Saturday, March 7, 2009

ဟမ်းဖုန်းကြီးနဲ့ လည်ကတုံးနဲ့

ဟမ်းဖုန်းကြီးနဲ့ လည်ကတုံးနဲ့
၂၁ရာစု ကြက်ဆူစိုက်သမားကြီးများ တေးသံ



ချစ်တဲ့သူငယ်လေ
သူငယ်ချင်းကောင်း ယောက်ဖတို့ရေ
တို့မန်းမြေမှာ ရေတွေကြီးရင်
လှေတွေစီးပြီး သွားကြသတဲ့
တညှိုးငယ်မှ ယမ်းယမ်း
နှမလေးသူ့ကိုလွမ်းရင်
ဇီးပြားလေးစားလို့ ရည်းစားလေး ထားမိပါတယ်တဲ့
ပလိုင်းပေါက်နဲ့ဖားကောက်
မျက်နှာမှာ ဘယ်လို ကျောက်တွေပေါက်လည်း 
ချစ်တာပဲတဲ့
တစ်အိတ်ကယ်မှချဲ့ချဲ့
ပါးစပ်လေးရွဲ့လို့ တဖွဲ့တနွဲ့လည်း ပြောတတ်တယ်
အသစ်ကယ်မှ စက်စက်
ပိုးချည်မျှင် တရဘက်နဲ့ 
အရောင်တဝင်းဝင်း
ရွှေခြေကျင်း ထင်းထင်းကြီးကို 
ဗရုတ်ကယ်မှဗရက်
သလုံးသားအထက်မှာတင်ကာ
အိထွားဖြူဖွေး
အနှီ မန်းသူလေးသည်
ပုလိပ်ကယ်မှလိုက်လိုက်
ထိုထိုသောအခိုက်တွင်
နှုတ်ခမ်းလေး အသာကိုက်လို့
ဆိုင်ကယ်ကိုပြောင်းပြန်စီး
ကျုံးပတ်ပြီးလည်း ပြေးဖူးတာပေါ့တှောတဲ့
တလြဲရယ္မွ ေခ်ာှေခ်ာှ
နှမလေး ဝေးကမျှောသည်
ဟမ်းဖုန်းကြီးနဲ့ လည်ကတုံးနဲ့။



ကိုရင်လက်ဆင်း

ဒီကဗျာလေးက နေ့တစ်မြန်မာ ဖိုရမ်မှာ အတှောကြီး စည်ပင်ခဲ့စဉ် ကာလက မနဿတလေးက သူငယ်ချင်းများနဲ့ အပြန်အလှန် စာတွေရေးပြီး စပ်ခဲ့တဲ့ အိုင်ပျက်လေးပါ။ အခု နဲနဲပြင်ပြီး ပြန်တင်လိုက်တယ်။ ဒါလေးကို မနည်း ပြန်ရှာထားရတာ။ မနဿတလေးက သူငယ်ချင်းတွေအတွက် အမှတ်တရပေါ့။ ကျွန်တှောက ကဗျာတွေ အားလုံးထဲမှာ အိုင်ချင်းကို သိပ်ကြိုက်တယ်။ အကြိုက်ဆုံးပါပဲ။ သူများတွေကပြောတယ် အိုင်တွေ့ရင် ခြေဆေးချင်သတဲ့။ ကျွန်တှောကတော့ စာအုပ်ထဲ ရေးကူးထားချင်သူပါ အဟုတ် :D

နေ့တစ်မှာ ကျွန်တှောတို့ သူငယ်ချင်းများ အပြန်အလှန် စခဲ့နောက်ခဲ့ စာချိုးခဲ့တာတွေကို ဖတ်ချင်ရင် ဒီနေရာကို ရဲရဲကြီး နှိပ်လိုက်ပါ [လက်တန်းကဗျာစပ်ရအောင်]

No response to “ဟမ်းဖုန်းကြီးနဲ့ လည်ကတုံးနဲ့”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz