Friday, March 13, 2009

Research for Myanmar Search Engine


Image Hosted by ImageShack.us

အထက်ကဟာက ၂ဝဝဂမှာ အင်တာနက် Search Engine တွေ အသုံးချမှုဇယား။ နာမည်ကြီး Google ကတော့ ထိပ်ဆုံးက ဦးဆောင်လျက်ပဲ။ ဒီ Stat လေးတွေကို ကျွန်တှော သိပ်သဘောကျတယ်။ နိုင်ငံခြားမှာ ISP တွေကနေ ဒါမှမဟုတ် သီးခြား အဖွဲ့လေးတွေကနေ အဲဒီလို ဆာဗေးလေးတွေကို စနစ်တကျ ကောက်ကြတယ်။ ဘာအကျိုးထူးလဲဆိုတော့ ဘယ်သူတွေ ဘယ်ဟာကို ဘယ်လောက် အားပေးတယ် ဆိုတာ သိလာရတယ်။ လူသုံးများတယ်ဆိုတာ သူ့စွမ်းဆောင်ရည် ကောင်းလို့လို့ ၈၀% လောက် အတိအကျ ပြောလို့ရတယ်။ ဒါမျိုးတွေမှာ ဆိုရင်တော့ သူသုံးထားတဲ့ နည်းပညာ၊ သူ့ရဲ့ Algorithm ဘယ်လောက် ကောင်းတယ်ဆိုတာ မှန်းဆလို့ ရမယ်။ နှိုင်းယှဉ် လေ့လာလို့ ရမယ်။ မြန်မာပြည်တွင်းမှာရော?။ ဆက်သွယ်ရေးက အချက်အလက် တချို့နဲ့ ကျွန်တှော့ရဲ့ တွက်ချက်မှုအရ မြန်မာပြည်မှာ ၂၀၀၈ အတွင်း အင်တာနက် အသုံးပြုသူပေါင်း သုံးသိန်းအထက် မရှိပါဘူး။ ဒါဟာ လူဦးရေ သန်းငါးဆယ်ရှိတဲ့ မြန်မာပြည် အတွက်ဆိုရင် တစ်ရာခိုင်းနှုန်းတောင် မရှိသေးတဲ့ သဘောပါပဲ။ ဒါပေမယ့် ဒါဟာ နောက်ပိုင်း တိုးပွားလာဦးမှာပဲ။ အဲဒီအခါ မြန်မာ Search Engine တွေဘာတွေ ပှေါလာတော့မယ်။ မြန်မာ ယူနီကုဒ် Range လေးတစ်ခု ပေးပြီးတော့တော့ Search Engine တစ်ခု ဆောက်လို့ မဖြစ်နိုင်ဘူး။ ဘာတွေ လိုမလဲ။ ဒါကတော့ လျှို့ဝှက်။ Hint အနေနဲ့ ပြောရရင် Myanmar Data Set တွေဆိုပါတော့။ တခါတုန်းက အချို့အချို့သော လူပုဂဿဂိုလ်တွေ၊ ဆရာတှောတွေ လုပ်ခဲ့ကြတဲ့ စာအုပ် အဟောင်းလေးတွေ ရှိတယ်။ ရှားလည်းရှားတယ် ပြန်လည်း မထွက်တော့ဘူး။ အဲဒါတွေကနေ အရမ်းကောင်းတဲ့ အကြံတွေ ရခဲ့တယ်။ လွယ်လွယ်ကူကူ ရခဲ့တာ မဟုတ်တဲ့အတွက် တန်ဖိုးထားပါတယ်။ 



Image Hosted by ImageShack.us

ဒါလေးကလည်း သိပ်ကောင်းတဲ့ အချက်လေးတွေပါပဲ။ Search Engine မှာ လူတွေ ဘယ်လို စကားလုံးတွေ ရှာကြသလဲဆိုတာ လေ့လာထားတာ။ စကားလုံး တစ်လုံးထဲက ၂၁ ရာခိုင်နှုန်း ရှိတယ်။ နှစ်လုံးက ၂၄ ရာခိုင်နှုန်း ရှိတယ်။ သုံးလုံးကလည်း ၂ဝကျှော ရှိတယ်။ ဒါက ဘာကို ပြသလဲဆိုတော့ စကားလုံး အတွဲတွေ အတွက်ပါ Search Indexing ဘယ်လောက်လုပ်ဖို့ လိုမယ်ဆိုတာကို ပြတယ်။ အဲဒီမှာ Algorithm ဆိုတာ အရမ်းအရမ်း အရေးကြီးလာရော။ မြန်မာစာက စပေ့(စ်) Space မရှိဘူး။ ဘယ်လိုမျိုး အထိကို စကားလုံးတွဲလို့ သတ်မှတ်မှာလဲ ဆိုတာတွေကလည်း စိတ်ဝင်စားစရာ ကောင်းလာပြန်ရော။ ဝင်ငွေမကောင်းပေမယ့် စိတ်ပျှောစရာကောင်းတဲ့ အလုပ်တစ်ခုပါပဲ။ အခုတော့ အလုပ်ဖြစ်ဦးမှာ မဟုတ်ဘူး။ နောင် ၅နှစ်ပေါ့။ :)




No response to “Research for Myanmar Search Engine”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz