Wednesday, March 18, 2009

Valkyrie


ခုတလော ဘာမှ ရေးချင်စိတ် မရှိပါဘူး။ စိတ်ထဲမှာ ရှိနေတာတွေတော့ အများကြီးပဲ။ ဒါပေမယ့် ရေးမထွက်ဘူး။ စာအုပ်တွေ အများကြီး ဖတ်ဖြစ်တယ်။ မကြည့်တာ ကြာပြီးဖြစ်တဲ့ ဗွီဒီယိုတွေလည်း အချိန်ပေးပြီး ထိုင်ကြည့်ဖြစ်တယ်။ အဲဒီအထဲက ထူးထူးခြားခြား စိတ်ထဲကို တိုးဝင်သွားတဲ့ ဇာတ်ကားလေးတွေအကြောင်း ရေးချင်လာတယ်။


Free Image Hosting at www.ImageShack.us

ပထမကားက တွမ်ခရု ပါဝင်သရုပ်ဆောင်ထားတဲ့ Valkyrie ဆိုတဲ့ကား။ ဒုတိယ ကမဿဘာစစ်ကာလက နာဇီစစ်ဗိုလ်ချုပ် တစ်စုက အာဏာရှင် ဟစ်တလာကို လုပ်ကြံဖို့ ကြိုးစားတဲ့ ဇာတ်ကား။ တွမ်ခရုက ဗိုလ်မှူးကြီး စတပ်ဖန်ဘက် အဖြစ် သရုပ်ဆောင်တယ်။ ဒီကားကို စရိုက်ကတည်းက ဂျာမဏီမှာ အခက်အခဲတွေ ကြုံရတယ်၊ အမျိုးမျိုးသော ကန့်သတ်ချက်တွေနဲ့ ကြုံရတယ်ဆိုတာ ဖတ်ခဲ့ဖူးတယ်။ ကောင်းတယ် ဆိုးတယ်ဆိုတာကို မြင်တဲ့လူတန်းစာက နှစ်မျိုးနှစ်စား ကွဲပြားနေလေတော့ တှောတှော အကျပ်အတည်းကြားက ရိုက်ခဲ့ရတာ ဖြစ်ပါတယ်။ ပြီးတော့ ဒါဟာ တကယ့် အဖြစ်အပျက်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ကားတစ်ကား ဖြစ်တာကြောင့် တှောတှောလေး သတိထားခဲ့ရ ပါလိမ့်မယ်။

အာဏာရှင် ဟစ်တလာကြောင့် ဂျာမဏီဟာ ဥရောပနဲ့သာမက တစ်ကမဿဘာလုံးနဲ့ပါ ရန်ဘက် ဖြစ်နေပြီး ကိုယ့်ပြည်သူ ပြည်သားတွေသာ အများဆုံး အထိနာနေတယ် ဆိုတာကို တွေ့ကြုံ ခံစားနေကြတဲ့ နာဇီတပ်တွင်းက တပ်မှူးကြီးတွေဟာ ဟစ်တလာကို လုပ်ကြံပြီး သူ့ရဲ့ SS ပါတီကို အရံတပ်မတှောနဲ့ အစားထိုးဖို့ Valkyrie ဆိုတဲ့ စစ်ရေးစီမံကိန်း တစ်ခုကို ဖှောဆောင်ကြတယ်။ SS ဆိုတာ ဂျာမန်လို Schutzstaffel (ရွှတ်စတာဖဲလ်) ကာကွယ်ရေးတပ်တှော (Protective Squadron) ကို ဆိုလိုပါတယ်။ အစီအစဉ်အရ တွမ်ခရုဟာ ဟစ်တလာကို အနီးကပ် လုပ်ကြံဖို့ တာဝန်ယူရသူ ဖြစ်တယ်။ တွမ်ခရု သရုပ်ဆောင်တဲ့ ဇာတ်ရုပ် ဗိုလ်မှူးကြီး စတပ်ဖန်ဘဂ်ဟာ ဒီဇာတ်လမ်းမှာ အခရာ ပါပဲ။

ဟစ်တလာကို အရင်က ဘယ်လောက်ကြောက်ရတယ် ဆိုတာ ဒီဇာတ်ကား ကြည့်ရင် သိနိုင်ပါတယ်။ ပြီးတော့ သူပြောတဲ့စကား "I m untouchable" ဆိုတာကို တချို့က တှောတှောလေး ယုံကြည်ကြတယ်။ ယုံရလောက်အောင်လည်း ဟစ်တလာ ကံကောင်းခဲ့တာတွေ ရှိခဲ့တာကိုး။ ဒီအဖြစ်အပျက်မှာလည်း သေသေချာချာကြီး အစည်းအဝေးခန်းမှာ ပေါက်ကွဲသွားခဲ့ပါလျက်နဲ့ ဟစ်တလာဟာ သေဘေးကနေ လွတ်ခဲ့ပြန်တယ်။ ဖြစ်နိုင်တာက အဲဒီ ဖောင်တိန်ကနေ ဖောက်ခွဲတဲ့ဗုံးဟာ အလုံပိတ် အခန်းဖြစ်နေဖို့ လိုတယ်လို့ Colonel Mertz von Quirnheim က ပြောခဲ့ပေမယ့် တကယ် အစည်းအဝေး လုပ်ကြတဲ့ အခါမှာတော့ ဟစ်တလာဟာ ပြူတင်းပေါက် ပတ်လည်ရှိနေတဲ့ အခန်းတစ်ခုထဲမှာ လုပ်ခဲ့တာကြောင့် ပေါက်ကွဲအား နည်းသွားတယ်လို့ ထင်မိတယ်။ ဒါပေမယ့် ဒီလောက်နဲ့တင် ဟစ်တလာ သေသွားပြီလို့ ထင်ခဲ့တဲ့ စတပ်ဖန်ဘဂ်တို့ အဖွဲ့ဟာ SS တပ်မတှော ဆီကနေ အာဏာသိမ်းဖို့ အမိန့်တွေထုတ်ပြီး ကြိုးပမ်းခဲ့ကြတယ်။ လုပ်ကြံသူ စတပ်ဖန်ဘဂ် ကိုယ်တိုင်ကတောင် ဟစ်တလာ သေသွားပြီလို့ပဲ ယုံကြည်ခဲ့ပေမယ့် ဟစ်တလာဟာ လွတ်မြောက်သွားခဲ့တယ်။ လွတ်မြောက်ရုံတင်မက သူက ဖုန်းဆက်ပြီး လှမ်းအမိန့်ပေး လိုက်တာနဲ့ စတပ်ဖန်ဘဂ်တို့ရဲ့ အခြေအနေဟာ ချက်ချင်းကို ပြောင်းလဲသွားတော့တယ်။ နောက်ဆုံးမှာ ပါဝင်ခဲ့သူတွေ အားလုံး သေနတ်နဲ့ ပစ်သတ်ခံရတယ်။ ဒီနေရာမှာ ဘာကို တွေ့ရသလဲဆိုတော့ တကယ်လို့သာ အားလုံးက ဟစ်တလာကို မကြောက်ရွံ့ဘဲ ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်မယ် ဆိုရင် အဲဒီလုပ်ကြံမှုကနေ ဟစ်တလာဟာ ပြုတ်ကျသွားနိုင်တယ်။ နာဇီစနစ်ဟာ စောစောစီးစီး အမြစ်ပြုတ်သွားနိုင်တယ်။ ဒါပေမယ့် အခုလို ဟစ်တလာဘက်က လူတွေ ရှိနေသေးတာမို့ သူတို့အကြံဟာ မအောင်မြင်ခဲ့ရတာပါ။

အားလုံးခြုံပြီး ပြောရရင်တော့ နာဇီစနစ်ဆိုးအောက်က မကောင်းတဲ့သူတွေ အာဏာ မက်မောသူတွေ ကြားထဲမှာ ပြည်သူလူထု အကျိုးကို ကြည့်သူတွေလည်း ရှိနိုင်သေးတာပဲလို့ ဒီဇာတ်ကားလေးက ပြောသွားတယ်။ ဒီလုပ်ကြံမှု မအောင်မြင်ခဲ့ပေမယ့် နောက်ကိုးလ ကြာတဲ့အချိန်မှာ ဟစ်တလာဟာ မဟာမိတ်တွေရဲ့ ထိုးစစ်ကို မခံနိုင်တော့ဘဲ ကိုယ့်ကိုကိုယ် သတ်သေသွားခဲ့တယ်။


Free Image Hosting at www.ImageShack.us

သူတို့ဆီက ဇာတ်ကားတစ်ကားကို ဘယ်လောက်တောင် ဂရုစိုက်သလဲဆိုရင် ဇာတ်လမ်းမှာ သရုပ်ဆောင်တဲ့ မင်းသား တွမ်ခရုဟာ အပြင်က တကယ့် စတပ်ဖန်ဘဂ်နဲ့ တှောတှောလေး ပုံတူပါတယ်။ ပြီးတော့ နောက်ခံအသံ။ ကြည့်နေရင်းနဲ့ ရင်တထိတ်ထိတ် ဖြစ်လာအောင်ကို အဲဒီအသံက ဆွဲဆောင်သွားနိုင်တယ်။ စပါယ်ရှယ်အဖက်တွေ မိုးမွှန်အောင် များပြားနေတဲ့ အက်ရှင်ဇာတ်ကားတွေထဲမှာ ဒီဇာတ်ကားကတော့ တှောတှော နည်းတယ်လို့ ပြောလို့ရတယ်။ ဇာတ်လမ်းအားဖြင့် ပြောရရင်တော့ ရိုးရှင်းတယ် သိပ်မရှုပ်ထွေးဘူး။ လုပ်ကြံတယ် မအောင်မြင်ဘူး နောက်ဆုံး သေသွားတယ် ဒီလောက်ပဲ။ ဒါပေမယ့် အဲဒီ ဘာမှ မရှိတဲ့ ဇာတ်လမ်းလေးက တလျောက်လုံး ဆွဲခှေါသွားတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်နေရတာကိုက ဒီဇာတ်ကားရဲ့ အသက်ပါပဲ။ ဒီဇာတ်ကားကို ကြည့်နေရင်းနဲ့ ကမဿဘာကျှော ရှင်းဒလားလစ် ဆိုတဲ့ စာအုပ်ကို သွားသတိရတယ်။ (အဲဒီစာအုပ်လေးလည်း ဘယ်ကောင် ဘတ်သွားတယ် မသိဘူး။ ရှာလို့ကို မတွေ့တော့ဘူး)


No response to “Valkyrie”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz