Tuesday, July 15, 2008

HMY's Next Plan


လူတွေအားလုံးက အိမ်ဆောက်မယ် ဆိုပြီး ချီတက်လာကြတော့ ပြသဿသနာပေါင်းက သောင်းခြောက်ထောင် ဖြစ်လာတယ်။ ဒါကြောင့် သူများတွေ မလုပ်သေးတဲ့ဟာ အကျိုးပြုလုပ်ငန်းတစ်ခု လုပ်ဖို့ ကျွန်တှော စဉ်းစားမိတယ်။ ကျွန်တှောတို့ရဲ့ နောက်ထပ် အစီအစဉ်က ကျေးရွာတွေမှာ မီးလင်းစေချင်တာပါ။ ကျွန်တှောတို့ ညဘက် ရွာကနေ ပြန်လာတဲ့အခါ ပတ်ဝန်းကျင် တစ်ခုလုံး မည်းမှောင်လို့နေတယ်။ အမှောင်ဟာ လူသားတွေရဲ့ စိတ်ကို အားနည်းစေတယ်။ အလင်းရောင် မရှိတဲ့ အခါ လူတွေက ဘာမှမလုပ်ကြတော့ပဲ စောစောအိပ်ယာ ဝင်ကြတယ်။ ဒါကြောင့် အချိန်တွေလည်း အများကြီး ဆုံးရှုံးရတယ်။ မြစ်ကမ်းတလျောက်က ရွာတွေ အလင်းရောင်မရှိဘဲ မည်းမှောင်နေတာကို မြင်ရတာ ကျွန်တှောတို့ စိတ်မကောင်းဘူး။ ဒါကြောင့် မီးလင်းအောင် လုပ်မယ်လို့ စဉ်းစားကြတဲ့အခါ လေအားလျှပ်စစ် (Wind Energy) ကို သတိရလိုက်မိပါတယ်။



ဒါဟာ အလကားရတဲ့ လေကို အကျိုးရှိအောင် အသုံးပြုတဲ့ စနစ်ဖြစ်သလို ဇီဝလောင်စာ ကုန်ကျမှုနဲ့ ပတ်ဝန်းကျင် ညစ်ညမ်းမှုကိုလည်း လျှော့နည်းစေတယ်။ ကျွန်တှောတို့ ရောက်ခဲ့တဲ့ ရွာတွေမှာ သစ်ပင်တွေပှေါ ကျွန်တှောတို့ တက်ကြည့်ခဲ့တယ်။ ပတ်ဝန်းကျင်ဟာ ကွင်းပြင်တွေ ဖြစ်တဲ့အတွက် လေက အမြဲလိုလို တိုက်နေပါတယ်။ မီးစက်လို ဟာမျိုးကို စဉ်းစားရင် လောင်စာဆီကို မဖြစ်မနေ ထည့်စဉ်းစားရမယ်။ ဒါကြောင့် လေအားလျှပ်စစ်နဲ့ ပတ်သတ်တာတွေကို အင်တာနက်ကနေ လေ့လာခဲ့တယ်။

လေကနေ လျှပ်စစ်ဓာတ်အား ထုတ်တာဟာ အကုန်အကျ သက်သာသလို လေတိုက်အား များရင် များသလို လျှပ်စစ်ဓာတ်အား များများ ထွက်နိုင်တယ်။ လေ့လာချက်အရ ၁ကီလိုဝပ် တိုင်းအတွက် သူ့ရဲ့ဟာက ဒှေါလာ ၁၀၀၀ လောက် ရှိတယ်လို့ သိရတယ်။ မနက်ဖြန်မှာ မြန်မာပြည်က လုပ်တဲ့ဟာကို သွားလေ့လာပါမယ်။ ဒါနဲ့ ပတ်သတ်ပြီး သိကျွမ်းသူတွေ၊ အဆက်အသွယ် ရှိသူတွေ၊ စိတ်ဝင်စားသူတွေ ကူညီပေးကြပါလို့ ဖိတ်ခှေါပါတယ်။





Monday, July 14, 2008

Dayel Phyu Village - ဒရယ်ဖြူ ကျေးရွာ


ဒါက စလူဆိပ် ကျေးရွာအုပ်စုထဲက ဒရယ်ဖြူရွာ ဖြစ်ပါတယ်။ ပထအဆင့် အိမ် ရလုံး ဆောက်ပေးထားရာကနေ သူတို့ရွာလေးက စနစ်တကျ ရှိတာမို့ နောက်ထပ် ၅လုံး ထပ်ဆောက်ဖို့ ပံ့ပိုးပေးထားပါတယ်။

--
Nyi Lynn Seck

HMY July 14

ဒီနေ့ပဲ ကျွန်တှော လပွတဿတာက ပြန်ရောက်ပါတယ်။ ယနေ့အထိ ကျွန်တှောတို့ ကောက်ခံ ရရှိငွေဟာ ၄၁၅၅၅၁ဝဝကျပ် (လေးရာတဆယ့်ငါးသိန်း ငါးသောင်းငါးထောင်တစ်ရာကျပ်) ဖြစ်ပါတယ်။ အလှူငွေ စာရင်းကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။ ရွာစုစုပေါင်း ၁၄ရွာမှာ တည်ဆောက်ခဲ့တာ ဖြစ်ပြီး အချို့မှာ ဓာတ်ပုံရိုက်ကူးရန်နှင့် အချို့မှာ အပြီးသတ်ရန် အနည်းငယ်မျှသာ ကျန်ရှိပါတော့တယ်။ ရွာတွေမှာ တည်ဆောက်ခဲ့တဲ့ စာရင်းကို ဒီနေရာမှာ (Project Villages) ကြည့်ရှုနိုင်ပါတယ်။

ကျွန်တှောတို့ အိမ်ဆောက်လုပ်ခြင်း လုပ်ငန်းကို ရပ်တန့်တော့မှာ ဖြစ်ပါတယ်။ ဆိပ်ကမ်းသာလေး (ဆိပ်ကလေး) ဆိုတဲ့ ရွာမှာ ပထမ ၂၉လုံး ဆောက်လုပ်ရာကနေ နောက်တိုးလူများကြောင့် တစ်ရွာလုံးရှိတဲ့ လူစာရင်း ၃၈ လုံးစာကို ဆောက်လုပ်ပေးနေပါတယ်။ ဒီဆိပ်ကလေးရွာမှာ ဆောက်နေတဲ့ အိမ်တွေဟာ အမိုးအကာ တာပှေါလင်မိုးတာကလွဲလို့ ကျန်တာတွေအားလုံး အခိုင်အမာ သစ်နဲ့ တစ်ပုံစံတည်း ရွာကွက်ချ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ရွာရဲ့ လမ်းတွေကို ယခင်က မြွေလိမ်မြွေကောက် ၃ပေလောက် ရှိနေတာကနေ ဂပေအထိ တဖြောင့်တည်းဖြစ်အောင် တိုးချဲ့ထားပါတယ်။

အခုနောက်ပိုင်း ဆောက်တဲ့အိမ်တွေကို ၁ဂပေ ပေ ၂၀ အရွယ်အစား အခိုင်အမာ ဆောက်လုပ်ရမယ်လို့ သိရပါတယ်။ လူတစ်ယောက်တည်း ကျန်တဲ့ မိသားစုအတွက် အဲဒီလောက် အရွယ်အစား ကျွန်တှောတို့ မဆောက်လုပ် နိုင်ပါဘူး။ နောက်တစ်ခုက သစ်ကိစဿစ။ ကျွန်တှောတို့ ဝယ်ယူနေရတာ အပြင်က ဖြစ်ပါတယ်။ အပြင်သစ်ဈေးဟာ အစိုးရသစ်ဈေးထက် ၆ဆလောက် အနည်းဆုံး ပိုကြီးပါတယ်။ အဲဒီအရွယ် အိမ်တစ်လုံးကို သွပ်မိုးပေးမယ်ဆိုရင် နောက်ထပ် နှစ်သိန်းလောက် ထပ်ကုန်မယ် ထင်တယ်။ နောက်ပြီး မုန်တိုင်းဒဏ်ခံ ဒေသတွေကို အပိုင်းတွေခွဲပြီး ကုမဿပဏီကြီးတွေက ဆောက်လုပ်တော့မယ်လို့ သိရပါတယ်။ အခြားသော အဖွဲ့အစည်းတွေကလည်း အိမ်ဆောက်လုပ်ရေး လုပ်ငန်းကို လုပ်ဆောင်လာကြတာ တွေ့ရပါတယ်။ ဓနိမိုး၊ ထရံကာတာဟာ တာပှေါလင်ထက်တောင် သက်သာပါသေးတယ်။ :)

ဒီဆိပ်ကလေးရွာကို ကျွန်တှောတို့အဖွဲ့ နေ့တိုင်း သွားရောက်ပြီး ကိုယ်တိုင်ပါဝင် ဆောက်လုပ်ခဲ့တာပါ။ တခါတရံ ရွာမှာ ညအိပ်ရပါတယ်။ လပွတဿတာမြို့ကနေ ဆိပ်ကလေးကို သွားတဲ့ခရီးဟာ အသွားအပြန် ရေမီရင် ၃နာရီခွဲ၊ ရေမမီရင် ၅နာရီကျှော ကြာပါတယ်။ လပွတဿတာမြို့ကို ညတိုင်း ၁၀-၁၁ နာရီလောက်မှ ပြန်ရောက်ကြပါတယ်။ ရွာသားတွေကို သစ်တွေ၊ ပစဿစည်းတွေ အကုန်အပ်လိုက်ရင် မလိုအပ်တဲ့ ပိုလျှံကုန်ကျမှုတွေ၊ ဆုံးရှုံးမှုတွေ၊ မညီညွတ်မှုတွေ ဖြစ်တတ်တာ တွေ့ရတာမို့ ဒီရွာမှာတော့ ကျွန်တှောတို့ ကိုယ်တိုင် လုပ်ခဲ့ကြတာပါ။ ရွာကို ပုံစံ ပြန်ဖှောရာမှာ မိမိနေရာဟောင်းကို အစွဲအလမ်း ကြီးကြတဲ့ ရွာသားတွေကို အခါပေါင်းများစွာ တရားချပြီးမှ လက်ခံကြတာပါ။ မိုးရွာရင် အားလုံးက အိမ်ထဲဝင်သွားကြတယ်။ အဲဒီအခါ ကျွန်တှောတို့တွေ မိုးရေထဲထွက် လမ်းမြက်ပေါက်၊ တိုင်တွေထမ်း၊ အမိုးမိုး လုပ်ပြမှ အိမ်ထဲကနေ ပြန်ထွက်လာ လုပ်ကိုင်ကြတယ်။ လဲနေတဲ့ သစ်ပင်တွေကို ခုတ်ထွင် ရှင်းလင်း ခိုင်းရတယ်။ ဆိပ်ကလေးအတွက် ကြမ်းခင်းသစ် မရသေးတာကလွဲရင် ကျန်တာတွေ အတှောပြီးစီးနေပါပြီ။ ဒီလကုန် အပြီးဆောက်မယ်လို့ ကျွန်တှောတို့ ဆုံးဖြတ်ထားတယ်။

အရင်က အိမ်တိုင်တွေကို ရွာသားတွေ ကိုယ်တိုင် စိုက်ထူစေတာက ပိုမိုမြန်ဆန်ပေမယ့် အိမ်ပုံစံ စနစ်ကျ တူညီမှု သိပ်မရခဲ့ပါဘူး။ အခု ဆိပ်ကလေးမှာတော့ ၃၈ အိမ်စလုံး အင်၊ ကညင်သစ်များနဲ့ ညီညီညာညာ တဖြောင့်တည်း၊ တရွယ်တည်း ဖြစ်လာမှာ ဖြစ်ပါတယ်။ ဒီဆိပ်ကလေးဆိုတဲ့ ရွာကို ဂျပန်နိုင်ငံက မြန်မာကျောင်းသားတွေရဲ့ မတည်ငွေ ၄၁ သိန်းနဲ့ စကဿငာပူက ပုညကုသလ ဘာသာရေးအသင်းက လှူဒါန်းငွေ ကျပ်သိန်း ၃ဝကို အဓိကထား သုံးစွဲပြီး တည်ဆောက်နေပါတယ်။ အိမ်တစ်လုံးစာအတွက် အခြင်၊ ရက်မ၊ ပတ်တန်း၊ ဆင့်၊ ထုပ်၊ ကြမ်းခင်း အရာအားလုံးကို ပံ့ပိုးရတဲ့အတွက် ကုန်ကျစရိတ်ဟာ အသားတင် နှစ်သိန်းခွဲခန့် ဖြစ်လာပါတယ်။

အိမ်မဆောက်လုပ်တော့ပေမယ့် အခြား တစ်ခုကို ဆက်လက် လုပ်ဆောင်သွားမယ်လို့ စီစဉ်ထားပါတယ်။ ပထမတစ်ခုက ကျွန်တှောတို့ ရွာတွေမှာ တစ်ရွာတစ်ည ကွန်ပျူတာနဲ့ ပရောဂျတ်တာထိုးပြီး ရုပ်ရှင်လိုက်ပြမယ်။ ရွာသားတွေမှာ Entertainment & Recreation ဆိုတာ လုံးဝမရှိပါဘူး။ ဒါကြောင့် ဒါဟာ သူတို့အတွက် စိတ်အပန်းဖြေစရာ တစ်ခု ဖြစ်လာလိမ့်မယ်လို့ ကျွန်တှောတို့ ယုံကြည်တယ်။ ကျွန်တှောတို့ဆီမှာ မီးစက် ဝယ်ပြီးသားရှိတယ်။ ကိုယ်ပိုင် လပ်တော့ ကွန်ပျူတာလေးတွေ ရှိတယ်။ ပရောဂျတ်တာကိုတော့ အလှူခံကြည့်မယ်။ မရရင် ဝယ်ပါမယ်။ နောက်တစ်ခုကတော့ ပိုပြီး အဓိကကျတဲ့ လုပ်ဆောင်မှု တစ်ခု ဖြစ်ပါလိမ့်မယ်။ ကြီးမားတဲ့ ပြောင်းလဲမှု တစ်ခုလည်း ဖြစ်နိုင်ပါတယ်။ အခု အဲဒီကိစဿစအတွက် စုံစမ်းလေ့လာနေဆဲ ဖြစ်တာမို့ မပြောသေးပါဘူး။ နောက်တစ်ရက် နှစ်ရက်မှာ ကျွန်တှောတို့ ဒီနေရာကနေ တင်ပြပါမယ်။



ညီလင်းဆက်


Ref

Nargis Donor List
Project Financial Clearance

အလှူရှင်အလိုရှိသည် ...........

ကျွန်တှောတို့ အဖွဲ့သွားရောက်နေတဲ့ လေမုန်တိုင်း သင့်ဒေသလေးတွေမှာ ရွာသူရွာသားများကို ရုပ်ရှင် ပြဖို့ ပရော့ဂျက်တာ တစ်ခု အလိုနေပါတယ်။

လေမုန်တိုင်းက ပြီးဆုံးသွားခဲ့မေမယ့် သူတို့ရဲ့ ဘဝလေးတွေကို ပြန်လည်စိတ်ဓာတ် မြှင့်တင်ပေးဖို့ အလွန်အရေးကြီးပါတယ်။ အဲလို ပြန်လည် စိတ်ဓာတ်ကို မြှင့်တင်ပေးတဲ့ နေရာမှာ ဖျှောဖြေရေးဟာလည်း အဓိက ကျလှပါတယ်။

သူတို့တွေဟာ လေမုန်တိုင်း တိုက်ပြီးကတည်းက ရွာထဲမှာ ရှိတဲ့ ဗီဒီယိုရုံတွေ တီဗီတွေ ရေထဲပါသွားတဲ့အကြောင့် လက်ရှိမှာ ဖျှောဖြေရေးဆိုလို့ လေဒီယိုလေး တစ်လုံးနဲ့ သီချင်းနားထောင် နေရတဲ့ အဆင့်ပဲရှိပါတယ်။ ဒါကြောင့် ဖျှောဖြေရေးနဲ့ ကင်းကွာနေတဲ့ သူတို့အတွက် ဗီဒီယိုလေးတွေ ပြပေးခြင်းဟာ ရေငတ်နေသူအတွက် ရေကြည်တစ်ပေါက် ဖြစ်လာမှာပါ။

ဒါကြောင့် ကျွန်တှောတို့ သွားရောက်နေတဲ့ ရွာလေးတွေမှာ ဗီဒီယိုလေးတွေ ပြချင်ပါတယ်။ အဲဒီလို ပြဖို့အတွက် ကျွန်တှောတို့မှာ ပရှောဂျက်တာလေး တစ်လုံး အလိုရှိနေပါတယ်။ အဲဒီလိုအပ်ချက်လေးကို ဖြည့်ဆည်း သည့်အနေဖြင့် ပရော့ဂျက်တာကို ခေတဿတငှားရမ်း၍ ကုသိုလ်ယူ လိုသူများ အောက်ပါ ဖုန်းနံပါတ်များ ကိုဆက်သွယ်နိုင်ပါတယ် ...........

Handy Myanmar အဖွဲ့

၀၉ ၈၀ ၂၀၄၁၃
၀၉ ၅၀ ၂၆ ၃၀၀
၀၁ ၃၉၃၄၅၇

သို့ဆက်သွယ်နိုင်ပါတယ်




Thursday, July 10, 2008

ဆိပ်ကမ်းသာလေးကုန်း









ဒါကတော့ ဆိပ်ကမ်းသာကုန်း ဆိုတဲ့ကျေးရွာပါ။ အဲဒီရွာမှာ ကျွန်တှောတို့အဖွဲ့ အိမ် ၂၉ လုံးဆောက်ပေးမှာ ဖြစ်ပြီး ယနေ့အထိ ၁၅ လုံးပြီးစီးသွားပါပြီ

Wednesday, July 9, 2008

ကမဿမလာတပင်ချောင်းရွာ





ကမဿမလာတပင်ချောင်းရွာ မှာ ကျွန်တှောတို့ အဖွဲ့ကနေ ဆောက်လုပ်ပြီးတဲ့ အိမ်လေး ငါးအိမ်ဖြစ်ပါတယ်

Tuesday, July 1, 2008

HMY Working Area

ဒါက ကျွန်တှောတို့ အဖွဲ့ တည်ဆောက်နေတဲ့ ရွာတွေ နေရာပါ။ အချို့ရွာတွေက မြေပုံထဲ မပါပါဘူး။ ကျေးရွာစုတွေ အနေနဲ့သာ မြင်ရပါလိမ့်မယ်။

--
Nyi Lynn Seck

ကညင်တစ်ပင်နှင့် ရခိုင်ကုန်း



ကညင်ကုန်းရွာ အုပ်စုက ကညင်တစ်ပင်ရွာ ဖြစ်ပါတယ်။ အဲဒီမှာ မိသားစုအိမ် ၉လုံးနဲ့ စုပေါင်းအိမ် ၄လုံး ဆောက်လုပ်ပေးခဲ့ပါတယ်။

Single Budget Hut (9) 1350000
Compound Budget Hut (4) 800000
215000

နောက်ရွာကတော့ ကညင်ကုန်း အုပ်စုထဲကပဲ ကညင်တစ်ပင်နဲ့ ကပ်လျှက်ရှိတဲ့ ရခိုင်ကုန်းရွာ ဖြစ်ပါတယ်။ အဲဒီရွာမှာ စုပေါင်းအိမ် ၆လုံး ဆောက်လုပ်ပေးခဲ့ပါတယ်။

Compound Budget Hut (6) 1200000

စုစုပေါင်း 3350000 ကျပ်


ဒီရွာတွေကို ဆောက်လုပ်ခြင်းကို Ko Zaw Zaw & Friends လှူဒါန်းငွေ 3390000 ကျပ်ကို အသုံးပြုပြီး ဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ကညင်တစ်ပင် ကျေးရွာမှာ လူဦးရေ ၁၀၀၊ မိသားစု ၃၁ စု ရှိပါတယ်။ ရခိုင်ကုန်း ကျေးရွာမှာ လူဦးရေ ၁၇၇ ဦး၊ မိသားစု ၅၁ စု ရှိပါတယ်။ အိမ်တွေမှာ လက်ရှိနေထိုင်တဲ့ စာရင်းက အပြောင်းအလဲတွေ များလွန်းတာမို့ ကျွန်တှောတို့ ပြုစုနေဆဲ ဖြစ်ပါတယ်။


--
Nyi Lynn Seck

HMY 01 July 2008


ကျွန်တှောနဲ့ ကိုမျက်လုံး လပွတဿတာ မသွားဖြစ်သေးပါဘူး။ နောက် သုံးလကနေ ခြောက်လအထိ ကျွန်တှောတို့ အဖွဲ့လေး ဆက်ဆောင်ရွက်နိုင်ဖို့ ကျွန်တှောတို့ သူငယ်ချင်းတွေရော အခြား Donor အဖွဲ့တွေနဲ့ပါ ညှိနေပါတယ်။ HMY ကို ဆက်ပြီး Run နိုင်အောင် ကျွန်တှောတို့ အစွမ်းကုန် ကြိုးစားနေပါတယ်။ လောလောဆယ်မှာတော့ အဖွဲ့တွေက ယခင် ဆောက်လက်စ ရွာတွေကို အပြီးသတ် နေပါတယ်။


သစ်ပေတွက်နည်းများ

သစ်ပေတွက်နည်းများ



ကျွန်တှောတို့ အတွေ့အကြုံအရ အိမ်ဆောက်ပေးမည့် သူတွေကို သစ်စက်တွေကနေ ကောင်းကောင်း ကြိတ်နေတာ တွေ့ရပါတယ်။ အင်ဂျင်နီယာလည်း မဟုတ်၊ အာခီတက် တွေလည်း မဟုတ်ကြလေတော့ သစ်စက်က ပြောတဲ့အတိုင်း ပေးသလောက်သာ အမှန်ထင်နေကြတယ်။ သစ်ဝယ်ရာမှာ ခွဲပျဉ်ကို ဝယ်တာထက် တန်ချိန်အလိုက် ဝယ်ပြီး ခွဲခိုင်းတာက ပိုတန်တယ်။ များသောအားဖြင့်က ၁ဂပေ အရှည် အချောင်းတွေ ဖြတ်ကြတာ များတယ်။ ကျွန်တှောတို့လည်း အစက ဘာမှမတတ်ခဲ့ဘူး။ နောက်တော့ ဒါတွေကို နားလည်အောင် သစ်တန်တွက်နည်း စာအုပ်တွေ ရှာဖတ်ရ လေ့လာရတော့တယ်။ မုဆိုးစိုင်သင် ပေါ့ဗျာ။ အောက်မှာ သစ်တစ်တန်မှာ ထွက်လာမယ့် ပျဉ်အရှည်ပေ အတိုင်းအတာကို ဖှောပြထားပါတယ်။ 1/2 ကို မြန်မာတွေက ငါးမူးခှေါတယ်။ 3/4 ဆိုရင် သုံးမတ်၊ 1/4 ဆိုရင် တစ်မတ်ပေါ့။ ကိုယ်ဆောက်မယ့် အိမ်မှာ ကုန်မယ့် ဧရိယာအကျယ်ကို တွက်ချက်ပြီး သစ်ကို ချိန်ဆ ဝယ်ယူသင့်ပါတယ်။ လွှစားတာကြောင့် ပေ အနည်းငယ်မျှ အပြောင်းအလဲ ရှိနိုင်ပါတယ်။


(1 x 1/2) 14400 ပေ
(1 x 1) 7200 ပေ
(1 1/2 x 1/2) 9600 ပေ
(1 1/2 x 1) 4800 ပေ
(1 1/2 x 1 1/2) 3200 ပေ
(2 x 1) 3600 ပေ
(2 x 1 1/2) 2400 ပေ
(2 x 2) 1800 ပေ
(2 1/2 x 2 1/2) 1152 ပေ
(3 x 1/2) 4800 ပေ
(3 x 1) 2400 ပေ
(3 x 1 1/2) 1600 ပေ
(3 x 2) 1200 ပေ
(3 x 3) 800 ပေ
(3 1/2 x 3 1/2) 588 ပေ
(4 x 1) 1800 ပေ
(4 x 1 1/2) 1200 ပေ
(4 x 2) 900 ပေ
(4 x 3) 600 ပေ
(4 x 4) 450 ပေ
(4 1/2 x 4 1/2) 356 ပေ
(5 x 1/2) 2880 ပေ
(5 x 1) 1440 ပေ
(5 x 1 1/2) 960 ပေ
(5 x 2) 720 ပေ
(5 x 2 1/2) 576 ပေ
(5 x 3) 480 ပေ
(5 x 4) 360 ပေ
(5 x 5) 288 ပေ
(6 x 1/2) 2400 ပေ
(6 x 1) 1200 ပေ
(6 x 1 1/2) 800 ပေ
(6 x 2) 600 ပေ
(6 x 3) 400 ပေ
(6 x 4) 300 ပေ
(6 x 5) 240 ပေ
(6 x 6) 200 ပေ



 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz