Wednesday, March 11, 2009

ခေတ်သစ်သုဘဒဿဒါ ဇာတ်ထုတ်

ခေတ်သစ်သုဘဒဿဒါ ဇာတ်ထုတ်


ဪ...ဒီတစ်သက်တော့
ဒီဇာတ် ပြန်မကရတော့ဘူး ထင်နေတာ
အဖြစ်လေးရယ်က မသက်သာ
ဝဋ်ကြွေးရယ်ပါတာကြောင့်
သတင်းကြီးတဲ့ မင်းသမီးဇာတ်
နာချက်ကတော့ ပြောမနေတော့ပါဘူး
ကဲပါလေ အပြောရယ်ရပ်ပြီး
အတောရယ် မသတ်ရအောင်
ရမ်းရွာစား ကုလားဘုရားလိုလှည့်။ (ဒုံ ချပ် ချပ်. ဒုံ ချပ် ချပ် )

တောင်ရပ်ခွင် မြောက်ရပ်ခွင်
ရနံ့တွေ တမြူးမြူး
ပန်းတွေတောင် ပွင့်ဖူးနေပါပေါ့လား
အဟင့်ဟင့် .. တွေးမိရင်ဖြင့် ငိုချင်တယ်
ပိုတယ်လို့ မပြောနဲ့ ကိုကိုရယ်
ဂျီ့စိတ်ထဲမယ် နာလှတယ်။

တစ်ခါက တစ်ဘဝ
လက်ပံတွေ ပွင့်ချိန်တုန်းကပေါ့
မောင်မယ်ရွှင်မြူး
ကိုကိုက လက်ပံပွင့်လေးတွေ ခူးပေးတယ်
ပြီတီတီ မျက်နှာလေးနဲ့ကြည့်
မယ်နှောင်းနဲ့ ဂျီဂျီ့ကို
တအီအီလည်း ချော့တတ်တယ်

တစ်ရက်တော့
မမော့နဲ့ကွယ် ဒီအရေတွေကိုဆိုပြီး ပြောထားလျက်နဲ့
တောအရက်တွေ နင်းကန်သောက်
ရွာမြောက်ဘက် သခဿငျိုင်းမှာ
မှောက်နေတဲ့ ကိုကို့ကို
သရဲက ခြောက်လိုက်တော့
အလွန်တရာကြောက်ပြီး ပြေးလာ
အခြောက်ကြီးဆီက ခိုးထားတဲ့ ပုဆိုးရယ်ကမပါ
အားကိုးရာရှာပြီး နီးရာ အရပ်
ဂျီ့ အိမ်ပှေါသို့ ပြေးကာတက်
အဲဒိမှာ စတဲ့ဇာတ်။

အဖေအမေတို့မြင်
ဘယ်လို ထင်မတုန်းတော့
ကိုယ်ဗလာ အချည်းနှီးနဲ့
ရွာတစ်ရိုး လုံးတီး ဒိုးနေတဲ့ ရှင့်ကို
ဘယ်လို ကြည်ဖြူမလဲ
ကျွန်မအရှက်ကိုခွဲ
ဒါသက်သက် လုပ်တာပဲလို့ ပြောမိတော့
ခေါင်းလေးကို ငိုက်စိုက်ချပြီး
အပြီးထွက်သွားလိုက်တာ
နောက်နေ့မှာ ရွာက ပျောက်သွားတယ်။

အသည်းနာတယ်ရှင်
ရာဇဝင်ကြွေးဆိုတာ မကြေရေးပဲ
ဂျီအသည်းကို ကစား ပြီးမှ သူထားသွားတာလေ
ဘယ်ရမလဲ အိပ်ယာထဲ လဲပြလိုက်တော့
ဆေးဆရာ ဘဘဝိ
ယတြာပေးလိုက်၏
ရွာက လူမိုက် မောင်ဗိုဒ်ကလေးကို အသာခှေါ
ကြိမ်နဲ့ အပြတ်သာ ဆှောခဲ့ဖို့ မှာတယ်လေး။

(နှဲကို ပျော့ပျော့ မှုတ်တတ်တဲ့ ရွာစား လက်တဆစ်လျှော့ ... ဒီတစ်ခါတော့ အလွမ်းတေးသံလေးနဲ့ ချော့)

လူမိုက် မောင်ဗိုဒ်
စောင်ကို ပိုက်၍
တောရပ် တောရွာ
လိုက်ရှာပါလည်း
ရေသာများ၍ ငါးမတွေ့
သေနာများလို့ ဆဲသဟေ့။

(စည်တို ကယ်လ်ဗင် ရေခင်းသံလေး အရင်ဝင်၊ ပြီးရင် ဒစ်စကိုပြောင်းပြီး အရက်သမား တီးလုံးလေးနဲ့ နှက်)

နှစ်ပေါင်းရယ်ကြာ
အချစ်ဟောင်းကိုလည်း မမေ့နိုင်ပါဘူး
ရင်မှာတမြေ့မြေ့ တငွေ့ငွေ့ ဖြစ်နေဆဲမှာလေ
ရွာလမ်းတလျှောက် ထန်းခေါက်ဖာလေး ထမ်းလို့လာ
မောင်ဗိုဒ်ကလေး ဖြစ်နေရှာ
ရော့ ဒီမှာ သက်သေဆိုပြီး
မျက်ရည်တွေနဲ့ ထုတ်ကာပြ
သရဲခြောက်တုန်းက ကျွတ်ခါကျ
စုတ်ကာမွနေတဲ့ပုဆိုး
သူများဆီက မနဲ ပြန်ခိုးခဲ့ရသတဲ့လေ

(ပတ်ဆရာဂျေ မျက်ရည်တွေ ဝေစေဖို့အရေး ဗျောသံလေးနဲ့ ညှင်းညှင်းသွင်း)

ပုဆိုးလေးတွေ့တော့မှ
အဲဒီနေ့က အဖြစ်တွေ တစ်လုံးမကျန်ပြန်သတိရ
အပူလုံးလည်းကြွ
ယူကြုံးမရလည်း ဖြစ်လာ
ဪ ဂျီပါမမ တရားသံဝေဂရ
တရားတဘောင်နဲ့ မျှအောင် နေတော့မဟဲ့ဆိုပြီး
တဘက်လေးပတ်ပြီး အဝေးကိုမှန်း
မြိုင်ရပ်ကိုထွက်ဖို့ စခြေလှမ်း။

(ကားဆွဲ ကိုဝှိုက် အိပ်ငိုက်မနေနဲ့၊ မဂျီပါ ပြန်မနှိပ်ခင် ၊ ကားလိပ်ကို အမြန်ပိတ်စေ)



ခေတ်သစ် သုဘဒဿဒါ ဇာတ်ထုတ် ပြီး၏။

(အမကြီးများကန်တော့၊ လျှာရှည်ပြီး ပါစပ်နဲ့လက် ဆော့မိတာ၊ မငြူစူခွင့်လွှတ်၊ အပြစ်ရယ်က လွတ်စေဖို့၊ အရမ်းသွက်တဲ့ မောင်လင်းဆက်ရဲ့ တောင်းဆု ပနဿနက်)

ဒီကဗျာလေးကလည်း နေ့တစ်မှာ ကဗျာတွေ ရေးကြတုန်းက စပ်ထားတာလေးပါ။ တစ်ယောက်နဲ့ တစ်ယောက် အချေအတင် ရေးကြ ခုတ်ကြ နှက်ကြ ငြင်းကြရင်း ဒီကဗျာလေး ဖြစ်လာတာ။ ဇာတ်ကောင်တွေက အပြင်မှာ အလွန်ခင်မင်စရာ ကောင်းသူတွေပါ။ သို့ပေမယ့်လည်း ကဗျာထဲမတော့ ရတုန်းအချိန်လေး နှက်မိသပေါ့။ ကန်တော့ ကန်တော့။ :D နေ့တစ်ဖိုရမ်မှ မိတ်ဆွေများ အမှတ်တရ။ Dedicated to..
  • မောင်ရင်ရမ်း
  • သတို့သား တစ်လနွမ်းကြီး ကိုကယ်လဗျင်အလက်ဇန်းဒါး
  • အမကြီး မရှင်နှောင်း
  • အမကြီး မဂျီပါ (နာမည်ကျှော စာရေးဆရာမ တစ်ဦး)
  • မန်းကနက်က ဂီတဖခင်ကြီး ဆြာဂျေ (အေမောင်ကြီးမပါ)
  • ကိုဗိုဒ်ကလေး
  • ဒေါက်တာမောင်ဝှိုက်
  • Let it Rock

No response to “ခေတ်သစ်သုဘဒဿဒါ ဇာတ်ထုတ်”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz