ကိုယ့္အေပါှမွာ လေးစားမှုလဲမရှိ၊ တန်ဖိုးထားမှုလဲ မရှိရင် ဘာကိုမှ ဆက်မလုပ်သင့်ဘူး၊ အဲဒီလူတွေနဲ့ မဆက်နွယ်သင့်ဘူး၊ အသုံးချခွင့် မပေးသင့်ဘူး။ အဆိုးဆုံးကတော့ ရေချမ်းစင်လေးမှာ နာမည်တွေတပ် သာဓုတွေ အခှေါခံနေကြတာပဲ။ လူတွေရေသောက်ဖို့က အဓိက မဟုတ်ဘူးလား။ ထားလိုက်ပါတော့လေ။ သူများခှေါတဲ့ သာဓုဟာ ကိုယ့်ဆီကနေ လမ်းလွှဲသွားပေမယ့် ကိုယ့်ကုသိုလ်ကတော့ ကိုယ့်စီကနေ ထွက်ပြေးမသွားပါဘူး။ ကုသိုလ်ဆိုတာ တကယ်တော့ စိတ်ချမ်းသာတာ တစ်မျိုးပဲ မဟုတ်ဘူးလား။ တကယ်တော့ စိတ်ချမ်းသာတယ် ဆိုတာကလည်း ကိုယ်ချမ်းသာတယ်လို့ ပြောတာမှ မဟုတ်တာဘဲလေ။ Vice- Versa ကိုယ်ချမ်းသာနေတဲ့ လူတွေလည်း စိတ်ချမ်းသာတယ်လို့ ဘယ်ပြောနိုင်မလဲလေ။ မင်းခိုက်စိုးစန် ကဗျာလေးတစ်ပုဒ် သွားသတိရတယ်။ ဘာတဲ့
နိုင်ငံကျှောတွေ အားလုံးကိုသနားတယ်မင်းတို့တွေ ငါ့လောက်ဘယ်သူမှ အိပ်ရေးမဝခဲ့ကြပါဘူး
အိပ်ရေး ဝရုံတင် မကဘူး။ ပါးလည်း တှောတှောဝလာခဲ့ပြီ။ အမေကတော့ ပြောတယ်။ ငါ့သား စိတ်ချမ်းသာနေပုံ ရတယ်တဲ့။ ဝလို့လှလို့တဲ့။ ဟားဟား။ ဘရစ်ဂျက်ဂျုံး ဒိုင်ယာရီ မြန်မာပြည်မှာရိုက်ရ ကောင်းမလား စဉ်းစားနေတာအမေရေ ဆိုတော့ သူနားလည်ပုံ မရဘူး။ ဘုရားစူး အသည်းကွဲတဲ့ ဇာတ်လမ်းတော့ မဟုတ်ပါဘူး။ ကျောရိုးလေး မှီးရုံမှီးမှာ၊ ပါးဖောင်းပြီး ကမဿဘာမေက်ာှတဲ့ လူတွေအကြောင်း။ အဲ ပါးဖောင်းတာရေးမိတော့ စိမ်းနေဦးမည့် ကျွန်တှော့မြေဆိုတဲ့ ဆရာဘုန်းနိုင် ဝတဿထုထဲက ညွန့်မောင်ကို ပြောတာလေး သွားသတိရတယ်။ ဘာတဲ့ ပါးဖောင်းတဲ့ သူတွေက ဦးနှောက်မရှိဘူးတဲ့။ အဲဒီ ညွန့်မောင်ဆိုတာ ငါတို့နဲ့ အမျိုးတှောတယ်လို့ အမေ တစ်ခါက ပြောသေးတယ်။ ဘာရယ်မဟုတ်ဘူး သိမ်းတင်သား ပေါ့ ... :)
No response to “သိမ်းတင်သား”
Post a Comment
Trackbacks
Leave a trackback