Sunday, March 1, 2009

Diary 29.02.2009


က်ြန္ေတာှ ေတာှေတာှေလး စိတ်ပျက်နေပါတယ်။ ကျွန်တှောတို့ ရပ်ကွက်မှာ မီးမလာတာ အရမ်းကြာနေပြီ။ ဒါတောင် တိုက်က ကိုယ့်မီးစက်နဲ့ကိုယ် ညနေ ၆နာရီကနေ ၁၁နာရီအထိ ပေးထားလို့ မီးလေး တွေ့တွေ့နေရတာ။ လျှပ်စစ်က လူတွေကလည်း တကယ်လည်တယ်။ တစ်ရက်လုံး မီးပျက်နေတယ် မဖြစ်အောင်တော့ လာရမယ့် အချိန်ဆို ၁ဝမိနစ် ၁၅မိနစ်လောက် ခဏ လွှတ်ပေးလိုက်တယ်။ ပြီးရင် ပျက်ကရော။ တကယ်ကို ၁ဝမိနစ် ၁၅မိနစ်ပါပဲ။ အဲဒီတော့ နေ့စဉ်ရက်ဆက် မီးပျက်တယ်ဆိုတာ မဖြစ်တော့ဘူးပေါ့။ ည ၁၁နာရီဆိုတာ တကယ်တော့ ကျွန်တှောတို့လို လူတွေ အလုပ်လုပ်စလုပ်တဲ့ အချိန်ပါ။ အခုတော့ ဘာမှ မတတ်နိုင်ဘူး။ အိပ်ယာထဲ ဝင်ရတာပဲ။ ကြာလာတော့ လူမမာ တစ်ယောက်လို ကိုယ့်ကိုကိုယ်တောင် စိတ်ပျက်လာတယ်။ မအိပ်ချင်ဘဲ အိပ်နေရတဲ့ဘဝ။ ဘာမှထူးခြားမလာတဲ့ အရာတွေကိုလည်း ပြောမနေချင်တော့ဘူး။ မပြောချင်ဘူးဆိုတာက ပြောချင်စိတ်ကို ကုန်သွားတာ။ မီးပျက်တော့ ဖုန်းအိပ်ချိန်းတွေပါ လိုက်ပျက်တယ်။ ဖုန်းအိပ်ချိန်းပျက်တော့ အင်တာနက်လိုင်းပါ သုံးမရတော့ဘူး။ ကဲကျွန်တှော ဘာလုပ်ရမလဲ။ အဲဒီနေရာမှာ ဒီအဖြစ်မျိုးတွေကို မခံစားဖူးရင် ဒါမျိုး ကျွန်တှောတို့ရဲ့ စိတ်ပျက်မှုနဲ့ ဒုကဿခတွေကို ဘယ်လိုမှ နားလည်မှာ မဟုတ်ဘူး။ 

ကျွန်တှောတို့ဆီမှာ VIP လိုင်းတွေ ဆိုတာရှိတယ်။ ဘယ်တော့မှ မီးမပျက်ဘူး။ အဲဒီ VIP မပြောနဲ့။ လက်ဝေခံ ရွှေတောင်ကြားထဲတောင် မီးမပျက်ဘူး။ ရွှေတောင်ကြားဆိုတာက ရှေးတုန်းက VIP ရပ်ကွက်ပေါ့။ အခုတော့ အဲဒီလူတွေဆီကနေ အခု ပိုက်ဆံရှိသူတွေက ဝယ်နေကြတော့ သူတို့ကတော့ VIP မဟုတ်တော့ပေမယ့် VIP အမွေ လက်ကျန်လေး ရလိုက်တဲ့ သဘောပါပဲ။ ဘယ်တော့မှ မီးမပျက်သလောက်ပါပဲ။ ပျက်ရင်လည်း မိနစ်ပိုင်းလောက်။ ဒီလောက်ပျက်ရင်တောင် အဲဒီအထဲကလူတွေ တဖြစ်တောက်တောက်နဲ့။ ပြောချင်တာက စိန်နားကပ် မပြောနဲ့.. ပါးကတောင် ပြောင်ထွက်နေတာကိုပါ။ ဘဝတွေ ကွာခြားပါဘိ။ ဆိုတော့ အဲဒီလူတွေဟာ သူတို့ဆီမှာ မီးအမြဲ လာနေတော့ မီးပျက်ခြင်းရဲ့ဒုကဿခကို ကျွန်တှော ခံစားနေရသလောက် သူတို့ကတော့ ထိန်ထိန်းငြီးငြီး အိမ်ကြီးထဲမှာ နေရင်း ဘယ်လိုမှကို သိနိုင်မှာ မဟုတ်သလို ခံစားလည်း ပေးကြမှာ မဟုတ်ဘူးလို့ တွေးနေမိပါတယ်။ ဒါမှမဟုတ် ဒီလူတွေနဲ့ တွေ့တဲ့အခါ ငါတို့တွေက သူများတွေလို အမှောင်ထဲ မနေဘူး၊ မင်းတို့များ ကံဆိုးလိုက်လေကွာ ဆိုပြီးတော့များ ကြံဖန် ဘဝင်မြင့် ပြောဆိုတာမျိုး ခံရလေမလား။ (ကံဆိုတာ လူကလုပ်တာ ဆိုတဲ့စကား သိပ်မှန်တယ်လို့ တလွဲပြောရင် ပြောနေဦးမှာ။ သူပြောတဲ့ လူဆိုတာက တခြားလူကို ပြောတာနေမှာ)။ ထားပါတော့လေ (ထားလိုက်ရတာတွေလည်း များနေပါပြီ)။ လူဆိုတာ ကိုယ်ခံစားရမှ နာတတ်ကြတာမျိုးကိုး။ စိတ်နာသူ မှတ်တမ်းထဲမှာ ကျွန်တှောဟာ ဇာတ်လိုက်ပါပဲ။

တှောပြီဗျာ။ အိပ်တော့မယ်။ လပ်တော့လေး အားမကုန်ခင် ရေးလိုက်ဖြစ်တဲ့ စာပါ။ မီးပျက်ပြီး ဖုန်းလိုင်းပါ ပျက်နေလို့ အဆင်ပြေတဲ့ နေ့မှပဲ တင်တော့မယ်။ စိတ်လေတယ်။ 

No response to “Diary 29.02.2009”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz