Wednesday, March 4, 2009

Singapore Merlion damaged by Lightning


Singapore Merlion
Photo: CNA

Singapore စကဿငာပူနိုင္ငံရဲ့ အထိန်းအမှတ် Merlion ရုပ်တုကြီးကို ဖေဖှောဝါရီ ၂၈ ရက်နေ့က မိုးကြိုးပစ်ခံရလို့ အခုအခါ ပြန်လည် ပြင်ဆင်မှု လုပ်နေကြောင်း သိရပါတယ်။ မိုးကြိုးဒဏ်ကြောင့် ရုပ်တုမှာ ဘောလုံး တစ်လုံး အရွယ်အစား အပေါက်ကြီး ဖြစ်သွားခဲ့ရပြီး ဦးခေါင်းပိုင်းက အချို့အစိတ်အပိုင်းတွေလည်း မြေပှေါပဲ့ထွက် ကုန်တယ်လို့ သိရပါတယ်။ ဖြစ်ပွားချိန်ဟာ ညနေ ၄နာရီ နဲ့ ၅နာရီ ကြားမို့ လာရောက်လည်ပတ်သူတွေ သိပ်မရှိသေးချိန် ဖြစ်ပါတယ်။ တကယ်လို့သာ ညနေ ၆နာရီ နောက်ပိုင်း ဖြစ်ခဲ့မယ်ဆို လူအချို့ အနဿတရာယ် ရှိနိုင်ပါတယ်။ အခုလောလောဆယ် မှာတော့ အဲဒီနေရာကို လည်ပတ်ခွင့် ပိတ်ပင်ထားပြီး ပြုပြင်မှုတွေ လုပ်နေတယ်လို့ သိရပါတယ်။ (အတိတ်နိမိတ် ယုံကြည်သူတွေကတော့ ဒါဟာ စကဿငာပူရဲ့ အနာဂတ်ကို သတိပေးနေတာလို့ ပြောကြပါတယ်။ ဖန်းရွှေ ဆရာတစ်ယောက်က ဒါဟာ စကဿငာပူ တောင်ပိုင်းမှာ ပြသဿသနာ တစ်ခုခု ဖြစ်နိုင်တဲ့ အတိတ်နိမိတ်လို့ ဆိုပါတယ်။ ဒါပေမယ့် တချို့ကတော့ ဒါဟာ စကဿငာပူအနေနဲ့ ဒီနှစ်ထဲမှာ ပိုမို ကြီးပွား တိုးတက်မယ့် လကဿခဏာလို့ ဆိုနေကြလေရဲ့။)


No response to “Singapore Merlion damaged by Lightning”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz