Wednesday, March 11, 2009

အောက်ပြည်က ဗန်ပိုင်းယား




အောက်ပြည်က ဗန်ပိုင်းယား


ဗန်ပိုင်းယားဆိုလိုက်ရင်မှဖြင့်
လှန်တိုင်း ကိုက်တတ်တယ်ဗျလို့ မထင်ကြပါနဲ့ (အကဿငျီလက်)
ဖြူဖြူဥဥ
လည်ပင်းနုနုလေးတွေကိုမှ ရွေးတတ်တယ်
ချေးအထပ်ထပ်နဲ့ ဆိုလည်း ရှောင်တယ်
ပွေးအကွက်အကွက်နဲ့ ဆိုလည်း ရှောင်မယ်
အောင်မယ်..ဟိုချောင်က ကောင်မလေးက
ကိုက်ပါကွယ် ကိုက်ပါကွယ်နဲ့
အတင်းလိုက်လာဆွယ်လည်း
မမိုက်ပါတယ် ရုပ်ရယ်ကြောင့်
ဆုတ်ဖယ်ကာ ပြေးခဲ့တယ်
ကိုဂျေကြီးလက်စွဲ
အသားမဲလေး ကြပြန်တော့
ရုပ်လေးက လှပေမယ့်
သွေးက ပေါ့စတစ်ပြ
ညည ထထ စတတ်တာဆိုးတယ်
ဒီလိုနဲ့
မိုးရယ်ကရွာချ
ပဲခူးနယ်မှာ အရမ်းသမနေတဲ့
ကိုလတရနဲ့ တွေ့ရန်ရွယ်
အတွေ့ရယ်မခံဘဲ ရှောင်ကာပုန်း
အဲဒီက ဟှောတယ်တွေလည်း သူ့ဆို မုန်းလှပြီ
သုံးမရပြီ ဒီလူများ
အဝေးမှာထားခဲ့ပြီး
ဗန်ပိုင်းယား ညစာစားရဖို့အရေး
အထက်တက်ပြီး ရွေးလိုက်မယ်
ရွှေမန်းသူ အပျိုမ
ရွှေခြေကျင်းလေး အသာမလို့
ပြ..
...
...
လည်ပင်း။ (ပွေးညှင်းကင်းစေ)


နောင်...နောင်... နောင်...ပေ....နောင်.... (ဗိန်းဗောင်းသံဆင့်စေ)

PS: ၂၀၀၆ လောက်တုန်းကရေးတဲ့ ရယ်စရာ မောစရာ ကဗျာလေး တစ်ပုဒ်ပါ။ အခုချိန် ပြန်ရေးခိုင်းတောင် ရေးနိုင်တော့မယ် မထင်ဘူး။ ဪ အထက်ကလို ချစ်စရာ ဗန်ပိုင်းယားလေး လုပ်ချင်ရင်တော့ ဒီနေရာမှာ ပြထားတဲ့အတိုင်း လုပ်နိုင်ပါတယ်။ ကျွန်တှောကိုယ်တိုင် ဖန်တီးထားတဲ့ အကောင်လေးပါ။ [Cute Monkey Vampire Tutorial]

No response to “အောက်ပြည်က ဗန်ပိုင်းယား”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz