ဘလော့(ဂ်)ရဲ့ RSS Feed ကို Feedburner ကိုပြောင်းလဲထားပါတယ်။ အရင်က Google Reader နဲ့ ဖတ်ကြတဲ့သူတွေ အနေနဲ့ အောက်က Feed Link အသစ်ကို ထည့်သွင်းဖို့ လိုပါမယ်။ ဒီလင့်ကို မထည့်သွင်းထားဘူးဆိုရင် အသစ်တင်တဲ့ပိုစ့်တွေ Reader မှာ ပှေါလာတော့မှာ မဟုတ်ပါဘူး။
အှာ ဘာဖြစ်လို့ RSS Reader ကိုကျွန်တှောတို့ သုံးကြတယ် ဆိုတာကို ပြောချင်ပါသေးတယ်။ ကျွန်တှော ဘလော့(ဂ်)ကတော့ ကိုယ်ပိုင်ဒိုမိန်းကို ပြောင်းချိတ်ထားတာမို့ ဒီကိုလာဖို့ရာ တကူးတက ကျှောစရာ မလိုပါဘူး။ ဒါပေမယ့် .blogspot ကိုတော့ မြန်မာပြည်မှာ အားပါးတရ ဘန်းထားတာမို့ အဲဒီပလတ်ဖောင်းမှာ ချိတ်ထားဆဲ ဘလော့(ဂ်)တွေကို အလွယ်တကူ ဖတ်ဖို့ ဆိုတာကတော့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် အောက်လမ်းနည်း မသုံးဘဲနဲ့ ဘာပရောက်ဆီမှ မသုံးဘဲနဲ့ ဝဘ်ဆိုဒ်တွေ၊ ဘလော့(ဂ်)တွေကို ဖတ်နိုင်ဖို့ရာ RSS Feed Reader တွေနဲ့ ဖတ်ကြရပါတယ်။ ဒါတွေနဲ့ ဖတ်ရင် ဆိုဒ်တွေကို အားလုံး အသစ်တင်မတင် လိုက်ကြည့်နေစရာလည်း မလိုဘူး။ ပိုစ့်တစ်ခု အသစ်တင်လိုက်တာနဲ့ ကိုယ့်အထဲကို အလိုလို ရောက်နေတာမို့ အချိန်ကုန်လည်း သက်သာပါတယ်။ ကိုယ်က ကွန်မန့်ပေးချင်မှ အဲဒီဆိုဒ်ကို သွားပြီး ပေးရုံပါပဲ။ ကျွန်တှောတို့ကတော့ Google Reader ကို အဓိက သုံးပါတယ်။ ခေတ်မီအောင် Feed Reader ဆောင်ပါ။ :D
No response to “Subscribe RSS in your favourite Reader”
Post a Comment
Trackbacks
Leave a trackback