Sunday, March 1, 2009

Review on Myanmar Unicode 5.1 & Suggestion

Review on Myanmar Unicode 5.1
& Suggestion


Myanmar Unicode 5.1 Review



အသတ် နှင့် ရှေ့ထိုးကိစဿစ

ယူနီကုဒ် ၅.၁ အထိ အသတ်နဲ့ ရှေ့ထိုးကို တန်ဖိုးအတူတူ ပေးထားတာ တွေ့ရပါတယ်။ အသတ်နဲ့ ရှေ့ထိုးဟာ အခုမှသာ ခပ်ဆင်ဆင် ဖြစ်နေပေမယ့် တကယ်က မတူပါဘူး။ ဒါ့အပြင် အသုံးပြုမှုခြင်းလည်း မတူပါဘူး။ အသတ်ဟာ ဗျည်းတစ်လုံးရဲ့ အသံကို သတ်ပစ်လိုက်တာ ဖြစ်ပါတယ်။ ဗျည်းမှာ တွဲကပ်တဲ့ သရအသံကို သတ်ပစ်လိုက်တာ လို့လည်း ပြောလို့ရတယ်။ ရှေ့ထိုးကတော့ အသံရှည် ဆွဲရာမှာ အသုံးပြုတာပါ။ ရှေ့ထိုးဟာ သီးခြား တစ်လုံးထဲ မရပ်တည်နိုင်ပါဘူး။ တကယ်တမ်း သူက (ေ-ာှ) ေအာှသရပါ။ (ေ-ာ) သရမွာ သံရွည္ကို ပြချင်တဲ့အခါ သံပြောင်းပြဖြစ်တဲ့ ဝစဿစနှစ်လုံးပေါက် (:) ကပ်မလိုက်နိုင်တဲ့ အတွက် ရှေ့ထိုးနဲ့ ပြတယ်လို့ ယူဆရပါတယ်။ ရှေ့ထိုးလို့ နာမည် တပ်လိုက်တာကလည်း အသတ်နဲ့ မတူဘူးဆိုတာ ပြောချင်လို့ ဖြစ်ပါတယ်။



သဿသ (U+103F) နဲ့ (ဋဿဌ)

သဿသ (သျကီး) ဟာ (သ်+သ) ပေါင်းထားတဲ့ အကဿခရာပါ။ ေယဘုယ်အေနနဲ့ ပံုစံတူ အကဿခရာ နွစ္လံုး အဲဒီလို ရှေ့နောက် တွဲဆက်လာရင် အထပ် ဖြစ်သွားတတ်ပါတယ်။ ဥပမာ (ဥကဿကဋဿဌ)။ သဿသကို ဒီနေ့ခေတ်မှာလည်း အသုံးပြုနေဆဲမို့ ယူနီကုဒ်မှာ ထည့်သွင်းတာကို ဘာမှ မပြောလိုပေမယ့် သဿသ ကို ထည့်ထားပြီးတော့ (ဋဿဌ) ဆိုတာကိုတော့ ထည့်ထားတာ မတွေ့ရပါဘူး။ ဒီ (ဋဿဌ)ဟာလည္း အခုနက သဿသျကီးလိုပဲ ခ်ံု့ထားတဲ့ စာလံုးပါ။ ဋ်+ဌ=ဋဿဌ ဖြစ်ပါတယ်။ ဒါကြောင့် ဖြုတ်မယ်ဆိုရင် နှစ်ခုစလုံးဖြုတ်၊ ထည့်မယ်ဆိုရင်လည်း ဒါကိုတော့ ချန်ခဲ့တာ အဓိပဿပာယ် မရှိပါဘူး။



သေးသေးတင်

သေးသေးတင်ကို ဒီယူနီကုဒ်မှာ Various Sign ထဲထည့်ထားတာ တွေ့ရပါတယ်။ ပညာရေး ဝန်ကြီးဌာနက ထုတ်ဝေတဲ့ မြန်မာသဒဿဒါစာအုပ် စာမျက်နှာ ၂မှာ သေးသေးတင်ကို သင်ရိုးသရနဲ့ သရသကေဿငတထဲ ထည့်ထားပါတယ်။ အခြေခံ သရထဲတော့ ထည့်မထားပြန်ဘူး။ ဒါပေမယ့် အခုနောက်ဆုံးထုတ် မြန်မာအဘိဓာန်စာအုပ်ထဲမှာတော့ အံ (သေးသေးတင်)ကို သရထဲ ထည့်ပါတယ်။ (စာ-ထ၊ ၅၀) အဲဒီမှာ အခြေခံသရကို အ၊ အာ၊ အိ၊ အီ၊ အု၊ အူ၊ အေ၊ အဲ၊ အော၊ အှော၊ အံ၊ အို ဆိုပြီး သရ ၁၂လုံး ပြပါတယ်။ အဲဒီ အခြေခံ သရ ၁၂လုံးကိုမှ မူတည်ပြီး Tone Mark အောက်မြစ်နဲ့၊ ဝိသဇဿဇနီ (း) ပွားပြီးလည်းကောင်း၊ အသတ်ဗျည်းများနဲ့ အရေးပွား၍လည်းကောင်း လိုအပ်သလို ချဲ့ထွင် အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် သေးသေးတင်ဟာ (အံ)သရ သာ ဖြစ်ရပါမယ်။ Various Sign ထဲထည့်ပြီး တခြား Tone Mark လို မထားသင့်ပါဘူး။ (သေးသေးတင်ကို (မ်)နဲ့ သွားသွား တူခိုင်းနေတဲ့ ကိစဿစကလည်း မြန်စာစာပေမှာ အပြတ်ရှင်းရှင်းလင်းလင်း လုပ်သင့်တဲ့ ကိစဿစတစ်ခုပါ) ကွန်ပျူတာစနစ်ကို တက်လှမ်းမယ်ဆိုရင် ဟိုလိုလို ဒီလိုလိုတွေ လုပ်လို့မရပါဘူး။ အုံ (အ သေးသေးတင် တစ်ချောင်းငင်) ဟာ အုမ် (အ တစ်ချောင်းငင် မသတ်) နဲ့ ကွဲပြားတာ တွေ့နိုင်ပါတယ်။ နောက်ပြီးတော့ မြန်မာစာလုံး တစ်လုံးတိုင်းရဲ့ အဆုံးစွန်ဟာ Diacritic (Tone Mark) လို့ ပြောလို့ရပါတယ်။ တကယ်လို့ သေးသေးတင်ကို Tone Mark လိုလို လုပ်မယ်ဆိုရင် သေးသေးတင် တစ်ချောင်းငင်ဆိုတာ အဓိပဿပာယ် မဲ့ပါလိမယ့်မယ်။ (ဟိုးတုန်းက နိဂဿဂဟိတ် ( -ံ) ကို ဗျည်းထဲမှာ ထည့်ကြတယ်။ အဲဒီလို ဗျည်းထဲမှာ ထည့်ထားတဲ့အတွက် သူ့ကို သရထဲမှာ ထည့်မတွက်ဘူး။ အဲဒါကို ဗျည်းကနေ ထုတ်လိုက်တဲ့နောက်ပိုင်း အခြေခံ သရအနေနဲ့ သတ်မှတ်ခဲ့ကြတာ ကြာလှပါပြီ)





မြန်မာ ယူနီကုဒ်မှာ (၎င်း)ကို (၎င်း) တစ်လုံးထဲ ခွဲရေးထားတာ တွေ့ရပါတယ်။ ဒီ ၎င်း ပြသဿသနာဟာလည်း ဆရာကြီး ဦးဖေမောင်တင်တို့ ခေတ်ကတည်းက အတှောရှင်းယူခဲ့ရတဲ့ ပြသဿသနာ တစ်ခုပါ။ လည်းကောင်းကို ချုံ့ရေးကြရာက အဲဒီ ၎င်း ပြသဿသနာ စလာတာပါပဲ။ ယူနီကုဒ်မှာ (၎င်း)ဆိုတာကို (၎င်း) နဲ့ (င်း) ဆိုပြီး ခွဲထားတာကတော့ လုံးဝ အဓိပဿပာယ် မရှိဘူး ထင်ပါတယ်။ ဒါဆို (၎င်း) အဲဒီ တစ်လုံးထဲကို ဘယ်လို အသံထွက်ရမလဲ ဆိုတာ ရှိလာပါပြီ။ ငသတ် ဝစဿစပေါက် မပါတဲ့အတွက် (လည်းကော)လို့ ထွက်ရမှာလား။ ငသတ် ဝစဿစပေါက် ထည့်ပါမှ လည်းကောင်းလို့ အသံပြည့် ထွက်မှာလား။ (လေးဂဏန်း) ဆိုရင်လည်း အသစ်သွင်းစရာ မလိုဘူး ထင်ပါတယ်။ ဖြစ်သင့်တာကတော့ အဲဒီ (၎င်း) ကို (သဿသ)လို သီခြားအရေးရှိတဲ့ စာလုံးအနေနဲ့ ပြသင့်ပါတယ်။ (Unicode 4.1 မှာတုန်းက အခုလို မခွဲဘဲ တစ်လုံး အနေနဲ့ ထားရာက အခုကျမှ ခွဲထုတ်လိုက်တာ ဖြစ်ပါတယ်)

Myanmar Vowel Sign E Above

ဒီစာလုံးကို ယူနီကုဒ်မှာ (1035) Myanmar Vowel Sign E Above ဆိုပြီး ပြထားတယ်။ အဲဒီ စာလုံးကို သကဿကတဘာသာနဲ့ ရေးထားတဲ့ ရာဇမတဿတဏ်ကျမ်းမှာ ကျွန်တှော အများအပြား တွေ့ဖူးပါတယ်။ အနီးစပ်ဆုံး ရှာကြည့်ချင်ရင်တော့ မြန်မာအဘိဓာန် စာမျက်နှာ (ထ) ဠ် ဆိုတဲ့ နေရာမှာ ကြည့်နိုင်ပါတယ်။ ပြုဗဿဗာသာဠ် ဆိုတဲ့ စကားလုံးရဲ့ မူရင်း သကဿကတစာကို အဲဒီ သဝေထိုး အပှေါတင်ပြီး ရေးပါတယ်။ အဲဒါဟာ မြန်မာစာလုံး မဟုတ်ပါဘူး။ သရဆိုတော့ သရအသစ်များလားဆိုပြီး မျက်စိတောင် လည်သွားပါတယ်။ (ရှေ့ထိုး)ကို ပြောချင်တာလားလို့လည်း တွေးမိပါသေးတယ်။ ဒါပေမယ့်လည်း မဟုတ်ပြန်ဘူး။ တစ်ချိန်က ရှိခဲ့ဖူးတယ် ဆိုရင်တောင် နောက်ပိုင်း လုံးဝမသုံးတော့တဲ့ အရာကြီးပါ။ ဘာဖြစ်လို့ မြန်မာသရထဲ အတင်းထည့်ထားတယ် ဆိုတာကို နားမလည်နိုင်ပါဘူး။ တကယ်လို့ အသုံးလိုတိုင်း ယူနီကုဒ်မှာ လိုက်ထည့်နေမယ် ဆိုရင်လည်း တခြားထည့်စရာတွေ အများကြီး တိုးလာပါလိမ့်မယ်။ 




ဦ ဆိုတဲ့ သရကို ယူနီကုဒ်တန်ဖိုး 1026 သီးခြားပေးထားတယ်။ ပြီးတော့ သူ့အောက်မှာ ဒါဟာ (ဥ)+(-ီ) နဲ့ အတူတူပါပဲလို့လည်း ပြောထားသေးတယ်။ ဦဟာ သူ့တစ်လုံးထဲ သီးခြားရှိတဲ့ အမြင်ပုံစံပါ။ လုံးကြီးတင်ဆန်ခတ်နဲ့ ပေါင်းထားတာတော့ မဟုတ်ပါဘူး။ (Normalization လုပ်ချင်လို့ အတူတူပဲလို့ သတ်မှတ်ထားတာလားလို့လည်း တွေးမိပါသေးတယ်) အသံထွက်တဲ့အခါ အူ ဆိုတဲ့ အသံကို ထွက်ပါတယ်။ 




ဒီသရကတော့ မကာရလောပအကျှော ခင်ကြီးဖျှော တီထွင်လိုက်လို့ ဖြစ်လာတာပါ။ ဒီတစ်လုံးထဲ မဟုတ်ပါဘူး။ (အို) သရကိုလည်း သူပဲ စတီထွင်ခဲ့တာပါ။ ဒါပေမယ့် သူ့သရဟာ ၁၁လုံးပဲ ရှိတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ (-ံ)ကို ဗျည်းထဲ သွားထည့်ထားလို့ပါ။ တကယ်တော့ ဩသရကို (ေ-ာှ) ကပ္တယ္ဆိုတာ အဓိပဿပာယ္ကို မရွိပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဩ ကိုယ်နှိုက်က မှီခိုကင်းတဲ့သရ ဖြစ်နေလို့ပါပဲ။ ဖြစ်နိုင်တာက ခင်ကြီးဖျှောဟာ အသံထွက်အတွက် (အှော) သရကို ထည့်သွင်းချင်လို့ ဩ မှာ အနက်ထင်အောင် ပူးပြလိုက်ပုံ ရပါတယ်။ ဪ ဆိုတာ တကယ်တော့ မြန်မာမှုပြုရင် အှော နဲ့ အတူတူပါပဲ။ အထက်က (ဦ)မှာတုန်းက (ဥ)နဲ့(-ီ) ပေါင်းတာနဲ့ အတူတူပဲလို့ ပြပေမယ့် ဒီ ဪကျတော့ ဘာမှမတွေ့ရပြန်ဘူး။ အထက်ကလို သဝေထိုး+ဩ+ရေးချ+ရှေ့ထိုး လာရင်ရော အတူတူပဲလို့ သတ်မှတ်မှာလား။ သ+ရရစ် ဆိုရင်လည်း ဩနဲ့ အတူတူပဲလို့ သတ်မှတ်မှာလား။

တကယ်ဆို အဲဒီ သရတွေကို တစ်လုံးချင်းစီ အနေနဲ့ မမြင်သင့်ပါဘူး။ က+(အောသရ)=ကော၊ ခ+(အောသရ)=ခေါ ဖြစ်ပါတယ်။ သဝေထိုး+ဗျည်း+ရေးချ လို့ကျွန်တှော့ အမြင်အရဆို မသတ်မှတ်ချင်ပါဘူး။ တကယ္လို့ အထက္ကလို (ေ-ာ)(ေ-ာှ) ( -ို) (- ံု) အတြဲအေနနဲ့ ထားလိုက်မယ်ဆိုရင် မြန်မာအကဿခရာတွေဟာ ပိုလို့ အဓိပဿပာယ် ရှိလာမယ်လို့ ထင်ပါတယ်။ ပြီးတော့ ပိုပြီးလည်း လွယ်ကူလာပါလိမ့်မယ်။ 



အကြံပြုချက်

နောက်ဆုံး အကြံပြုချက်ကို ရေးချင်ပါတယ်။ ကုဒ်တွေကို မှန်ကန်ပါတယ်ဆိုပြီး ပညာရှင်တွေ လွယ်လွယ်နဲ့ လက်မှတ် မထိုးသင့်ပါဘူး။ အပြန်ပြန် အလှန်လှန် စစ်ဆေးပြီးမှ လက်ခံသင့်ပါတယ်။ မြန်မာယူနီကုဒ် ၃နဲ့ ပတ်သက်ပြီး ဒေတာတွေ အများအပြား မရှိသေးပါဘူး။ ရှိရင်လည်း အလွယ်တကူ Convert လုပ်နိုင်တဲ့ အခြေအနေမှာ ရှိပါတယ်။ တချို့ မှားနေတာတွေကို သိသိကြီးနဲ့ ပစ်မထားသင့်ပါဘူး။ လုပ်ပြီးသားကြီး ဖြစ်နေလို့လည်း မပြင်ဘဲ မနေသင့်ပါဘူး။ ဒါဟာ တမ်ိုးသားလံုးနဲ့ သက္ဆိုင္တဲ့ ကိစဿစပါ။ နောင်ကာလကြာရှည် နှစ်ပေါင်းများစွာ အသုံးပြုကြရမယ့်ဟာလည်း ဖြစ်ပါတယ်။ အလွန်ကို အရေးကြီးပါတယ်။ ပြီးတော့ အထက်ကပုံမှာလို ယူနီကုဒ်ဇယားဟာ အကဿခရာတွေဟာ ရောနေပါတယ်။ ယူနီကုဒ် စစလုပ်ချင်းတုန်းက ချန်ထားတဲ့ အကွက်တွေကို လိုက်ဖြည့်ရင်း ရောထွေးကုန်တာ ဖြစ်ပါလိမ့်မယ်။ ဗမာ အကဿခရာတွေထဲ မွန်တွေ၊ ရှမ်းတွေ၊ ကရင်တွေ ရောက်နေတယ်။ တကယ်ဆို စနစ်တကျ သူ့အစုနဲ့သူ ရှိသင့်ပါတယ်။ ဒါကြောင့်မို့ အချိန်မနှောင်းခင် လုပ်နိုင်တဲ့သူတွေ လုပ်နိုင်ကြစေဖို့ ကျွန်တှောအနေနဲ့ သိထားသမျှ၊ သံသယ ရှိနေတာ မှန်သမျှကို အပြုသဘောနဲ့ အကြံပြု ရေးသားပါတယ်။ (မြန်မာယူနီကုဒ်နဲ့ ဗမာစာရော၊ တိုင်းရင်းသားစာတွေနဲ့ပါ ဒေတာ အများကြီး မရှိသေးခင်မှာ စနစ်တကျ သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြန်လည် စီသင့်တယ်လို့ အလေးအနက် တိုက်တွန်းပါတယ်)။ 

ကွန်ပျူတာသမားဟာ ဘယ်လောက် ကွန်ပျူတာမှာ တှောတှော မြန်မာစာကို သမရိုးကျ သိရုံလောက်နဲ့ ဒါကို လုပ်လို့ မရပါဘူး။ မြန်မာစာ ပညာရှင် အနေနဲ့လည်း ဘယ်လောက်ပဲ မြန်မာစာကို ထုံးလိုချေ ရေလိုနှောက် ကွန်ပျူတာရဲ့ လည်ပတ်ပုံ၊ လုပ်ငန်းဆောင်ရွက်ပုံ သဘောတရားတွေကို မသိရင် ဒါကို လုပ်လို့ မရပြန်ဘူး။ အဲဒီနှစ်ခုကို ညီညီမျှမျှ ပေါင်းနိုင်မှ ကွန်ပျူတာမှာ မြန်မာစာစနစ်ကို အကျယ်တဝင့် စနစ်ကျကျ အသုံးပြုနိုင်ပါလိမ့်မယ်။ နောက်ပိုင်း ဘာသာဗေဒ ပညာရှင်တွေလည်း အရေးပါတဲ့ ကဏဿဍကနေ ပါလာရပါဦးမယ်။ အရေးအကြီးဆုံး တစ်ချက်ပဲ ရှိတယ်။ အချင်းချင်းကြား ရှင်းရှင်းလင်းလင်းနဲ့ လိုအပ်တာကို နားလည်သဘောပေါက်အောင် ပြောပြနိုင်ဖို့ အတွက်ကတော့ ကိုယ့်ဘက်က ဝမ်းစာပြည့်အောင် ပြင်ဆင်ထားဖို့ လိုပါလိမ့်မယ်။ ကွန်ပျူတာခေတ်ပဲ မြန်မာစာက နည်းပညာကို လိုက်နာရမှာပေါ့ ဆိုတဲ့ အိုင်ဒီယာမျိုး တွေကိုတော့ ကျွန်တှောတို့ ရဲရဲကြီး ဆန့်ကျင်ပစ်ရပါလိမ့်မယ်။ 



လေးစားစွာ


ညီလင်းဆက်
01 March 2009



မှတ်ချက်။ ဒီသုံးသပ်ချက်ထဲမှာ ဗမာစာ သီးသန့် အပိုင်းကိုပဲ ထုတ်နှုတ်ဝေဖန် အကြံပြုပါတယ်။ အခြားတိုင်းရင်းသား အကဿခရာတွေ မပါသေးပါဘူး။ အကြမ်းထွက်တဲ့ ယူနီကုဒ် ၅.၂ မူကြမ်းမှာလည်း ထူခြားတဲ့ ပြင်ဆင်မှုတွေကို မတွေ့မိသေးပါဘူး။ နောက်ပြီးတော့ ယူနီကုဒ် ၅.၁ စနစ် တစ်ခုတည်း အပှေါမှာ အခြေခံထားတယ် ဆိုတဲ့ မြန်မာသရီး၊ မိုင်မြန်မာ၊ ပရပိုဒ်၊ ပိတောက် စတာတွေဟာ တစ်ခုနဲ့ တစ်ခု ပြောင်းရာမှာ တူနေရမယ့်အစား Rendering မတူတာကြောင့် တလွဲတွေ ထွက်လာတတ်တာကိုလည်း စနစ်တကျ ဖြစ်စေချင်ပါသေးတယ်။ သိပ်မကြာခင်မှာ ဇှောဂျီ အသုံးပြုရခြင်းရဲ့ အားနည်းချက် တွေကိုလည်း သုံးသပ်ကြည့် ပါဦးမယ်။ 

အထက်က ကိစဿစတွေမှာ ကျွန်တှော့အယူအဆ မှားတယ်ဆိုရင် ဘယ်လိုမှားတယ် ဆိုတာကို တတ်ကျွမ်းသူ ဆရာများက အမှန်ပြင်ပေးပါလို့ တောင်းဆိုချင်ပါတယ်။ 


Download: This Article

One response to “Review on Myanmar Unicode 5.1 & Suggestion”

Kyawnaingsoe said...

Website တွေနဲ့ Android, ios စတဲ့ app တွေမှာ ဘာလို့ unicode standard font တွေကို မသုံးဘဲ ဇော်ဂျီကိုပဲ သုံးနေကြတာလဲ.။ developer တွေအနေနဲ့လဲ ယူနီကုတ်ဖောင့်တွေ အမျိုးမျိုးလုပ်နေကြပြီး ဘာလို့ centralized စနစ်ကို မသုံးကြသေးတာလဲ. နောက်ထွက်လာတဲ့ os/android/ios တွေမှာ မြန်မာဖောင့်တွေ ပါလာတဲ့အခါ အဲဒါတွေမှာ သုံးတဲ့ ယူနီကုတ်ဟာ ဇော်ဂျီမဟုတ်တဲ့အတွက် android တွေဆို root လုပ်ရတယ် ဖောင့်ပြောင်းပေးရတယ်. developer တွေအနေနဲ့ standard ယူနီကုတ်ကို သုံးကြဖို့ အကြံပြုလိုပါတယ်.။

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz