Friday, October 31, 2008

မြစ်ကြီးနား (၂)

မြစ်ကြီးနား အထက (၃)မှာ ကျွန်တှောဟာ အညတြ တစ်ဦးပါပဲ။ သိပ်စာတှောတဲ့ သူတွေကြားထဲမှာ ကျွန်တှော့ အဆင့်ဟာ နောက်ဆုံးမှာ ရောက်နေခဲ့ရတယ်။ ဒါပေမယ့် ငယ်ငယ်ကတည်းက စာစီစာကုံးရေးတာမှာ ကျွမ်းကျင်ခဲ့သူ ကျွန်တှောဟာ ပထမဆုံး စာစီစာကုံး ပြိုင်ပွဲမှာ မြို့နယ် ဒုတိယ ရလိုက်တော့ အတန်းသားတွေရဲ့ ဂရုစိုက်မှုကို အနည်းငယ် ခံခဲ့ရပါတယ်။ ကျွန်တှောတို့ အတန်း မှောနီတာက အဟောက်နဲ့ မီမီတဲ့။ ခွန်းအောင်ဆိုတဲ့ ကချင် သူငယ်ချင်းလည်း ပါသေးတယ်။ အဟောက်နာမည်က အောင်နိုင်လင်း။ ဒီကောင်က နောက်ပိုင်း ၁ဝတန်းမှာ ၃ဘာသာနဲ့ သွားဘက်ဆရာဝန် ဖြစ်သွားတယ်။ အခုတော့ အိမ်ထောင်ကျလို့ ရာထူးတောင် တက်တော့မယ်။ ကျွန်တှောနဲ့ ကျောင်းမှာ တွဲမိတဲ့ သူငယ်ချင်းတွေက ယဉ်ထွန်း၊ ခွန်းအောင်၊ လအောင်၊ အဟောက်၊ ကျှောကျှောထွန်း၊ မြင့်ဆွေ၊ နိုင်လင်းထွန်း၊ စောစိုးနေဝါး ဒီလောက်ပဲ။ မိန်းခလေးထဲကဆိုရင် ကျားညိ၊ အကျား၊ အတူး၊ ပြုံးချို၊ မိစံ ဒါအကုန်ပဲ။ ကျွန်တှောကျောင်းဝင်ချိန်မှာ ရန်ကုန်ကို ပြောင်းသွားတာ တစ်ယောက်ကို မှတ်မိသေးတယ်။ ထက်ထက်လင်းတဲ့။ သူ့ကို ဒဂုံတစ် ဆုပေးပွဲမှာ တစ်ခါတွေ့လိုက်သေးတယ်။ အခုဆို သူလည်း ဆရာဝန် ဖြစ်နေပြီထင်တယ်။

ကျွန်တှောတို့ ကျောင်းကြီးက ရေနံချေးတွေနဲ့ ဝနေတဲ့ကျောင်းကြီး။ ဒါပေမယ့် ကျွန်တှောတို့ ကိုးတန်းအေ အခန်းက ကျောင်းဝင်ဝင်ချင်း တံခါးပေါက်နားမှာ သီးသန့်လေး ရှိနေတယ်။ သူ့ရဲ့ဘေးမှာ စက်ဘီးထားတဲ့နေရာ ရှိတယ်။ ရာသီချိန်ဆို ရဲနေအောင် ပွင့်တတ်တဲ့ စိန်ပန်းပင်ကြီး ရှိတယ်။ ကျောင်းမှာ သူ့နေ့အလိုက် စက်ဘီးတွေကို အဖွဲ့လိုက် ညီနေအောင် စီပေးရတယ်။ ကျွန်တှော့ စက်ဘီးလေးက အစိမ်းရောင် ပြိုင်ဘီးလေး။ အဲဒီဘီးလေးကို ကျွန်တှော တှောတှောချစ်တယ်။ ကျောင်းကို ဆိုင်ကယ်နဲ့ လာတဲ့သူက တှောတှောနည်းပါတယ်။ အားလုံးလိုလို စက်ဘီးနဲ့ လာကြတဲ့ သူတွေချည်းပဲ။ ရေခပ်တော့လည်း အသင်းလိုက် ခပ်ကြရတယ်။ ရေတွင်းကနေ သွားခပ်ရတာ။ အဲဒီရေတွင်းကနေ ဆက်သွားရင် ကျောင်းဈေးတန်းရှိတယ်။ အဲဒီကနေ ဆက်သွားရင် မြို့နယ်ပညာရေးမှူးရုံးကို ရောက်သွားရော။ 

ဆယ်တန်းရောက်တော့ ကျွန်တှောတို့ အတန်းမှာ နာမည်ကြီး ဝိုင်းနှစ်ဝိုင်းရှိတယ်။ တစ်ဝိုင်းက ကျားညိတို့အိမ်ကဝိုင်း၊ နောက်တစ်ဝိုင်းက Sunflower ခေါင်နောတို့ အိမ်ကဝိုင်း။ သူတို့ နှစ်ဝိုင်းစလုံးက စာတှောသူတွေချည်းပဲ စုနေတာမို့ အခြားသူတွေကိုလည်း လက်ခံတာ မဟုတ်ဘူး။ ဈေးကလည်း ကြီးသေးတယ်။ ပထမ ကျွန်တှော့မှာ သူတို့နဲ့လည်း သိပ်မခင်သေးတာမို့ ဘယ်ဝိုင်းကိုမှ မတက်နိုင်ခဲ့ဘူး။ ကျောင်းမှာတော့ စာစီစာကုံး ပြိုင်ပွဲတွေ အမြဲဝင်ပြိုင်ဖြစ်တယ်။ ကျောင်းမှာဆို ပထမ၊ မြို့နယ်ရောက်ရင် အထက(၁)က ခိုင်သက်အောင်က ပထမ ရရသွားတာနဲ့ ကျွန်တှော ပြုတ်သွားတာပဲ။ ကြာတော့ သူပဲရနေလို့ သံသယတောင် ဖြစ်လာတယ်။ ဘက်လိုက်တယ်ပေါ့။ နောက်ပိုင်း သူနဲ့လည်း တှောတှော ရင်းနှီးသွားတယ်။ သူက ခေါင်နောတို့ဝိုင်းမှာ တက်တယ်။ အထက(၁)မှာ သိတာဆိုလို့ သူတစ်ယောက်ပဲ ရှိတယ်။ သူ့အိမ်နဲ့ ကျွန်တှော့အိမ်က နီးတာကြောင့်လည်း ပါတယ်။ သူတို့က မြို့တှောခန်းမ ရှေ့ကတိုက်၊ ကျွန်တှောက သီတာ ဆက်သွယ်ရေးရုံး ထဲမှာဆိုတော့။ ဆယ်တန်း နှစ်ဝက်လောက်မှာ သူရန်ကုန်မှာ သွားဖြေဖို့ ပြောင်းသွားတယ်။ သူထွက်သွားတော့မှပဲ ကျွန်တှော့မှာ မြို့နယ်ပထမ ဖြစ်လာတော့တယ်။ ရန်ကုန်မှာ ဆုတွေဘာတွေ သွားယူလိုက်ရသေးတယ်။ ဒီလိုနဲ့ ဝိုင်းတွေတက်ဖို့ အဆင်မပြေသေးခင်မှာ ဆရာတွေသင်တဲ့ တချို့ အချိန်ပိုင်း Class တွေကို လိုက်တက်ရတယ်။ အမှတ်တရ တစ်ခုကတော့ သခဿငျာဆရာ ဦးဝင်းစိန်ဆီမှာ စာမေးပွဲငါးခုဖြေတာ အမှတ် ၄၉၅ကျှော ရလို့လား မသိဘူး နာရီတစ်လုံးရတယ်။ နောက်ပိုင်း ဈေးနားက နန်းမြအေးတို့ အိမ်မှာ ဝိုင်းပုံစံ တက်လိုက်သေးတယ်။ ခဏပါပဲ။ အဲဒီနောက်ပိုင်းကျမှ ကျားညိတို့ဝိုင်းကို ရောက်တော့တယ်။ သူ့မိဘတွေနဲ့ ကျွန်တှော့ဦးလေးနဲ့က သူငယ်ချင်းတွေတဲ့။ ဒီဝိုင်းကိုရောက်မှ အခုသူငယ်ချင်းတွေနဲ့ အရမ်းခင်သွားကြတော့တယ်။ 

အဟောက်က ဝီရိယ အရမ်းကောင်းတယ်။ ကျောင်းမှာဆို အချိန်ရှိသရွေ့ အှောကြီးဟစ်ကျယ် စာကျက် နေတတ်တယ်။ ဒီကောင်က သဘောကောင်းတယ် ဒါပေမယ့် ပေပေတေတေ နေတဲ့ကောင်။ စကားပြောချင်ရင်လည်း စိတ်လိုလက်ရတွေ လာပြောနေတတ်တယ်။ တခါတလေ ကိုယ်ကပြန်ပြောရင် မသိသလို လုပ်နေတတ်သေးတယ်။ Family ဆိုတဲ့ စာရေးကိရိယာဆိုင် ဖွင့်ထားတယ်။ သူ့အိမ်မှာ စာမေးပွဲ ဖြေခါနီး စာသွားကျက်တော့ သူ့မားသားကြီးက တရုတ်အားတိုးဆေးလုံးကြီး တိုက်လိုက်လို့ တမေ့မော အိပ်ပျှောသွားတာ မှတ်မိသေးတယ်။ ယဉ်ထွန်းက စာသိပ်တှောတယ်။ မှတ်ဉာဏ်လည်း ကောင်းတယ်။ ဒီကောင်နဲ့ စာပြိုင်ဆိုရင် ကျွန်တှော ပြတ်ကျန်ခဲ့တာချည်းပဲ။ လျှာကလည်း မြန်သလားမမေးနဲ့။ တွတ်တွတ်တွတ်တွတ်နဲ့ တရစပ် ပြန်ဆိုနိုင်တာ။ သခဿငျာတွက်ရင်လည်း အဲဒီလိုပဲ ပါးစပ်ကနေ အရင်တွက်သွားလိုက်တာ မြန်မှမြန်။ ဒီကောင်က အသံကောင်းတယ်။ အဲဒီဝိုင်းမှာ ရှောက်ချမ်းဆိုတာ တစ်ကောင် ရှိသေးတယ်။ သူနဲ့ကတော့ ကျွန်တှောတို့ သိပ်အဖွဲ့မကျလိုက်ဘူး။ ဒီကောင်လည်း အသံကောင်းတာပဲ။ လေးဖြူတို့လို အသံမျိုး။ အဲဒီတုန်းက လေးဖြူရဲ့ ကမဿဘာသစ်တေး၊ မျိုးကြီးရဲ့ ကျောက်စာများနဲ့ ကျွန်တှောက ဂစ်တာတီး ယဉ်ထွန်းကအှောနဲ့ တှောတှောပျှောဖို့ကောင်းတယ်။ ကျှောလှက ကျွန်တှော့ရဲ့ တရုတ်ဘာသာဆရာ။ သူက ကျွန်တှော့ကို တရုတ်စာရေးနည်း အသံထွက်တွေ သင်ပေးဖူးတယ်။ ဒီကောင်က ကျွန်တှောတို့ အခန်းကတော့ မဟုတ်ဘူး။ ဒါပေမယ့် ယဉ်ထွန်းတို့နဲ့ ပတ်သတ်ပြီး တှောတှောခင်သွားကြတာ။ ကျှောကျှောထွန်းရဲ့ တရုတ်နာမည်က အားနုံတဲ့။ ကျွန်တှောတို့က ဦးနုံပဲ ခှေါတယ်။ ထူအအ ပုံစံပေါက်နေလို့။ တကယ်တမ်းက သူလည်း စာသိပ်တှောတယ်။ ယဉ်ထွန်းလိုပဲ။ ဒီကောင်က အားလုံးထက် ပိုငြိမ်တယ်။ ကျွန်တှောတို့ ညဘက်တွေ သောင်းကျန်းကြပြီဆို သူမပါတတ်ဘူး။ ဒီကောင်လည်း စာပဲလုပ်နေတော့ အဲဒီကတည်းက ဘိုးတှောရုပ် ထွက်နေတယ်။ အခုတော့ မနဿတလေး ဆေးတကဿကသိုလ်မှာ သမီးလေးတွေရဲ့ ဆရာလုပ်နေလေရဲ့။ ထွေးအောင်ဆိုတဲ့ အားနိမ့်နဲ့က ဆယ်တန်းမှခင်တာ။ ဒီကောင်ကမင်းသား။ Heskey ဆိုတဲ့ ဆိုင်ကယ်ကြီးစီးပြီး ကောင်မလေးတွေကို ဖမ်းစားတတ်တယ်။ ဒါပေမယ့် အချစ်ရေး ကံမကောင်းဘူး ဘာညာနဲ့ ကျွန်တှော့ကို ပြောဖူးသလားပဲ သေချာတော့ မှတ်မိတော့ဘူး (ဟိ)။

ဆယ်တန်းနှစ်မှာ ကျွန်တှောနဲ့ အတွဲဆုံးက မြင့်ဆွေ။ မြင့်ဆွေတို့ဝိုင်းက ကောင်မလေးတွေ ချောလို့တဲ့ နာမည်ကြီးတယ်ဗျား။ ဒီကောင်ကလွဲပြီး ကျန်တဲ့သူတွေနဲ့ သိပ်မခင်ပါဘူး။ ဒီကောင်က စာထက် အတွေးအခှေါပိုင်းမှာ ပိုသန်တယ်။ အလုပ်လည်း ကြိုးစားတယ်။ သူတို့က အရင် ဈေးမြောက်ဘက်မှာ အိုးတွေ ရောင်းတယ်။ သမာဓိနဲ့ ကပ်လျက်ပဲ။ ကျွန်တှောနဲ့ ဒီကောင်နဲ့တွေ့ရင် ကြီးကြီးကျယ်ကျယ်တွေ စကြာဝဠာကစလို့ ပြောဖြစ်ကြတယ်။ ဒီကောင့် တရုတ်နာမည်က သာဖိန့်တဲ့။ ဒါပေမယ့် သူက သူ့ကိုယ်သူ ဂျွန်လော့ဒ်ကို အားကျပြီး ဂျွန်ဖိန့်လို့ ပြောတတ်တယ်။ ဒီကောင်ကအခု ထိုင်ဝမ်မှာ ကျောင်းမပြီးသေးဘူးနဲ့တူတယ်။ သူရအောင်ဦး ဆိုတဲ့ အားတီက မြင့်ဆွေနဲ့ ပတ်သတ်ပြီး ခင်လာတာ။ ဒီကောင်က အရင် ဆီလုပ်ငန်းလုပ်တယ်။ သူလည်း မင်းသားပဲ။ အခုတော့ အိမ်ထောင်ကျပြီး အီလက်ထရောနစ် ပစဿစည်းတွေကိုင်နေလေရဲ့။ သူ့မိန်းမကို ကျွန်တှောတို့က အပျိုကြီးလို့ခှေါတာ မှတ်မိတယ်။ ကျှောလှတို့အိမ်နားက စတိုးဆိုင်က။ နာမည်တော့ သိပ်မမှတ်မိတော့ဘူး။ စောစိုးနေဝါးဆိုတာ ကျွန်တှောတို့ ကျောင်းတက်တုန်းက သူ့အဖေက ကချင်ပြည်နယ် ရဲမှူးကြီး။ ဒီကောင်ကလည်း တခါတလေ အူကြောင်ကြောင်။ ကျွန်တှောထင်တယ်။ ကျွန်တှောတို့ သူငယ်ချင်းတွေထဲမှာ ကျွန်တှောရယ် ဒီကောင်ရယ် အဲဒီတုန်းက အညံ့ဆုံးပဲ။ ဒီကောင့်မှာ အမတစ်ယောက် ညီမတစ်ယောက်၊ အကိုတစ်ယောက် ရှိတယ်။ အားလုံး ချောကြတယ်။ ဒါပေမယ့် ဒီကောင်က ကျန်တဲ့ ကျွန်တှော့သူငယ်ချင်းတွေနဲ့ သိပ်မခင်ဘူး။ တွဲဖြစ်တာက ကျွန်တှောရယ်၊ မြင့်ဆွေရယ် နှစ်ယောက်ပဲ ရှိတယ်။ အားယုံနာမည်က အောင်နိုင်မြင့်။ သူတို့ဆိုင်က မြစ်ကြီးနားဈေး အနောက်မြောက်ထောင့်မှာ။ နာမည်ကြီးပဲ။ သူနဲ့ အားနိမ့်နဲ့က အတွဲညီတယ်။ လုပ်ပုံကိုင်ပုံတွေ တူကြတယ်။ 

မိန်းခလေးတွေထဲက ကျားညိ၊ အကျားနဲ့ ပြုံးချိုက ပုံစံတူတယ်။ သူတို့ကို ကြည့်လိုက်တိုင်း သနပ်ခါး ဘဲကြားလေးတွေနဲ့။ စကားလည်း နည်းကြတယ်။ စာမှာတော့ ဆရာကြီးတွေပေါ့။ အတူးက သူတို့နဲ့ သိပ်မတူဘူး။ သူက သွက်တယ်။ ကျောင်းမှာ စတားပေါ့။ ကျားညိက မနဿတလေးဆေးကနေ ဒေါက်တာဖြစ်နေပြီ။ ဒီအလုပ်နဲ့ သူနဲ့က လိုက်ပါတယ်။ သူက အေးလည်းအေးတယ်။ စာလည်းတှောတယ်ဆိုတော့။ အကျားက MIT ကနေ စကဿငာပူ NTU မှာဘွဲ့လွန်တွေတက်ပြီး အခုတော့ ထောနေပြီ ကြားတယ်။ ကျွန်တှောနဲ့သူနဲ့ စကဿငာပူမှာ တစ်ခါပဲ ကောင်းကောင်း ဆုံလိုက်တယ်။ ခင်ခင်ထွေးလည်း အဲဒီမှာပဲ။ အတူးက မနဿတလေးကနေ Pharmacy နဲ့ကျောင်းပြီးတယ်။ အခုတော့ ဒီဇင်ဘာမှာ ဘာလုပ်မယ် ဆိုလားပဲ။ မိစံက ဖြူမိစံကနေ ဖြူမင်းစံလို့ နာမည်ပြောင်းလိုက်တယ်။ ကျောင်းတုန်းက သူနဲ့ အဲဒီလောက် မခင်ဘူး။ သူလည်း ၁ဝတန်းမှာ ရန်ကုန်ကို ပြောင်းသွားတာ။ ဒါပေမယ့် ခင်သာမခင်တယ် သူ့နာမည်က အမြဲကြားနေရတာမို့ (?) လူချင်း သေချာမခင်သေးခင် ကတည်းက ရင်းနှီးနေတာ။ ၁ဝတန်းပြီးတော့ သူတို့ မြစ်ကြီးနား လာလည်တော့မှ ကျွန်တှောတို့ တှောတှော ခင်သွားကြတော့တယ်။ သူလည်း ထိုင်ဝမ်သွားလိုက်သေးတယ်။ အခုတော့ စကဿငာပူမှာ အခြေကျနေပြီပေါ့။ ပြုံးချိုက နာမည်နဲ့လိုက်အောင် အမြဲပြုံးနေတတ်တယ်။ ကျွန်တှော စကဿငာပူမှာတုန်းက သူဓာတ်လိုက်ခံရတဲ့သတင်း ကြားလိုက်ရတော့ စိတ်တှောတှောမကောင်း ဖြစ်သွားတယ်။ မဟာဓာတ်အားလိုင်းကြီး ကိုယ်ပှေါကို ဖြတ်စီးတာ ကံကောင်းလို့ မသေဘဲ လွတ်သွားတဲ့သူပေါ့။ 

ကျွန်တှောတို့ ဝိုင်းတက်တာ သိပ်ပျှောဖို့ကောင်းတယ်။ စာသင်ပြီးရင် ကျွန်တှောတို့တွေ အုပ်စုလိုက် မြို့သစ်ထဲက အသုတ်ဆိုင်လေးမှာ အမြဲသွားတီးကြတယ်။ တခါတလေလည်း လီဒိုလမ်းတလျောက် ဆိုင်ကယ်တွေ ပတ်စီးကြပေါ့။ တခါတလေလည်း ကာရာအိုကေတွေ သွားဆိုကြသေးတယ်။ အောင်စာရင်းတွေ ထွက်တော့ ကျွန်တှော မြစ်ကြီးနား တက်လာတဲ့အချိန်မှာ ဗလမင်းထင် တံတားကလည်း ပြီးနေပြီ။ ဆိုင်ကယ်တွေနဲ့ တရုတ်တောင်ဘက်ကို သွားလည်ကြတာ ကျွန်တှော့ ဘဝမှာ သူငယ်ချင်းတွေနဲ့ ပျှောစရာအကောင်းဆုံး အမှတ်တရ တစ်ခုပါပဲ။ ဒါမျိုးဟာ နောက်တစ်ခါ ပြန်မရနိုင်တော့ဘူးလေ။ ဒီလူတွေအားလုံး ပြန်စုံဖို့ ဆိုတာလည်း မလွယ်တော့ဘူး။ တရုတ်သခဿငျိုင်း  ကန်တော့ပွဲမှာ သောက်ကြစားကြတာတွေလည်း ပြန်သတိရနေမိတယ်။ ဟိုးအရင်က ဆုတောင်းပြည့် ဘုရားရှေ့က လမ်းကြားလေးဟာ အခုဆို Lover Lane ဆိုပြီး နာမည်ကြီးနေပြီ။ ဧရာဝတီမြစ်တလျောက် ဆိုင်လေးတွေနဲ့ အတွဲတွေနဲ့ သာယာလို့နေတယ်။ အရင်ကျွန်တှောတို့ သွားတုန်းက တကဿကသိုလ်ရှေ့က ကျောက်ခင်းလမ်းကြီးလည်း အခုတော့ နိုင်လွန်ကတဿတရာတွေနဲ့ ဖြူးလို့။ ရေစင်ကြီးမှာတော့ ပျားအုံကြီးတွေ ရှိနေတုန်းပဲ။ အရင် ဘူတာတိုက်တန်းတွေ နေရာမှာ စတိုးဆိုင်တွေနဲ့ စည်ကားနေပြီ။ ညဈေးက ကြက်ဥကဇှောကလည်း သောက်လို့ ကောင်းတုန်းပဲ။ ဒါပေမယ့် ညဈေးက အကဿငျီဈေးတန်းကြီးလို ဖြစ်နေပြီ။ ညနေခင်းဆို နနွင်းတက်နံ့လေးတွေ၊ မီးခိုးနံ့လေးတွေကတော့ ရနေတုန်းပဲ။ ဟိုးတုန်းက ကျွန်တှော စားနေကျ ညီအမသုံးယောက်ရဲ့ အသုတ်ဆိုင်ကိုတော့ မတွေ့တော့ဘူး။ 

ဒီတစ်ခေါက် ၁ဝနှစ်ကျှောအကြာမှာ ကျွန်တှော မြစ်ကြီးနားကို ပြန်သွားတော့ လူတွေ မစုံတော့ဘူး။ ကိုယ့်အလုပ်တွေနဲ့ကိုယ်လည်း ဖြစ်နေကြပြီ။ သူငယ်ချင်းဟောင်းတွေနဲ့ ကိုယ့်မြို့လေးမှာ ပြန်တွေ့တာ ဝမ်းသာမိပေမယ့် အရင်ကလို ကလေးဘဝ ပျှောရွှင်မှုတွေကိုတော့ မရနိုင်တော့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တှော့ရဲ့ သူငယ်ချင်းတွေအားလုံး ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ၊ စီးပွားရေးသမားတွေ ဖြစ်ပြီး အောင်မြင်နေကြတာကို ကျွန်တှော ဂုဏ်ယူမိပါတယ်။ ကျွန်တှောကတော့ သူတို့တွေကို ဒီနေရာကနေပဲ အမှတ်တရ မှတ်တမ်းတင်နိုင်သူပေါ့။ 




JNLS




မနဿတလေးမှ ကိုဂျေအယ်ကြီး၏ သူငယ်ချင်း၊ အဆိုတှော ဂျေမောင်မောင်၊ ဂျေညီညီ၊ ဂျေညီမလေးတို့နှင့် မည်သို့မျှ မသက်ဆိုင်သော ရန်ကုန်မှ JNLS. (ဆံပင်အတုကို မာမီသခင်ကြီးထံမှ ငှားလိုက်သည်) ခွိခွိ

မြစ်ကြီးနားက သူငယ်ချင်းတွေ

Free Image Hosting at www.ImageShack.us

NLS, Kyaw Hla, Htwe Aung, Kyar Nyi, Tin Tin Aye

Ps: esp for bobo :)

Thursday, October 30, 2008

မြစ်ကြီးနားခရီး (၁)

မြစ်ကြီးနားခရီး (၁)


အမှန်ကတော့ ကျွန်တှော့မှာ မြစ်ကြီးနားကိုသွားဖို့ အစီအစဉ် မရှိခဲ့ဘူး။ အဓိက အကြောင်းရင်းကတော့ ပိုက်ဆံ မရှိလို့ပါပဲ။ မရောက်တာ ၁ဝနှစ်ကျှော ကြာပြီဖြစ်တဲ့ ကျွန်တှောချစ်တဲ့ ဒေသလေးကို ပြန်သွားချင်စိတ်ကတော့ ပှေါနေတာ တှောတှောကြာပါပြီ။ ဒီလိုနဲ့ တစ်နေ့ကျတော့ သွားဖို့ အကြောင်းက ဖန်လာတယ်။ UNDP ရဲ့ HDI ပရောဂျတ်တွေကို စစ်တမ်းကောက်ပေးတဲ့ အဖွဲ့တစ်ခုက ကျွန်တှော့ကို အဲဒီကို လိုက်ဖို့ ခှေါတယ်။ ခရီးစရိတ်ဘာညာ အကုန်အကျအကုန် ခံမယ်လို့ ဆိုတယ်။ အားကလည်းနာ၊ ကိုယ်ကလည်း သွားချင်ဆိုတော့ လိုက်သွားဖြစ်ခဲ့တာ။ ညနေ ငါးနာရီ ကားထွက်မယ်ဆိုတာ ၄နာရီမှ အသဲအသန် အဝတ်အစားတွေ ပြင်ရတာ။ ကျွန်တှောရယ် ယောသားရယ် နှစ်ယောက်လိုက်သွားကြတယ်။ အိတ်ထဲမှာ တစ်သောင်းကျှောကျှောလေးပဲ ပါတယ်။ 

တကယ်တမ်း ကျွန်တှောသူများ ပိုက်ဆံကို သုံးရတာ အရမ်းအားနာတယ်။ ပြီးတော့ ကိုယ်က သူများ ပိုက်ဆံကို သုံးတဲ့အခါ ကန့်သတ်မှုတွေ ထားရတယ်။ အဲဒီအခါ စိတ်က မလွတ်လပ်ဘူး။ ဒါကြောင့် အိမ်ကို ပိုက်ဆံလှမ်းတောင်းပါတယ်။ အလုပ်မလုပ်ဘဲ ခရီးတွေ လျှောက်သွားနေတဲ့ ကျွန်တှော အိမ်ကို တောင်းရတာလည်း တှောတှောတော့ မျက်နှာပူတယ်။ ဒါကြောင့် အလုပ်နဲ့ သွားတာ ဆိုပြီး နဲနဲ မုသားဖြူလေးနဲ့ လိမ်လိုက်တယ်။ ဟုတ်တယ်လေ ခရီးသွားပြီး Observation လုပ်တာက ကျွန်တှော ဝါသနာပါတဲ့ အလုပ်ပဲကိုး။ ဒီတော့ အိမ်က ပိုက်ဆံ တစ်သိန်းခွဲ လွှဲပေးလိုက်တယ်။ 

မနဿတလေးမှာ ကျွန်တှောတို့အဖွဲ့ တည်းရမယ့် နေရာက ဘုရားကြီးနားက ဘုန်းကြီးကျောင်းတစ်ခု။ ကျွန်တှောက အဲဒီညမှာ ဘီယာသောက်ဖို့က သေချာသလောက် ရှိနေတာမို့ ဘုန်းကြီးကျောင်းမှာ မအိပ်ဘဲ သူငယ်ချင်းတစ်ယောက် အိမ်မှာ အိပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ညကျတော့ ကိုဂျေရယ်၊ ကျွန်တှောရယ်၊ ပုဃံနတ်လေးရယ်၊ မျိုးကျှောထွန်းရယ် ဆုံဖြစ်ကြတယ်။ 74လမ်းက Beer House မှာ။ စကားတွေပြောကြ စကြနောက်ကြပေါ့။ ၁၂နာရီလောက်မှ စခန်းသိမ်းသွားတယ်။ နဲနဲမူးတယ်။ ဒါတွေကိုသိလို့ ကျွန်တှော ဘုန်းကြီးကျောင်း ပြန်မအိပ်တာ။ အရက်သောက်ပြီး ကျောင်းပှေါတော့ မတက်ချင်ဘူးလေ။ 

မြစ်ကြီးနားရထားက ၅နာရီထွက်တယ်။ ဒုတိယအမြန် ရိုးရိုးတန်းပဲရတယ်။ တကယ်ဆို ကျွန်တှော ရိုးရိုးတန်းကို တှောတှော စိတ်ပျက်တာ။ အဲဒီအတန်းအကြောင်းကို ကောင်းကောင်းကြီး သိထားတယ်။ ဒါပေမယ့်လည်း ဘယ်တတ်နိုင်မလဲ။ သွားပေါ့။ ခရီးလမ်းတစ်လျောက်က ရထားစီး အတွေ့အကြုံတွေကိုတော့ ဒီနေရာမှာ ရေးထားတာမို့ ထပ်မရေးတော့ပါဘူး။ ရထားပှေါမှာ ယောသားက တှောတှောမူးနေတယ်။ သောက်တာကိုး။ မူးနေတာ ဘာမှ မဖြစ်ဘူး ယစ်တာက ဆိုးတယ်။ ဒီကောင်ယစ်ရင် စကားတှောတှောများတယ်။ နောက်တော့ ဒီကောင့်ကို အတင်းအိပ်ခိုင်းလိုက်တယ်။ ကျွန်တှောက မသောက်ဘူး။ ဒီအဖွဲ့ထဲက တှောတှောများများက ကျွန်တှောနဲ့ သိပ်ရင်းနှီးတာ မဟုတ်သေးလို့ သတိထားရတယ်။ ကိုယ့်ကြောင့် သူများ စိတ်အနှောက်အယှက် မဖြစ်စေချင်တာလည်း ပါတယ်။ ရင်းနှီးတဲ့သူတွေ မဖြစ်သေးတဲ့ အချိန်မှာ စိတ်ကို အရှိအတိုင်း လွှတ်မပေးရဘူး၊ အရာရာ သတိထားရမယ်လို့ ကျွန်တှော ယုံကြည်တယ်။ ဒါကြောင့် ကျွန်တှော မသောက်ပါ။ 

ဒီလိုနဲ့ ရထားအကြာကြီး စီးလိုက်တော့မှ ကျွန်တှောတို့ တှောတှောရင်းနှီးသွားကြတယ်။ ကိုဆင်၊ ကိုထွန်း၊ ကိုကြည်၊ ကိုအုတ်၊ ကိုငယ်၊ မအိ၊ မခိုင်၊ မမိုး၊ မနီ အားလုံးက ခင်ဖို့ကောင်းကြပါတယ်။ လမ်းမှာ ထမင်းတွေ ဝယ်စားလိုက်၊ မုန့်တွေ ဝယ်စားလိုက်နဲ့ ပိုက်ဆံကလည်း တအိအိ ကုန်လာတယ်။ မြစ်ကြီးနားကိုရောက်တော့ ည၁ဝနာရီ ထိုးပြီ။ တည်းခိုခန်းဟာ တှောတှောစုတ်တယ်။ ကျွန်တှော ခရီးသွားရင် တဘက်တွေ၊ ဆပ်ပြာတွေ ထည့်မသွားတတ်တော့ ဟိုရောက်မှ အကုန် ဝယ်ရရော။ အခန်းထဲမှာ ထွန်းထားတဲ့မီးက လက်သန်းလောက်လေး၊ အဲဒါကို ည၁၁နာရီထိုးရင် ပိတ်သေးတယ် စဉ်းစားသာ ကြည့်တော့။ သရဲခြောက်လို့တဲ့ အဖွဲ့သားတွေ ကြောက်နေကြတယ်။ ယောသားကြီးဆိုတာ ပြောစရာတောင် မရှိတော့ဘူး။ အိမ်သာသွားရင်တောင် လိုက်စောင့်ပေးနေရတယ်။ 

နောက်တစ်နေ့ မနက်ကျတော့ ကျွန်တှောနဲ့ ယောသားက မြို့ပှေါမှာ နေရစ်ခဲ့ပြီး သူငယ်ချင်းဟောင်းတွေနဲ့ တွေ့ဆုံပါတယ်။ အားတီရယ်၊ ကျှောလှရယ်၊ အားနိမ့်ရယ်၊ အတူးရယ်၊ ကျားညိရယ်။ ကျားညိက ဒေါက်တာဖြစ်နေပြီ။ ကျှောလှနဲ့ အားနိမ့်က ထိုင်ဝမ်မှာ ကျောင်းသွားတက်ပြီး အခုတော့ မြစ်ကြီးနားမှာပဲ ပြန်အလုပ်လုပ်ကြတယ်။ အားတီက အရင်ဆီလုပ်ငန်းကို ဖြုတ်ပြီး အီလက်ထရောနစ် ပစဿစည်းဆိုင် ဖွင့်ထားတယ်။ အောင်မြင်နေပြီ။ အတူးက ဒီဇင်ဘာ မဂဿငလာဆောင်မယ်။ အားယုံလည်း ဒီဇင်ဘာပဲတဲ့။ အဟောက်ဆိုတဲ့ Family စတိုးက ဘူဇွာကတော့ ကျွန်တှောတို့ သူငယ်ချင်းတွေထဲမှာ အစောဆုံး အိမ်ထောက်ကျတာပဲ။ ဒီကောင်နဲ့တော့ မတွေ့ခဲ့ဘူး။ ဖားကန့်မှာ ဒီဇယ်ဘူဇွာကြီး ဖြစ်နေတယ်ကြားတယ်။ အားတီဆီက ဆိုင်ကယ်ကို ယူပြီး နေ့လည်ဘက်ကျတော့ ကျွန်တှော နေခဲ့တဲ့ အထက(၃)ကို သွားတယ်။ ဆရာဆရာမတွေကို နှုတ်ဆက်တယ်။ ဒှေါသိန်းမြင့်အိမ်ကို သွားတယ်။ ဆရာမက ချှောလဲပြီး ခြေထောက် မကောင်းတော့ဘူး။ ချောစုစံနဲ့လည်း တွေ့သေးတယ်။ ညဘက် ညစာစားဖို့ ချိန်းကြတာ လွဲသွားတယ်။ ဒါနဲ့ ညဈေးမှာ ကြက်ဥကဇှောသောက်တယ်၊ အမဲသားလုံးစွပ်ပြုတ် သောက်တယ်။ စောစောအိပ်တယ်။

နောက်တစ်နေ့ကျတော့ ကျားညိနဲ့ အတူး လာရှာပြီး မုန့်သွားစားကြတယ်။ ပြီးတော့ ကျွန်တှော ကျားညိ ဆိုင်ကယ်နဲ့ အရင်က ကိုယ်သွားခဲ့ဖူးတဲ့ နေရာလေးတွေ လိုက်ကြည့်တယ်။ မြစ်ကြီးနားဟာ ၁ဝနှစ်အတွင်းမှာ ပြောင်းလဲသွားတယ်။ ရုပ်ဝတဿထုအနေနဲ့ အများကြီး မပြောင်းလဲပေမယ့် မြို့ဟာ အများကြီး စည်ကားလာတယ်။ လမ်းပှေါမှာ စိနတိုင်းက ဆိုင်ကယ်တွေ၊ စက်ဘီးတွေ၊ ကားတွေနဲ့ ဆူညံနေတယ်။ မြို့ထဲက အရင်တန်းလျားတွေ နေရာမှာ တိုက်ကြီးတွေ ဖြစ်လာတယ်။ စတိုးဆိုင်တွေ အများအပြား ဖြစ်လာတယ်။ တရုတ်က ခင်းပေးထားတဲ့ လမ်းတွေဟာ ရန်ကုန်ထက် အများကြီး သာတယ်။ မြစ်ကြီးနား တကဿကသိုလ်ဘက်က အရမ်းစည်ကားသွားတယ်။ တကဿကသိုလ် လာတက်တဲ့ သူတွေနဲ့ ဘှောဒါတွေနဲ့။ အရင်တုန်းက ကျောက်ခင်းလမ်းကြီးဟာ အခုဆို နိုင်လွန် ကတဿတရာဖြစ်သွားပြီး ဆိုင်ကယ်စီးရတာ တှောတှော အရသာရှိတယ်။ ဒါပေမယ့် မြစ်ကြီးနား တကဿကသိုလ်က ကျောင်းသူကျောင်းသားတွေ နာမည် မကောင်းကြဘူး။ မူးယစ်ဆေးဝါး၊ လိင်ကိစဿစတွေနဲ့ ပတ်သတ်နေတယ်လို့ ကြားရတယ်။ ကောင်းတဲ့လူတွေလည်း ရှိမှာပါပဲ။ လဘက်ရည်ဆိုင်မှာ ထိုင်နေတုန်း တရုတ်ပြည်နဲ့ ကားလမ်းပေါက်သွားတဲ့အတွက် ဒီဆယ်နှစ်အတွင်းမှာ မှောင်ခိုလုပ်ငန်းတွေ အရမ်း အောင်မြင်ခဲ့တယ်ဆိုတဲ့သတင်း ကြားရတယ်။ တရုတ် သစ်မုဆိုးတွေရဲ့ အံ့မခန်း အစွမ်းတွေကိုလည်း ကြားရပါပြန်တယ်။ အစိုးရ စစ်ဆေးရေးဂိတ်တွေ ပိတ်တဲ့အချိန်တွေမှာ သစ်တင်ကားတွေ အစီးရာနဲ့ချီ လာကြသတဲ့။ ပြီးရင် သစ်တွေတင်ပြီး ယာဉ်တန်းကြီးနဲ့ သယ်ကြတယ်။ တကယ်လို့များ ရှေ့ကကားတစ်စီးစီး ပျက်သွားရင် ပြင်မနေပါဘူးတဲ့။ ပြင်နေရင် ကျန်တဲ့ကားတွေပါ အဖမ်းခံရမှာ စိုးတာမို့ အဲဒီပျက်တဲ့ကားကို ချောက်ထဲတွန်းချလိုက်ကြတယ်။ ပြီးရင် ကားပှေါက သစ်တွေကို သယ်တယ်။ ဟိုဘက်ကိုရောက်ပြီး သစ်တွေချ၊ အားလုံးပြီးပြီဆိုမှ ခုနက ချောက်ထဲကကားကို လာဆယ်ကြတယ်တဲ့။ ကောလဟာလတွေလား အစစ်အမှန်သတင်းတွေလား ဆိုတာတော့ ကျွန်တှောလည်း သေချာမသိဘူး။ အဲဒီကလူတွေ ပြောနေကြတာပဲ။

ညရောက်တော့ ကျွန်တှောတို့ သူငယ်ချင်းတွေ မိတ်ဆုံစားပွဲ လုပ်ကြတယ်။ အားလုံး ဒီလို မတွေ့ရတာ ၁ဝနှစ်ကျှော ကြာခဲ့ပြီပေါ့။ ဘီယာတစ်ခွက်နှစ်ခွက်သောက်ပြီး ကျွန်တှောတို့ အနှိပ်ခန်းကို ချီတက်ကြတယ်။ အနှိပ်ခန်းဆိုလို့ တလွဲမတွေးပါနဲ့ဦး။ ရိုးရာအနှိပ်ခန်းပါ။ ခြေ၊လက်၊ နဖူး၊ တံတောင်၊ ဒူးတွေနဲ့ ထိုးနှက်တိုက်ခိုက်တဲ့ဒဏ်ကို ခံရအပြီးမှာတော့ ကျွန်တှောတို့ တည်းခိုခန်းကို ပြန်လာခဲ့တော့တယ်။ 



30.10.2008

မနေ့က ကွန်ပျူတာနဲ့ ဓာတ်ပုံလေးတွေ ပြင်နေရင်း အကြောဆန့်လိုက်တာ ဇက်ကြောဘာဖြစ်သွားတယ် မသိဘူး။ အုန်းလွဲသလိုလည်း မဟုတ်ဘူး။ ဇက်ကြောညပ်သွားတယ်။ အိပ်နေရင် ခေါင်းကို မလို့မရတော့ဘူး။ တောင့်တောင့်ကြီး ဖြစ်သွားတယ်။ ဗူးလေးရာ ဖရုံဆင့်၊ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ။ မျက်နှာသွားသစ်တော့ အောက်မှာ ချထားတဲ့ သံပြားချွန်ကို ခြေထောက်နဲ့ တည့်တည့်ကြီး သွားထိုးမိပြန်တယ်။ နာချက်ကတော့ ကမ်းကုန်။ ဒါနဲ့ ခြေထောက်လည်း တောင့်တောင့်ကြီး ဖြစ်သွားပြန်ရော။ ခြေထောက်တောင့်၊ ခေါင်းတောင့်နဲ့ အိပ်ယာဝင်တော့ မန်လည်ဆရာတှောကြီးရဲ့ ပဒုမ ပေါင်တိုကဗျာလေး သွားသတိရမိပြီး ရယ်နေမိတယ်။ တလွဲမတွေးကြပါနဲ့ဦး။ ကျွန်တှော့မယ် ဒဏ်ရာတွေကြောင့် ခါးပါတောင့်တောင့်ကြီး ဖြစ်သွားလို့ပါဗျား။


ခြေတောင့် ဇက်တောင့် ခါးပါတောင့်သည် 
တောင့်တောင့်သုံးတောင့် တောင့်တောင့်တောင့်



Wednesday, October 29, 2008

အဘကိုရထားစီးကြည့်စေချင်တယ်

အဘရေ


ဒီလထဲမှာ ကျွန်တှော ခရီးသွားဖြစ်လိုက်တာ မိုင်ပေါင်း ၅ဝဝဝကျှောလောက် ရှိတယ်။ ဟိုးငယ်ငယ်ကဆိုရင် ဒီလို ခရီးတွေ ထွက်ဖြစ်တဲ့အခါ ကျွန်တှော သိပ်ပျှောတယ်။ ဒါပေမယ့် အခုနောက်ပိုင်း ခရီးတစ်ခါထွက်တိုင်း ရင်မောမောနေတယ်။ ကျွန်တှော အခု နောက်ဆုံးပြန်လာတာ မြစ်ကြီးနားကပေါ့။ ရန္ကုန္ကေန မနဿတေလး၊ မနဿတေလးကေန မြစ်ကြီးနား သွားလိုက်ရတဲ့ခရီး၊ ကြာလိုက်တဲ့အချိန်။ ကြမ်းပိုးတွေကိုက်၊ လူတွေကြပ်ညပ်၊ ညစ်ပတ်စုတ်ပဲ့လွန်းတဲ့ ရထားပှေါမှာ တချိန်လုံး ကျွန်တှော အဘကို သတိရနေတယ်ဆိုရင် အဘယုံမလား။

စတာကတော့ မနဿတလေး ဘူတာမှာကတည်းကစတာ။ ကျွန်တှောတို့ အဖွဲ့က ၁၁ယောက်ရှိတယ်။ ထုံးစံအတိုင်း မြစ်ကြီးနားလက်မှတ် ဝယ်တော့ လက်မှတ်မရှိတော့ဘူးတဲ့။ တကယ်တော့ဒီအဖွဲ့က UNDP ပရောဂျတ်တစ်ခုအတွက် ဆာဗေးဆင်းတာ။ သက်ဆိုင်ရာ စာရွက်စာတမ်း၊ အထောက်အထား အကုန်လုံးပါတယ်။ ရက်က အကန့်အသတ် ရှိတာမို့ ကျွန်တှောတို့က မနဿတလေး ရောက်ကတည်းက ရထားလက်မှတ် ရဖို့ ကြိုးစားခဲ့တာ။ ရုံပိုင်နဲ့ ဝင်တွေ့တယ်။ အဖြေကတစ်မျိုးထဲပဲ။ လက်မှတ်ကုန်ပြီတဲ့။ ဒါနဲ့ စိတ်ပျက်လက်ပျက်ဖြစ်ပြီး ထုံးစံအတိုင်း မှောင်ခိုလက်မှတ် ရှာရတော့တယ်။ 

ပြောရရင်အဘရယ် ကျွန်တှောဆိုတဲ့ကောင်က အဲဒီလို မှောင်ခိုတွေ လာဘ်ပေးလာဘ်ယူတွေ လုံးဝမကြိုက်ဘူး။ ဒါဟာ သက်သက် လူတွေအပှေါမှာ ခေါင်းပုံဖြတ်နေတာလို့ ခံစားရတယ်။ ကိုယ်လည်း မလိုချင်သလို တစ်ပြားမှလည်း မပေးချင်ဘူး။ ဒါပေမယ့် ကျွန်တှောတို့ဆီမှာ အဲဒါတွေက သိပ်ခေတ်စားတယ်။ တစ်ခုခုလုပ်ချင်ရင် လက်သိပ်ထိုးငွေလေး မပေးသရွေ့ ဘာတစ်ခုမှ အဆင်မပြေဘူး။ ဘဏ်မှာ ငွေသွားသွင်းဦးမလား။ ကိုယ့်ပိုက်ဆံ ကိုယ်ပေးတာကို လက်ခံဖို့အရေး ပိုက်ဆံပေးရသေးတယ်ဆိုတာ ကြားလို့မှ မကောင်းဘူး။ ဆယ်သိန်းအထက်ဆိုရင် နှစ်ထောင်လောက် ပေးရတယ်။ သိန်းရာကျှောရင် ၅၀၀၀ လောက်ပေးရတယ်။ ဝန်ထမ်းတွေ တယ်လိမဿမာတယ်အဘ။ ဘယ်တော့မှ ဟေ့ ဒီလောက်ပေးရမယ်လို့ မတောင်းကြဘူး။ သူတို့ဘက်က စည်းစောင့်တယ်ပေါ့။ လာဘ်မတောင်းဘူးပေါ့။ ဒါပေမယ့် အကွက်တွေက ဒီလိုရှိတယ်။ ငွေလာသွင်းတဲ့သူတွေက အများကြီး။ သူတို့ ပိုက်ဆံရေနေတာကလည်း အကြာကြီး။ တစ်ခါတစ်လေ တစ်မနက်လုံး၊ တစ်ညနေလုံး စောင့်နေရတယ်။ အခုနပြောတဲ့ ကူးတို့ခလေး ထည့်မပေးဘူးဆိုရင် အဘငွေကို တှောတှောနဲ့ မရေတော့ဘူး။ စောင့်ပေတော့ပဲ။ အကွက်လေးက လှတယ်နှော။ ဒီတော့ မြန်ချင်ရင် ပိုက်ဆံပေးပဲ။ သူတို့ဘက်က မတောင်းပေမယ့် အဲဒီလိုကျတော့ ယူတယ်ဗျား။ ဒါပေမယ့် အခန့်မသင့်ရင် ကိုယ်က လာဘ်ပေးပါတယ်ဆိုပြီး တရားစွဲခံရနိုင်သေးတယ်။ ပြောရင်းနဲ့ ဘဏ်ကိစဿစရောက်သွားတယ်။ အဲဒီအကြောင်း နောက်မှ အဘကို ပြောပြဦးမယ်။ အခုတော့ ရထားအကြောင်း ဆက်ပြောပြမယ်။ 

ရုံပိုင်က မရှိတော့ဘူးဆိုတဲ့လက်မှတ်၊ လက်မှတ်အရောင်းက မရှိတော့ဘူးဆိုတဲ့လက်မှတ် မှောင်ခိုမှာ ရတယ်ဗျား။ အံ့ဩစရာ မကောင်းဘူးလား။ ဒါပေမယ့် တန်ဖိုးက နှစ်ဆပေးရတယ်။ စိတ်ထဲမယ် ကလိကလိနဲ့ မီးကိုပုံရှို့ပစ်လိုက်ချင်တော့တယ် (လက်မှတ်ကိုပြောတာ)။ ကံဆိုးချင်တော့ အဘမြေးတွေ ရိုးရိုးတန်းပဲ ရတယ်။ ဒီခရီးကို ကျွန်တှောသွားဖူးတော့ ရိုးရိုးတန်းက သိပ်ဆိုးတယ်ဆိုတာ ကျွန်တှော သိတာပေါ့ အဘရယ်။ ဒါပေမယ့်လည်း ဘယ်တတ်နိုင်ပါ့မလဲ။ အထက်တန်း လက်မှတ် တစ်စောင် နှစ်စောင်တော့ ဗွီအိုင်ပီတွေ Cancel ဖြစ်ရင် ရမယ်တဲ့။ ကျွန်တှောက ဗွီအိုင်ပီ ဆိုတာကို သိပ်နားမလည်ဘူး။ ကျွန်တှော သွားခဲ့တဲ့ နိုင်ငံတှောတှောများများမှာလည်း အဲဒါမျိုး သိပ်မတွေ့ရဘူးကိုး။ ထားပါတော့။ အဖွဲ့က လူတွေက ပြောပါတယ်။ ကျွန်တှော့အတွက် အထက်တန်းလက်မှတ် ဝယ်ပေးပါမယ်တဲ့။ ဒါမျိုးတော့လည်း ကျွန်တှောက မဖြစ်ချင်ဘူး။ အဖွဲ့လိုက် သွားနေတာ ကိုယ်တစ်ယောက်တည်း သုခ မခံစားချင်ပါဘူး။ ခံတော့လည်း အတူတူပေါ့။ ဒါနဲ့ မနဿတလေး-မြစ်ကြီးနား ဒုတိယအမြန် ရထားကြီးနဲ့ ညနေ ၅နာရီမှာ ကျွန်တှောတို့ မြိန့်မြိန့်ကြီး ထွက်လာခဲ့ကြတယ်။

စပါပြီ ဇာတ်လမ်းက။ ကျွန်တှောတို့ တွဲပှေါမှာ ခြေချစရာ နေရာတောင် မရှိဘူး လူတွေ တင်ထားလိုက်တာ။ လူတွေတင်ပဲလား ဆိုတော့လည်း မဟုတ်ပြန်ဘူး။ ဘယ်က အထုတ်တွေမှန်းလည်း မသိဘူး။ ကိုယ့်ထိုင်ခုံအောက် ရောက်နေသေးတယ်။ လူတချို့က မတ်တပ်ရပ်လိုက်ကြတယ်။ တချို့က ကျွန်တှောတို့ ခြေရင်းကြမ်းခင်းမှာ အိပ်လိုအိပ်၊ ထိုင်လိုထိုင်၊ တချို့က ကိုယ့်ခေါင်းပှေါမှာ။ လက်မှတ်စစ်တွေ လာတယ်ဗျား။ တစ်ယောက်မှ အဖမ်းမခံရဘူး။ ကဲ အံဩစရာ မကောင်းဘူးလား။ တွဲထိန်းတွေ လက်မှတ်စစ်တွေက ဪငါတို့ လူမျိုးတွေ ခရီးသွားလာဖို့ ဒုကဿခရောက်နေတယ်။ လက်မှတ်မရလို့ ဒီလိုလိုက်လာရတာပဲ သနားစရာ ကောင်းလိုက်တာဆိုပြီး မဟာ ကရုဏာ တရားနဲ့ ခွင့်လွှတ်ပေးလိုက်တာလည်း ဖြစ်နိုင်တာပဲ။ ကျွန်တှောကတော့ အဲဒီလိုပဲ တွေးလိုက်ပါတယ်။ လူတွေကြပ်ညပ်နေတဲ့ ကျွန်တှောမမြင်ရတဲ့ ဟိုဘက်အခြမ်းမှာ ဟေ့ဒီလောက် အများကြီးကို ဒီလောက်နဲ့ ရမလား ဆိုတဲ့ အသံလည်း ကြားလိုက်ရသေးတယ်။ ပြီးတော့ ကျွန်တှောက လက်မှတ်စစ် မဟုတ်ဘူး၊ တွဲထိန်း အဲဒီတော့ ပေးဦး ဆိုတာ ကြားရပြန်တယ်။ ဖြစ်နိုင်တာကတော့ မှတ်ပုံတင်တောင်းကြည့်တာပဲ ဖြစ်လိမ့်မယ်။ ကျွန်တှောတို့ ယူထားတာက ၁၂ခုံ။ တစ်ခုံမှာ ၂ယောက် ထိုင်ရတယ်။ ရထားခုံက နဲနဲကျယ်တာမို့ ကြပ်ညပ် မတ်တပ်ရပ်နေတဲ့ တချို့လူတွေကို ကျွန်တှောတို့ ခုံတွေမှာ ခှေါထိုင်ပါတယ်။ ဒီလိုနဲ့ ကျွန်တှောတို့တောင် ထိုင်စရာခုံ ပျောက်မလို ဖြစ်လာတယ်။ 

ရထားတစ်ဘူတာ ရပ်လိုက်တိုင်း လူတွေက လျော့သွားတယ် မရှိဘူး။ တိုးလို့သာလာတယ်။ ခေါင်းဝင်ကိုယ်ဆံ့ဆိုတဲ့ စကားဟာ တှောတှောလေး မှန်ပါလားလို့ သိလိုက်တယ်။ လူပေါင်းစုံက ထွက်လာတဲ့ အနံ့မျိုးစုံ၊ ပစဿစည်းတွေက ထွက်လာတဲ့ အနံ့မျိုးစုံနဲ့ ကျွန်တှော ခေါင်းတောင် မူးလာတယ်။ ကျွန်တှော့မှာ အဲဒီလို လူနံ့ ဆိုက်ကိုရှိတာ ရင်းနှီးတဲ့ သူငယ်ချင်းတွေ သိကြတယ်။ ဒါပေမယ့် ဘယ်တတ်နိုင်ပါ့မလဲ။ ဝက်ဖြစ်မှတော့ မစင်ကြောက်နေလို့ မရတော့ဘူးလေ။ ဒီလိုနဲ့ အောင့်အည်း နေလာလိုက်တာ ကိုယ်ခနဿဓာထဲ ယားကျိယားကျိ ဖြစ်လာတော့မှ ဘာဖြစ်တာလဲဆိုပြီး ဟိုဟိုဒီဒီ လိုက်ကြည့်မိတယ်။ လားလား ရာပေါင်းများစွာ၊ ထောင်ပေါင်းများစွာသော ကြမ်းပိုးတွေ ကျွန်တှော ထိုင်နေတဲ့ ခုံအောက်နဲ့ နောက်မှီထဲက ခုံကြားတွေထဲမှာ။ အဲဒီ မြင်ကွင်းဟာ ကျွန်တှော့အတွက် ရှော့(ခ်)ပါပဲ။ ကြက်သီးတွေ တဖြန်းဖြန်းထလာတယ်။ ကြမ်းပိုးတွေက သူတို့ကို မီးနဲ့ ထိုးထားတဲ့ ကျွန်တှော့ကိုတောင် မကျေမနပ် ပြန်ကြည့်နေသလိုပဲ။ ကြမ်းပိုးဟာ ကျွန်တှော အကြောက်ဆုံး အကောင်တွေထဲက တစ်ကောင်ပဲ။ အကောင်ကိုလည်း ကြောက်တယ် သူ့အနံ့ကိုလည်း မကြိုက်ဘူး။ ဒီအကောင်တွေ ကျွန်တှော ထိုင်နေတဲ့ ခုံမှာ ရှိတယ်ဆိုတာ သိလိုက်ကတည်းက ကျွန်တှော့မှာ ဘယ်လိုမှ ဆက်ထိုင်လို့ မရတော့ဘူး။ အရေးထဲ ကျွန်တှော ဘောင်းဘီထဲက ကြမ်းပိုးတစ်ကောင် ဖမ်းမိလိုက်တာ ပိုးဆိုးသွားတယ်။ နောက်ဆုံးတော့ အဲဒီခုံလေးမှာ ဂျာနယ်တွေခင်းပြီး မတ်တပ်ရပ်လိုက်ရတော့တယ်။ တခြားသူတွေကတော့ ဖြစ်ချင်ရာဖြစ် သဘောထားလိုက်ပုံရတယ်။ ပေပြီး ဆက်အိပ်နေကြတယ်။ အဲဒီညက ရထားပှေါမှာ တစ်ညလုံး ကျွန်တှော မအိပ်ခဲ့ရဘူး အဘရယ်။ ဒါတောင် ကျွန်တှော့ကို ကြမ်းပိုးတွေ ကိုက်လိုက်တာ ဒဏ်ရာမနည်းဘူး။ ကံကောင်းတာလေး တစ်ခုက ကြမ်းပိုးကနေ HIV မကူးစက်နိုင်တာပဲ။ ကူးသာကူးနိုင်တယ် ဆိုလို့ကတော့ လူတွေ ရထားတစ်ခါ စီးပြီးတိုင်း ဆေးစစ်နေရတော့မယ်။ ဖြစ်ဖို့က ၉၀ ရာခိုင်နှုန်း ရှိမယ်။ 

အဘကတော့ ခရီးသွားမယ်ဆို လေယာဉ်ပျံကြီးတွေ၊ ကိုယ်ပိုင် အဆင့်မြင့် ဇိမ်ခံကားကြီးတွေနဲ့မှ သွားတတ်တော့ ဒါတွေကို ဘယ်သိပါ့မလဲ။ အဲဒါကြောင့်လည်း အဘကို သွားသတိရလိုက်တာ။ ဒါတွေကို မကြုံဖူးတော့ ဒီလိုအဖြစ်အပျက်တွေ ကျွန်တှောတို့ ကြုံနေရတယ်ဆိုတာ အဘဘယ်လိုမှ မသိနိုင်ဘူး။ အဘက ဘဝပေး ကုသိုလ်ကံ ကောင်းတာကိုး။ ချမ်းသာတော့လည်း ဒါတွေကို ဘယ်ကြုံရတော့မလဲ။ တကယ်လို့ ကြုံရမယ် ဆိုရင်တောင်မှ တခြားသူတွေက အဘအဲဒီလို မကြုံရအောင် လုပ်ပေးကြတော့မယ်လေ။ ကျွန်တှောထင်တယ် အဘသာ ကျွန်တှော့  နေရာမှာဆို ဆဲဆိုနေတော့မှာပဲ။ ကြမ်းပိုးတွေကို ဘာကောင်တွေလဲ ဘာကောင်တွေလဲလို့ အှောနေတော့မှာပဲ။ ကိုယ့်ခုံပှေါ သူများတွေ တက်လာထိုင်နေရင် ဖယ်ဖယ် ငါ့နေရာကွ ဆိုပြီး တွန်းထိုးနေတော့မှာပဲ။ ဒါပေမယ့် အဘရယ် အဘက ဒါတွေကိုမသိဘဲ လူတွေအားလုံး ဘာဒုကဿခမှ ရှိမနေဘူး၊ ငါ့လို အေးအေးဆေးဆေး ဖြစ်မှာပဲလို့ ထင်နေရင်တော့လည်း ကျွန်တှော ဘာတတ်နိုင်မှာလဲ။ 

မင်းဒုကဿခက ဒါတင်ပဲလား ဆိုရင်တော့ ခေါင်းကို ခပ်သွက်သွက်ခါရင်း ငြင်းရမှာပဲ။ မနဿတလေး-မြစ်ကြီးနား ရထားက နာရီ ၃ဝကြာတယ် အဘရယ်။ ဘုရားစူးအဟုတ် တစ်ရက်ကျှောကြာတာ။ ညနေ ငါးနာရီကထွက်တဲ့ရထား မြစ်ကြီးနားကို နောက်တစ်နေ့ ည ၁ဝနာရီကျှောမှ ရောက်တယ်။ ကျွန်တှောက ခရီးသွားရင် အစားအစာ မသောင်းကျန်းဘူး။ အိမ်သာသွားရမှာ ကြောက်လို့။ အဲဒီမှာ ကျွန်တှော့ သူငယ်ချင်းတွေ ဒုကဿခရောက်တော့တာပဲ။ သူတို့တွေ စားသောက်ပြီး အိမ်သာသွားမယ်လုပ်တော့ အိမ်သာက သွားမရတော့ဘူး။ ဘာဖြစ်လို့လဲ အဘသိလား။ အိမ်သာထဲမှာ လူလေးယောက် ရှိနေတယ်ဗျား။ ပစဿစည်းတွေကလည်း အပြည့်။ အဲဒီလူတွေကလည်း ဘယ်လိုပြောပြော တုတ်တုတ်တောင် မလှုပ်ဘူး။ မိန်းမတစ်ယောက်ဆို အိမ်သာသွားချင်လို့ ဗိုက်ကိုတောင် နှိပ်နေပြီ သွားလို့ မရဘူး။ အရင်တစ်ခေါက်တုန်းကဆို အပျိုကောင်မလေးတစ်ယောက် ဒါမျိုးကြုံလို့ မထိန်းနိုင် မသိမ်းနိုင်ဖြစ်ပြီး နေရာမှာ ပါချလိုက်တယ်လို့ ဘေးနားမှာ လာထိုင်တဲ့ အဒှေါကြီး တစ်ယောက်က ပြောပြတယ်။ အဲဒီ အိမ်သာကို သွားရတဲ့ ပုံစံကိုလည်း ပြောပြဦးမယ်။ လူတွေက ခြေချစရာမရှိအောင် ပြည့်ကြပ်နေတော့ တစ်ယောက်ယောက်က သွားချင်ပြီဆို ခေါင်းတွေပှေါ ဖိနပ်ကြီး တကားကားနဲ့ ကျှောလွှားသွားရတယ်။ ဘယ်လောက် ညစ်ပတ်လိုက်သလဲလို့။ အိမ်သာထဲကိုလည်း ကြည့်လိုက်ဦး။ လူတွေက မဖြစ်လို့သာ အဲဒီအထဲ လိုက်နေကြတာ၊ ညစ်ပတ်လိုက်တဲ့ ဖြစ်ချင်း။ ရေကမရှိ၊ မီးကမလာ။ ရထားဘယ်ညာယိမ်းတိုင်း ပန်းချင်တိုင်းပန်း၊ ပါချင်တိုင်းပါ ထားလိုက်ကြတာ။ အရေးထဲ တံခါးချက်က မကောင်းတော့ အထဲကနေ လက်နဲ့ဆွဲထားရသတဲ့။ ဒါနဲ့ လက်မှတ်စစ်နဲ့ တွဲထိန်းလာတော့ ကျွန်တှောတို့ အဖွဲ့က အဲဒီအခက်အခဲကို ပြောပြကြတယ်။ ပထမတစ်ခေါက် တုတ်တုတ်တောင် မလှုပ်ဘူးဗျား။ နောက်ထပ်တစ်ခေါက် လာတော့မှ အိမ်သာထဲမှာ လူဝင်နေလို့ မရဘူးဆိုပြီး အဲဒီလူတွေကို ထွက်ခိုင်းတယ်။ မထွက်ရင် သေးနဲ့ပန်းပစ်လိုက်လို့ ပြောသွားသေးတယ်။ မိုက်တယ်နှော။ ဒါနဲ့ နောက်ဆုံး ဘာလုပ်ရလဲဆိုတော့ တစ်နေရာရာမှာ ရထား ငါးမိနစ် ဆယ်မိနစ် ရပ်တယ်ဆိုတော့မှ ရထားပှေါက ခက်ခက်ခဲခဲဆင်းပြီး ပြသဿသနာ ဖြေရှင်းကြရတယ်။

ရထားဆိုတာ Mass Transportation မှာအရမ်းကို အခရာကျတဲ့ ယာဉ်တစ်မျိုးပါ။ ကျွန်တှောတွေ့ရသလောက် ဒီတွဲပှေါမှာ ပါလာတဲ့သူတိုင်းလိုလို တရားသာမဝင်ရင် မဝင်မယ် ပိုက်ဆံပေးပြီး လက်မှတ်မဲ့ စီးလာကြသူတွေပါပဲ။ သာမန်ပြည်သူတွေ အနေနဲ့က ဒီလောက်ဝေးတဲ့ ခရီးကို ဒီရထားပဲ အားကိုးပြီး သွားနေကြရတာ။ ပြောချင်တာက ကျွန်တှောတို့ဆီမှာ ပိုက်ဆံပေးတိုင်း ဆားဗစ် ပြန်မရတာကိုပါ။ ကိုယ်က အလကားစီးတာလည်း မဟုတ်၊ ပိုက်ဆံလည်း ပေးရသေးတယ်။ လက်မှတ်စစ် တွဲထိန်းတွေရဲ့ အဆူအငေါက်ကိုလည်း ခံရသေးတယ်။ အဲ ပြောရဦးမယ်။ ရွှေဘိုကျှောကျှောက ဘူတာတစ်ခုရောက်ခါနီးတော့ ကျွန်တှော့သူငယ်ချင်း ထိုင်နေတဲ့ ခုံဘေးက ပြူတင်းပေါက်ကို လူတစ်ယောက် အတင်းတိုးဝင်တက်လာမို့ ဒီကောင်က မတက်နဲ့ မတက်နဲ့ဆိုပြီး လက်နဲ့ ဆီးတွန်းထားတယ်။ အဲဒီလူက သူငယ်ချင်းကို အတင်းတွန်းဖယ်ပြီး အထဲကို ဝင်လာတယ်။ ပြီးတော့ ဘယ်ကောင်လဲကွ ငါ့ကိုတွန်းတာ၊ တက်လာတဲ့သူကို ဒါမျိုးတွန်းချတာ တရားစွဲလို့ရတယ်၊ မင်းကဘာကောင်လဲ ဘာညာနဲ့ အသားလွတ်တွေ ဟောက်ပါတော့တယ်။ ကြည့်လိုက်တော့ ရထားဝန်ထမ်း။ ကျွန်တှော မနေသာတော့ဘူး။ နေပါဦး ခင်ဗျားက တရားဥပဒေတွေဘာတွေ ပြောရအောင် တက်လာတာကိုက သူများပြူတင်းပေါက်ကနေ ခိုးကြောင်ခိုးဝှက်၊ ခင်ဗျားအောက်မှာ အိပ်နေတဲ့သူရှိတယ်၊ အရေးကြီးတဲ့ စာရွက်စာတမ်းပါတဲ့ အိတ်တွေကို ခြေထောက်နဲ့ နင်းထားသေးတယ်။ ခင်ဗျားကလူပါးဝလို့၊ ဘယ်ကလဲ ဘယ်သူလဲ။ ကျုပ်တို့ကိုလာဟောက်မနေနဲ့ ကိုယ့်လက်မှတ်ခ ကိုယ်ပေးပြီး စီးလာတာလို့ ပြောလိုက်တော့မှ ရှူးရှူးရှားရှားနဲ့ တောက်တက်ခေါက်ပြီး ဝင်လာရာအပေါက်ကနေ ပြန်ဆင်းသွားတယ်ဗျား။ ကျန်တဲ့ခရီးသည်တွေကတော့ ကြောင်ကြည့်လို့။

ခင်ဦးနားရောက်တော့ ခရီးသည်တွေက ပြောကြတယ်။ တံခါးတွေကို ပိတ်မထားရင် လယ်သူမတွေ ပေါင်ပှေါတက်ထိုင်လိမ့်မယ်တဲ့။ ကျွန်တှောတို့ တစ်ဖွဲ့လုံး မယုံကြဘူး။ မဖြစ်နိုင်ဘူးပေါ့။ ဒါနဲ့ အဲဒီကိုလည်း ရောက်ရော အုံပြီး လိုက်လာတဲ့ လူစုကြီးကို တွေ့တော့မှ တံခါးတွေ ပိတ်ကြရတယ်။ အောက်ကနေ တံခါးဖွင့်ပေး တံခါးဖွင့်ပေးဆိုပြီး ငရဲသားတွေလို ဆဲဆို အှောဟစ်နေသံတွေ ကြားရသေးတယ်။ ဒါပေမယ့် ကျွန်တှောတို့ကသာ ပိတ်တာ ဖွင့်ချင်တဲ့သူက ဖွင့်ပေးလိုက်တော့ တိုးဝှေ့တက်လာလိုက်တာများ ကမဿဘာပျက်မတတ်ပဲ။ သူတို့အခက်အခဲကို ကျွန်တှောတို့ နားလည်ပါတယ်။ သူတို့မှာ ခရီးအဝေးကြီးကနေ လာပြီး အလုပ်လုပ်နေကြရတာ။ ပြန်စရာက ဒီရထား တစ်စင်းပဲ ရှိတယ်လေ။ သနားဖို့လည်းကောင်းတယ်။ ဒါပေမယ့် ကျွန်တှောတို့ဟာ သနားစရာနဲ့ အလုပ်သဘောကို ခွဲခြားတတ်ဖို့တော့ လိုအပ်မယ် ထင်မိတယ် အဘရဲ့။ 

မိုးညှင်းအလွန်က ဘူတာတစ်ခုရောက်တော့ ပြသဿသနာတစ်ခုက ဖြစ်ပြန်ရော။ ရထားရပ်ချိန်က ၃မိနစ်လောက်ပဲဖို့ တင်လာတဲ့ အထုတ်တွေကို အလုပ်သမားတွေ လာဆွဲချတော့တယ်။ ကျွန်တှောတို့ကလည်း ကိုယ့်အထုတ်တွေ ရောပါမသွားအောင် ဂရုစိုက် ကြည့်နေရတာပေါ့။ အဲဒီအချိန်မှာ အားကနဲ အှောသံကြားလို့ ကြည့်မိတော့ ကျွန်တှောတို့ အဖွဲ့က အမကြီး တစ်ယောက်ရဲ့ ခြေထောက်ပှေါကို ဂှေါရခါးသီးအိတ်ပြုတ်ကျတာ။ ဒီအိတ်က လူနှစ်ယောက်တောင် မနည်းမရလောက်အောင် အချိန်စီးတာ။ အဲဒါကို အလုပ်သမားတစ်ယောက်က အတင်းမပြီး ပြူတင်းပေါက်ကချဖို့ ကြိုးစားရင်း အဲဒီအမကြီး အပှေါကို ပြုတ်ကျတာ။ အလုပ်သမားက ဘာဖြစ်သွားသေးလဲ ဆောရီးပြောပြီး လစ်သွားတော့တယ်။ ဟိုအမကြီးခမျာ နာလွန်းလို့ ငိုလိုက်တာ ဘယ်သူမှ လာပြီး အရေးယူ ဆောင်ရွက်ပေးတာ မရှိဘူး။ 

စိတ်ရှိတိုင်းသာ ရေးရမယ် ဆိုရင်တော့ အဘရယ် စာအုပ်တစ်အုပ်လောက် ဖြစ်သွားလိမ့်မယ်။ ဒါကြောင့် ဒီအဖြစ်အပျက်လေးတွေနဲ့တင် တှောပါပြီ။ အဘက ခဏခဏ ပြောတယ်လေ။ လူတွေအကြောင်းသိချင် လူတွေအထဲဝင်ကြည့် ဘာညာနဲ့။ တကယ်တမ်း အဘဝင်နေတာက အထက်တန်းစား လူတွေကြားထဲကိုလေ။ အဲဒီတော့ အဘဒါမျိုးတွေ နဲနဲလေးတောင် သိမှာ မဟုတ်ဘူး။ ဒါကြောင့် အဘလဲ စာအုပ်ထဲက စာတွေနဲ့ပဲ တရားမှတ်မနေပါနဲ့ဦး။ အပြင်ဘဝ အောက်ခြေလူတန်းစားတွေမှာ ဘာတွေ ဖြစ်နေလဲဆိုတာ ကိုယ်တိုင်ကိုယ်ကျ ကြည့်ကြည့်ပါဦးလို့ ကျွန်တှောက အကြံပေးချင်မိတယ်။ အဲ ဟေ့..လူတွေ ဘာဖြစ်နေလဲကွလို့ အဘတပည့်တွေကိုတော့ ဒီအတိုင်း သွားမမေးလိုက်နဲ့နှော။ သူတို့ကတော့ အလုပ်ရှုပ်ခံပြီး အဲဒါတွေ အဘကို သိအောင် ပြောကြမှာ မဟုတ်ဘူး။ အားလုံး ကောင်းပါတယ်ဆရာ၊ အားလုံး အဆင်ပြေပါတယ်ဆရာ ဆိုပြီးပဲ ပြောကြမှာ။ ဒါမှလည်း အဘစိတ်ချမ်းသာမှာကိုး။ တကယ်တော့ ကျွန်တှောလည်း အဘကို ဒါမျိုး စိတ်ဆင်းရဲစရာတွေ ဘယ်ပြောချင်ပါ့မလဲ။ ပျှောရွှင် စိတ်ချမ်းသာစရာကောင်းတဲ့ ခရီးစဉ်လေး တစ်ခုအကြောင်းပဲ ပြောချင်တာပေါ့။ ဒါပေမယ့် အဘက မင်းခရီး အတွေ့အကြုံလေးတွေ ပြောပြဦးဟလို့ ဆိုလာတာမို့ မချွင်းမချန် အမှန်အတိုင်းပဲ အဘသိအောင် စာရေးလိုက်တာပါ။ စိတ်ချမ်းသာချင်ရင်တော့ ကလပ်လေးတက်၊ အနှိပ်ခန်းလေးသွား အဘရေ၊ လူတွေဘယ်လိုဖြစ်နေတယ်ဆိုတာ သိချင်ရင်တော့ အဘ ရထားကို ရိုးရိုးတန်းက စီးကြည့်ပါဦးလို့။


ရိုသေစွာဖြင့်


ပီအက်စ်။ ဒီစာကို ရေးနေတုန်းမှာပဲ ကျွန်တှော့ခရီးဆောင် အိတ်ထဲက အကဿငျီတွေကြားကနေ ကြမ်းပိုးငါးကောင်နဲ့ သားပေါက်လေးတွေ အများကြီး ထွက်လာတယ်လို့ သူငယ်ချင်းက သတိပေးတာမို့ နေပူထုတ်လှမ်း လိုက်ရသေးတယ်။


Wednesday, October 15, 2008

Fire at Yangon

ရန်ကုန်မြို့ လှိုင်မြို့နယ် မြကန်သာလမ်း နှင့် ပြည်လမ်းထောင့် Moon Bakery အနီးတွင် ယနေ့ညနေ 6:20pm ခန့်က မီးလောင်မှု ဖြစ်ပွားသည်။  မီးလောင်မှုကြောင့် ပြည်လမ်းတလျောက် ကားပိတ်ဆို့မှု အနည်းငယ် ဖြစ်ပှေါခဲ့သည်။ အခြားအိမ်များသို့ ကူးစက်လောင်ကျွမ်းမှု မရှိနိုင်ဟု ခန့်မှန်းရသည်။ Moon Bakery လောင်ကျွမ်းခြင်း ရှိမရှိကိုတော့ အတည်မပြုနိုင်ခဲ့ပေ။


ခေါင်းချလိုက်တာနဲ့အိပ်စက်နိုင်ဖို့

ခေါင်းချလိုက်တာနဲ့အိပ်စက်နိုင်ဖို့


ခုတလော အိပ်တဲ့အကြောင်းတွေ တှောတှော ပြောဖြစ်တယ်။ ပြောမိသလောက် တှောတှောများများက အိပ်ဖို့ဆိုရင် အားယူရတယ်တဲ့၊ အိပ်ရင်လည်း ဖျတ်ခနဲ ဖျတ်ခနဲ လန့်လန့် နိုးတတ်တယ်တဲ့၊ အိပ်နေရင်းနဲ့ ဂယောက်ဂယက် အိပ်မက်တွေ မက်တတ်သတဲ့၊ တချို့ကလည်း အိပ်မက်ရှည်ကြီးတွေ မက်ပြီး မောပန်းနေတတ်သတဲ့။ တချို့ကလည်း ဘီလူးစီးခံရတယ်တဲ့။ ကျွန်တှောကတော့ ခေါင်းချလိုက်တာနဲ့ အိပ်ပျှောတာပဲ။ အိပ်ပျှောတာမှ ဘယ်နေရာမှ မရှောင်ပါဘူး။ သူများတွေလို အိပ်ယာသစ် ခေါင်းအုံးသစ် ဖြစ်လို့လည်း ကျွန်တှော့ အိပ်ရေးက ပျက်မသွားဘူး။ မြန်မာပြည် လမ်းတွေမှာ သောက်သုံးမကျတဲ့ ဈေးနဲ့ ပေးဝယ်ထားရတဲ့ ကားစုတ်တွေ စီးနေတုန်းလည်း အိပ်ပျှောတာပဲ။ အချိန်လေး ၁၅မိနစ်လောက် ရရင်လည်း အိပ်ပျှောတာပဲ။ မီးတွေ လင်းနေအောင် ထွန်းထားလည်း ခေါက်ခနဲပဲ။ သီချင်းသံတွေ ဖွင့်ထားလည်း တာ့တာပဲ။ တစ်ခုပဲ ကျွန်တှော သည်းမခံနိုင်တာက လှောစပီကာသံ။
 
အဲဒီလို အိပ်ပျှောအောင် ဘယ်လိုလုပ်ရမလဲလို့ အမ တစ်ယောက်က မေးတာနဲ့ အားလုံးအတွက် ကျွန်တှောကျင့်ခဲ့ဖူးတဲ့ နည်းလမ်းလေး တစ်ခုကို ပေးလိုက်ပါတယ်။ အမှန်တကယ် အဲဒီနည်းလမ်းက တယ်လီပသီနည်း တစ်မျိုးပါပဲ။ စိတ်ချင်းဆက်သွယ်တဲ့ နည်းလမ်းတစ်ခုပါ။ ဒါပေမယ့် အဲဒီနည်းလမ်းကို တစ်ဝက်ဖြတ်ပြီး ကျွန်တှောက အိပ်ပျှောအောင် အသုံးချပစ်လိုက်တာ။ သူ့ရဲ့ တကယ့်နည်းလမ်းကလည်း သိပ်ကောင်းတာပဲ။ လူတွေမှာ မမြင်ရတဲ့ စက်ကွင်းတွေ ရှိနေသတဲ့ အဲဒါတွေကို အိပ်တဲ့အချိန်မှာ Interfere လုပ်တာ။ ကိုယ်ပြောချင်တဲ့သူကို ကိုယ်ပြောချင်တဲ့ စကားတွေ အိပ်မက်ထဲမှာ သွားပြောလို့ရတယ်။ ကိုယ်ရည်စူးတဲ့ လူတစ်ယောက်ကို သူ့ရဲ့ စိတ်ထဲမှာ တနည်းနည်းနဲ့ စွဲလန်းငြိတွယ်လာအောင် လုပ်လို့ရတယ်။ အတိုင်းအတာ တစ်ခုအထိ လွှမ်းမိုးလို့ရတယ်။ ဒါပေမယ့် အဲဒါတွေကိုတော့ ပြောမပြတော့ဘူး။ အဲဒီအထဲကမှ Hybrid လုပ်ထားတဲ့ အိပ်နည်းကိုပဲ ပြောပြတော့မယ်။ 

အိပ်ခါနီးမှာ ကိုယ်ခနဿဓာ သန့်ရှင်းရေးကို လုပ်ရပါမယ်။ ချွေးတွေသံတွေနဲ့ ဖြစ်နေရင် ရေချိုးပါ။ မျက်နှာသစ်ပါ။ သွားတိုက်ပါ။ ထူထဲတင်းကျပ်တဲ့ အဝတ်အစားတွေကို လဲလှယ်ပါ။ အကောင်းဆုံးကတော့ ညအိပ်ဝတ်စုံပါပဲ။ ဒီဟာကို စကျင့်တဲ့အချိန်မှာ ဟိုးအရင်က ကက်ဆက်ဖွင့်ထားမှ အိပ်တတ်တာမျိုးတွေဘာတွေ ရှိခဲ့ရင်လည်း မေ့ထားလိုက်ပါ။ ကိုယ်စအိပ်မယ့် အချိန်ဟာ ငြိမ်သက်တိတ်ဆိတ်နေဖို့ လိုအပ်ပါတယ်။ ဘာသံမှ မကြားရလေ ကောင်းလေပါပဲ။ ပြီးတော့ တစ်ယောက်တည်း အိပ်ရပါမယ်။ တခြားသူတစ်ယောက်ရဲ့ အသားနဲ့ ထိမနေဖို့ကလည်း အရေးကြီးပါတယ်။ အိပ်ယာဟာ ပြန့်ပြူးနေရပါမယ်။ တည့်မတ်ရပါမယ်။ ခနဿဓာကိုယ် နစ်မြုပ်နေတဲ့အထိ ပျော့လွန်းတဲ့ ရေမြှုပ်အိပ်ယာတွေကို အဲဒီအချိန်မှာ ရှောင်ရပါမယ်။ ခနဿဓာကိုယ်ဟာ ရေပြင်ညီလို ဖြစ်နေဖို့က အဓိကပါပဲ။
 
အိပ်ယာဝင်တဲ့အခါ ပက်လက်အနေအထားနဲ့ လက်တွေကို ဘေးဘယ်ညာမှာ အသာချထားရပါမယ်။ ခြေထောက်ကိုလည်း တစ်ခုနဲ့ တစ်ခု မထပ်ရပါဘူး။ ခေါင်းအုံး မသုံးရပါဘူး။ စောင်မခြုံရပါဘူး။ တခြားဘာတစ်ခုခုနဲ့မှ မထိနေရပါဘူး။ ကိုယ်ခနဿဓာကို လွတ်လွတ်လပ်လပ် ရှိနေစေရပါမယ်။ ဒီလို အနေအထား ရောက်ပြီဆိုရင် လေ့ကျင့်ခန်းစလို့ ရပါပြီ။

ပထမဆုံး မျက်လုံးမှိတ်ပြီး ကိုယ့်ရဲ့စိတ်ကို ခြေဖျားလေးတွေဆီ ပို့လိုက်ရပါမယ်။ ပြီးရင် အဲဒီခြေဖျားလေးတွေကို ပျော့သွားအောင် ဖြေလျှော့ရပါမယ်။ စိတ်ထဲကနေ ငါ့ခြေထောက်တွေ ပျော့ကျလာပြီ ပျော့ကျလာပြီလို့ မှတ်နေရပါမယ်။ အဲဒီလို ခပ်ကြာကြာလေး လုပ်လိုက်ပြီးတဲ့နောက်မှာ တကယ်ကို ခြေဖျားတွေ ပျော့ကျသွားပြီဆိုရင် စိတ်က အလိုလို သိပါတယ်။ ခနဿဓာကိုယ်ကလည်း သိပါတယ်။ အဲဒါကို မသိမချင်း မပျော့သေးဘူးဆိုတာ မှတ်ထားရပါမယ်။

ခြေဖျားလေးတွေ ပျော့ကျသွားပြီဆိုရင် ဒူးကိုဖျော့ရပါမယ်။ ကိုယ်ပထမ အိပ်နေတဲ့ ပက်လက်ပုံစံနဲ့ ဒူးအနေအထားဟာ ကိုယ်အိပ်ပျှောအောင် လိုအပ်ချက်နဲ့ ကိုက်ညီချင်မှ ကိုက်ညီပါလိမ့်မယ်။ ဒါကြောင့်မို့ ဒူးကိုလည်း အလိုက်သင့် လိုက်ဖျော့ထားရပါမယ်။ တခါတလေ ဒူးက ဘေးဘက်ကို နဲနဲကွေးသွားရင် ကွေးသွားလိမ့်မယ်။ အတင်းပြန်မဆန့်ပါနဲ့ ကွေးသွားပါစေ။ ဒီလိုနဲ့ ဒူးနေရာမှာ တကယ်ကို ပျော့ကျသွားပြီဆိုရင် ခြေဖျားလေးတွေ တုန်းကလိုပဲ အလိုလို သိလာပါလိမ့်မယ်။

ဒူးပျော့သွားပြီးရင် ခါးကို ဆက်ဖျော့ရပါမယ်။ ခါးကို အရမ်းကြီး မတ်ထားဖို့လည်း မလိုအပ်ပါဘူး။ ခါးပြီးတဲ့နောက်မှာ ပုခုံးနဲ့ ရင်ဘတ် ဖြစ်ပါတယ်။ အသက်ကို မှန်မှန်ရှုရပါမယ်။ ကိုယ်က ပုံမှန်လို့ ထင်နေပေမယ့် ပုခုံးနဲ့ ရင်ဘတ်ဟာ တင်းနေတတ်ပါတယ်။ အဓိကက ပုခုံးနှစ်ဘက်ကို ဖြေလျှော့ဖို့ လိုအပ်ပါတယ်။ ပုခုံးနှစ်ဘက် ပျော့သွားပြီဆိုတာနဲ့ ဒီအဆင့်ဟာ ၇၅%လောက် အောင်မြင်ပါပြီ။

ပုခုံးပြီးသွားရင် တတောင်ဆစ်နဲ့ လက်ဖျားပိုင်း ဖြစ်ပါတယ်။ တတောင်ဆစ်ကို အရင်ဆုံး ဖျော့ရပါမယ်။ ပြီးရင် လက်ချောင်းလေးတွေကို ဖျော့ရပါမယ်။ အဲဒီနေရာမှ တချို့လက်ချောင်းလေးတွေက ဖျော့နေရင်းနဲ့ ပူးသွားတာ၊ လက်ချောင်းလေးတွေ ခပ်ကွေးကွေး ဖြစ်လာတာမျိုးတွေ ကြုံရနိုင်ပါတယ်။ ဖြစ်သွားတဲ့အတိုင်းသာ ထားလိုက်ပါ။ အတင်း ပြန်မဆန့်ပါနဲ့။ တစ်ခါတစ်လေ လက်တစ်ဖက်က လှန်နေပြီး ကျန်တစ်ဖက်က မှောက်နေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အဓိက မှတ်ထားရမှာက တစ်ကိုယ်လုံး ပျော့နေဖို့က အဓိကပါပဲ။

အဲဒါပြီးရင် နောက်ဆုံးအဆင့် လည်ပင်းနဲ့ခေါင်းကို ဖျော့ခြင်းပါပဲ။ လည်ပင်းအနေအထားဟာ အိပ်စက်ခြင်းမှာ အထူးအရေးကြီးပါတယ်။ ဒါကြောင့် ဒီအဆင့်မှာ လည်ပင်းကို သေချာ ပျော့အောင် ဖျော့ရပါမယ်။ ကိုယ့်အခြေအနေကို လိုက်ပြီး ဖျော့နေရင်းနဲ့ ခေါင်းတစ်ဖက် စောင်းသွားတာ၊ နဲနဲငိုက်သွားတာ၊ ပါးစပ်ဟလာတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ 

လည်ပင်းပျော့သွားပြီလို့ သိလိုက်ပြီဆိုရင် စိတ်ကို လည်ပင်းကို ဖျော့နေတဲ့ နေရာကနေ နဖူးတည့်တည့်ဆီကို ပို့လိုက်ရပါမယ်။ အဲဒီလို ပို့ပြီးသွားရင် ကိုယ့်ခနဿဓာကိုယ်ဟာ သက်သက်သာသာနဲ့ ပျော့ပျော့ပျောင်းပျောင်း ဖြစ်နေတာကို ခံစားသိရပါလိမ့်မယ်။ ဘာမှ ဆက်လုပ်စရာ မလိုတော့ပါဘူး။ စိတ်ကို အဲဒီနေရာလေးမှာ ခဏလောက် ဆက်ထားလိုက်ရုံပါပဲ။ တခြားဘာကိုမှလည်း မတွေးပါနဲ့။ မကြာခင်မှာ အိပ်ပျှောသွားပါလိမ့်မယ်။

ဒီလေ့ကျင့်ခန်းကို ညတိုင်း ၄-၅ရက်ဆက်လောက် လုပ်ပေးမယ်ဆိုရင် နောက်ပိုင်းမှာ အိပ်ပျှောဖို့ မခက်တော့တာ တွေ့ရပါလိမ့်မယ်။ ပြီးရင် အိပ်မက်တွေ သိပ်မမက်တော့ပါဘူး။ နိုးလာရင်လည်း လူက ကြည်လင်နေပြီး အားပြည့်နေပါလိမ့်မယ်။ လေ့ကျင့်ချိန်မှာတော့ တစ်ခုချင်းစီအလိုက် ဖြေလျှော့တာဟာ အချိန်နဲနဲ ကြာနိုင်ပေမယ့် အများဆုံး နာရီဝက်ထက် မပိုပါဘူး။ ပြတ်တောင်းပြတ်တောင်း လုပ်လို့တော့ မရပါဘူး။ အလေ့အကျင့် ဖြစ်သွားအောင် ၄-၅ရက်ကတော့ လုပ်ရပါမယ်။ နောက်ပိုင်းကျရင် အဲဒီလိုမျိုး တကူးတက လုပ်နေစရာ မလိုတော့ပါဘူး။ အကျင့်ဖြစ်သွားပြီး ခဏလေးနဲ့ အိပ်မောကျသွားပါလိမ့်မယ်။ ဒါဟာ ကျွန်တှောကိုယ်တိုင် လေ့ကျင့်ခဲ့တဲ့ အရာတစ်ခုပါ။ ဟိုးအရင်က ကျွန်တှော ညဆို ဘယ်လိုမှ အိပ်လို့မရဘူး။ ကျွန်တှော့ Spinal Nerve ဒဏ်ဖြစ်ခဲ့ဖူးတော့ ညအိပ်တော့မယ်ဆို အဲဒါက ဒုကဿခပေးတော့တာပဲ။ ဒဏ်ရာကြောင့် သိပ်စိတ်မညစ်ရပေမယ့် အိပ်ရေးပျက်တာက တှောတှောဒုကဿခပေးပါတယ်။ ဆရာဝန်တွေနဲ့ကုလည်းမပျောက်၊ အိပ်ဆေးတွေသောက်လည်းမရ၊ နောက်ဆုံး ဒီနည်းလမ်းလေးနဲ့ ကောင်းမွန်စွာ အိပ်စက်နိုင်ခဲ့တာမို့ တကယ်လို့များ ခင်ဗျားတို့မှာ လွယ်လွယ်နဲ့ အိပ်မပျှောတဲ့ရောဂါ ဖြစ်နေတယ်ဆိုရင် ဒီနည်းလမ်းလေးကို စမ်းကြည့်ဖို့ အကြံပြုချင်ပါတယ်။


Tuesday, October 14, 2008

Dream 14.10.2008

ဒီနေ့ ထူးဆန်းတဲ့ အိပ်မက်ကို မက်ပါတယ်။ မနေ့ညက သူငယ်ချင်းတစ်ယောက် ပေးလာတဲ့ Capatilism ဆိုတဲ့ ဂိမ်းကိုဆော့နေမိတာ ကျွန်တှော အိပ်တော့ မနက် ၂နာရီ ထိုးနေပြီ။ မောင်ယောသားက အရက်ကို မူးအောင် သောက်ထားပြီး ကျွန်တှော့ကို အိပ်မရအောင် နှိပ်စက်တယ်။ နောက်ဆုံး ဘယ်လိုမှ သည်းမခံနိုင်တော့တာနဲ့ ဆောင့်ကန်လိုက်တော့မှ ငြိမ်သွားတော့တယ်။ ဒါတောင် ပါးစပ်က ဘာတွေမှန်း မသိဘူး တတွတ်တွတ်နဲ့ ပြောတုန်း။ အဲဒီနောက်ပိုင်းမှ ကျွန်တှော ကောင်းကောင်း အိပ်ပျှောပါတော့တယ်။ 

ပထမဆုံး ကျွန်တှော မြစ်ကြီးနားကို ရောက်သွားတယ်။ ယဉ်ထွန်း၊ အားနိမ့်၊ ကျားညိ၊ တင်တင်အေး တို့နဲ့ တွေ့တယ်။ နာမည်မမှတ်မိတဲ့ ၁ဝတန်းတုန်းက သူငယ်ချင်းတွေကိုလည်း ပြန်တွေ့တယ်။ ကျွန်တှော တည်းရတဲ့ အိမ်က မြစ်ကမ်းဘေးမှာ။ တစ်ရက်တော့ ကျွန်တှော အိမ်ထဲကနေပြီး မြစ်ထဲကို လှမ်းကြည့်နေမိတယ်။ ကောင်းကင်ပှေါကနေ မြစ်ထဲကို အနီရောင် အလုံးတစ်လုံး ထိုးကျလာတယ်။ ကြည့်နေရင်းပဲ လေးငါးခြောက်လုံး ဖြစ်လာတယ်။ တကယ်တမ်းက မီးလုံးကြီးတွေ။ ဒါနဲ့ အရမ်းထူးခြားတာမို့ ဆက်ကြည့်နေမိတဲ့ အချိန်မှာ ဧရာဝတီမြစ်ကြီးဟာ သွက်သွက်ခါအောင် လှုပ်နေတယ်။ ကျွန်တှောက အိမ်ထဲမှာ ညီမလေးကို လှမ်းခှေါတယ်။ သူက ထွက်လာကြည့်ပြီး မြင်သွားတယ်။ လူတွေ တှောတှောများများက အဲဒါကို မသိကြဘူး။ အိမ်ထဲတွေမှာ နေနေတော့ သူတို့ မမြင်ကြဘူးနဲ့ တူတယ်။ ဧရာဝတီထဲမှာ သဘေဿငာတွေ ဒုန်းစိုင်း ဖြစ်နေတယ်။ ခဏကြာတော့ မြစ်ရေဟာ သိသိသာသာ ထိုးကျသွားပြန်တယ်။ ကျွန်တှောဟာ မြစ်ရေစပ်အထိ ဆင်းပြီး အခြေအနေကို အကဲခတ်နေမိတယ်။ မကြာဘူး။ ခုနကလို ပြန်လှုပ်လာပြီး လှိုင်းတွေပါ ပွက်ပွက်ထလာတယ်။ ပြီးတော့ ရေဟာ အရှိန်အဟုန်နဲ့ စီးတော့တယ်။ ကျွန်တှော့ တစ်သက်မှာ အဲဒီလောက် အစီးကြမ်းတဲ့ရေ မတွေ့ဖူးဘူး။ အဲဒီအချိန်တုန်းက အိပ်မက်ထဲမှာ သိလိုက်တာက အဲဒါ ပြောင်းပြန်စီးနေတာပါ။ ဒါပေမယ့် တကယ်တမ်းက ပုံမှန် စုန်ရေပါပဲ။ ကျွန်တှောဟာ အိမ်ပှေါကို ပြေးတက်ပြီး အဖေ့ကို သွားပြောတယ်။ အဖေက မြစ်ကမ်းတစ်လျှောက် လူတွေကို လိုက်သတိပေးတယ်။ ဒီလိုနဲ့ ကျွန်တှောတို့ မြစ်ညာကို ရောက်သွားတယ်။ သိလိုက်ရတာက အထက်ဘက် ဧရာဝတီမြစ်ကြီးထဲမှာ ဘာရေမှ မရှိတော့ဘူး။ ခြောက်ကပ်လို့ နေတယ်။ ရေတွေအားလုံး ကုန်သွားတယ်။ စိတ်ထဲမှာ Fantastic Four ရုပ်ရှင်ထဲကလို မြစ်ထဲ ကျင်းကြီးတစ်ခု ဖြစ်သွားလို့ အဲဒီကို ရေတွေဝင်ပြီး အကုန် ကုန်သွားတာလားလို့ စဉ်းစားနေမိသေးတယ်။ မြစ်ကြမ်းပြင်တစ်လျောက် လျှောက်သွားရင်း ကျွန်တှော ဂေါက်သီးလေး တစ်လုံးတောင် တွေ့လိုက်သေးတယ်။ ခဏကြာတော့ ကျွန်တှော အိမ်ပြန်ရောက်လာတယ်။ ကျွန်တှော့ အိမ်ရှေ့က မြစ်ကြီးဟာ ရေတွေကျပြီး ငြိမ်နေလိုက်တာ ခုနက သူမဟုတ်သလိုနဲ့။ ကျွန်တှောဟာ ဖြစ်နိုင်ချေ ရှိတာတွေကို လိုက်စဉ်းစားတယ်။ ဘယ်လိုမှ မရဘူး။ အဲဒီအချိန်မှာပဲ မြစ်ရေပြင်တစ်ခုလုံး စီးနေရာက ရပ်တန့်သွားတာ မြင်လိုက်တယ်။ တစ်ဆက်တည်းပဲ မြစ်ဟာ အထက်ဘက်ကို ပြောင်းပြန် စီးလာတယ်။ ဆက်ကြည့်နေမိတုန်းမှာပဲ ရေတွေရေတွေ လှိုင်းတွေလို ပြန်တက်လာပါတော့တယ်။ မြစ်ညာဘက်မှာ ရေခမ်းခြောက်သွားလို့ ဝိုင်းကြည့်နေကြတဲ့ ရွာကလူတွေ အများကြီးပဲ။ သူတို့ မသိကြသေးဘူး။ အဲဒါကြောင့် ကျွန်တှော လှောစပီကာဆွဲပြီး လိုက်အှောရတယ်။ ရေတွေက ပြန်လှိမ့်တက်လာလိုက်တာ တဝုန်းဝုန်းနဲ့ ခုနက ခမ်းခြောက်သွားတဲ့ နေရာတွေ ပြန်ပြည့်ကုန်တယ်။ စဉ်းစားလိုက်မိတာက ကမဿဘာဟာ သာမန်ပုံစံတကျ လည်ပတ်နေရာကနေ တဖက်စောင်းနင်း ပြောင်းလဲသွားတာမျိုး ဖြစ်သွားတာကြောင့် ဖြစ်နိုင်တယ်လို့။ 

သိပ်တော့ မထူးဆန်းဘူးလို့လည်း ပြောလို့ရတယ်။ အဲဒီညက ကျွန်တှော ဧရာဝတီ အကြောင်းလည်း ပြောဖြစ်တယ်။ မြစ်ကြီးနား အကြောင်းလည်း ပြောဖြစ်တယ်။ သူငယ်ချင်းတွေ အကြောင်းလည်း ပြောဖြစ်တယ် ဆိုတော့ အဲဒါတွေ စိတ်စွဲပြီး ရုပ်ရှင်ဇာတ်ကားတွေနဲ့ ရောမွှေပြီး အခုလို အိပ်မက် မက်တယ် ထင်ပါရဲ့။ ပြောမယ့်သာ ပြောရတာ ခုတလော ကျွန်တှော အိပ်မက်တွေ ဆက်တိုက် မက်နေလိုက်တာ ဇာတ်လမ်းရှည်ကြီးတွေ ကျနေတာပဲ။ သိပဿပံနည်းကျဆိုရင်တော့ နှစ်ခြိုက်စွာ အိပ်မပျှောလို့ပဲ။ အစွဲအလမ်းတွေအရ ဆိုရင်တော့ တစ်ခုခုတော့ တစ်ခုခုပဲ။ မသိတော့ပါဘူး။ ဗေဒင်လေးဘာလေး တွက်ကြည့်ဦးမှ။ ဘာပဲဖြစ်ဖြစ်ပေါ့။ ဒါလေးကို အမှတ်တရ တင်ထားလိုက်တာ။ 


Bagan

Monday, October 13, 2008

13.10.2008

ဒီနေ့ပဲ ခရီးက ပြန်ရောက်တယ်။ ဒီတစ်ခေါက် ခရီးသွားရာမှာ အသိလေးတစ်ခု ရလာခဲ့တာ အမြတ်ထွက်တယ်။ ဒါပေမယ့် ကျွန်တှောလည်း ဘာမှ မလုပ်နိုင်လို့ ဒီအတိုင်း ရင်နာနာနဲ့ ကြည့်နေရုံမှတပါး ဘာမှ မတတ်နိုင်ခဲ့ဘူး။ ကိုယ်သာ ပိုက်ဆံတွေ သိပ်ချမ်းသာရင်တော့ တစ်မျိုးပေါ့။ ဒီလိုအချိန်မျိုးမှာဆိုရင် ကျွန်တှော သိပ်ပိုက်ဆံ ရှိချင်တယ်။ ဟိုမှာ ရှိနေတုန်း သတင်းတွေကနေ Finicial Crisis အကြောင်းတွေ သိနေရတယ်။ ဒါနဲ့ ဆက်စပ်ပြီး ဒီဒေသလေးမှာ ဘာဖြစ်နိုင်သလဲဆိုတာ ကျွန်တှော တွက်ဆနေမိတယ်။ ဒီကလူတွေကတော့ ဒါတွေမသိဘူး။ သူတို့ ဘောပွဲကြည့်တယ်။ နှစ်လုံးလောင်းနေတယ်။ နိုင်ငံခြားသားတွေ မလာသေးလို့တဲ့ မျှောနေကြတယ်။ ဆီဈေးတွေ ထိုးကျသွားတာ သူတို့ ပျှောနေတယ်။ အဲဒါရဲ့ အကြောင်းရင်းနဲ့ အကျိုးဆက်ကို သူတို့ မသိကြဘူး။ မသိခြင်းက သိပ်ကောင်းတယ်လို့ ကျွန်တှော တခါတရံ ထင်မိပေမယ့် အခုလိုဟာမျိုးကျတော့ အဲဒီ မသိခြင်းက သူတို့ကို ကောင်းကောင်းကြီး ထိုးနှက်တော့မယ်ဆိုတာ ကျွန်တှော သိနေတော့ စိတ်မကောင်း ဖြစ်မိတယ်။ ဆင်းရဲခြင်းဟာ သိပ်ကြောက်ဖို့ကောင်းတယ်ဆိုတဲ့ အဖေပြောတဲ့ စကားလေးကိုလည်း အမှတ်တရ ဖြစ်မိတယ်။ လုပ်သင့်တာတွေ မလုပ်တဲ့ လူတွေရဲ့ လက်ထဲမှာ ပိုက်ဆံဆိုတာ စတိတ်စင်ပှေါက မိန်းမတစ်ယောက်ကို တစ်ညတည်း သိန်း ၅ဝဖိုးလောက် ပန်းကုံးစွပ်ပစ်နိုင်လောက်အောင် ပေါတယ်။ လုပ်ချင်တာလေးတွေ လုပ်ချင်တဲ့ ကျွန်တှောတို့အတွက်တော့ ပိုက်ဆံဆိုတာ အရင်းအနှီးများစွာနဲ့ ရှာယူရတယ်။ ကျွန်တှောပြောချင်တဲ့ အရင်းအနှီးဆိုတာ အချိန်တွေ၊ ခံစားမှုတွေ၊ ပင်ပန်းမှုတွေ.. အများကြီးပါပဲ။ 


Correction: Finicial Crisis ကို Financial Crisis ဟုပြောင်းလဲဖတ်ရှုပါရန်။ သတိပေးသော မသွန်းသွန်းအား ကျေးဇူး။


Tuesday, October 7, 2008

သူတို့ဆီက အတွင်းရေးများ

သူတို့ဆီက အတွင်းရေးများ


ကျွန်တှောတို့ နာဂစ်အတွက် လပွတဿတာဘက်က ရွာတွေ သွားနေကြတုန်းက အဲဒီက လူတွေနဲ့ တှောတှောကြီး ရင်းရင်းနှီးနှီး ပေါင်းဖြစ်ခဲ့ကြပါတယ်။ ညစ်ပတ်တာ သန့်ရှင်းတာတွေ ဂရုမထားနိုင်ဘဲ သူတို့ချက်ကျွေးတာစား၊ သူတို့နဲ့အတူ တစ်ခွက်ထဲ အရက်သောက်ပေါ့။ အရက်က ဓာတ်ဆီပုံးကြီးနဲ့ ထည့်ထားတာ။ လှေပှေါမှာ ဖွက်ထားတတ်ကြတယ်။ အစကတော့ ကျွန်တှောတို့ကို အားနာလို့နဲ့ တူတယ် မထုတ်လာကြဘူး။ နောက်ပိုင်းတော့ ကျွန်တှော့တို့ မြစ်ထဲမှာ လေတွေမိုးတွေ မိပြီး အရမ်းချမ်းလာတော့ တစ်ခွက်တစ်ဖလားလောက် သောက်ရရင် ကောင်းမှာပဲလို့ ညည်းတွားလိုက်တော့မှ ဟာ.. ရှိတာပေါ့ဆိုပြီး ထုတ်လာပေးတယ်။

နာဂစ်ဒဏ်ခံပြီး ပထမဆုံး ပြန်လည်ပတ်တဲ့ဆိုင်က ဘာဆိုင်လဲလို့ မေးရင် အရက်ဆိုင်လို့ ပြောရမလားမသိဘူး။ အထဲမယ် ဖားပြုတ်တွေပါလား၊ ဖိနပ်တွေပါလားတော့ မသိပါဘူး။ အရမ်းချမ်းလွန်းတော့ သောက်ရတာပဲ။ အမြည်းလေးရှိရင် သိပ်ကောင်းမှာပဲဆိုတော့ လှေလေးကို ကမ်းနားထိုး ရေထဲကိုဆင်း ဟိုနှိုက်ဒီနှိုက် လုပ်လိုက်တော့ ပုဇွန်တွေ ရလာတယ်။ လှေလေးထဲက သံပုရာသီးလေး ခွဲပြီး အဲဒီ ပုဇွန်တွေကို ဖြန်းလိုက်တော့ အရသာရှိတဲ့ ပုဇွန်အစိမ်းသုပ် လို ဖြစ်သွားပါလေရော။ ဒီလို မြည်းကြရတယ်။ သောက်ကြတဲ့ ခွက်က ရေသန့်ဗူးကို ဓားနဲ့ဖြတ်ထားတဲ့ လက်ဖြစ်ပလတ်စတစ်ခွက်ပေါ့။ တစ်ရက်တစ်ရက် လှေက အမုန်းစီးရတာလေ။ အသွား နှစ်နာရီခွဲ အပြန် နှစ်နာရီခွဲလောက် လေနဲ့မိုးနဲ့ သွားကြရတာ။ ပထမတော့ ကျွန်တှောတို့က သူတို့ အကြိုက် မသိဘူး။ တစ်နေ့တာ လုပ်ငန်းခွင် ပြီးသွားရင် စားဖို့သောက်ဖို့ ကှောဖီတွေ၊ မုန့်တွေ ယူလာပေးတယ်။ သိပ်လည်း မစားကြဘူး။ သိပ်လည်း ရင်းရင်းနှီးနှီး မရှိလှဘူး။ အဲ.. နောက်ပိုင်းကျမှ ရွာလူကြီးက ထုတ်ပြောတယ်။ အရက်တိုက်ရတယ်တဲ့။ ဟုတ်ပါ့ဗျား။ စည်ကားလိုက်တဲ့ အရက်ဝိုင်း။ ငါးကြှောလေးတွေနဲ့၊ လက်ဖက်သုပ်နဲ့၊ ဆေးပေါ့လိပ်လေးနဲ့ ရွာထဲက ဆိုးပေတွေလည်း ပါရဲ့။ ရေဒီယိုကနေ ကျွန်တှောတို့ သူတို့ရွာ ရောက်နေတယ်ကြားတော့ သူတို့ ပျှောနေကြတယ်။ ကျွန်တှောတို့အဖွဲ့ကို သူတို့တွေက ခရုမျက်မည်း အဖွဲ့လို့ ခှေါကြတယ်။ ကျွန်တှောတို့ လိုဂို လက်မည်းကြီးက ဘယ်ဘက် ရင်အုံကနေ ကူညီဖို့ ထွက်လာတာပါလို့ သူတို့ မမြင်ဘူး။ ခရုနဲ့ တူလို့တဲ့။ မျက်မည်းကတော့ ယောသားကြီးကိုကြည့်ပြီး ခှေါတယ် ထင်ပါရဲ့။ ရွာကို လှေဆိုက်ပြီ ဆိုရင် ကလေးတွေက ခရုမျက်မည်းတွေလာပြီလို့ အှောကြသတဲ့။ ပြောရရင် ကျွန်တှောတို့ ရွာဝင်တာ ဂျပန်ဝင်သလို ဝင်ရတာမျိုးပါ။ အိမ်ဆောက်ဖို့ လူတွေကို မလာလာအောင် ခှေါရတယ်။ တချို့က သိပ်အချောင်ခိုတယ်။ ဟိုရှောင်ဒီရှောင် လုပ်နေတတ်တယ်။ မိုးလေး ရွာပြီဆို တသုတ်ပြီး တသုတ် ပျောက်ကုန်ကြတယ်။ မိုးရွာထဲမှာ ကျွန်တှောတို့ လုပ်ပြမှ သူတို့ ပြန်ထွက်လာတတ်ကြတာ။

နောက်ပိုင်း ချက်အရက်ဝိုင်းလေးတွေနဲ့ သူတို့နဲ့ တှောတှောရင်းနှီးလာမှ ပြောရဆိုရ လုပ်ရကိုင်ရ ကောင်းလာတာ။ ရွာထဲမှာ ဘယ်သူကဘယ်သူ၊ ဘယ်သူ့မိန်းမက ဘယ်သူ့ယောက်ျားနဲ့ ဖြစ်တယ်၊ ဥကဿကဌက ဘယ်လို ဖြတ်ရိတ်တာ၊ ဘုန်းကြီးက ဘယ်လို မောင်ပိုင်စီးတာ စတဲ့ အတွင်းရေးတွေ သိလာရတယ်။ ကျွန်တှောတို့က သူတို့ကို ကူညီနိုင်ဖို့ ဒေတာလေးတွေလည်း ကောက်ဖြစ်တာမို့ တရွာလုံးကို နာမည်တွေတောင် အလွတ်ရတယ်။ ရွာတွေမှာ တှောတှောငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျကြတယ်။ လျှို့ဝှက် စစ်တမ်းအရ ရွာသားတွေအတွက် အလိုအပ်ဆုံးဟာ လယ်ထွန်စက် မဟုတ်ဘူး၊ ရေသန့်စက် မဟုတ်ဘူး၊ ဆီမဟုတ်ဘူး၊ ဆန်မဟုတ်ဘူး။ မိန်းမပါတဲ့ဗျား။ သနားဖို့ ကောင်းသလို ရယ်လည်း ရယ်ရတယ်။ တချို့ရွာတွေမှာ မိန်းမငယ်တွေ အကုန်သေကုန်တယ်။ ကျန်ခဲ့တဲ့ ၅ယောက်က အသက်ငါးဆယ်ကျှော ဖြစ်နေတော့ ရွာသားတွေ မဲပေါက်မှာ စိုးရိမ်နေကြသတဲ့။ ဒါနဲ့ ဆရာမလေး နှစ်ယောက် စာသင်ဖို့ဆိုပြီး ရောက်လာတယ်၊ ဘယ်လိုတွေ ပျူပျူငှာငှာ ဧည့်ခံလိုက်ကြတယ် မသိဘူး။ မသင်ရဲဘူးဆိုပြီး ပြန်လစ်သွားပါသတဲ့။ တချို့ရွာကျတော့လည်း ဘဲအုပ်က တစ်ရာနှစ်ရာ မဗေဒါက တစ်ပင်တည်း ဖြစ်နေတယ်။

ရွာတစ်ရွာကနေ နောက်တစ်ရွာသွားရင် နာရီဝက်လောက် လမ်းလျှောက်ရတယ်။ လမ်းလျှောက်ရင်း ကျွန်တှောတို့က အတွင်းရေးလေးတွေ မေးကြတယ်။ သူတို့ လူပျိုဘဝ၊ အိမ်ထောင်ရေး၊ ဘာညာကွိကွပေါ့။ ကျွန်တှောတို့ သိချင်တာက ဘာလို့ အဲဒီဒေသတွေမှာ စောစော အိမ်ထောင်ကျကြတာလဲ၊ လိင်ကိစဿစအမြင် ဘယ်လိုရှိတယ် ဆိုတာတွေပေါ့။ ထူးခြားတဲ့ အချက်တွေကို ကျွန်တှော သွားတွေ့ပါတယ်။ ရွာကအိမ်တွေဟာ အခန်းသီးသန့်တွေ မရှိပါဘူး။ ဒီလိုပဲ အကန့်လေးတွေလုပ်ပြီး နေကြရတာ။ တချို့ဆို မိသားစုက ဂယောက်။ မိဘဘိုးဘွားတွေရော၊ သားသမီးတွေရော အစုံ။ ဘယ်အချိန်မှာ ကိုယ့်မိန်းမနဲ့ အတူအိပ်ဖြစ်သလဲလို့ ကျွန်တှောတို့မေးတော့ တချို့က တရေးနိုးတဲ့၊ တချို့က အားလုံး အိပ်သွားတဲ့ အချိန်တဲ့၊ တချို့က လယ်ထဲမှာပဲတဲ့၊ တချို့က အိမ်ကလူတွေ အပြင်ထွက်တဲ့အချိန်တဲ့။ တချို့က ငါးဖမ်းထွက်ရင်း လှေပှေါမှာတဲ့။ တခြားလူတွေ မသိဘူးလားဆိုတော့ မသိပါဘူးတဲ့၊ သူတို့ အိပ်နေကြပြီလေတဲ့၊ ခြင်ထောင်ချထားတယ်တဲ့ စုံနေတာပဲ။ တကယ်တမ်း စဉ်းစားကြည့်ဗျာ ဝါးကြမ်းခင်းထားတဲ့ လေးတိုင်စင် အိမ်လေးမှာ တစ်ယောက်နဲ့ တစ်ယောက် တိုးဝှေ့ အိပ်နေကြရတာ မသိဘဲ ရှိပါ့မလား။ မသိချင်ယောင် ဆောင်နေတာသာ ဖြစ်ပါလိမ့်မယ်။ ကာယကံရှင်တွေကသာ ဘယ်သူမှ မသိလောက်ဘူး ထင်ကြတာ နေမှာပေါ့လေ။ ဒီတော့ ဒီမိသားစုထဲက ကလေးတွေ ငယ်ငယ်နဲ့ အိမ်ထောင်ကျကုန်ကြတာ၊ ကလေးတွေ တစ်ယောက်ပြီးတစ်ယောက် မွေးကြတာတွေဟာ ဒီအကျိုးဆက်တွေ ဖြစ်နိုင်တယ်လို့ ထင်မိတယ်။ ဒါတွေဟာ ကောင်းတာလား၊ မကောင်းဘူးလား၊ တိုးတက်တာလား၊ ဆုတ်ယုတ်တာလား ဆိုတဲ့ ကိစဿစတွေကတော့ ကျွန်တှော ဉာဏ်မမီတာမို့ သုံးသပ်ချက်တောင် မချနိုင်ဘူး ဖြစ်ခဲ့မိပါတယ်။

Monday, October 6, 2008

Mandalay

Free Image Hosting at www.ImageShack.us

Free Image Hosting at www.ImageShack.us

Sunday, October 5, 2008

05.10.2008

၁၅ရက်လောက် အင်တာနက် သုံးနိုင်မည် မထင်ပါ။ အရှိန်လေးရနေတုန်း နာရီခြောက်ဆယ် Access Kit လေးကလည်း ကုန်သွားတယ်။ ၅ရက်လောက်ပဲ သုံးလိုက်ရတယ်။ ပလုံ ၂၈၀၀၀ :( သုံးချင်ဦးဟဲ့ အင်တာနက်!! အခုလည်း ကဗျာလေးတစ်ပုဒ် တင်ချင်လွန်းလို့ ညီမလေးရဲ့ အကောင့်ကနေ လာတင်ရတာ။ စောစောမအိပ်ဖြစ်တဲ့ ညတွေလည်း များနေပါပြီ။ ဒီရက်ပိုင်းမှာ ကျွန်တှော့အတွက် ပင်ပန်းပေမယ့် အလွန်ကောင်းမွန်တဲ့ တွေ့ရှိချက်လေး တစ်ခု တွေ့ခဲ့တယ်။ Scan ဖတ်ထားတဲ့ စာအုပ်တွေကို ဘယ်လို Alignment ညှိပြီး အသေးဆုံးဆိုဒ်ရအောင် ဘယ်လိုချုံ့မယ် ဆိုတာပေါ့။ ကျွန်တှော ဝါသနာနဲ့ စေတနာနဲ့ လုပ်နေတဲ့ အလုပ်တွေကို သူ့အိတ်ထဲ ထည့်နေတာလို့ ပြောတဲ့ ဆရာမကြီး တစ်ယောက်ကိုလည်း တနုံ့နုံ့နဲ့ လည်ပင်းညှစ် သတ်ပစ်ချင်စိတ် ပေါက်နေမိတယ်။ ဒေါသကို ထိန်းလိုက်ပါတယ်။ ပြန်ပြောပြန်ရင်လည်း သူတို့ အထုပ်တွေ ပြေကုန်တော့မယ်။ ဘာကြောင့်လာပြောတယ် ဆိုတာတော့ စဉ်းစားလို့ကို မရဘူး။



ခွေးဇာတ်

ခွေးဇာတ်


ပြောရရင်တော့ ရိုင်းတယ်ဖြစ်မယ်
ဖင်လေးတခါခါနဲ့
ရာသီချိန်မှာ ဆာပြတတ်တာလောက်နဲ့
ခွေးဇာတ်မခင်းနဲ့
ခွေးဇာတ်ခင်းချင်ရင်
ခွေးနဲ့တူအောင်နေ
ကျွေးထားတဲ့ သခင်တွေအပှေါတော့ နဲနဲရိုသေ
မည်းမည်းမြင်တိုင်းထိုးဟောင်
တစိမ်းမြင်သွားဖြဲ
ကိုက်တန်ကိုက်
ဖီတန်ဖီ
လူတွေ့ရင် ပြီတီတီ မလုပ်နဲ့
အကန်ခံရရင်တော့ တအီအီ လုပ်ပြတတ်ပါစေ
လတိုင်းဟာ တှောသလင်းမဟုတ်ဘူးဆိုတာလည်းသိထား
ဂိသွားမယ်
အချိန်ကျရင်တော့ အရှက်ကမ်းကုန်ပလေ့စေပေါ့
အူတန်အူ
အိုင်တန်အိုင်
အားလုံးကို ဒိုင်ခံပြီး ဖြေရှင်းသင့်ရှင်း
တစ်ခါတစ်လေတော့ ဆနဿဒတစ်ခုအတွက်
ရဲရဲကြီး ရင်းရဲတတ်ရသတဲ့
ဒါပေမယ့်
သားသမီးကိုလည်း မှတ်ထားဦး
ပြန်မစားနဲ့
မင်းဟာ ခွေးစုန်းကြီးလားလို့ အမေးခံရမယ်
တစ်လတည်းအတွက်နဲ့တော့
မတတ်တတတ်နဲ့ ခွေးဇာတ်မခင်းနဲ့
အရပ်ပျက်တယ်
ခွေးဘက်ကလည်းနာတယ်။



Oct 05, 2008
ကဗျာမရေးဖြစ်တာ တှောတှောကြာပေါ့။ ရေးမယ့် ရေးဖြစ်တော့လည်း တထိုင်တည်းနဲ့ ရေးဖြစ်သွားတယ်။ ဒါပေမယ့် ဒီနာမည်လေးနဲ့ ရေးချင်နေတာတော့ ကြာပေါ့။

Thursday, October 2, 2008

Storm

Free Image Hosting at www.ImageShack.us

ဒီပုံလေးက ကျွန်တှော့ရဲ့ အနှစ်သက်ဆုံး ပုံလေးတစ်ပုံပါ။ နာဂစ်ဖြစ်တဲ့နေ့က မနက် ၉နာရီလောက်မှာ ရိုက်ထားတာ။ အဲဒီမှာ မြင်နေရတဲ့ ခေါင်မိုးတှောတှောများများ နောက်ပိုင်း လွင့်ထွက်ကုန်ကြတယ်။ လေဘယ်လောက် ပြင်းတယ်ဆိုတာ တန်းနေတဲ့ အုန်းလက်တွေကို ကြည့်တာနဲ့တင် သိနိုင်ပါတယ်။ မူရင်းပုံကို ကျွန်တှော Desaturated လုပ်ပြီး Sepia ဖြစ်အောင် ကာလာတွေ ပြောင်းထားပါတယ်။

Minimal Photo



ခုတလော ရာသီဥတုက တှောတှောလေး ကြောက်ဖို့ကောင်းတယ်။ အခုပဲ ကောင်းကင်မှာ ကြည်လင်နေတုန်း ရှိသေးတယ် ချက်ချင်းပဲ မိုးတိမ်တွေ မည်းမှောင်လာပြီး ရွာချလိုရွာချ၊ နေပူပူကြီးမို့ ထီးမပါဘဲ ထွက်လာမိပါတယ် မြို့ထဲမှ မရောက်သေးဘူး ဗြုန်းကနဲ ရွာချလိုရွာချ၊ လေပြေလေးမှ မလာလို့ ပြူတင်းတံခါးတွေ အားလုံး ဖွင့်ထားမိပါတယ် တဝုန်းဝုန်းတဒိုင်းဒိုင်းနဲ့ လေပြင်းက ချက်ချင်းဆိုသလို တိုက်လိုတိုက်နဲ့ တှောတှော့ကို ကြောက်ဖို့ကောင်းတယ်။ ဒီပုံလေး ရိုက်ဖြစ်တုန်းကလည်း အဲဒီလိုပဲ။ စက်တင်ဘာ ၅ရက်နေ့က ရန်ကုန် အရှေ့တောင်ထောင့်မှာ သက်တန့်ကွေးလေး ပှေါနေလို့ အမှတ်တရ ဓာတ်ပုံရိုက်နေတုန်း မိုးသားတွေ မည်းလာပြီး ရွာချလိုက်တာ ကန်တှောလေး တစ်ခုလုံး ရေကို လျှံရော။ ဒါကတော့ ဆူးလေဘုရားနားက နှစ်ပေါင်းများစွာဆောက်ပြီး ခုထိမပြီးသေးတဲ့ အထပ်မြင့် အဆောက်အအုံကြီး တစ်ခုပေါ့။ ကောင်းကင် (Space) ကို ဦးစားပေးပြီး ဖြတ်ရိုက်ထားတာပါ။ တခြားအဆောက်အဦတွေ ပါနေရင် Subject ပေါ့သွားမှာစိုးလို့။

ခေတ်မီသူတိုင်း ကျကျမ်း ဖတ်ကြသည်







ဆရာအှောပီကျယ်ရဲ့ ကျကျမ်းဆိုတဲ့ ကာတွန်းလေးတွေပါ။ ဖတ်ရင်းဖတ်ရင်းနဲ့ တဟားဟား ရယ်နေခဲ့မိတာ။ ရယ်တယ်ဆိုတာက ဟာသဖြစ်လို့ မဟုတ်ပါဘူး။ သဘောကျလွန်းလို့။ ကျကျမ်းကို ဖတ်ရင်းနဲ့ မျက်စိထဲ ဝက်တွေဝက်တွေ ဝင်လာလိုက်တာမှ ကွက်တိ။ ဒီကာတွန်းလေးတွေက ဒီအတိုင်းဖတ်လို့ မကောင်းဘူး။ George Orwell ရဲ့ နာမည်ကျှော Animal Farm ဆိုတဲ့ ဝတဿထုလေးနဲ့ တွဲဖက်မှ ပိုဟပ်မိတာ။ နို့မိုဆို ဆရာအှောပီကျယ် ဆွဲစရာ ဇာတ်ရုပ်မရှိလို့ ဝက်ကို ဆွဲတယ် ထင်နေကြဦးမယ်။ ဖတ်ကြည့်ချင်တယ်ဆိုရင် ဂူဂယ်လ်မှာ ကျကျမ်းလို့သာ ရိုက်ပြီးရှာလိုက်။ AF ကလည်း အခမဲ့ အီးဘွခ်တွေ တပုံကြီး။ ဒါလေးဖတ်ပြီးရင် ခင်ဗျားတို့အားလုံး ကျွန်တှော့လို ပြုံးပြုံးပြုံးပြုံး သဘောတကျကျ ဖြစ်နေမှာ မြင်ယောင်မိသေးတယ်။ အဲ တချို့က လွဲရင်ပေါ့ :)


 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz