ ကောင်လေးက သူ့သိုးလေးကို ပြောလိုက်တယ်။ ငါတခြားနေရာက တခြား ကောင်မလေးတွေ ကိုလည်း သိပါသေးတယ်လို့ ထပ်ပြော လိုက်သေးတယ်။ ဒါပေမယ့်သူ့ရင်ထဲမှာတော့ ဒါဟာ သူ့အတွက် တကယ့် အရေးကြီးကိစဿစ ဆိုတာကို သိနေတယ်။ ပြီးတော့ သိုးကျောင်းသားတွေ ဆိုတာက သဘေဿငာသားတွေ၊ ခရီးသွား ကုန်သည်တွေလိုပဲ မြို့တစ်မြို့ ရောက်တိုင်း ပူပန်ကြောင့်ကြမဲ့ လျှောက်သွားနေရတဲ့ သူတို့ရဲ့ အဖြစ်တွေကို မေ့ပျောက်စေနိုင်တဲ့ တစ်ယောက်သောသူကို ရှာဖွေတတ်ကြတယ် ဆိုတာကိုလည်း သူက သိနေမိတာကိုး။

The day was dawning, and the shepherd urged his sheep in the direction of the sun. They never have to make any decisions, he thought. Maybe that’s why they always stay close to me.

မနက်ခင်း မိုးသောက်ချိန် ရောက်တာနဲ့ သိုးကျောင်းသားလေးဟာ သူ့သိုးတွေကို နေထွက်ရာ အရပ်ဘက်ကို ဦးတည်ပြီးသာ သွားကြဟေ့လို့ နှိုးဆှောလိုက်တယ်။ သူတို့တွေ ဘယ်တုန်းကမှ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ချစရာ မလိုဘူး၊ အင်း ဒါကြောင့်လည်း သူတို့တွေ ငါနဲ့ နီးနီးကပ်ကပ် ရှိနေတာ ဖြစ်မှာပေါ့လို့ သူတွေးလိုက်မိပြန်တယ်။

The only things that concerned the sheep were food and water. As long as the boy knew how to find the best pastures in Andalusia, they would be his friends. Yes, their days were all the same, with the seemingly endless hours between sunrise and dusk; and they had never read a book in their young lives, and didn’t understand when the boy told them about the sights of the cities. They were content with just food and water, and, in exchange, they generously gave of their wool, their company, and—once in a while—their meat.

သိုးတွေ အလေးအနက်ထားတာ တစ်ခုပဲ ရှိတယ်။ အဲဒါက အစာနဲ့ ရေပါပဲ။ ကောင်လေးအနေနဲ့ အန်ဒါလူစီရာ ဒေသကြီးထဲက အကောင်းဆုံး စားကျက်မြေတွေကို ရှာဖွေနိုင်နေသမျှတော့ သူတို့တွေနဲ့က ထာဝရ မိတ်ဆွေတွေ ဖြစ်နေဦးမှာပဲ။ ဟုတ်တယ်။ မနက်မိုးလင်းကနေ ညနေမိုးချုပ်တဲ့အထိ ကုန်ခဲလွန်းတဲ့ နာရီတွေ နဲ့အတူ သိုးတွေ ဖြတ်သန်းရတဲ့ နေ့ရက်တွေဟာ တစ်ရက်နဲ့ တစ်ရက် အတူတူပါပဲ။ ပြီးတော့ သူတို့ဟာ ငယ်စဉ်အခါက စာတစ်အုပ်တောင် မဖတ်ခဲ့ဖူးသလို ကောင်လေးက မြို့ပြမြင်ကွင်းတွေအကြောင်း ပြောပြရင်လည်း သူတို့ နားမလည်နိုင်ကြဘူး။ အစာနဲ့ ရေသာရှိရင် သူတို့ ကျေနပ်နေပြီပဲ။ အပြန်အလှန်အနေနဲ့ သူတို့ကတောင် သိုးမွေးတွေကိုတောင် ရက်ရက်ရောရော ပေးလိုက်သေးတယ်။ သိုးကျောင်းသားတွေအတွက် အဖှောကောင်း လုပ်ပေးသလို တခါတလေမှာ သူတို့ အသွေးအသားကိုတောင် ပေးတတ်ရှာသေးတယ်။

If I became a monster today, and decided to kill them, one by one, they would become aware only after most of the flock had been slaughtered, thought the boy. They trust me, and they’ve forgotten how to rely on their own instincts, because I lead them to nourishment.

တကယ်လို့များ ငါသာ ဒီနေ့ ဘီလူးသရဲ ဖြစ်ပြီး ဒီကောင်တွေ အကုန်လုံးကို တစ်ကောင်ချင်း တစ်ကောင်ချင်း ကိုက်သတ်မယ် ဆိုရင်တောင်မှ သူတို့တွေဟာ အများကြီး သေပြီးတော့မှ အနဿတရယ်ကို သတိပြုမိမယ့် ကောင်တွေပဲလို့ ကောင်လေးက တွေးနေမိတယ်။ သူတို့က ငါ့ကိုယုံကြည်ကြတယ်လေ။ ပြီးတော့ သူတို့ကို ငါထိန်းကျောင်း ကျွေးမွေးခဲ့တာမို့ သူတို့ကိုယ်တိုင် ကိုယ့်ခြေထောက်ပှေါကိုယ် ဘယ်လို ရပ်တည်ရမယ် ဆိုတာတောင် မေ့လို့ နေကြပြီပေါ့။

The boy was surprised at his thoughts. Maybe the church, with the sycamore growing from within, had been haunted. It had caused him to have the same dream for a second time, and it was causing him to feel anger toward his faithful companions. He drank a bit from the wine that remained from his dinner of the night before, and he gathered his jacket closer to his body. He knew that a few hours from now, with the sun at its zenith, the heat would be so great that he would not be able to lead his flock across the fields. It was the time of day when all of Spain slept during the summer. The heat lasted until nightfall, and all that time he had to carry his jacket. But when he thought to complain about the burden of its weight, he remembered that, because he had the jacket, he had withstood the cold of the dawn. We have to be prepared for change, he thought, and he was grateful for the jacket’s weight and warmth.

ကောင်လေးဟာ သူ့အတွေးကို သူ့ဘာသာ အံ့အားသင့် သွားမိတယ်။ ဘုရားကျောင်းပျက်ကြီးနဲ့ သူ့ဝန်းထဲက သဖန်းပင်ကြီးက သူ့ကို ခြောက်လှန့်တာလည်း ဖြစ်ကောင်းဖြစ်မယ်။ ဒါကြောင့်ပဲ သူမက်ခဲ့ပြီးသား အိပ်မက်ကို ဒုတိယအကြိမ် ပြန်မက်တာ ဖြစ်မှာပေါ့။ ဒါကြောင့်ပဲ သူအယုံကြည်ရဆုံး သူ့မိတ်ဆွေတွေ အပှေါမှာ ဒေါသတွေ ထွက်လာမိတာ ဖြစ်မှာပေါ့။ အရင်တစ်ရက် ညစာစားအပြီးမှာ ကျန်နေတဲ့ လက်ကျန်ဝိုင် နဲနဲကို သူမော့လိုက်တယ်။ ပြီးတော့ သူ့ဂျာကင်ကို ခပ်တင်းတင်းဆွဲပြီး ကိုယ်နဲ့ ကပ်နိုင်သမျှ ကပ်ထားလိုက်တယ်။ အခုကစပြီး နာရီနဲနဲလောက် ကြာတာနဲ့ နေဟာ သူ့ခေါင်းတည့်တည့်ကို ရောက်လာပြီး ဒီသိုးအုပ်ကြီးကို ဒီလွင်ပြင်ထဲကဖြတ်ပြီး ခှေါမသွားနိုင်လောက်အောင် ပူတော့မယ် ဆိုတာကို ကောင်လေး သိနေတယ်။ ဒီအချိန်ဟာ စပိန်ကလူတွေ အတွက်တော့ နွေရာသီကာလ အိပ်လို့ကောင်းနေဆဲ အချိန်ပေါ့။ ညနက်အထိအောင် အပူရှိန်ရှိနေဦးမှာပဲ။ ဒီလိုအချိန်မှာတောင် သူကတော့ သူ့ဂျာကင်ကြီးကို သယ်နေရဦးမှာလေ။ ဒါပေမယ့် အဲဒီလို ဂျာကင်ကို ဝန်ထုတ်ဝန်ပိုး တစ်ခုလို စဉ်းစားနေမိချိန်မှာပဲ သူဟာ ဒီဂျာကင်ကြောင့်သာ အခုလို အေးစက်တဲ့ နံနက်ခင်းကို ခံနိုင်ရည် ရှိနေတယ် ဆိုတာကို သတိရလိုက်တယ်။ ငါတို့တွေဟာ အပြောင်းအလဲတွေကို လက်ခံနိုင်အောင် ပြင်ဆင်ထားနိုင်ရမှာပေါ့လို့ သူတွေးမိရင်းက သူ့ဂျာကင်ရဲ့ အလေးချိန်နဲ့ အနွေးဓာတ် အပှေါမှာ ကျေးဇူးတင်လာမိတယ်။

The jacket had a purpose, and so did the boy. His purpose in life was to travel, and, after two years of walking the Andalusian terrain, he knew all the cities of the region. He was planning, on this visit, to explain to the girl how it was that a simple shepherd knew how to read. That he had attended a seminary until he was sixteen. His parents had wanted him to become a priest, and thereby a source of pride for a simple farm family. They worked hard just to have food and water, like the sheep. He had studied Latin, Spanish, and theology. But ever since he had been a child, he had wanted to know the world, and this was much more important to him than knowing God and learning about man’s sins. One afternoon, on a visit to his family, he had summoned up the courage to tell his father that he didn’t want to become a priest. That he wanted to travel.

ဒီဂျာကင်မှာ ရည်ရွယ်ချက် တစ်ခု ရှိနေသလို ကောင်လေးမှာလည်း ရှိတာပေါ့။ သူ့ဘဝ ရည်ရွယ်ချက်က ခရီးတွေ သွားဖို့ပါပဲ။ အန်ဒါလူစီယန် တောင်တန်းကြီးတလျှောက် နှစ်နှစ်ကျှော သွားလာပြီးတဲ့နောက် သူဟာ အဲဒီဒေသက မြို့တွေကို အကုန်သိခဲ့ပြီ။ ဒီတစ်ခါ ခရီး ထွက်လာချိန်မှာတော့ သိုးကျောင်းသားတစ်ယောက် အနေနဲ့ စာဖတ်တတ်ဖို့ မခက်ခဲဘူးဆိုတာ ကောင်မလေးကို ရှင်းပြနိုင်ဖို့ သူသေသေချာချာ ပြင်ဆင်လာခဲ့တယ်။ တကယ်တော့ သူဟာ ၁၆နှစ်သားအထိ ကျမ်းစာသင်ကျောင်း တက်ခဲ့ရတယ်။ သူ့အဖေကတော့ သူ့ကို သင်းအုပ်ဘုန်းတှောကြီး တစ်ပါး ဖြစ်စေချင်ခဲ့တာ။ ဒါဟာ သာမန် လယ်သမား မိသားစု တစ်စုအတွက်တော့ ဂုဏ်ယူစရာပေါ့။ သူတို့ဟာ စားဖို့သောက်ဖို့လေး အတွက်ကိုတောင်မှ သိုးတွေလို ပင်ပင်ပန်းပန်း လုပ်ကိုင်ခဲ့ရတာပါ။ ကောင်လေးဟာ လက်တင်၊ စပိန်နဲ့ ဘာသာရေးကျမ်းစာတွေကို သင်ကြားခဲ့ရတယ်။ ဒါပေမယ့် ကောင်လေးဟာ ငယ်ငယ်လေးထဲက ကမဿဘာကြီး အကြောင်းကိုသာ ပိုသိချင်ခဲ့တာပါ။ သူ့အတွက်တော့ ဒါဟာ အနနဿတဘုရားသခင်ကို သိဖို့နဲ့ လူတွေရဲ့ အပြစ်တွေ အကြောင်း သင်ကြားဖို့ထက် ပိုအရေးကြီးတဲ့ အရာပဲလို့ ယုံကြည်တယ်။ ဒါနဲ့ သူ့မိဘတွေဆီကို အလည်ပြန်လာဖြစ်တဲ့ တစ်ခုသောနေ့မှာ သူဟာ ဆရာတှောတစ်ပါး မဖြစ်ချင်တဲ့အကြောင်း၊ ခရီးတွေကိုသာ သွားချင်တဲ့အကြောင်း ရဲရဲရင့်ရင့် ပြောလိုက်တယ်။


မှတ်ချက်။ ။ ဒီစာအုပ်ကို ဘာသာပြန်ပြီးသား ရှိပါတယ်တဲ့။ စာအုပ်ဆိုင်တွေမှာ သိုးကျောင်းသားရဲ့ အနတဿတလွင်ပြင်လို့ မေးပြီး ရှာဝယ်ရင် ရပါတယ်တဲ့။ တောကျောင်းဆရာက ဒီနေရာမှာ ကွန်မန့်ပေး ထားတာကြောင့် ကျွန်တှော ဆက်လက် ဘာသာပြန် မနေတော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်။ သူများလုပ်ပြီးသား အလုပ်ကြီးကို လိုက်လုပ်ရတာ ဖီးလ်မလာဘူး။ ဒါပေမယ့် အဲဒီ စာအုပ်လေးကိုတော့ မူရင်းဖြစ်ဖြစ် ဘာသာပြန်ဖြစ်ဖြစ် ဖတ်ကြည့်စေချင် ပါတယ်။ ဒါလေးကိုတော့ ရေးထားပြီးသား ဖြစ်နေတာမို့ တင်လိုက်တယ်။ စာမြည်းလေး တင်လိုက်တယ်လို့ပဲ သဘောထားပါတော့။ အခြား ကောင်းတာလေးတွေ ဖတ်မိရင်လည်း ညွှန်းပါဦးမယ်။

No response to “The Alchemist (2)”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz