Monday, April 13, 2009

The Alchemist (1)


အမတစ်ယောက် ညွှန်းတာနဲ့ Paulo Coelho ရေးတဲ့ The Alchemist ဆိုတဲ့ စာအုပ်လေးကို အီးဘွခ် ဒေါင်းလုဒ်ဆွဲပြီး ဖတ်ဖြစ်တယ်။ Alchemist ဆိုတာ မြန်မာတွေနဲ့ သိပ်မစိမ်းတဲ့ အမည်ပါ။ ဒီမှာခှေါကြတာတော့ အဂဿဂိရတ်သမားပေါ့။ စာအုပ်ကလည်း သိပ်မထူတာမို့ နှစ်ရက်သုံးရက်နဲ့ ပြီးသွားတယ်။ ဒီစာအုပ် ဖတ်နေချိန်မှာ တချို့တချို့သော အကြောင်းအရာလေးတွေက ရင်ကို လာလာထိတယ်။ တချို့တချို့သော စာကြောင်းလေးတွေက စိတ်ကို နှိုးဆွတယ်။ ဒါကြောင့် အခြားသူတွေလည်း ခံစားနိုင်အောင် ကျွန်တှော ဘာသာပြန်ကြည့်ဖို့ ကြိုးစားပါတယ်။ A4 စာမျက်နှာ ၅၅ မျက်နှာလောက် ရှိတယ်။ တစ်ရက်ကို ၃မျက်နှာလောက် ပြန်နိုင်အောင် ကြိုးစားမယ်။ ဒီနေရာမှာ ကျွန်တှောဟာ ဘာသာပြန် ကျွမ်းကျင်သူ မဟုတ်တဲ့အတွက် အမှားအယွင်း ရှိရင်လည်း ရှိနိုင်တယ်။ ဒါမှမဟုတ် ဘာသာစကား ချို့တဲ့လို့ ညံ့ဖျင်းကောင်းလည်း ညံ့ဖျင်းနိုင်တယ်။ အဓိပဿပာယ် မှားကောင်းလည်း မှားနိုင်ပါတယ်။ အဲဒါတွေ တွေ့ရင်တော့ ဒီကောင်ဒါတော့ ညံ့သကွာလို့ တွေးပြီး တခြား မညံ့တာလေးတွေ ဆက်ဖတ်ကြည့်ပါလို့ တိုက်တွန်းချင်တယ်။ ဆက်ဖတ်စေချင်တာ ကျွန်တှော့ လက်ရာကို မဟုတ်ပါဘူး။ ဒီဇာတ်လမ်းလေးကိုပဲ ဖြစ်ပါတယ်။ ဒီစာကို ဘာသာပြန်ရာမှာ ကျွန်တှော စာဖတ်တဲ့ပုံစံ ခံစားတဲ့ပုံစံကိုလည်း နဲနဲပြောပြချင်ပါတယ်။ ဘာသာစကား ကွဲပြားတဲ့စာ ဖြစ်တာမို့ ကျွန်တှော အဂဿငလိပ်စာဖတ်ရင် စာကိုချည်းပဲ မဖတ်ပါဘူး။ အဲဒီစာသား တစ်ချောင်းချင်းစီ အပှေါမှာ ခံစားပြီးတော့ နားလည်အောင် ကြိုးစားပါတယ်။ အခု ဘာသာပြန်ရာ မှာလည်း အဲဒီလိုပဲ ကိုယ့်မျက်လုံးထဲ မြင်လာတဲ့ ကိုယ်ခံစားနားလည် လိုက်တဲ့အတိုင်း ပြန်ထားပါတယ်။ လုံးကောက် ပြန်မထားပါဘူး။ မှားယွင်းနေတာ တွေ့လို့ ပြင်ပေးမယ် ဆိုရင်လည်း အတိုင်းအထက်အလွန် ပါပဲခင်ဗျား။


The Alchemist
Paulo Coelho


The boy’s name was Santiago. Dusk was falling as the boy arrived with his herd at an abandoned church. The roof had fallen in long ago, and an enormous sycamore had grown on the spot where the sacristy had once stood.

ကောင်လေးရဲ့နာမည်က စန်တီယာဂိုတဲ့။ သူ သူ့သိုးအုပ်လေးနဲ့အတူ ဘုရားကျောင်းအိုကြီးကို ရောက်သွားတာ နေဝင်ရီတရော အချိန်ပေါ့။ ဘုရားကျောင်းအိုကြီးရဲ့ အမိုးတွေကတော့ ဘယ်တုန်းကတည်းက လွင့်ကျနေခဲ့တယ် မသိဘူး မရှိတော့ပါဘူး။ ပြီးတော့ ဟိုးအရင် ဝတ်ပြုပစဿစည်းတွေ ထားတဲ့ နေရာမှာလည်း ဧရာမ သဖန်းပင်ကြီး တစ်ပင် ပေါက်လို့နေလေရဲ့။

He decided to spend the night there. He saw to it that all the sheep entered through the ruined gate, and then laid some planks across it to prevent the flock from wandering away during the night. There were no wolves in the region, but once an animal had strayed during the night, and the boy had had to spend the entire next day searching for it.

ဒီနေ့ညတော့ အဲဒီမှာပဲ အိပ်လိုက်တော့မယ်လို့ သူ ဆုံးဖြတ်လိုက်တယ်။ သူ့ရဲ့ သိုးတွေအားလုံး ဂိတ်အပျက်ကြီးထဲကနေ အထဲကို ဝင်လာတာ မြင်ပြီးတော့မှ ညဘက်ကျရင် အဲဒီသိုးတွေ ဟိုဟိုဒီဒီ လျှောက်မသွားနိုင်အောင်လို့ သစ်သားပြားတစ်ချို့နဲ့ ကာရံထားပေးလိုက်တယ်။ ဒီဒေသမှာတော့ ဝံပုလွေတွေ မရှိပါဘူး။ ဒါပေမယ့် တစ်ခါတုန်းက သူ့သိုးအုပ်ထဲက သိုးတစ်ကောင် သင်းကွဲပြီး ပျောက်သွားလို့ အဲဒီမှာ တစ်ညအိပ်ပြီး နောက်တစ်နေ့ တနေကုန်အောင် သိုးပျောက်ရှာခဲ့ရဖူးတယ်လေ။

He swept the floor with his jacket and lay down, using the book he had just finished reading as a pillow. He told himself that he would have to start reading thicker books: they lasted longer, and made more comfortable pillows.

ကောင်လေးဟာ သူ့ဂျာကင်လေးနဲ့ ကြမ်းပြင်ကို ရှင်းလင်းလိုက်ပြီးမှ လဲလျောင်းလိုက်တယ်။ ခေါင်းအုံးကတော့ သူခုနလေးတင်ကမှ ဖတ်ပြီးသွားတဲ့ စာအုပ်ပေါ့။ ပြီးတော့ နောက်ကျရင် ဒီထက်ပိုထူတဲ့ စာအုပ်မျိုး ဖတ်ရမယ်လို့ ကိုယ့်ကိုကိုယ် ပြောလိုက်သေးတယ်။ ဒါမှ ကြာကြာဖတ်လို့လည်း ရသလို၊ ခေါင်းအုံးရင်လည်း ပိုအဆင်ပြေမှာကိုး။

It was still dark when he awoke, and, looking up, he could see the stars through the half-destroyed roof.

သူအိပ်ယာကနေ နိုးလာတော့ မှောင်နေတုန်းပဲ။ မော့ကြည့်လိုက်တော့ တပိုင်းတစသာ ရှိတော့တဲ့ အမိုးကြားထဲကနေ ကြယ်တွေကို မြင်နေရတယ်။

I wanted to sleep a little longer, he thought. He had had the same dream that night as a week ago, and once again he had awakened before it ended.

ငါ ဒီထက်ပိုပြီး နဲနဲကြာကြာလေး ထပ်အိပ်ချင်သေးတယ်လို့ သူတွေးနေမိတယ်။ ဒီညမှာလည်း ဟိုးအရင်တစ်ပတ်က သူမက်ခဲ့ဖူးတဲ့ အိပ်မက်ကို ပြန်မက်ခဲ့ပြီး အိပ်မက်မဆုံးခင်မှာပဲ သူနိုးလာခဲ့ရတာ။

He arose and, taking up his crook, began to awaken the sheep that still slept. He had noticed that, as soon as he awoke, most of his animals also began to stir. It was as if some mysterious energy bound his life to that of the sheep, with whom he had spent the past two years, leading them through the countryside in search of food and water. “They are so used to me that they know my schedule,” he muttered. Thinking about that for a moment, he realized that it could be the other way around: that it was he who had become accustomed to their schedule.

သူထထိုင်လိုက်ပြီးတော့ အဖျားကောက်နေတဲ့ တုတ်ရှည်ကို ယူတယ်။ ပြီးတော့ အိပ်နေတဲ့ သိုးတွေကို နိုးဖို့ လုပ်ပါတော့တယ်။ သူနိုးနိုးချင်းပဲ သိုးတွေကလည်း တလှုပ်လှုပ်တရွရွနဲ့ ထနေကြတာကို သူသတိထားလိုက်မိတယ်။ နှစ်နှစ်ကျှောကြာအောင် ဒီသိုးလေးတွေကို ထိန်းကျောင်းရင်း နေရာအနှံ့ အစာရေစာ ရှာဖွေကျွေးမွေးလာခဲ့တဲ့ သူနဲ့ သိုးတွေရဲ့ကြားမှာ မမြင်နိုင်တဲ့ ထူးခြားတဲ့ ဆက်နွယ်မှုတွေ ရှိနေသလိုပါပဲ။ အှော သူတို့နဲ့ငါ သိပ်အသားကျနေလိုက်တာများ ငါလုပ်တတ်တဲ့ အစီအစဉ်တွေကိုတောင် သူတို့ သိနေကြပြီပဲလို့ တိုးတိုးလေး ရေရွတ်လိုက်တယ်။ အဲဒီလို တွေးလိုက်မိချိန် ခဏလေး မှာပဲ သူကိုယ်တိုင်ကလည်း သိုးတွေရဲ့ အလေ့အထတွေနဲ့ အစီအစဉ်တွေမှာ အသားကျနေတာပါလား ဆိုတာကို ပြန်လှန် ဆင်ခြင်မိလိုက်တယ်။

But there were certain of them who took a bit longer to awaken. The boy prodded them, one by one, with his crook, calling each by name. He had always believed that the sheep were able to understand what he said. So there were times when he read them parts of his books that had made an impression on him, or when he would tell them of the loneliness or the happiness of a shepherd in the fields. Sometimes he would comment to them on the things he had seen in the villages they passed.

ဒါပေမယ့် သိုးအုပ်ထဲမှာ တှောတှော့ကို နှိုးယူရခက်တဲ့ သိုးတွေလည်း ရှိပါသေးတယ်။ ကောင်လေးဟာ အဲဒီသိုးတွေကို သူ့တုတ်ကောက်နဲ့ တစ်ကောင်းချင်း လိုက်ထိုးရင်း သူတို့ရဲ့ နာမည်လေးတွေကို ခှေါတယ်။ သိုးတွေဟာ သူပြောသမျှကို နားလည်နိုင်စွမ်း ရှိတယ်လို့ သူအမြဲ ယုံကြည်ထားတယ်။ ဒါကြောင့် တခါတလေ သူတို့ကို သူဖတ်ဖြစ်တဲ့ စာအုပ်တွေထဲက သဘောကျတဲ့ တချို့တချို့သော အကြောင်းအရာတွေကို ဖတ်ပြတဲ့ အခါလည်း ဖတ်ပြ၊ ဒါမှမဟုတ် မြက်ခင်းလွင်ပြင်တွေထဲ သိုးကျောင်းသား တစ်ယောက်ရဲ့ အထီးကျန်မှု၊ ပျှောရွှင်မှု စတဲ့ အကြောင်းကို ပြောပြတဲ့ အခါလည်း ပြောပြပေါ့။ တခါတလေတော့ သူတို့ ဖြတ်သွားတဲ့ ရွာတွေတလျောက်မှာ မြင်ခဲ့ရတာတွေကိုလည်း သူက ဝေဖန်သုံးသပ် ပြောပြတတ်သေးတယ်။

But for the past few days he had spoken to them about only one thing: the girl, the daughter of a merchant who lived in the village they would reach in about four days. He had been to the village only once, the year before. The merchant was the proprietor of a dry goods shop, and he always demanded that the sheep be sheared in his presence, so that he would not be cheated. A friend had told the boy about the shop, and he had taken his sheep there.

ဒါပေမယ့် ဒီရက်ပိုင်းတွေမှာတော့ သူပြောနေဖြစ်တဲ့ အကြောင်းက တစ်ခုပဲရှိတယ်။ အဲဒါက ကောင်မလေးတစ်ယောက် အကြောင်းပေါ့။ ဒီနေရာရဲ့ လေးရက်ခရီးလောက် အကွာက ရွာလေးတစ်ရွာမှာနေတဲ့ ကုန်သည်တစ်ယောက်ရဲ့ သမီး။ သူအဲဒီရွာကို တစ်ခေါက်ပဲ ရောက်ခဲ့ဖူးတယ်။ မနှစ်တုန်းကပေါ့။ အဲဒီ ကုန်သည်ကြီးက ကုန်ခြောက်ဆိုင် တစ်ဆိုင်ရဲ့ ပိုင်ရှင် ဖြစ်ပြီးတော့ သူအလိမ်အညာ မခံရအောင်လို့ သူ့ရှေ့မှာတင် သိုးမွေးတွေ ရိတ်ပြဖို့ တောင်းဆိုတတ်တယ်တဲ့။ အဲဒီအကြောင်းကို ပြောပြတာက သူ့သူငယ်ချင်းပေါ့ .. ဒီကောင်ပဲ သူ့သိုးတွေကို အဲဒီဆိုင်ကို ခှေါဆောင်သွားခဲ့တာ။

**********************

“I need to sell some wool,” the boy told the merchant. The shop was busy, and the man asked the shepherd to wait until the afternoon. So the boy sat on the steps of the shop and took a book from his bag.

ကျွန်တှော သိုးမွေးနဲနဲ ရောင်းချင်လို့ပါလို့ ကောင်လေးက ကုန်သည်ကြီးကို ပြောလိုက်တယ်။ ဆိုင်က လူကျနေတဲ့ အချိန်မို့လို့ နေ့လည်ခင်းအထိ စောင့်ဖို့ ကုန်သည်ကြီးက ပြန်ပြောတယ်။ ဒါနဲ့ ကောင်လေးလည်း ဆိုင်ရဲ့ လှေခါးထစ်တွေမှာ ထိုင်ပြီး သူ့လွယ်အိတ်ထဲက စာအုပ်တစ်အုပ်ကို ထုတ်လိုက်တယ်။

“I didn’t know shepherds knew how to read,” said a girl’s voice behind him. The girl was typical of the region of Andalusia, with flowing black hair, and eyes that vaguely recalled the Moorish conquerors.

“သိုးကျောင်းသားတွေ စာဖတ်တတ်တယ်ဆိုတာ ကျွန်မ မသိခဲ့ပါလား” လို့ ပြောလိုက်တဲ့ ကောင်မလေး တစ်ယောက်အသံက သူ့နောက်ကျောဘက်ကနေ ထွက်လာတယ်။ ကောင်မလေးဟာ စပိန်တောင်ပိုင်း အန်ဒါလူစီယာ ဒေသက မိန်းခလေးတွေလိုပါပဲ အနက်ရောင် ဆံနွယ်တွေနဲ့၊ သူမရဲ့ မသိဝိုးတဝါး မျက်လုံးလေးတွေက ရှစ်ရာစုတုန်းက အီဘာရီယံ ကျွန်းဆွယ်ကြီးကို သိမ်းပိုက်နိုင်ခဲ့ကြတဲ့ အာဖရိက အနောက်မြောက်ပိုင်းသား ဘာဘာနဲ့ အာရပ်အနွယ် မိုးရစ်လူမျိုးစုတွေကို သွားသတိရစေတယ်။

“Well, usually I learn more from my sheep than from books,” he answered. During the two hours that they talked, she told him she was the merchant’s daughter, and spoke of life in the village, where each day was like all the others. The shepherd told her of the Andalusian countryside, and related the news from the other towns where he had stopped. It was a pleasant change from talking to his sheep.

"အင်း.. ပြောရရင်တော့ဗျာ ကျွန်တှောကတော့ စာအုပ်တွေထက် ကျွန်တှော့ သိုးကလေးတွေ ဆီကနေ ပိုသင်ယူဖြစ်ပါတယ်” လို့ ကောင်လေးက ပြန်ဖြေလိုက်တယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက် စကားပြောဖြစ်တဲ့ နှစ်နာရီလောက် အတွင်းမှာ သူမက သူမဟာ ကုန်သည်ကြီးရဲ့ သမီးဖြစ်တဲ့အကြောင်း၊ တစ်နေ့တစ်နေ့ ဘာမှ မထူးခြားတဲ့ ဒီရွာလေးထဲက ဘဝတွေအကြောင်းကို ပြောပြခဲ့တယ်။ သူကတော့ အန်ဒါလူစီယံဒေသက တောဘက်ပိုင်းတွေ အကြောင်း၊ သူဖြတ်သန်း သွားလာ နားခိုဖူးခဲ့တဲ့ မြို့တွေနဲ့ ပတ်သက်တဲ့ အကြောင်းတွေကို ပြောပြခဲ့တယ်။ ဒါဟာ သူ့အတွက်တော့ သိုးတွေနဲ့ စကားပြောနေရတာမျိုးနဲ့ မတူတဲ့ ပျှောရွှင်စရာ အပြောင်းအလဲ တစ်ခုပဲ ဖြစ်ပါတယ်။

“How did you learn to read?” the girl asked at one point.
“Like everybody learns,” he said. “In school.”
“Well, if you know how to read, why are you just a shepherd?”
The boy mumbled an answer that allowed him to avoid responding to her question. He was sure the girl would never understand. He went on telling stories about his travels, and her bright, Moorish eyes went wide with fear and surprise. As the time passed, the boy found himself wishing that the day would never end, that her father would stay busy and keep him waiting for three days. He recognized that he was feeling something he had never experienced before: the desire to live in one place forever. With the girl with the raven hair, his days would never be the same again.

"ရှင်စာဖတ်တတ်အောင် ဘယ်လိုများ သင်ခဲ့တာလဲ" လို့ ကောင်မလေးက မေးတယ်။
"တခြား သူသူငါငါတွေ လိုပါပဲ၊ ကျောင်းမှာပေါ့" လို့ သူပြန်ဖြေတယ်။
"ဟင် ဒါဆိုရင် စာဖတ်တတ်နေရဲ့သားနဲ့ ဘာဖြစ်လို့ သိုးကျောင်းသား ဖြစ်နေရတာလဲ" လို့ ကောင်မလေးက ပြန်မေးပြန်တယ်။

ဒီမေးခွန်းကိုတော့ သူဟာ တစ်ခုခု ဖြေလိုက်တယ်ဆိုရုံလေး မပွင့်တပွင့် ဗလုံးဗထွေး ဖြေလိုက်တယ်။ ဒီကိစဿစကို ကောင်မလေး ဘယ်တော့မှ နားလည်မှာ မဟုတ်ဘူး ဆိုတာကို သူသေသေချာချာ သိနေတယ်။ အဲဒီနောက် သူက သူ့ခရီးသွား ဇာတ်လမ်းတွေကို ဆက်ပြောပြနေခဲ့တယ်။ ကောင်မလေးရဲ့ တောက်ပတဲ့ မထုံတတ်တေး မျက်လုံးလေးတွေဟာ သူ့ဇာတ်ကြောမှာမျောပြီး ကြောက်လန့်မှု အံ့အားသင့်မှုတွေနဲ့ ဝိုင်းလို့ နေတော့တာပဲ။ အချိန်တှောတှောကြာလာတော့ ကောင်လေးဟာ အဲဒီနေ့လေးကို ဘယ်တော့မှ မကုန်ဆုံးစေချင်တဲ့စိတ် ဖြစ်လာတယ်။ သူ့အဖေ ကုန်သည်ကြီးလည်း အလုပ်တွေနဲ့ ပတ်ချာလှည့်ပြီး သူ့ကို သုံးရက်လောက် ထပ်စောင့်ခိုင်းထားစေချင် လာတယ်။ ဘယ်တုန်းကမှ မခံစားဖူးတဲ့ ခံစားချက်တစ်ခု ခံစားနေရတယ် ဆိုတာကို သူသိလိုက်တယ်။ အဲဒါက နေရာလေး တစ်ခုမှာ အမြဲနေချင်တဲ့ဆနဿဒ။ ဒီလို ပိတုန်းရောင်ကေသာရှင် ကောင်မလေးနဲ့သာ အတူတူဆိုရင် သူ့နေ့တွေဟာ အရင်ကလို ဘယ်တော့မှ ဟုတ်တော့မှ မဟုတ်ဘူးပေါ့။

But finally the merchant appeared, and asked the boy to shear four sheep. He paid for the wool and asked the shepherd to come back the following year.

ဒါပေမယ့် နောက်ဆုံးမှာတော့ ကုန်သည်ကြီး ရောက်လာပြီး ကောင်လေးကို သိုးမွေးရိတ်ဖို့ ခိုင်းပါတယ်။ ကျသင့်ငွေကို ပေးပြီးတဲ့နောက် နောက်နှစ်တွေမှာလဲ ဒီကို ပြန်လာခဲ့ဦးကွလို့ သိုးကျောင်းသား ကောင်လေးကို ပြောလိုက်တယ်။


အပိုင်း (၁) ပြီး၏။

No response to “The Alchemist (1)”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz