Thursday, March 5, 2009

Copy & Paste

တှောတှောကြာပါပြီ ရင်ထဲကို ရောက်နေခဲ့တဲ့ ကိစဿစလေးတစ်ခု။ ယေဘုယျကတော့ ကိုယ့်ရေးတဲ့စာကို နှစ်သက် သဘောကျလို့ ကူးယူတယ် တခြား ဘလော့ဂ်မှာ၊ ဝဘ်ဆိုဒ်တွေမှာ ဖှောပြတယ် ဆိုတာ ကျေးဇူးတင်ဖို့ ကောင်းတဲ့ ကိစဿစပါ။ ဒါပေမယ့် ကျေးဇူးတင်ခြင်း မတင်ခြင်းနဲ့ မသက်ဆိုင်တဲ့ အခြား Technical & Ethical ကိစဿစလေးတွေလည်း ရှိနေပါသေးတယ်။ ဒီလိုမျိုး လုပ်တာဟာ ကျေးဇူးတော့ တင်ချင်စရာ ကောင်းပါရဲ့ ဒါပေမယ့် ဒါကို လုပ်သင့်လား မလုပ်သင့်ဘူးလား ဆိုတာလေးပေါ့။ သိနေပြီးသား ဖြစ်ကောင်း ဖြစ်ပေမယ့် ပညာရှိ သတိမမူမိဘဲ လစ်ကွက်လေးတွေ ကျန်နေသလားလို့ ကျွန်တှော စဉ်းစားမိတာလေးတွေ ပြောပြတာပါ။


ရေးတဲ့သူဟာ အချိန်၊ ပိုက်ဆံ၊ ခံစားချက်၊ အတွေ့အကြုံ အများကြီး ရင်းနှီးပြီး စာတစ်ပုဒ်ကို ရေးထားတယ်။ ကိုယ်က Copy & Paste လေးလုပ်တာဟာ မြန်မြန်နဲ့ အလွန်လွယ်ကူစွာ လုပ်နိုင်တယ် ဆိုပေမယ့် မူလရေးသူ ကုန်ခဲ့တဲ့ အချိန်တွေ၊ အားထုတ်မှုတွေကို စာနာ လေးစားဖို့ လိုပါတယ်။

စာတစ်ကြောင်း (သို့) စာတစ်ပိုဒ် ကူးယူ ဖှောပြတာဟာ ကိုးကားတာ၊ ရည်ညွှန်းတာလို့ နာမည်တပ်လို့ ရပေမယ့် တစ်ပုဒ်လုံးကို ကူးယူတာဟာ Plagiarism သဘောမျိုး သက်ရောက်ပါတယ်။ ဒါက လျော့လျော့ပေါ့ပေါ့ ပြောတာပါ။ အင်တာနက်ပှေါမှာ Content Stolen လို့ ပြောပါတယ်။

တူညီတဲ့ စာတစ်ပုဒ်ထဲကို နေရာမျိုးစုံမှာ တွေ့ရတဲ့အတွက် Search Engine မှာ Rank ကျစေပါတယ်။ မူရင်းပိုစ့် အနေနဲ့ ရသင့်တဲ့ Rank ကို မရတော့လို့ အင်တာနက်ပှေါမှာ တန်ဖိုးကျသလို ထပ်မံကူးယူဖှောပြတဲ့ ဆိုဒ်တွေ အနေနဲ့လည်း ကျပါတယ်။ နှစ်ဦးနှစ်ဖက်လုံးအတွက် မကောင်းပါ

အင်တာနက်မှာ Content ဟာ အရေးပါပါတယ်။ အဲဒီ Content ဖြစ်အောင် စာရေးသူတွေဟာ အချိန်ကုန်ခံပြီး ဖန်တီးကြရပါတယ်။ အဲဒါကို ကိုယ်က အလွယ်တကူ ယူပြီး ကိုယ့် ဘလော့ (သို့) ဝဘ်ဆိုဒ်မှာ ဖြည့်တာဟာ တရားလား မတရားလား စဉ်းစားသင့်ပါတယ်။

သူများစာကိုကူးယူပြီး ကိုယ့်နာမည်တပ် ဖှောပြသည် များကိုတော့ ဘာမှ မပြောလိုပါ။ ကိုယ့်သမိုင်းကိုယ်ရေး သူ့သမိုင်းသူရေး ဖြစ်ပါတယ်။ အဓိကပြောချင်တာလေး တစ်ခုက ကြိုက်တာ မကြိုက်တာ တင်တာ မတင်တာ စှောကားတာ ချီးကျူးတာတွေ မဟုတ်ပါဘူး။ အဲဒီလို Duplicate တင်တာတွေဟာ Content ကို ထိခိုက်စေတယ် ဆိုတာပါပဲ။ ဒါလေးကို အလေးအနက်ထား စေချင်တာပါပဲ။

မြင်သာအောင် ဥပမာ တစ်ခုလောက် ကျွန်တှော ပေးချင်ပါတယ်။ ကျွန်တှောက ရတနာနတ်မယ် အကြောင်းကို တှောတှောလေး အပင်ပမ်းခံ မွှေနှောက်ရှာဖွေပြီး ရေးခဲ့ဖူးပါတယ်။ ဓာတ်ပုံတွေဆို ကာယကံရှင်တောင် အံ့အားသင့်ခဲ့ ရတာပါ။ သူတောင် ကျွန်တှောပြမှ အဲဒီပုံတွေ ပြန်တွေ့ခဲ့ရတာ။ ထားပါတော့။ ဂူဂယ်မှာ ရတနာနတ်မယ် လို့ စာရိုက်ပြီး ရှာလိုက်ရင် Search Engine က အခြားသော အချက်အလက်ပေါင်း များစွာကို အကြောင်းပြုပြီး ကိုယ့် မူရင်းပိုစ့်ကို Priority မပေးဘဲ ကူးယူထားတဲ့ ဆိုဒ်တချို့ကို ရှေ့တန်းတင် ဖှောပြပါတယ်။ ကျွန်တှောတို့ ဆီကတော့ အွန်လိုင်းကနေ ဘာစီးပွားရေးမှ လုပ်လို့ရသေးတဲ့ အခြေအနေ မရှိတာမို့ အောင့်သက်သက် ဖြစ်ရုံကလွဲပြီး ဘာမှ မဖြစ်ပါဘူး။ ဒါပေမယ့် နိုင်ငံခြားမှာ ဆိုရင်တော့ ဒီလိုမျိုးကို အပြတ် ရှုံ့ချကြပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကိုယ့်ဘလော့ကို ရောက်လာနိုင်တဲ့ ဧည့်သည်တွေဟာ အရင်တွေ့တဲ့ဆီကို ရောက်သွားတားကိုး။ တှောတှော ကြောက်ဖို့ ကောင်းသလို ဝမ်းနည်းစရာ ကောင်းတဲ့ ကိစဿစတွေပါပဲ။


ဒီတော့ ဒါတွေကို ဘယ်လို ဖြေရှင်းသင့်သလဲ။ ကိုယ်က အခြားသူတစ်ယောက် ရေးထားတဲ့ စာတစ်ပုဒ်ကို တွေ့တယ်ဆိုရင် တစ်ပိုဒ် တစ်ပါဒမျှ ကူးယူပြီး ဘယ်လိုကြောင့် ဘာကြောင့် ကြိုက်တယ်၊ အခြားသူတွေလည်း ဖတ်သင့်တယ် ဆိုပြီး ညွှန်းဆိုရင်ဖြင့် ကိုယ့်အထဲမှာလည်း မူရင်းစာကို Index လုပ်ပြီးသား ဖြစ်သလို မူရင်းစာရေးသူကိုလည်း Credit အပြည့်အဝပေးရာ ရောက်ပါတယ်။ ပြီးတော့ အားလုံးကို ကူးယူမဖှောပြတဲ့အတွက် အင်တာနက်ပှေါမှာ Content Duplicate ဖြစ်ခြင်းကို ကာကွယ်နိုင် ပါတယ်။ တခါတလေ အမှတ်တရ အနေနဲ့ ကူးပြီး ဖှောပြချင်ရင်တောင် နဲနဲလောက် ပြောင်းလဲပြီးမှ ဖှောပြသင့်ပါတယ်။Copy Paste နဲ့ စာတစ်ပုဒ်လုံး ကူးပြီး တခြားနေရာမှာ ထပ်တင်တာမျိုးဟာ ချီးကျူးတယ် ထင်ရသလိုလိုနဲ့ တကယ်တမ်းမှာ ဒုကဿခပေးခြင်း တစ်မျိုး ပါပဲ။


မှတ်ချက်။

ကျွန်တှော့ ပိုစ့်တွေကို အခြားနေရာတွေမှာ ဖှောပြပေးတဲ့သူတွေ အားလုံးကို အလွန် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ဒါဟာ မှန်ကန်တဲ့ လုပ်ထုံးလုပ်နည်း တစ်ခုလို့တော့ ကျွန်တှော မယူဆမိပါဘူး။ ကျွန်တှော ကိုယ်တိုင်လည်း မသိခင်က တစ်ခါ လုပ်ခဲ့မိပါတယ်။ အဲဒီနောက်ပိုင်း ကျွန်တှော မဖြစ်အောင် ရှောင်ပါတယ်။ ကျွန်တော့ အနေနဲ့ကတော့ ဘာဖီလင်မှ သိပ်မရှိပါဘူး။ ဒါပေမယ့် အထက်က အချက်လေးတွေကို သတိမမူမိဘဲ ဆက်လုပ်နေကြရင် ကြာရင် အားလုံးအတွက် မကောင်းတာမို့ ဒါကို ရေးပါတယ်။ စကားမစပ် ကျွန်တှော့ဘလော့ ညာဘက်အောက်ခြေမှာ ထားထားတဲ့ CC-NC-SA ဆိုတဲ့ လိုင်စင်နဲ့ ဒီပိုစ့်က အကြောင်းအရာဟာ မပတ်သက်ပါဘူး။ ဒါနဲ့ ပတ်သက်လို့ စာဖတ်သူတွေဆီက အမြင်ကိုလည်း သိချင်ပါတယ်။ ပွင့်ပွင့်လင်းလင်း ပြေပြေလည်လည်ပေါ့။



ကိုးကား

http://en.wikipedia.org/wiki/Plagiarism
http://www.usatoday.com/tech/news/2006-07-31-net-plagiarism_x.htm?POE=TECISVA
http://news.cnet.com/Please-dont-steal-this-Web-content/2100-1024_3-6200283.html
http://www.webpronews.com/topnews/2005/08/30/copyscape-searches-for-scraped-content

No response to “Copy & Paste”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz