ဒီနေ့ မြန်မာစာလုံးတွေကို ခွဲခြမ်းနေရင်း တစ်ခုကို သွားတွေ့တယ်။ ဒီနည်းလမ်းက မြန်မာစာအဖွဲ့က စာလုံး စီပုံနဲ့တော့ မတူဘူး။ မြန်မာစာ အဖွဲ့က ဗျည်းပြီးရင် သရတွဲကို အရင်စီတယ်။ ကျွန်တှောက ဗျည်းပြီးရင် ဗျည်းတွဲကို အရင်စီတယ်။ ဘာဖြစ်လို့ ဒီလိုစီတာလဲဆိုတော့ ဗျည်း+သရ ဟာ ဗျည်းတွဲနဲ့ တွဲလို့ မရဘူး။ ဗျည်း+ဗျည်းတွဲ ကသာ သရနဲ့ ပေါင်းနိုင်တယ်။ ဘာထူးခြားလည်းဆိုတော့ အဲဒီလို ထားလိုက်ရင် မြန်မာစာလုံး Sorting စနစ်ဟာ အရမ်း လွယ်ကူသွားတယ်။ မျိုးတုစု စုလို့လည်း ရတယ်။ Syllable Termination လည်း တစ်ခါတည်း ပြီးသွားတယ်။ အရမ်းလွယ်တယ်။ ဘာသာစကားဟာ လွယ်ကူမှ တိုးပွားတယ်။ ခက်ခဲအောင် လုပ်ထားတဲ့ ဘာသာစကားတွေဟာ တဖြည်းဖြည်း တိမ်မြုပ်သွားတတ်တယ်။ သေသေချာချာ အထပ်ထပ် စမ်းသပ်ပြီးမှ ဒီမှာတင်တော့မယ်။ ဒီနေ့ စိတ်ချမ်းသာသွားပြီ။ အိပ်ပြီ။
Saturday, February 28, 2009
ဗျည်း+ဗျည်းတွဲ+သရ

Labels:
Experience,
Language,
NLP
No response to “ဗျည်း+ဗျည်းတွဲ+သရ”
Post a Comment
Trackbacks
Leave a trackback