Tuesday, February 3, 2009

မြန်မာအဘိဓာန်


Myanmar Dictionary

မြန်မာအဘိဓာန်
မြန်မာစာအဖွဲ့
အဘိဓာန်
ဒုတိယအကြိမ်
ပညာရေးဝန်ကြီးဌာန
၂၀၀၈၊ ဩဂုတ်
7500 ကျပ်


မြန်မာစာအဖွဲ့က မြန်မာအဘိဓာန်ကို ပြင်ဆင်ဖြည့်စွက် တည်းဖြတ်ပြီး ဒုတိယအကြိမ် အဖြစ် ထုတ်ဝေပါတယ်။ အရင် မြန်မာ-မြန်မာ အဘိဓာန်ဟောင်းက အပြင်မှာ တှောတှောဈေးကြီးသလို ဝယ်ယူဖို့လည်း ရှားပါးနေပါပြီ။ ဒီဟာကတော့ အခုမှ ထပ်ထုတ်တာပါ။ စာလုံးအသစ်တွေ ထပ်ထည့်ထားသလို ရှိပြီးသား စာလုံးတွေကိုလည်း ပိုတိကျအောင် ပြန်လည် တည်းဖြတ်ထားပါတယ်တဲ့။ စာလုံးရေ ၁၈၀၀၀ ကျှော ပါဝင်ပါတယ်။ ရုပ်ပုံတွေလည်း အရင်စာအုပ်ထက် ပိုပါလာတယ်။ ပြီးတော့ ပိုသန့်တယ်။ စာရွက်သားက ဖြူပေမယ့် ပါးတယ်။ သေသေသပ်သပ်တော့ ပိုရှိလာတာ အမှန်ပါပဲ။ စာအုပ်နဲ့အတူ ဆော့ဝဲလ် စီဒီရွမ် ပါပါတယ်။ Technomation ကရေးတယ်။ မိုင်မြန်မာ ယူနီကုဒ်ကို သုံးထားပါတယ်။ ပရိုဂရမ်လေးက ပေါ့တယ်။ ဆိုဒ်လည်း အကြီးကြီး မဟုတ်ပါဘူး။ စာအုပ်တန်ဖိုး ၇၅၀၀ ဆိုတော့ တန်လည်း တန်ပါတယ်။ အဟောင်းက နှစ်သောင်းလောက် ရှိတယ်။ စာအုပ်အမြဲ မကိုင်နိုင်တဲ့ လူတွေတောင် ပရိုဂရမ်လေး စက်ထဲသွင်းထားရင် အဆင်ပြေပါမယ်။




No response to “မြန်မာအဘိဓာန်”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz