Tuesday, March 17, 2009

လပြတဿတာသို့ အလည်တစ်ခေါက်


လွန်ခဲ့တဲ့ တစ်ပါတ်က ကျွန်တှောတို့ လပွတဿတာကို ပြန်သွားခဲ့ကြတယ်။ ကျွန်တှောရယ်၊ ကိုမျက်လုံးရယ်၊ ဇိုးဇီယျရယ်၊ ဖိုးသူတှောရယ်၊ ကျှောဇေယျရယ်။ ဒီလိုသွားဖို့ကိုလည်း တှောတှော ကြိုးစားခဲ့ရတာပါ။ အဓိက ဦးတည်ချက်က ကျွန်တှောတို့ ဆောက်ခဲ့တဲ့ အိမ်လေးတွေ အခုထက်ထိ ခိုင်မခိုင် သိချင်တာရယ်၊ ပြီးတော့ အဲဒီရွာသားတွေ လက်ရှိ အခြေအနေရယ်ကို သိချင်တာရယ်ကြောင့် ဖြစ်ပါတယ်။ အသွားအပြန် စုစုပေါင်း လေးရက် ကြာတယ်။ လပွတဿတာက မိတ်ဟောင်း ဆွေဟောင်းတွေကလည်း ဝမ်းပန်းတသာ နှုတ်ဆက်ကြတယ်။ လပွတဿတာတောင် ကျွန်တှောတို့ ရှိစဉ်ကနဲ့ ပုံစံ သိပ်မတူတော့ဘူး နဲနဲပြောင်းသွားပြီ။ ပြောင်းသွားတယ် ဆိုတာက တိုးတက်လာတာကို ပြောတာတော့ မဟုတ်ပါဘူး။ အရင်တုန်းက NGO တွေနဲ့၊ အလှူရှင်တွေနဲ့၊ လာကူညီသူတွေနဲ့ တရုံးရုံး ကာလတုန်းက ဆိုင်တွေလည်း အားကြီးပေါမှပေါ။ ည ၁၁နာရီ ဆိုရင်တောင် မြို့က မအိပ်ချင်သေးဘူး။ အခုတော့လည်း ထုံးစံအတိုင်း ငြိမ်သက်သွားပြီပေါ့။

ကျွန်တှောတို့ သူငယ်ချင်း ငါးယောက် တည်းခိုခန်းလေး တစ်ခုမှာ တည်းဖြစ်တယ်။ ပြီးတော့ ရွာတွေဆင်းတယ်။ ပိုက်ဆံ အခြေအနေအရ ဆိပ်ကလေးနဲ့ ပြင်ကနုကုန်း နှစ်ရွာပဲ သွားနိုင်တယ်။ ဒရယ်ဖြူကိုတော့ လှေပှေါကနေပဲ ကြည့်နိုင်ခဲ့တယ်။ မမေ အလှူအတန်း လုပ်ဖို့ ပေးလိုက်တဲ့ ငွေတစ်သိန်းကိုတော့ အဲဒီနှစ်ရွာက စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းကို လှူခဲ့တယ်။ ရွာလူကြီးတွေကို လက်ဆောင်ပေးတယ်။ ကလေးတွေကို မုန့်ဝေတယ်။ အလှူလုပ်ချင်ပေမယ့် ဘုန်းကြီးတွေ ရွာမှာ မရှိတာမို့ ဒီလောက်နဲ့ပဲ ကျေနပ်လိုက်တယ်။

အိမ်ကလေးတွေ တောင့်တင်း ခိုင်မာနေဆဲပါ။ ကျွန်တှောတို့ တတွတ်တွတ်နဲ့ လေးထောင့်စပ်စပ် တည်ပါလို့ ပြောခဲ့တာ မရတဲ့ရွာ၊ အခုတော့ ရွာဘုန်းကြီး အမိန့်ပေးလို့ စီစီရီရီနဲ့ စနစ်တကျလေး ဖြစ်နေပြီ။ အပူဒဏ်ကိုတော့ တာပှေါလင်စတွေက မတားနိုင်ဘူး။ ကံကောင်းသွားတာက ပတ်ပတ်လည်ကိုပါ တာပှေါလင် ကာထားတော့ သူတို့ အိမ်နံရံတွေကို ကြိုက်သလို ဖွင့်လို့ ရနေတာမို့ လေလေး တအေးအေးနဲ့ အများကြီး သက်သာသွားတယ်။ ထရံက တာပှေါလင်မိုး အိမ်တွေတော့ နဲနဲဒုကဿခရောက်ရှာကြတယ်။

ရွာသားတွေက ဝမ်းပန်းတသာ ကြိုဆိုကြတဲ့အခါ၊ ထမင်းဟင်း ချက်ကျွေးကြတဲ့အခါ၊ ကိုယ်ဆောက်ထားခဲ့တဲ့ အိမ်လေးတွေ အခုထိ ခိုင်ခံ့နေသေးတာ တွေ့ရတဲ့အခါ၊ အဲဒီအိမ်တွေမှာပဲ အခုထက်ထိ နေနေကြသေးတာ တွေ့ရတဲ့အခါ ကျွန်တှော ပီတိဆိုတာကို လှိုက်လှိုက်လှဲလှဲ ခံစားရတယ်။ တကယ်တော့ ကျွန်တှောတို့က လုပ်အားစိုက်ပြီး ပီတိကို စားခဲ့တာပါ။ ဒါကို လှူခဲ့တဲ့ အလှူရှင်တွေလည်း ကျွန်တှောတို့ လိုပဲ ဒီလိုလေးတွေ မြင်ရတဲ့အခါ စိတ်ချမ်းမြေ့ကြလိမ့်မယ်လို့ ထင်မိပါတယ်။ ပြင်ကနုမှာ စားခဲ့ရတဲ့ ညနေစာ ငါးသလောက်ဟင်းလေးကို သတိရမိတယ်။ ကျွန်တှောတို့ ထမင်းစားနေတုန်း ဘေးနားက ဗွီဒီယိုဆိုင်က တစ်ရွာလုံးကြားအောင် ဖွင့်နေတဲ့ ဂျောက်ဂျက်ရဲ့ ရော့ခြေမစုပ် ဆိုတဲ့ သီချင်းလေး ကြားမိတော့လည်း ရင်မောစွာနဲ့ ပြုံးမိခဲ့တယ်။ ဘဝတွေ။
လပွတဿတာ ဆိပ်ကမ်းမှာ

ဆိပ်ကလေးရွာကို လှမ်းမြင်ရပြီ

ကျွန်တှောတို့ ရာထားတဲ့ လမ်းပှေါမှာ အသစ်ဖောက်ထားတဲ့လမ်း

စည်းရိုးလေးတွေနဲ့ သပ်သပ်ရပ်ရပ်

စီစီရီရီ တဲအိမ်လေးတွေ အခုထက်ထိ ကောင်းနေဆဲပါ

ရွာလည်း အကွက်တကျ ဖြစ်အောင် ပြန်လုပ်ထားကြပြီ

ရွာသောက်ရေကန် အခုထက်ထိ အငန်မပြေသေးလို့ ရေဝယ်သောက်နေရ

ကလေးတွေကို မုန့်ကျွေးတာ

ရွာထိပ်က ကင်းစင်

ပြင်ကနုကုန်းကိုရောက်တော့ နေဝင်နေပြီ

ကျွန်တှောတို့ကို စားစရာတွေ အမြဲရှာကျွေးတတ်တဲ့ ဦးပေါက်ဖှော

ကျွန်တှောတို့ ရှိတုန်းက ရွာလူကြီးဟောင်း အဘဦးဘိုနီ

ရေကျနဲ့တိုးပြီး လှေသောင်တင်လို့ ရွှံ့ထဲဆင်းပြီး လှေကို ရွှေ့ရတယ်

နာဂစ်အမှတ်တရ အုန်းပင်ဖျားမှာ တက်စိုက်နေတဲ့ သံပြား

ကိုမ်က္လံုး၊ ဖိုးသူေတာှ၊ ေက်ာှေဇယ်

Image Hosted by ImageShack.us
ပြင်ကနုကုန်းကို လှေပှေါကနေ ဒီလိုမြင်ရတယ်

ပြင်ကနု အဝင်လမ်းလေး

ရွာထဲလျှောက်ကြည့်

အန်ဂျီအိုတစ်ချို့ ဆောက်ပေးထားတဲ့ အိမ်လေးတွေ။

No response to “လပွတဿတာသို့ အလည်တစ်ခေါက်”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz