Wednesday, March 18, 2009

လပြတဿတာခရီးစဉ္


က်ြန္ေတာှတို့ လပြတဿတာကို သွားမယ်ဆိုတော့ ထုံးစံအတိုင်း မိတ်ဆွေဟောင်းကြီး စွမ်းအားရှင်ကားကိုပဲ စီးကြရတယ်။ တစ်ယောက်ကို ခုနစ်ထောင်။ ကားတွေကလည်း အရင်ကလို စုတ်စုတ်ပဲ့ပဲ့ပါပဲ။ ဒါပေမယ့် ကံကောင်းတာက အခုနောက်ပိုင်း လူသိပ်မကျပ်တော့ဘူး။ ဖိုးသူတှောဆို ဘေးနားကလူ ထသွားလို့ စောစောစီးစီး ချောင်ချောင်ချိချိ နေရရှာတယ်။ ကျွန်တှောတို့ကတော့ အိမ်မဲလောက်ရောက်မှ နောက်ခုံတွေ လူလွတ်သွားတာနဲ့ ရွှေ့ထိုင်ကြတယ်။ ကျွန်တှော့ နောက်ကျောက ဒဏ်ရာရှိတာမို့ အကြာကြီးထိုင်ပြီး သွားရတဲ့ ခရီးမျိုးဆို အဆင်မပြေဘူး။ ဟိုးတုန်းကဆို လပွတဿတာမှာ ကြိုက်သလောက် အလုပ်လုပ် အပင်ပန်း ခံနိုင်တယ်။ ဒါပေမယ့် ရန်ကုန်နဲ့ လပွတဿတာ ကားစီးရမယ်ဆိုရင် ငရဲပြည် သွားရသလို အောင့်မေ့တယ်။ ညနေ ရနာရီလောက်က ခံရတဲ့ဒုကဿခ မနက် ၆နာရီထိုးမှ ပျောက်သွားတာကိုး။ ဒီတစ်ခေါက်ကတော့ အားတက်နေရယ်၊ အသစ်လို ပြန်ဖြစ်နေလို့ရယ်၊ သူငယ်ချင်းတွေ စုစုဝေးဝေး ပါလာတာရယ်ကြောင့် သိပ်မသိသာလိုက်ဘူး။ 

ကျွန်တှောတို့ ကားဂိတ်က စထွက်တော့ ညခုနစ်နာရီခွဲလောက် ဖြစ်နေပြီ။ ၉နာရီကျှောကျှော လောက်ကျတော့ ညောင်တုန်းကို ရောက်တယ်။ အဲဒီအထိ လမ်းက အိုကေတယ်။ ကျောင်းကုန်း-အိမ်မဲ လမ်းကတော့ တှောတှောဆိုးနေဆဲပဲ။ ဒါပေမယ့် အဲဒီကားလမ်းဘေးက မြင်ကွင်းလေးကို ကျွန်တှော အရမ်းသဘောကျတယ်။ လကလည်း တှောတှောသာတယ်။ လယ်ကွင်းတွေက မျက်စိတဆုံး။ တခါတခါ လယ်ကွက်တွေ ကြားထဲမှာ အုတ်ဂူလေးတွေကို တွေ့ရတယ်။ မီးဖိုလေးတွေနဲ့ ထိုင်နေသူတွေ တွေ့ရတယ်။ ကားလမ်းနဲ့ ခပ်လှမ်းလှမ်းက ရွာလေးတွေကနေ မီးရောင်ပျပျလေးတွေလည်း မြင်နေရတယ်။ ကျွန်တှော တစ်လမ်းလုံး မအိပ်ဘဲ ဒီမြင်ကွင်းလေးတွေကို ထိုင်ခံစားနေမိတယ်။ ဝတဿထုလေး တစ်ပုဒ် ရေးချင်တဲ့အတွက် ဇာတ်လမ်းကျောရိုးကို စဉ်းစားနေခဲ့တာ ဟိုးနာဂစ်ကာလ ကတည်းက။ ဒီနေ့တော့ လရောင်နဲ့ စိတ်လက်ပေါ့ပါးစွာ ရှိတာမို့ ဉာဏ်လေးက ကွန့်မြူးနေတာပေါ့။ ကားလမ်းက အခုလို နွေရာသီ ဆိုတော့ ဖုံတွေက တထောင်းထောင်း ထနေတယ်။ အဲယားကွန်းဘတ်စ်လို့ အမည်တပ်ထားတဲ့ ကျွန်တှောတို့ ကားကြီးဟာ ဖုံတွေနဲ့ လေကို တသောကြီး အထဲကို ဆွဲဆွဲယူလာပြီး ခရီးသည်တွေရဲ့ နှာခေါင်းတွေ ပါးစပ်တွေနဲ့ မိတ်ဆက်ပေးတယ်။ အသက်တောင် မနည်းရှူနေရတဲ့ ဘဝ။

ကျွန်တှောတို့ လပွတဿတာရောက်တော့ မနက် ငါးနာရီလောက်ဆိုတော့ အရမ်းကို စောနေသေးတယ်။ လူတွေကတော့ တှောတှော ပင်ပမ်းနေကြပြီ။ ဒါနဲ့ကားဂိတ်နားမှာ ဖွင့်ထားတဲ့ တီးဆိုင်လေး ထိုင်ပြီး မနက်စာ စားကြတယ်။ ကျွန်တှောရယ် ကိုမျက်လုံးရယ်က မြို့ကို ပတ်ကြည့်တယ်။ စိုးကြီးက လှေသွားရှာတယ်။ ကျွန်တှောတို့ တစ်ခါတည်း ရွာကို ဆင်းကြမယ်။ ကံတွေရဲ့ ဆုံချက်က အံ့အားသင့်ဖို့ကောင်းတယ်။ လှေဆိပ်မှာ ကုကဿကိုရွာက ကျွန်တှောတို့ ရောင်းရင်းကြီး ကိုမျိုးနိုင်နဲ့ တွေ့တယ်။ ကျွန်တှောတို့ကို ဝမ်းပန်းတသာ နှုတ်ဆက်ရှာတယ်။ ကုကဿကိုမှာလည်း အိမ်လေးတွေ အဆင်ပြေနေသေးတဲ့အကြောင်း ပြောပြတယ်။ ရွာကို ဖျက်ပြီးပြောင်းဖို့ အမိန့်ပေးထားတယ်လို့လည်း သိရတယ်။ ကျွန်တှောတို့ကတော့ ရွာကို မဖျက်သေးခင် နေရာအသစ်မှာ ကိုယ်နေဖို့အိမ်တွေ အသင့်ရှိပြီလားဆိုတာ အရင်စစ်ဆေးဦးလို့ အကြံပေးခဲ့တယ်။ မဟုတ်ရင် သူတို့ ဘယ်လို အိမ်ပြန်ဆောက်မှာလဲ။ သူက ကုကဿကိုကို လာဖို့ ခှေါနေတယ်။ ဒါပေမယ့် ကုကဿကိုကို သွားတဲ့ဘက်က ဆန့်ကျင်ဘက်အရပ် ဖြစ်နေတာမို့ ဆိပ်ကလေးဘက်ကိုပဲ သွားကြဖို့ ဆုံးဖြတ်လိုက်တယ်။ အချိန်လည်း မမီဘူး။ လှေငှားတော့လည်း မိတ်ဆွေဟောင်းကြီး ကိုကတုံးနဲ့ ပြန်တွေ့ပြန်တယ်။ သူက တှောတှောအဆင်ပြေနေပြီ။ နာဂစ်တုန်းက လှေတစ်စင်းကလွဲပြီး ရှိသမျှအားလုံး ဆုံးရှုံးသွားတဲ့သူ။ အခုတော့ လှေနှစ်စင်းပိုင်ပြီး ရန်ကုန်မှာ ကားဝယ်ဖို့တောင် စဉ်းစားနေသတဲ့။ ဒီလူက တကယ်ကို ရိုးရိုးသားသားနဲ့ ပြင်းပြင်းထန်ထန် အလုပ်လုပ်တဲ့သူ။ သူစပ်ပေးတဲ့ လှေသမား တစ်ယောက်နဲ့ ကျွန်တှောတို့ ချီတက်ကြတယ်။

ဆိပ်ကလေး သွားလမ်း တလျောက်မှာတော့ ပင်ပန်းလွန်းလို့ အိပ်ပျှောသွားတယ်။ လှေပျက်နေတာလည်း ကျွန်တှော မသိလိုက်ဘူး။ ရွာရောက်ခါနီးလောက်မှ နိုးလာတယ်။ ရွာကို လှမ်းမြင်တော့ တှောတှောပျှောသွားတယ်။ တရွာလုံး ပြာနေသေးတာကိုး။ ရွာထိပ်မှာက ကင်းစင်နဲ့ဘာနဲ့။ ရွာက လေးထောင့်စပ်စပ် အကွက်ကျကျ ဖြစ်နေပြီ။ လမ်းတွေ၊ မြောင်းတွေ၊ မီးတား မီးကပ်တွေနဲ့ ဟုတ်လို့။ ဒါနဲ့ ရွာလူကြီးအိမ်ကို သွားကြတယ်။ ထုံးစံအတိုင်း နေ့လည်စာ စားကြတာပေါ့။ အရင်တုန်းကတည်းက သူတို့အိမ်မှာ စားနေကျ။ စားရင်းသောက်ရင်း စကားပြောဖြစ်တော့မှ ရွာဆရာတှောက အရင်ရွာတည်နေပုံက မကောင်းဘူးဆိုပြီး ပြင်ခိုင်းလို့ အိမ်တွေကို အလုံးလိုက်မပြီး ရွှေ့ထားကြတာတဲ့။ ကျွန်တှော သဘော တှောတှော ကျသွားတယ်။ ရွာတွေမှာ ဘုန်းကြီးတွေရဲ့ ဩဇာဟာ ထက်နေဆဲပဲ။ ကျွန်တှောတို့ လုပ်တုန်းက ဒီလိုလုပ်ပါ ဒီလိုလုပ်ပါလို့ အခါတစ်သန်း ပြောတာတောင် ဂျေးများနေတဲ့သူတွေ အခုတော့ ဘုန်းကြီးစကား တစ်ခွန်းနဲ့ ပြီးသွားရော။ ကောင်းတယ်။ သူတို့ ရွာလေး စနစ်တကျ ဖြစ်နေတာ မြင်ရတော့ စိတ်ချမ်းသာတယ်။ ဦးဘိုနီအိမ်မှာ ကျွန်တှောတို့အားလုံး ထမင်းစား ကျောဆန့် လုပ်ခဲ့ကြသေးတယ်။ ပြီးတော့ ရွာလူကြီးအသစ် ဦးအောင်မြင့် ရောက်လာတယ်။ သူကလည်း ဇနဲ့။ ရွာမှာ ဦးအောင်မြင့်ဆို တှောတှော ကြောက်ကြတယ်။ လက်စွမ်းကလည်း ထက်သလားတော့ မမေးနဲ့။ ကျွန်တှောတို့နဲ့ကတော့ ပလဲနံပ သင့်ပါတယ်။ သူရောက်လာတော့ အခက်အခဲတွေကို ပြောပြတယ်။ 

ပြသဿသနာက ပေးတာတွေကတော့ ပေးကြတယ် ဒါပေမယ့် တကယ့် လိုအပ်ချက်တွေနဲ့ နဲနဲလွဲနေသတဲ့။ ဥပမာ သူတို့ဒေသသုံးတာက ၁လက်မပိုက်ဆိုရင် ရတာက ၂လက်မပိုက်တွေ ဖြစ်နေတယ်။ လှေဆိုရင်လည်း ဘယ်လိုပြောရမလဲ လွဲနေတယ်ပေါ့။ ဒီတော့ သူတို့တွေ ဘာလုပ်ကြရသလဲဆိုတော့ အဲဒါတွေကို ယူပြီး ပြန်ရောင်းစား၊ ရတဲ့ငွေလေးကိုစု တခြားဟာတွေနဲ့ပေါင်းပြီး ကိုယ်လိုအပ်တာကို ဝယ်ရတယ်ပေါ့။ ပြီးတော့ ရွာသားအချင်းချင်း ခေါင်းပုံဖြတ်တာတွေက ရှိသေးတယ်။ အစိုးရက ပစဿစည်းတွေ ချပေးတဲ့အခါ ရွာသားတွေ လျှောက်ချင်ရင် ရပ်ကွက် ဥကဿကဋဿဌေတြဆီမွာ ထောက်ခံချက် လက်မှတ်ထိုးရတယ်။ ရပ္ကြက္ဥကဿကဋဿဌက လက္မွတ္တစ္ခါထိုး နှစ်ထောင် အနည်းဆုံး တောင်းတယ်။ ဒါက အခုမှ မဟုတ်ဘူး ကျွန်တှောတို့ ရှိကတည်းက အဲဒီအတိုင်းပဲ။ အဲဒီလို ခေါင်းပုံဖြတ်တာတွေကို ပြတ်ပြတ်သားသား နှိပ်ကွပ်ပစ်သင့်တယ်။ အားလုံးတော့ မဟုတ်ပါဘူး။ တှောတှောများများက အဲဒီအတိုင်း ဖြစ်နေတယ်။ စဉ်းစားကြည့်တော့ သူလည်း ဒုကဿခခံရတဲ့ ရွာသား တစ်ယောက်ပဲ။ အဲဒါကို အချင်းချင်း ခေါင်းပုံဖြတ်တာ။ ဒါမျိုးတော့ ကျွန်တှောတို့က ရွံတယ်။ နောက်တစ်ခုက ပစဿစည်း သွားလျှောက်တော့ ရက်ချိန်းတွေ များလွန်းတာ။ မနက်ဖြန်မှ လာခဲ့ဆိုပြီး ချိန်းလွန်းတော့ သူတို့တွေ မြို့ကို သွားလာနေထိုင်ရတဲ့ စရိတ်နဲ့တင် တှောတှောလေး ထိကြတယ်လို့ ပြောပြကြတယ်။ နောက်တစ်ခုက လာလှူမယ်ပြောပြီး မလာကြတဲ့ အဖွဲ့တွေကိစဿစ။ ရွာသားတွေကတော့ လာမယ်ဆိုလို့ မျှောနေကြတယ်။ သူတို့ကတော့ ပှေါမလာဘူးတဲ့။ အလှူရှင်တွေအနေနဲ့ ဘယ်နေ့ဆို ဘယ်နေ့၊ ဘယ်ရွာဆိုဘယ်ရွာ သေချာမှ ပြောသင့်တယ်။ မဟုတ်ရင် အိပ်မက်ပေးသလို ဖြစ်နေရော။ လိုအပ်တာတွေကို မှာစားပြီးတဲ့နောက်မှာ ကျွန်တှောတို့ ပြင်ကနုကုန်းကို ကူးကြဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီကနေ မထွက်ခင် ရွာအဝင်က သစ်ပင်ကြီးမှာ အေးရိပ်ဆာယာ ခိုလှုံပြီး အမှတ်တရ ဓာတ်ပုံရိုက်ကြသေးတယ်။ ဦးပေါက်ဖှောကြီးက ဘာပြောလဲဆိုတော့ မင်းတို့ဟာက ရွာ့ပြင်ထုတ် ခံထားရသလို ဖြစ်နေပြီတဲ့။ အဲဒါပြီးတော့ ကျွန်တှောတို့ ထွက်ခဲ့ကြတယ်။ သူတို့က ရွာမှာ ညအိပ်ဖို့ ပြောနေသေးတယ်။ ကျွန်တှောတို့ကတော့ မြို့ကိုပဲပြန်ဖို့ ဆုံးဖြတ်လိုက်တယ်။ 

လှေသမားကို ယုံစားပြီး လိုက်ခဲ့ကြတဲ့ ကျွန်တှောတို့ဟာ ကောင်းကောင်းကြီး ဒုကဿခရောက်ပါတော့တယ်။ စိုးကြီးကတော့ပြောသား။ လှေဆရာ လမ်းမှားနေပြီနဲ့တူတယ် ဆိုတော့ ဟိုရေကျှောက ဖြတ်လမ်းရှိတယ် ဘာညာနဲ့ ပြောပြီး မောင်းလိုက်တာ ၂နာရီလောက်အကြာ သတိရလို့ ပတ်ဝန်းကျင် ကြည့်မိတော့ မြင်ဖူးသလိုလို ရွာလေးတစ်ရွာ ဖြစ်နေရော။ မသကဿငာလို့ မေးကြည့်တော့ ဒရယ်ဖြူ ဖြစ်နေပါလေရောဗျာ။ တကယ်ဆို အဲဒီရွာက ဆိပ်ကလေးကနေသွားရင် မိနစ်၂ဝဆို ရောက်ပြီ။ အဲဒါကို လှေသမားဗျာ ဂငယ်ကွေ့ကြီး မောင်းနေလိုက်တာ နှစ်နာရီကျှော။ အချိန်ကုန်၊ ဆီကုန်၊ လူပမ်း တှောတှောလေး စိတ်ပျက်သွားတယ်။ ဒရယ်ဖြူမှာလည်း ကျွန်တှောတို့ ဆောက်ထားတဲ့ အိမ်လေးတွေ ရှိတယ်လေ။ စိတ်ပျက်လက်ပျက်နဲ့ လှေပှေါကနေပဲ ကြည့်လိုက်တော့တယ်။ ဒါနဲ့ မထူးတော့ဘူးဆိုပြီး ဆက်သွားကြတော့ ရေကျချိန်နဲ့ တိုးသွားပြီလေ။ လှေက ရေကျှောချောင်းမှာ သောင်တင်သွားပါလေရော။ ဒါနဲ့ ချောင်းထဲဆင်း လှေကို ရွှေ့ကြရပြန်တယ်။ ရေပြန်တက်ချိန်ကို စောင့်နေရတာဗျာ တှောတှောကြာတယ်။ နေကလည်းပူ စားစရာကလည်း မရှိ။ ဖြတ်သွားတဲ့ လှေကလေးတွေတွေ့ရင် ငါးပါလား ဖားပါလားနဲ့ မေးနေရတယ် (ဖိုးသူတှော)။ အပျင်းပြေ ပါလာတဲ့ ဖဲထုပ်လေးဖြေပြီး ဖဲရိုက်လိုက်ကြတာ သတိတောင် မေ့သွားတယ်။ ၆နာရီကျှောမှ ရေတက်တယ်။ ကျွန်တှောတို့ ရွာရောက်တော့ ရနာရီ ထိုးတော့မယ်။ 

ကျွန်တှောတို့လှေ ကပ်လာတာမြင်တော့ လူတွေ ထွက်လာကြတယ်။ ပိုင်စိုး ဦးလေးတွေ အဖေတွေ အဖိုးတွေက ဝမ်းပန်းတသာ ကြိုဆိုတယ်။ ချက်ချင်းကို ထမင်းကျွေးတော့တာပဲ။ ကျွန်တှောတို့လည်း ဗိုက်ဆာလွန်းလို့ ခေါင်းမဖှောတမ်း စားပစ်လိုက်ကြတယ်။ အိမ်တွေကနေ ဟင်းတွေ လာပို့ကြတယ်။ စားလို့ကောင်းလိုက်တာဗျာ။ မှတ်မှတ်ယယ သူတို့နဲ့ပဲ ပထမဆုံးအကြိမ် ပြင်ထောင်တွင်းရွာ ဆင်းတော့လည်း နာဂစ်လွတ် ကြက်ကလေးကို ဆီပြန်ချက်ပြီး အုန်းဖူးနဲ့ ချက်ကျွေးတဲ့ နေ့လည်စာလေးကို အရမ်းသတိရမိတယ်။ အခုခေါက်လည်း စားလို့ ကောင်းပြန်ရော။ ပိုင်စိုး အဖေရော အဘရောက အိမ်ထောင်ပြုလိုက်ကြပြီ။ ဟိုကောင်ကတော့ လူငယ်ဆိုတော့ အဲဒါကို ရှက်လို့တဲ့ အိမ်ကို မကပ်တော့ဘူး။ ငယ်သေးတာကိုး အရှက်နဲ့ လိုအပ်ချက်ကို ခွဲခြား မသိသေးဘူး။ ထမင်းစားပြီးတဲ့နောက် ကှောဖီလေးသောက်ပြီး ကျွန်တှောတို့ စကားပြောကြတယ်။ သူတို့မှာ ရေအခက်အခဲ တှောတှော ဖြစ်နေတာ တွေ့ရတယ်။ ရွာကတော့ တှောတှောလေး စိုပြည်နေပြီ။ ဆိပ်ကလေးနဲ့တောင် မတူဘူး။ ဖြစ်ကာစက တစ်ရွာလုံး ပြုန်းသွားခဲ့တာ အခုဆို တှောတှော နာလံထူလာပြီလို့ ပြောလို့ရတယ်။ ပိုင်စိုးအဘိုးက ကျွန်တှော့ကို လက်ဆွဲခှေါပြီး သူယူထားတဲ့ ကောင်မလေးနဲ့ မိတ်ဆက်ပေးတယ်။ ဒါဒို့ရွာကို ပထမဆုံး အိမ်ဆောက်ပေးတဲ့ ကျေးဇူးရှင်တွေတဲ့။ ကျွန်တှော အဲဒါကြားရတော့ တှောတှောလေး စို့နင့်သွားတယ်။ ပြီးတော့ ပြန်ခါနီးမှာ အဲဒီရွာက စာသင်ကျောင်းအတွက် ကျွန်တှောတို့ အလှူငွေ ထည့်ခဲ့တယ်။ ကျွန်တှောတို့ပြန်တော့ ညဂနာရီ ကျှောနေပြီလေ။

အပြန်လမ်း တလျောက်လုံး ဖောင်စီးရင်းရေငတ်ဆိုတဲ့ စကားကို စဉ်းစားနေမိတယ်။ ရေတွေတော့ ပတ်လည် ဝိုင်းနေတာပဲ သောက်စရာရေ အခက်အခဲ ဖြစ်နေတာလေ။ ဘယ်လို ကူညီနိုင်မလဲလို့ စဉ်းစားကြည့်တော့ ဒါဟာ လွယ်ကူတဲ့ကိစဿစ မဟုတ်ဘူးလို့ အဖြေရတယ်။ ကိုယ်မတတ်နိုင်တဲ့ အရာတွေအတွက် စိတ်မကောင်း ဖြစ်နေလို့ ဘာမှ မထူးလာပါဘူးလေ။ စိတ်မကောင်းတာကနေ ပြောဆိုနေတာကနေ ဘာမှ ထွက်မလာဘူး။ ကိုယ်တတ်နိုင်တာလေး တစ်ခုခုနဲ့ အကျိုးပြုနိုင်ဖို့ စဉ်းစားကြည့် ကြတာပေါ့။ သဘာဝပတ်ဝန်းကျင်ကို ချစ်ခင်ပါ။ လူသားချင်း စာနာထောက်ထားပါ။


PS: ဒီနေ့ညနေ ကိစဿစတစ်ခုနဲ့ ကျွန်တှော နေပြည်တှော ခဏ သွားပါမယ်။ တစ်ပတ်လောက် စာရေးဖြစ်ဦးမှာ မဟုတ်ပါဘူး။ 


No response to “လပွတဿတာခရီးစဉ်”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz