ပင်လယ်ကိုသွားတာ ငါးဖမ်းဖို့
ငါတို့ ပင်လယ်ကိုသွားတာ ငါးဖမ်းဖို့
ငါတို့လက်မှာ
အစာကိုပဲမြင်မယ့် ငါးတွေရဲ့ ပါးရိုးကို မြဲမြဲချိတ်ဖို့ ငါးမျှားချိတ်ပါသတဲ့
ချွန်ထက်ကောက်ကွေးနေတဲ့ မှိန်းလိုချိတ်ကို ဖုံးကွယ်ထားဖိုး ငါးစာအိတ်လည်းပါသတဲ့
လှိုင်းပုတ်တိုင်း လေမလှုပ်အောင်ထိန်းမယ့် ကျောက်ဆူးလည်းပါသတဲ့
ကပဿပတိန်ဟုဒ်က တစ်ယောက်
ဂျက်စ်ပါရိုးက တစ်ယောက်
ဝံပုလွေလာဆင်လည်း တစ်ယောက်
မာလိန်မှူးထူးစိန် တစ်ယောက်
လတဿတီတွဒ် ဘယ်လောက်နဲ့ လောင်ဂျီတွဒ် ဘယ်လောက်မှာ ရေနွေးစီးကြောင်း
လမ်းကြောင်းပြောင်းလာတဲ့ ငါးအုပ်တွေလည်း ရှိကောင်းရှိမယ်
ရေထရက် ရေသေရက် လေတိုက်နှုန်း လမင်းဆွဲအား
ငါးပွက်ရာလည်း ငါးစာ ရဲရဲချတတ်တယ်
ငါတို့ပင်လယ်ကိုသွားတာ ငါးဖမ်းဖို့
ဒီလိုပဲ သူတို့ပြောခဲ့တာ
ငါးမရလို့ ရေချိုးပြန်မိတဲ့အခါ နားလည်ပေးလိုက်ပါ။
လင်းဆက်
26 Feb, 2009
11:40 PM
ဒီကဗျာလေးကို အရင်တစ်ပတ်က ရေးခဲ့တာ။ ရေးပြီးခါမှ ဘယ်ကနေဘယ်လို မှားဖျက်မိတယ် မသိဘူး။ ဘယ်လိုမှ ပြန်ရှာလို့ မတွေ့တော့ဘူး။ ဒါနဲ့ အဲဒီမုဒ်လေး ပြန်သွင်းပြီး ကြိုးစား ရေးလိုက်ပေမယ့် အရင်ဟာနဲ့ နဲနဲတော့ ကွဲသွားတယ်။ အရင်တစ်ပတ်က ခံစားချက်နဲ့ မတူတဲ့ ဒီတစ်ပတ်ရဲ့ လောလောလတ်လတ် ခံစားချက်လေးနဲ့ပေါ့။ ပင်လယ်သွား ငါးဖမ်းထွက်သူတွေအတွက် အမှတ်တရ။ :D
No response to “ပင်လယ်ကိုသွားတာ ငါးဖမ်းဖို့”
Post a Comment
Trackbacks
Leave a trackback