Saturday, August 30, 2008

Diary 30.08.2008

မိသားစု ပြသဿသနာကြောင့် အိပ်ရေးပျက်တာတွေများ၊ စိတ်တွေရှုပ်နေတာမို့ နှုတ်ခမ်းမှာ ရေယုန်ပေါက်လာတယ်။ ဒီပိုးကို ဘယ်လိုမှ သတ်လို့ မရဘူး။ ငယ်ငယ်ထဲက စိတ်ညစ်စရာတွေ များလာရင် သိပ်ပင်ပန်းလာရင် ခဏခဏ ဖြစ်တယ်။ နေရထိုင်ရခက်တယ်။ စီဗစ်တွေ အများကြီး သောက်ပစ်လိုက်တယ်။ အန်နာဗွန်စီ ဝယ်ထားတယ်။ ညကျရင် သောက်ရမယ်။

အပြင်ထွက်တော့ တက်စီသမားနဲ့ စကားပြောဖြစ်တယ်။ သူ့ကားက ဓာတ်ဆီကား။ အခုဆို ဓာတ်ဆီကို လိုသလောက် ဝယ်လို့ ရပေမယ့် အက်(ဖ်)အီးစီနဲ့ ဝယ်ရတယ်လို့ ပြောတယ်။ ၃.ရကျပ် ဆိုလား ပေးရသတဲ့။ လက်ရှိပေါက်ဈေးအတိုင်း ဆိုရင် လေးထောင်ကျှောပေါ့။ ခက်တာက အက်(ဖ်)အီးစီကို တရားဝင် ဘယ်နေရာကမှ ဝယ်မရလို့ မှောင်ခိုကနေ ဝယ်ရသတဲ့။ အဲဒါဟာ မှောင်ခိုကို အားပေးတာ တစ်မျိုးပဲ မဟုတ်လားလို့ ကျွန်တှော့ကို မေးတယ်။ ကျွန်တှော့မှာ သူပြောတာ ကြားရတော့ ဟိုနေ့က အဖြစ်အပျက်လေး သွားသတိရတယ်။ အိမ်မှာ သူငယ်ချင်းတစ်ကောင် နိုင်ငံခြား မထွက်ခင် ဖုန်းဆက်သွားတာ ၂၁ဒှေါလာ ကျနေတယ်။ ကိုယ်က မသိတော့ ဖုန်း အပိတ်ခံရပါလေရော။ ဒါနဲ့ အက်(ဖ်)အီးစီ သွားဝယ်ရတယ်။ တစ်ဒှေါလာ မြန်မာငွေ ၁၂၅၀ ပေးရတယ်။ ငွေစကဿကူပှေါမှာ မည်သည့် ပျက်စီးဆုံးရှုံးမှုကိုမဆို မြန်မာနိုင်ငံတှော ဗဟိုဘဏ်က လက်ခံစဉ်းစားမည် မဟုတ်ပါလို့ ရေးထားသေးတယ်။ ထားပါတော့။ ဒါနဲ့ ၂၁ဒှေါလာ ဝယ်ပြီး ဖုန်းခွန် သွားဆောင်ပါတယ်။

ကျွန်တှော အဲဒီကို ရောက်သွားတော့ ၁၁နာရီခွဲ။ တန်းစီနေတဲ့ လူအုပ်ကြီးက ကြောက်ဖို့တောင် ကောင်းတယ်။ ပထမဆုံး ဘီလ်မိတဿတူ ထုတ်ရတယ်။ ၄၅မိနစ် တိတိကြာတယ်။ လူလည်း ချွေးတွေသံတွေနဲ့ စုတ်ပြတ်သွားတာပဲ။ အဲဒါပြီးတော့ ပိုက်ဆံသွင်းရတယ်။ နောက်တစ်နေရာပြောင်းပြီး တန်းစီရပြန်တယ်။ တစ်နာရီခွဲနီးပါး ကြာတယ်။ ကျွန်တှော့ တန်ဖိုးရှိတဲ့ နေ့လည်တစ်ခုလုံး တန်းစီတာနဲ့ အချိန်ကုန်သွားခဲ့တယ်။ နိုင်ငံခြားမှာ ကျွန်တှောတို့ အချိန်လုံးဝ မကုန်ဘူး။ နေရာအနှံမှာ ဘီလ်ဆောင်လို့ရတယ်။ သူတို့ဆီမှာ အချိန်က တန်ဖိုး ရှိတာကိုး။ လူတွေက တန်ဖိုး ရှိတာကိုး။ ဒီမှာတော့ ၂နာရီကို မှီအောင်လည်း သွားရတယ်။ ပြီးတော့ အချိန်တွေ အများကြီး ကုန်တယ်။ လူတွေလည်း ပင်ပန်းတယ်။ အခုနကလို တရားဝင်ပေးတဲ့ ငွေကို မှောင်ခိုကနေလည်း ဝယ်ရသေးတယ်။ နောက်ဆုံးတော့ မှောင်ခိုတွေအတွက် ဂွင်ကြီးကို ဖြစ်လို့။ ဟုတ်တယ်လေ။ သူတို့ကိုတောင် ကျေးဇူးတင်နေရသေးတယ်။ နို့မို့ဆို ဘယ်မှာ သွားဝယ်ရမယ်တောင် မသိတော့ဘူး။

ကားသမားက ဆက်ပြောနေတယ်။ ကျွန်တှော့မှာဗျာ အက်(ဖ်)အီးစီ ဈေးတက်မှာကို ကြောက်နေတယ်၊ ဈေးကျတုန်း ကြိုဝယ်ထားပြန်ရင်လည်း ကိုယ်ဆောင်ခွင့် မရှိလို့ အဖမ်းများ ခံရမလား မသိပါဘူးဗျာတဲ့။ ဆီဆိုင်တွေက ဘာလို့ မြန်မာငွေ လက်မခံရတာလဲတဲ့။ အက်(ဖ်)အီးစီကိုရော ဘာလို့ တရားဝင် ဝယ်လို့ မရတာလဲတဲ့။ သူကလည်း တတွတ်တွတ် ပြောနေတယ်။ ကျွန်တှောလည်း နောက်လ ဖုန်းဘီလ် သွားဆောင်ရမှာကို တွေးပြီး စိတ်ညစ်နေ မိတော့တယ်။


Wednesday, August 27, 2008

မိုးပှေါမှာ ကြယ်တလုံး

Image Hosted by ImageShack.us


ဒီစာအုပ်က အလွန်ရှားပါးတဲ့ စာအုပ်တစ်အုပ်ပါ။ ကဗျာစာအုပ် မဟုတ်ပါဘူး။ ဆရာမင်းသုဝဏ် ရှားရှားပါးပါး မြန်မာ့ နကဿခတ်တာရာ အကြောင်းတွေ ရေးထားတဲ့စာအုပ် ဖြစ်ပါတယ်။ အပြင်စာအုပ်အဟောင်း ဆိုင်တွေမှာတောင် သိပ်ရှိလှတာ မဟုတ်ပါဘူး။ စာအုပ်က ပါးပါးလေးပေမယ့် ဝယ်တုန်းက ၄ဝဝဝကျှော ပေးခဲ့ရတယ်။ အရင်က တင်ထားတာ လင့်က ပျက်သွားတယ်။ အသစ်ပြန်တင်ပေးထားပါတယ်။ ကျွန်တှော စမ်းကြည့်တာတော့ အဆင်ပြေတယ်။ မရရင် ပြန်ပြောပါ။


Download Link [Pdf][3.5Mb]
Mirror [download] [3.0Mb]


လိပိဒီပိကာကျမ်း



ဒီစာအုပ်ကတော့ ယောမင်းကြီးရဲ့ ပြောင်မြောက်လှတဲ့ မြန်မာကြေးနန်းရိုက်နည်း ကျမ်းစာအုပ်ပါ။ ဒါဟာ မြန်မာစာကို Encrypt လုပ်ခြင်းရဲ့ အခြေခံအကျဆုံး အကြောင်းအရာတွေနဲ့ ပတ်သတ်ပြီး ပထမဆုံး ရေးသားတဲ့ ကျမ်းစာအုပ် ဖြစ်တာမို့ ကျွန်တှော သိပ်သဘောကျပါတယ်။ ယောမင်းကြီးဟာ လယ်တီ ဆရာတှောကြီးလို ပုဂဿဂိုလ်မျိုးကတောင် လေးစားခံရတဲ့သူ ဖြစ်တာမို့ သူ့အတွေးအခှေါ ဉာဏ်ပညာက အလွန်ပဲ ကြီးမားသူပါ။ လိပိဒီပိကာကျမ်းဟာ တိုတိုလေးပေမယ့် ယောမင်းကြီး ရှင်းပြသွားချက်တွေက အလွန်ပဲ ရှင်းလင်း ထင်ရှားတာမို့ သဘောပေါက် လွယ်ကူစေပါလိမ့်မယ်။ ကျွန်တှောဟာ ဒီကြေးနန်းရိုက်နည်းကို အခြေခံပြီး မြန်မာစာလုံးတွေကို Encrypt-Decrypt လုပ်ဖို့ ကြိုးစားခဲ့တာ ၉၇% အောင်မြင်ခဲ့ပါတယ်။ နောင်ဆို အီးမေးလ်တွေကို သက်ဆိုင်သူမှတပါး အခြားဘယ်သူမှ ပရိုက်ဗေဆီ ချိုးဖောက်ပြီး ကြားထဲက ဖတ်ရှုလို့ မရနိုင်အောင် လုပ်နိုင်ပါလိမ့်မယ်။ ဖိုင်ဆိုဒ်တွေလည်း လျှော့ချနိုင်ပါလိမ့်မယ်။


Download : PDF : 152K


ကဝိလကဿခဏာသတ်ပုံသံပေါက်



ဒီစာအုပ်က ကဝိလကဿခဏာ သတ်ပုံသံပေါက်တွေကို မြန်မာသကဿကရာဇ် ၁၂၆၂ မှာ ပါဠိဆရာ ဦးဖြေကနေ တည်းဖြတ် ထားတဲ့ စာအုပ်ပါ။ ယငယ်ရေးသတ်ပုံ၊ သဒဿဒါနုသာရီ စတာတွေကိုတော့ ကျွန်တှော Digitize လုပ်မထားဘူး။ ကျွန်တှော့ဆီမှာ ဒီသတ်ပုံသံပေါက် မူကွဲ ၄-၅ ခုရှိပါတယ်။ ဆရာဖြေ မှားနေတာတွေလည်း တွေ့ရတယ်။ ဒါပေမယ့် ပြင်မထားပါဘူး။ မူရင်းစာအုပ်အတိုင်းပဲ ကူးထားလိုက်တယ်။ နောက်များကြမှ Different Version တွေကနေ ဖြစ်လာတဲ့ ကွဲပြားမှုတွေကို တင်ပေးပါဦးမယ်။ ဒီအထဲမှာ သတ်ပုံသံပေါက် ၁၇၉၃ခု ပါဝင်ပါတယ်။ ဒီသံပေါက်တွေရဲ့ အနက်ကို အကျယ်ဖွင့်ထားတာက လေးပုံတစ်ပုံတောင် မရှိသေးပါဘူး။ အချို့သံပေါက်တွေက လွယ်ကူပြီး အချို့သံပေါက်တွေကတော့ လျှို့ဝှက်ချက်တွေ ရှိပါတယ်။ သံပေါက်တစ်ခုဟာ တစ်ကြောင်းသာ ရှိပေမယ့် အဲဒီသံပေါက်ကို ဖွင့်ဆိုရတဲ့ အကျယ်ရှင်းလင်းချက်တွေက စာမျက်နှာပေါင်းများစွာ ရှိနေတတ်ပါတယ်။ ဒီစာအုပ်ကို နာဂစ်ဖြစ်ပြီးတဲ့ကာလ လပွတဿတာမြို့မှာ ရှိနေစဉ် ညတွေမှာ ရိုက်ထားတာ ဖြစ်ပါတယ်။

Download : PDF : 278K


Tuesday, August 19, 2008

Chronicle of Buddha

Image Hosted by ImageShack.us


ဆရာကြီး ဦးဘကြည်ရဲ့ အကောင်းဆုံး လက်ရာတွေပါ။ တန်ဖိုးအလွန်ရှိတဲ့ စာအုပ်ပါပဲ။

Download [Pdf][4.8Mb]

Fuzzy Logic


မုန်တိုင်းကြောင့် သစ်ပင်တွေ လဲကုန်လိုက်တာ မနည်းပါဘူး။ အဲဒါတွေကိုမြင်တော့ ကျွန်တှော့ခေါင်းထဲ အဆိုတှော ဒှေါမာမာအေးရဲ့ " တစ်ပင်ထီးထီး သစ်ပင်ကြီးဟာ ကြီးမားထယ်ဝါ " ဆိုတဲ့သီချင်း ခေါင်းထဲရောက်လာတယ်။ ဟိုးအရင်က တီဗွီမှာ မုန်းလောက်အောင် လာတဲ့သီချင်း အခုတော့လည်း တခါတလေ ကြားချင်လို့တောင် မလွှင့်တော့ပါဘူး။ အဓိပဿပာယ်ကတော့ တစ်ပင်ထဲရှိရင် မုန်တိုင်းဒဏ်ကို မခံနိုင်ဘူး၊ အပင်တွေ ယှက်နေရင်တော့ ခံနိုင်တယ်ပေါ့၊ စည်းလုံးမှုရဲ့ အင်အား ဘာညာပေါ့။ အခုလို အင်နဲ့အားနဲ့ တိုက်ထည့်လိုက်တော့ သစ်တောအုပ်တွေလည်း ကုန်တာပဲ။ ထူးဆန်းတာက တချို့ တစ်ပင်ထဲ ရှိနေတဲ့ အပင်တွေက ကျန်နေတယ်။ အဲဒီမှာ ကျွန်တှောတို့ ယေဘုယျ လက်ခံနေကြတဲ့ အယူအဆတွေဟာ ခေတ်တှောတှော နောက်ကျနေပြီလို့ အတွေးစဖြစ်လာတယ်။ ကျွန်တှောတို့ဟာ မတူညီတဲ့ အင်အား ချိန်ခွင်လျှာတွေကိုလည်း ထည့်တွက်ဖို့ လိုတယ်ဆိုတာ သိလာတယ်။ ဘာကိုမှ တရားသေ စဉ်းစားလို့ မရနိုင်တော့ဘူး။ ဒါကြောင့်လည်း Fuzzy Logic လိုဟာမျိုးဟာ ကမဿဘာကျှောခဲ့တာ ဖြစ်မယ်။




19 August, 2008


ဘဝမှာ အသက် တစ်ရက်တစ်ရက် ကြီးလာတိုင်း လောကပတ်ဝန်းကျင်ဟာ စိတ်ကုန်စရာ ကောင်းတယ်လို့ မြင်နေမိတယ်။ အတိုက်အခိုက်၊ အငြင်းအခုံ၊ အပြိုင်အဆိုင် ဒါတွေကြားထဲမှာ ကျွန်တှော ဘာကြောင့်များ ရှင်သန်နေရတာလဲလို့ တွေးမိတယ်။ တကယ်တော့ ကျွန်တှော စကားတွေလည်း သိပ်မပြောချင်တော့ဘူး။ များသောအားဖြင့် တစ်ယောက်တည်း နေတာ များပါတယ်။ စိတ်ချမ်းသာတယ်။ အိမ်ကို ပျင်းလို့လာလည်တဲ့ သူငယ်ချင်းတွေကပြောတယ်။ ကျွန်တှော့တို့အိမ်က တှောတှော ပျင်းဖို့ကောင်းတယ်တဲ့။ ဟုတ်တော့လည်း ဟုတ်တယ်။ ကျွန်တှော့အိမ်မှာ ဘာဖျှောဖြေမှုမှ မရှိဘူး။ ဒီဗွီဒီစက်လေး ပျက်နေတာလည်း ကျွန်တှော မပြင်ဖြစ်ဘူး (ကိုယ်မှသိပ်မကြည့်ဖြစ်တာ)၊ ရုပ်မြင်သံကြားကတော့ မကြည့်တာ ဘယ်နှနှစ်တောင် ရှိပြီ မသိဘူး။ စလောင်းတပ်မယ် ဆိုတော့လည်း အဖမ်းပဲခံရတော့မလိုလို ဘာလိုလိုဆိုတော့ မတပ်ဖြစ်ပြန်ဘူး။ အခုနောက်ပိုင်း သီချင်းတောင် နားမထောင်ဖြစ်ဘူး။ အဖေကပြောဖူးတယ် တီဗွီတို့ ရေခဲသေတဿတာတို့ အဲယားကွန်းတို့ဟာ ဇိမ်ခံပစဿစည်းမဟုတ်ဘူးတဲ့ အခြေခံပစဿစည်းတဲ့။ ဟုတ်တယ် ကျွန်တှောလည်း အဲဒါကို သဘောကျတယ်။ ကံမကောင်းချင်တော့ ကျွန်တှောက အဲဒါတွေကို မခံစားတတ်ဘူး ဖြစ်နေပြန်ရော။ အဲယားကွန်း အခန်းထဲမှာ တစ်ညအိပ်လိုက်ရင် မနက်ဆို ကျွန်တှော သေတော့မယ်။ ဇာတာကိုက မကောင်းဘူး ထင်ပါတယ်။ ဒါပေမယ့် ဒါတွေမရှိလို့ သူတို့တွေသာပျင်းတာ ကျွန်တှော မပျင်းပါဘူး။ ကျွန်တှော တစ်ယောက်တည်း ရှိတဲ့အခါ စာအုပ်ပုံထဲက စာအုပ်လေးတစ်အုပ်လောက် ကောက်ယူပြီး အိပ်ယာထဲသွား ဖတ်နေဖြစ်ရော။ မှတ်စရာရှိတာလေး၊ အကြံရတာလေး၊ ရှာစရာရှိတာလေးတွေကို မှတ်စုစာအုပ်ထဲ တေးမှတ်ထားလိုက်တယ်။ အဲဒီစာအုပ် ဖတ်ရတာ နဲနဲမောသွားရင် နောက်ထပ်စာအုပ်တစ်အုပ် ယူဖတ်တယ်။ ပြီးသွားရင် ကွန်ပျူတာဖွင့် စာအုပ်စာရင်းတွေလုပ်နဲ့ တစ်ရက်က ကုန်မှန်းမသိ ကုန်သွားပြန်တာပဲ။ တခါတလေကျတော့လည်း တချို့စာအုပ်တွေကို စကန်နာနဲ့ Digitize လုပ်တယ်။ လုပ်ပြီးသား စာအုပ်တွေကို ပြန်သန့်စင်တယ်။ တချို့စာအုပ်တွေ ပြန်ရိုက်တယ်။ စာအုပ်တွေထဲက အကြောင်းအရာတွေကို သီးခြားစီ ပြန်စီတယ်။ ဘယ်စာအုပ်ထဲမှာ ဘာအကြောင်းအရာတွေ ရှိတယ်ဆိုတာ ပြန်ခွဲထုတ်တယ်။ စကန်နာနဲ့ ကွန်ပျူတာက ဒါတွေကို အဓိကလုပ်တဲ့ဟာ မဟုတ်တော့ အချိန်တော့ကြာတယ်။ တကယ်လို့များ ကျွန်တှော့မှာသာ Book Drive လိုစက်မျိုးတွေ ရှိရင်၊ အကောင်းစား စကန်နာတွေရှိရင် ဒါတွေ ခဏလေးနဲ့ ပြီးသွားမှာပဲ။ ဒါပေမယ့်လည်း မဝယ်နိုင်သေးဘူး။

အခုတလောကတော့ အင်တာနက် တှောတှောသုံးဖြစ်တယ်။ သုံးဖြစ်တယ် ဆိုတာကလည်း အကြောင်းရှိလို့ပါ။ ဒါပေမယ့် မတန်ဘူး။ ကျွန်တှော အချိန်ကုန် လူပင်ပန်း ဖြစ်ပေမယ့် ရလာဒ်က အားတက်စရာ မရှိလို့ စိတ်ပျက်မိတယ်။ ဟိုတနေ့ကတော့ သူငယ်ချင်းတစ်ကောင်က အရက်မူးပြီး မင်းတို့ ဘလော့ဂါတွေ တစ်ကောင်မှ ကောင်းတဲ့ကောင်မရှိဘူး။ အရက်သောက်၊ ဖွန်ကြောင် ဒါတွေပဲ၊ အင်တာနက် သုံးနေတဲ့ သူတွေကလည်း ချတ်ရင်းကြူနေကြတာပဲ လို့ပြောလို့ စကားများရတယ်။ အဲဒီလို ကိုယ်သိတာလေးလောက်နဲ့ သိမ်းကြုံး ပြောတာမျိုးကို ကျွန်တှော သိပ်မုန်းတယ်။

ကျွန်တှော အရင်ကတော့ ကိုယ်သိထားတာ၊ ကိုယ်တွေ့တာလေးတွေ သူများကို သိပ်ပြောပြချင် သင်ပေးချင်တယ်။ အခုတော့ အဲဒီလိုမျိုးစိတ်လည်း သိပ်မရှိတော့ဘူး။ ကိုယ်ဘယ်လောက် ကောင်းအောင်လုပ်လုပ် ဘယ်လောက် ကောင်းအောင်နေနေ အမှားနဲ့ အားနည်းချက်ကို မီးခွက်ထွန်း ရှာနေတဲ့သူတွေ တပုံကြီးပဲဆိုတာလည်း သိလာရတယ်။ နာဂစ်ကြောင့် ရွာတွေမှာ လေအားလျှပ်စစ် လုပ်ဖို့ ကြိုးစားမိတာတောင် ယတြာချေတာလို့ အပြောခံရတယ်။ လေအားလျှပ်စစ်တင် မကပါဘူး၊ ဒီရေကနေ လျှပ်စစ်ဓာတ်အား ထုတ်တဲ့ကိစဿစတွေ အထိတောင် အင်ဂျင်နီယာအသင်းက တာဝန်ရှိသူ တစ်ယောက်နဲ့ အသေးစိတ် တိုင်ပင်ခဲ့ကြတာပါ။ ထားပါတော့။

တကယ်တော့ တစ်ယောက်တည်း နေရတာ တှောတှောကောင်းတယ်။ လူများနဲ့ ဆက်ဆံရတဲ့အခါ စိတ်ဆင်းရဲတယ်။ ခေါင်းရှုပ်တယ်။ နောင်ဘဝတွေသာ ရှိခဲ့လို့ လူဖြစ်ရမယ် ဆိုရင်လည်း မြန်မာပြည်မှာ တကယ်ကို ပြန်မဖြစ်ချင်ဘူး။ မြန်မာလူမျိုးဟာ ကြောက်ဖို့ကောင်းတယ်။ ဘာလိုချင်လို့ လိုချင်နေမှန်း၊ ဘာလုပ်ချင်လို့ လုပ်ချင်မှန်းကို မသိရဘူး။ ကျွန်တှောတို့ဟာ Self Identity ပျောက်နေကြတာလို့ ကျွန်တှောထင်တယ်။ လောလောဆယ် တွေးနေမိတာကတော့ ကျွန်တှော ဘာကိုမှ မလုပ်နိုင်တာပါပဲ။ စာအုပ်တွေကိုလည်း ရောင်းစားပစ်ချင်နေမိတယ်။ ဒါတွေ မရှိရင် ကျွန်တှော ဒါတွေလုပ်နေစရာ မလိုတော့ဘူးလေ။



တန်ဖိုးရှိသောစာသည် လူတိုင်းအတွက်မဟုတ်

မကောင်းမှုတွေ များစွာထဲက ကျွန်တှော့မှာ ကောင်းမှုလေး အနည်းငယ်တော့ ပါလာခဲ့ပါတယ်။ အဲဒါက စာအုပ်တွေကို ရိုသေစွာ ကိုင်တွယ်တတ်ခြင်းပါ။ ကျွန်တှောတို့ ငယ်ငယ်က အခုခေတ်လို ကျောပိုးအိတ်တွေ သိပ်မသုံးကြသေးဘူး။ လွယ်အိတ်တွေပဲ လွယ်ကြတာ။ အိမ်ပြန်ရောက်ရင် အမေက လွယ်အိတ်ထဲက စာအုပ်တွေကို စစ်တယ်။ စာအုပ်ထောင့်တွေ ခေါက်ကြေနေတာမြင်ရင် လက်ဆစ်ကို ပေတံနဲ့ အခေါက်ခံရတယ်။ စာရွက်တွေ စုတ်ပြဲအောင် ကိုင်ရင်တော့ ဆှောပလှောတီးတော့တာပဲ။ အဲဒါကြောင့် စာရွက်တွေ ခေါက်နေ ကြေနေရင် အိမ်ပြန်မရောက်ခင် ပြန်ပြန်ဖြန့်ရတာ အမြဲပါပဲ။ ဒီလိုနဲ့ အဲဒီအကျင့်ဟာ အခုချိန်အထိ စွဲထင်လာလိုက်တာ ကျွန်တှော့အတွက်တော့ ကောင်းဖို့ ဖြစ်လာပါတယ်။

တစ်ရက်တစ်ရက် ကျွန်တှော အမြဲတမ်း မပျင်းမရိ လုပ်တဲ့ အလုပ်တစ်ခုက စာအုပ်ဟောင်းတွေကို ပြုပြင်တာပါ။ စာအုပ်တွေကို ဒီအတိုင်းထားတဲ့အခါ စာအုပ်ပိုးတွေ ကိုက်တတ်တယ်။ ဖုံတက်တယ်။ စာရွက်တွေ ခေါက်နေတာကို သတိမထားမိဘဲ မဖြန့်နိုင်ခဲ့ရင် ကြာလာတဲ့အခါ အဲဒီခေါက်ရိုးကျိုး နေရာကနေ စာရွက်က ပြတ်ထွက်တတ်တယ်။ စာရွက်ကြားထဲမှာ သစ်ရွက်တွေ ဘာတွေ ညှပ်တာဟာလည်း မကောင်းဘူး။ ဒီတော့ စစ်ဆေးရပါတယ်။ ဖုံကတော့ အမြဲတက်နေတာမို့ ခါခါပေးရပါတယ်။ တချို့ စာအုပ်အဟောင်းတွေက လမ်းဘေးအပုံထဲက ဝယ်လာတာတွေ။ အပုံမှာ ချရောင်းတဲ့ စာအုပ်တွေက ဈေးပေါပေါနဲ့ ရောင်းကြတော့ သပ်သပ်ရပ်ရပ် ချုပ်လုပ်ထားတာ နည်းပါတယ်။ ဒါကြောင့် ကိုယ့်ဘာသာ ပြန်ပြီး ကှောကပ်၊ ကြိုးချုပ် လုပ်ရတယ်။ ပြဲနေတဲ့ စာရွက်တွေကို စာအုပ်ကပ်တဲ့တိပ်နဲ့ ကပ်ရတယ်။ တွန့်နေတဲ့ ထောင့်တွေကို ဖြေးဖြေးချင်း ဖြန့်ပြီး ဖိထားပေးရတယ်။ ဒီနေရာမှာ အတင်းသွားပြီး ဆွဲဖြန့်လို့ မရပါဘူး။ သူ့မှာက ခေါက်ထားတဲ့ဒဏ် ရှိနေတာမို့ ခပ်ဖြေးဖြေး ကိုင်တွယ်ရပါတယ်။ တချို့ထောင့်တွေ ဖြန့်မရ ဖြစ်နေရင်တော့ တိပ်နဲ့ တွဲကပ်ပေးထားရပါတယ်။

ဒီနေရာမှာ အသုံးပြုသင့်တဲ့ တိပ်အမျိုးအစားက 3M Transperant တိပ်ပဲ ဖြစ်ပါတယ်။ ဒီတိပ်က အကြည်သား ပြောင်ပြောင်လက်လက် မဟုတ်ပါဘူး။ ကြည့်လိုက်ရင်တော့ ခပ်နောက်နောက် အရောင်ပါ။ ဒါပေမယ့် ဒီတိပ်အမျိုးအစားကမှ စာအုပ်ကပ်တဲ့တိပ်ထဲမှာတော့ အကောင်းဆုံးလို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သာမန် တိပ်အကြည်တွေက ကာလကြာလာတဲ့အခါ ညိုညစ်ညစ်တွေ ဖြစ်လာပြီး ခိုင်မြဲမှု မရှိတာ တွေ့ရပါတယ်။ ပြီးတော့ တိပ်ကပ်ထားလိုက်ရင် ကပ်ထားတဲ့ အရာကြီးက သိပ်ရုပ်ဆိုးတယ်။ ကျွန်တှောသုံးတဲ့ တိပ်ကတော့ ကပ်လိုက်ရင် ဘယ်စာရွက်မှာမဆို သိပ်မသိသာဘူး။ စာရွက်နဲ့ တသားတည်း ဖြစ်နေတယ်လို့ ထင်ရတယ်။ သူ့ကို ကပ်ပြီးသွားရင် လက်သည်းလေးနဲ့ ဖိပြီး ခြစ်ပေးရပါတယ်။ ဈေးတော့ အနည်းငယ်ကြီးတယ်။ ဒါပေမယ့် စာအုပ်ချစ်သူတွေ မဖြစ်မနေ ဆောင်ထားသင့်တဲ့တိပ်ပါ။

ခဲဖျက်၊ ဓားထက်ထက်တစ်ချောင်း၊ ကတ်ကြေးတစ်လက်၊ ပါးမိနန့် ဘောပင်တစ်ချောင်း၊ ရိုးရိုး ဘောပင်တစ်ချောင်း စတာတွေကိုလည်း ဘေးမှာ ဆောင်ထားရပါတယ်။ တချို့ စာအုပ်တွေက အသစ်စက်စက်ပေမယ့် စာအုပ်တိုက်တွေက အတွင်းဘက် စာမျက်နှာမှာ ခဲတံနဲ့ လျှောက်ရေးထားတာတွေ ရှိတတ်တယ်။ က်ြန္ေတာှ ေတာှေတာှမုန္းတဲ့ ကိစဿစပါ။ စာအုပ်ရဲ့ အနောက်ဘက်မှာရေးရင် ရရဲ့သားနဲ့ ရှေ့စာမျက်နှာတွေမှာ ရေးတတ်ကြပါတယ်။ အဲဒါတွေကို ခဲဖျက်နဲ့ ဖျက်လိုက်ရမှ ကျေနပ်မိတယ်။ ပြီးရင် ကိုယ့်နာမည်နဲ့ လက်မှတ် ထိုးပါတယ်။ တချို့စာအုပ်တွေမှာ မှတ်ချက်ရေးပါတယ်။ တခါတလေ စာအုပ်အဟောင်း ဝယ်ဖြစ်တဲ့အခါ မူလစာအုပ်ပိုင်ရှင်ရဲ့ နာမည်တွေ လက်မှတ်တွေ လိပ်စာတွေ ပါလာတတ်ပါတယ်။ ဒါတွေကိုတော့ ကျွန်တှော မဖျက်ပါဘူး။ ဘယ်သူ့စာအုပ်ဆိုပြီး ကျွန်တှော သေချာမှတ်ထားတယ်။ တချိန်ချိန် အဲဒီလူတွေနဲ့ ဆုံခဲ့မိရင် ကျွန်တှော အမှတ်တရ ပြန်ပေးချင်လို့ပါ။ တချို့ စာအုပ်တွေမှာ စာပိုးတွေ ရှိနေတတ်တယ်။ အဲဒီအကောင်တွေကို နှိမ်နင်းရပါတယ်။ မဟုတ်ရင် စာအုပ်မှာ တွင်းတူးထားသလို ဖြစ်သွားတတ်တယ်။ ပရုတ်လုံး နိုင်မနိုင်တော့ မသိပါဘူး။ ကျွန်တှောကတော့ စာအုပ်တွေကြားထဲ ပရုတ်လုံးတွေပါ ပစ်ထည့်ထားလိုက်တယ်။

ဒီအလုပ်လုပ်ရတာ အချိန်တော့ အတှောကုန်ပါတယ်။ စိတ်လည်း ရှည်ရတယ်။ ကိုယ်က ဘယ်လောက် ဂရုစိုက်စိုက် တချို့သူငယ်ချင်းတွေက စာအုပ်ငှားပြီး ပြန်ပေးတဲ့အခါ စာရွက်စွန်းတွေခေါက်၊ ညစ်ပတ်လာရင် လည်ပင်း ညှစ်ပစ်ချင်မိတယ်။ အဲဒီလိုမျိုးလူတွေကို ကျွန်တှော စာအုပ်ငှားရမှာ သိပ်ကြောက်တယ်။ တချို့စာအုပ်တွေက နှစ်ရဝ နှစ်ဂဝ ကျှောတွေပါ။ စာရွက်တွေက နဲနဲအကိုင်ကြမ်းတာနဲ့ ပြုတ်ထွက် သွားနိုင်တယ်။ အဲဒီလိုမျိုး စာအုပ်လေးတွေကိုတော့ သေချာ သိမ်းထားရပါတယ်။ ကျွန်တှော အားတဲ့အခါ ကိုယ်တန်ဖိုးထားတဲ့ စာအုပ်လေးတွေမှာ မှတ်ချက်လေးတွေ ရေးထားမိတယ်။ တန်ဖိုးရှိသောစာသည် လူတိုင်းအတွက်မဟုတ် လို့။


Monday, August 18, 2008

ရယ်စရာမောစရာ

ရယ်စရာမောစရာ



မိုးလွန်လေလွန်လူတွေထဲ
ဦးတည်ရာမဲ့ စကားသံတွေက
ရယ်စရာမောစရာ
နေ့စဉ်မြင်နေရသောစာ နေ့စဉ်ကြားနေရသော အကြောင်းအရာတွေက
ရယ်စရာမောစရာ
သူတို့တွေကမေးတယ် ကျွန်တှောကနှာစေးနေတယ်
ဉာဏ်နည်းသူတွေကြားမှာ ဉာဏ်များသူတွေကသာ
ရာဇဝင်တွင်အောင် လူဆိုးဖြစ်ကျန်ခဲ့ရ
သူတို့တွေအတွက်တော့ ကျွန်တှောက
ရယ်စရာမောစရာ
ကျွန်တှော့အတွက်တော့ သူတို့တတွေက
ရယ်စရာ မောစရာ။


၂၀၀၄

ကြာပါပြီရေးထားတာ။

ငြီးငွေ့ခြင်း

ငြီးငွေ့ခြင်း



ငါ့လှေငယ်
လူမရှိသောကမ်းသို့ ငါ့ကိုဆောင်ယူပါ
ငါ့ညကိုငါမီးထွန်းမယ်
ငါ့ဂီတကိုငါသာနားထောင်မယ်
ငါ့ကဗျာကိုငါသီကျူးမယ်
ငါ့ဥယျာဉ်ကိုငါခုတ်ထွင်မယ်
တောင်လေလာပါ
မြောက်လေနှိုးပါ
ငါ့ဖြူစင်ခြင်းတိမ်ခိုးတို့ကို
မိုးစက်များစွာနဲ့အတူရွာချခွင့်ပြုပါ
အိပ်မက်တစ်ဆယ့်သုံး
အမှောင်ဖုံးနေခဲ့သောကမဿဘာ
အရုဏ်ချိန်မှာကွယ်ခဲ့သောအလင်း
အသက်ရှင်သန်နေထိုင်ခြင်းဆိုသောအဓိပဿပာယ်
ငါနားမလည်နိုင်ခဲ့ဘူး
သူတို့တွေက ငါ့ဆီက အနာဂတ်ကို ယူသွားကြတယ်
သူတို့တွေက ငါ့ဆီက စွဲလမ်းတတ်မှုကို ယူသွားကြတယ်
သူတို့တွေက ငါ့ဆီက အားနာတတ်မှုကို ယူသွားကြတယ်
သူတို့တွေက ငါ့ဆီက ခံစားမှုများစွာကို ယူသွားကြတယ်
သူတို့တွေက ငါ့ဆီက ငါ့ဘဝတစ်ခုလုံးကို ယူသွားကြတယ်
သူတို့တွေက ငါ့ဆီက အဖြေတွေကိုပါ ယူသွားကြတယ်
လျှောက်နေရသောလမ်းများ
ငါလည်းမောလှပြီ
ငါ့မျက်ရည်နဲ့ ပွင့်ဝေခဲ့သောပန်းတွေ
သင်တို့ ပျှောရွှင်စွာ ပန်ဆင်နိုင်ကြပါစေ
အရောင်တွေ အရောင်တွေ အရောင်တွေ
များနေလိုက်တာ
ငါမနေထိုင်ချင်တော့သောကမဿဘာ



Monday, August 11, 2008

ဆိပ်ကလေး ရွာကွက်ချ တည်ဆောက်ခြင်း




From: Franky Monkey <lynnseck@gmail.com>
Date: 2008/8/11
Subject: ဆိပ်ကလေး ရွာကွက်ချ တည်ဆောက်ခြင်း
To: lynnseck.myanmar@blogger.com



ကျွန်တှောတို့ အဖွဲ့ရဲ့ အိမ်ဆောက်လုပ်ခြင်း လုပ်ငန်းတွေကို ရပ်နားခဲ့ပါပြီ။ မိုးလေဝသနဲ့ အခြားသော အကြောင်းအမျိုးမျိုးတွေကြောင့် နောက်ဆုံးဆောက်ခဲ့တဲ့ ဆိပ်ကလေး ရွာအကြောင်းကို အခုမှ တင်ပြနိုင်တာ ခွင့်လွှတ်စေချင်ပါတယ်။ ဒီရွာလေးဟာ ကျွန်တှောတို့ ဆောက်ခဲ့သမျှမှာ စိတ်တိုင်းအကျဆုံး၊ အပင်ပမ်းဆုံးနဲ့ အခက်အခဲအများဆုံး ရွာဖြစ်ပါတယ်။ စုစုပေါင်း အိမ်ခြေ ၃ဂလုံး ဆောက်လုပ်ပေးခဲ့ပါတယ်။ ဒါ့အပြင် ရွာမှာ တံတားတစ်ခု တည်ဆောက်ခြင်း၊ ဘုန်းကြီးကျောင်း ပြုပြင်ခြင်း၊ ဝါဆိုဆွမ်းကပ်လှူခြင်း၊ ဂပေအကျယ် လမ်းဖောက်လုပ်ခြင်း စတာတွေကိုလည်း ပြုလုပ်ပေးခဲ့နိုင်ပါတယ်။ ဒီရွာမှာ ဆောက်ခဲ့ကြစဉ်က ကျွန်တှောတို့ အဖွဲ့တွေ အဲဒီမှာ အလှည့်ကျ ညအိပ်ပြီးတော့ကို ကိုယ်တိုင်ပါဝင် လုပ်ကိုင်ခဲ့ကြတာပါ။ နောက်တစ်ခုက အဲဒီမှာဆောက်တဲ့ အိမ်တွေအတွက် သစ်တွေကို အင်ကညင်သစ်တွေ အကုန်ပေးပြီး ဆောက်လုပ်စေခဲ့တာပါ။ အရင်ရွာတွေမှာ အိမ်တိုင်တွေကို ကိုယ်တိုင် စိုက်ထူစေခဲ့ပေမယ့် ဒီရွာမှာတော့ တစ်အိမ်လုံးအတွက် သစ်အကုန်ပေးခဲ့ပါတယ်။ ဒီရွာ ဆောက်လုပ်နိုင်ဖို့ အတွက် ငွေလှူဒါန်းခဲ့သူတွေကတော့ စကဿငာပူက ပုညကုသလ အသင်းနဲ့ ဂျပန်နိုင်ငံ နာဂိုရာက Myanmar Student Association of Nagaoka University of Technology, Japan ကျောင်းသားတွေပဲ ဖြစ်ပါတယ်။ ကျွန်တှောတို့ကို လုပ်အားကုသိုလ် ပါဝင်ခွင့်ရအောင် ကူညီ လှူဒါန်းခဲ့ကြသူ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်။ ပုံတွေ မြင်ရရဲ့လား မသိဘူးဗျာ အီးမေးလ်ကနေ တင်လိုက်ရတာ။ :(
--
Nyi Lynn Seck


--
Nyi Lynn Seck
 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz