Tuesday, March 3, 2009

လတ်ဆတ်ခြင်းကို သစ်ရွက်များ မစွန့်ထုတ် နိုင်တော့ပြီ


လတ်ဆတ်ခြင်းကို သစ်ရွက်များ မစွန့်ထုတ် နိုင်တော့ပြီ



နက်ဖြန်ခါကို ငါတို့ဘယ်လိုပိုင်မလဲ
လွှသွားများ သစ်ပင်ကိုဖြတ်တယ်
လတ်ဆတ်ခြင်းကို သစ်ရွက်များ မစွန့်ထုတ် နိုင်တော့ပြီ
ပန်းတွေလည်း မပွင့်နိုင်တော့ 
ဝတ်မှုန်တွေလည်း မကူးတော့
ကျေးငှက်တွေ တေးမဆိုတော့
မြက်ခင်းတွေ မစိမ်းလန်းတော့
လူတွေဟာ အရပ်ပုလာ
အကြောရောဂါနဲ့ ခေါင်းတွေဟာ တဆတ်ဆတ်ညိမ့်တတ်လာ
လွမ်းတဲ့အခါ သတိရစရာ မိုနာလီဇာမရှိ
ကိုယ့်ကိုကိုယ် နားရွက်ဖြတ်မယ့် ဗင်းဆင့်လည်း မရှိ
မီးကိုခိုးယူပေးသူ ပရိုမီးသီးယပ်မရှိ
ပရိုမီးသီးယပ်ကို ကယ်တင်သူ ဟာကျူလီမရှိ
ပုခုံးနဲ့ထမ်းပေးမယ့် အက်တလတ်မရှိ
လက်တစ်ချက်လှုပ်တိုင်း လူတွေကို ရင်သပ်ရှုမောစေတဲ့ တိုက်ဂါးဝုဒ်လည်းမရှိ
ရင်ကိုကော့ပေးရဲသူ ဦးဖိုးလှိုင်မရှိ
ကျွဲရဲ့ကျောပှေါက မှက်ရဲကြီး ဆိုကရေးတီးလည်း မရှိ
မယ်စကြာဝဠာမရှိ
အိုင်းစတိုင်းမရှိ
ချိုက်ကောစကီးလည်းမရှိ
အမှောင်ကြောက်တဲ့ အက်ဒီဆင်မရှိ
တောပုန်းကြီး ရှောဘင်ဟုမရှိ
ဒီလူတွေ မရှိတာ ကြာခဲ့ပြီပဲ
ဘယ်နှနှစ်တောင် ရှိသွားပြီလဲ...?
ဘယ်နှနှစ်တောင် ရှိသွားပြီလဲ...?
ဘယ်နှနှစ်တောင် ရှိသွားပြီလဲ...?
လတ်ဆတ်ခြင်းကို သစ်ရွက်များ မစွန့်ထုတ် နိုင်တော့ပြီ။



N. လက်ဆင်း
03 March, 2009

No response to “လတ်ဆတ်ခြင်းကို သစ်ရွက်များ မစွန့်ထုတ် နိုင်တော့ပြီ”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz