Friday, March 13, 2009

တိုတိုလေးနဲ့ တိုးတိုးလေး


တိုတိုလေးနဲ့ တိုးတိုးလေး


ခွေခွေလေးနေရင်း ခွေးဖြစ်သွားတဲ့သူတွေ
ပြေပြေပြောရင် ပြေးရတတ်တဲ့ အဖြစ်များ
ဝေဝေဝါးဝါးနဲ့ ဝေးသွားတဲ့ကိစဿစတွေကလည်း အများကြီးပါ
တွေတွေလေးကြည့်ရင်း တွေးနေမိတယ်
စွေစွေလေးကြည့်ရင်း ဆွေးနေမိတယ်
ခိုခိုကတ်ကတ်နဲ့ ခိုးဝှက်နေတဲ့လူတွေကြားမှာ
လေလေနေတဲ့စိတ်ဟာ လေးလံလာ
ပြာပြာသလဲ လုပ်ရလွန်းတဲ့ကိုယ်လည်း တဖြည်းဖြည်း ပြားလာခဲ့
အမွှေတွေ မွှေးတဲ့မီးကလောင်တယ်
တှောတော့တှော ကြတယ်
ဆှောဆော့ဆှော ကြတယ်
ပီပီပြင်ပြင် လုပ်တိုင်းလည်း မပြီးပြတ်တာတွေ အများကြီး
စီစီစဉ်စဉ် လုပ်တိုင်းလည်း အစီးမကပ်တာတွေက အများကြီး
အလန်တွေသာ လန်းလာခဲ့
အကြံတွေလည်း ကြမ်းလာခဲ
မြွေတစ်ကောင်ကိုမှ မွေးချင်မိတဲ့ကျွန်တှော
ဆန်ရင်းစုန်ရင်း အဆုံးမှာ အဆန်းပြားဆုံးအရာ တွေ့မလားရှာမိတော့
မှန်တိုင်းလည်း မှန်းသလောက်တော့ မဖြစ်တာသိပြီ
ခံရလွန်းလို့ ဦးနှောက်တွေလည်း ခန်းလာပြီ
မုန်တိုင်းတွေလည်း မုန်းတတ်ခဲ့ပြီ
ပါတာများတော့ ပါးလာပြီး
ယိုယွင်းနေသော ရိုးသားခြင်းများမှာ
ပြင်ရတာတွေများလွန်းလို့ ပျင်းလာတဲ့အခါ
နာနာကျင်ကျင်နဲ့ နားနားနေနေသာ နေချင်ပါတော့တယ်
ခွေခွေလေးနေရင် ခွေးဖြစ်တတ်တဲ့အကြောင်း တွေးရင်းပေါ့။


လင်းဆက်
13.03.2009 (Friday)
00:20 am

PS: မြန်မာစာ မျိုးတူစုတွေခွဲရင်း စိတ်ကူးပေါက်လာလို့ ရေးမိတဲ့ ကဗျာလေးပါ။ စိုင်းဝင်းမြင့် ပြောသလို များများ မြန်မြန်လေး ရေးလိုက်မိတယ်။ သိပ်တော့ မရှည်ဘူး။ တိုတိုလေးနဲ့ တိုးတိုးလေးပါ။

Fixed date 2009 instead of 2008. Thanks Guest!
Fixed ပီပီပြင်ပြင် instead of ပြီပြီပြင်ပြင်. Thanks Ma May! :)


No response to “တိုတိုလေးနဲ့ တိုးတိုးလေး”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz