Friday, May 30, 2008

Need Volunteers

လပြတဿတာမွ ကိုညီလင်းဆက်တို့အဖွဲ့ ဒီနေ့မှာ ကိုကဿကိုရွာကို သွားပါမယ်။ အိမ်ထောင်စု (၃၂) ခုအတွက် အိမ်ယာများပြန်လည်တည်ထောင်ရေး နဲ့ အလှူပစဿစည်းများ ပေးဝေရေး လုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။ အဲဒီလို လုပ်ကိုင်တဲ့အခါမှာ ကျွန်တှောတို့ အဖွဲ့နဲ့ပူးပေါင်းပြီး ပါဝင်ကူညီလိုသူ (၅) ဦးခန့်ကို ဖိတ်ခှေါလိုပါတယ်။ Volunteer အဖြစ်လိုက်ပါလိုသူများ အနေနဲ့ thethtoo@gmail.com သို့ဖြစ်စေ၊ ၀၉ ၅၀ ၂၆၃၀၀ သို့ဖြစ်စေ မေလ (၃၁)ရက်နေ့ နောက်ဆုံးထားပြီး ဆက်သွယ်စေလိုပါတယ်။ လိုက်ပါလိုသူများအနေနဲ့ ရန်ကုန်မှ လပွတဿတာသို့ ခရီးစရိတ်၊ စောင်၊ အဝတ်အထည်တို့ကို မိမိအစီအစဉ်နှင့် မိမိ ကျခံရမှာဖြစ်ပါတယ်။ လပွတဿတာမြို့ပှေါနဲ့ အခြားရွာများသို့ သွားလာစဉ် စားသောက်စရိတ်နှင့် တည်းခိုနေထိုင်ရေးများကို ကျွန်တှောတို့အဖွဲ့မှ စီစဉ်ကျခံပေးမှာဖြစ်ပါတယ်။

Tuesday, May 27, 2008

2nd Phase Relief Aids

2nd Phase Relief Aids


မိုးကာလိပ်
ဒန်အိုး
ရေချိုးခွက်
သောက်ရေခွက်
ထမင်းပန်းကန်
ဟင်းပန်ကန်
စတီးဇွန်း
စားအုန်းဆီ (ပိသဿသာတစ်ရာ)
အိမ်ရိုက်သံ (၂လက်မခွဲ)
အိမ်ရိုက်သံ (၃ လက်မ)
အိမ်ရိုက်သံ (၄ လက်မ)
ကျစ်ကြိုး
တူရွင်းပြား
ထွန်ခြစ်
လွှ
တူ
ရဲတင်း
ဆာလာအိတ်
ပလတ်စတစ်ကြိုး
ကတ်ထူဗူး


ဒါတွေက ကျွန်တှောတို့ Handy Myanmar Youths အဖွဲ့လေးက ဒုတိယအကြိမ် လှူဒါန်းဖို့ရာ ပို့ခဲ့တဲ့ ပစဿစည်းတွေပါ။ တန်ဖိုးအားဖြင့် ကျပ်ငွေ ခြောက်ဆယ့်ခုနစ်သိန်းခန့် ရှိပါတယ်။ အသေးစိတ် စာရင်းကို ဒီနေရာမှာ ကြည့်လို့ ရပါတယ်။[Link] ဒီဒုတိယအကြိမ်အတွက် Myanmar PSA Family, Singapore ကလှူဒါန်းတဲ့ ငွေကျပ် ခုနှစ်ဆယ့်ခြောက်သိန်း နှစ်သောင်းကို အဓိက ရံပုံငွေအဖြစ် အသုံးပြုခဲ့ပါတယ်။ ပိုလျှံတဲ့ ငွေကို အခြားသင့်တှောတဲ့ နေရာများမှာ ထည့်သွင်းလှူဒါန်းပေး သွားပါမယ်။ အလှူဓာတ်ပုံတွေကိုလည်း အမြန်ဆုံး တင်ပေးနိုင်အောင် ကျွန်တှောတို့ ကြိုးစားပါမယ်။



Budget Hat's Model

တစ်အိမ်ထောင်တွင် အနည်းဆုံး လူ၁၅ဦး နေထိုင်နိုင်ပြီး တန်ဖိုးနည်းပါးကာ အချိန်တိုအတွင်း တည်ဆောက်နိုင်သော ကုန်ကျစရိတ် သက်သာသည့် ဘတ်ဂျတ်တဲ






ကျွန်တှောတို့ ဆောက်နေတဲ့ ဘတ်ဂျတ်တဲ ပုံစံ ဖြစ်ပါတယ်။ အဖီက သူတို့ဒေသ ဓလေ့အရ ဘေးအကာ မရှိပါဘူး။ အနိမ့်ဆုံး ခေါင်နေရာက ခုနစ်ပေ အမြင့် ရှိပါလိမ့်မယ်။ အမိုးနဲ့ အကာကြားထဲမှာ တစ်ပေခန့် နေရာလွတ် ထားပါတယ်။ ဒါက လေဝင်လေထွက် ကောင်းအောင်လို့ပါ။ ၆x၆ ပေ အခန်းဖွဲ့မထားတဲ့ နေရာ ခြောက်နေရာ ပါမှာဖြစ်ပြီး မိသားစု ၆စု အနည်းဆုံး နေထိုင်နိုင်ပါလိမ့်မယ်။ တဲတစ်လုံးကို နှစ်သိန်းခန့် ကုန်ကျမှာ ဖြစ်ပြီး တစ်ရွာကို ပထမအဆင့် အနေနဲ့ အနည်းဆုံး ၅-၆ လုံး ဆောက်ပေးဖို့ ကျွန်တှောတို့ စီစဉ်ထားပါတယ်။ ဒီလို တစ်အိမ်ကို တစ်ရက်နဲ့ အပြီးဆောက်လို့ ရပါတယ်။ ပျဉ်နဲ့ ဆောက်ရင် အကုန်အကျ များတဲ့အပြင် အချိန်ကြာတာကို တွက်ဆစေလိုပါတယ်။ အိမ်ပုံစံကတော့ သိပ်မဆွဲတတ်လို့ သည်းခံစေလိုပါတယ်။


Sunday, May 25, 2008

လွဲပါလေရော

ကျွန်တှော့အသိ နိုင်ငံခြားသား တစ်ယောက်ရဲ့ အတွေ့အကြုံလေးပါ။ တစ်နေ့မှာ သူက အလုပ္ကိစဿစ တစ္ခုအတြက္နဲ့ အိနဿဒိယ တိုင်းရင်းသားကြီး တစ်ယောက်နဲ့ တွေ့ဆုံပါသတဲ့။ နာရီဝက်လောက် စကားပြောကြတယ်။ သူပြောလိုက်တိုင်း အဲဒီလူကြီးက အိုကေ အိုကေပြောပြီး ခေါင်းလေး လှုပ်ခါ လှုပ်ခါနဲ့ တခါခါ လုပ်နေပါသတဲ့။ သူကလည်း ခေသူ မဟုတ်လေတော့ အိနဿဒိယ တိုင်းသားတွေဟာ ရက်စ်လို့ ပြောပြီးရင် အမူအယာနဲ့ ခေါင်းခါ ပြတတ်တာ သိထားလေတော့ အားလုံး အိုကေတယ်လို့ နားလည်ထားတယ်။ သူတို့ အလုပ်ကိစဿစတွေလည်း အားလုံး အဆင်ပြေတယ် ဆိုပါတော့။ ဒါနဲ့ နောက်တစ်လလောက် ကြာတော့ နောက်ထပ် လုပ်ငန်းရှင် တစ်ယောက်နဲ့ အပြင်မှာ တွေ့ကြတယ်။ သူကလည်း သူလုပ်မယ့် လုပ်ငန်းတွေ အကြောင်း ပြောနေတယ်။ ဟိုတစ်ယောက်ကလည်း ရက်စ် ရက်စ်နဲ့ ခေါင်းလေး တညိမ့်ညိမ့် လုပ်နေပါတယ်။ ဒါနဲ့ သူလည်း ဪ ဟိုအိနဿဒိယကောင်ကတော့ ရက်စ်လို့ပြောပြီး ခေါင်းခါတယ်။ ဒီကောင်ကတော့ ရက်စ်ပြောပြီး ခေါင်းညိမ့်တယ်ဆိုတော့ နောက်လုပ်မယ့် အလုပ်တွေ ပိုပြီး အဆင်ပြေတော့မယ် ထင်တယ်ပေါ့။ ဝမ်းသာနေတယ်။ အဲဒီမှာ လွဲပါလေရော။ သူမသိခဲ့တာက အဲဒီလူက သူပြောတာတွေ လုံးစေ့ပတ်စေ့ နားမလည်လို့ ခေါင်းတညိမ့်ညိမ့် လုပ်နေတာ၊ Conjunction ဘာလုပ်ရမှန်း မသိလို့သာ ရက်စ်ရက်စ်နဲ့ ပြောနေတာ ဆိုတာပါပဲ။ ဒါနဲ့ပဲ နားလည်မှု လွဲပါလေရောတဲ့ဗျား။


Dont Use Victims!!

Roll back my anger. Thanks Ko Wai Lynn for your mail. I m still sure at what I felt. But Anyway, really thanks for your mail.


Saturday, May 24, 2008

Budget Hut Plan





ကျွန်တှောတို့ နောက်ပိုင်းမှာ ဒုကဿခသည်တွေကို အစားအသောက် အဝတ်အထည်တွေထက် ဈေးသက်သာတဲ့ စုပေါင်း အိမ်လေးတွေ တည်ဆောက်ပေးသွားမယ်လို့ စိတ်ကူးထားပါတယ်။ သူတို့ကို ဘာတွေ လိုအပ်သလဲလို့ မေးမြန်း ဆွေးနွေးကြည့်တဲ့အခါ သူတို့ အခုအချိန်မှာ တကယ်လိုအပ်နေတာ နေစရာနဲ့ သူတို့ လယ်လေးတွေ ပြန်လုပ်ချင်တာလို့ ပြောကြပါတယ်။

လူဦးရေ ၅၀၀ လောက်ရှိတဲ့ ရွာမှာ လူဦးရေ ၁၀၀ လောက်ပဲ ကျန်တော့တယ်။ အဲဒီအထဲက ၃၀-၄၀ က အမျိုးသမီးတွေပါ။ တွေ့ရှိရသလောက် အမျိုးသမီးတွေ အများစုက နေရပ် မပြန်လိုကြသေးပါဘူး။ သူတို့စိတ်ထဲမှာ အဖြစ်ဆိုးကြီးကို တှောတှောနဲ့ ဖျောက်လို့ မရဘူးနဲ့ တူပါတယ်။ ယောက်ျား အားလုံးလိုလိုက အစိုးရက ပြန်မလွှတ်တောင် ရွာကို အရမ်းပြန်ချင်နေကြတာကို တွေ့ရပါတယ်။

ဒုကဿခသည်မှာ ၂မျိုးရှိတယ်။ တစ်မျိုးက ဒုကဿခရောက်ပြီး မြို့ကို ရောက်လာတဲ့သူနဲ့၊ ဒုကဿခရောက်တာတောင် မြို့တက်မလာတဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် တစ်ခါက မြို့ပှေါမှာတွေ့တိုင်း ဒုကဿခသည် မဟုတ်သလို၊ ဒုကဿခသည်တိုင်းလည်း မြို့ပှေါမှာသာ ရှိနေတာ မဟုတ်ဘူးလို့ ကျွန်တှော ပြောခဲ့တာပါ။

ကျွန်တှောတို့ ရွာတွေကို ဆင်းတဲ့အခါ တကယ်ကို ဒုကဿခရောက်နေသူတွေကို တွေ့ရပါတယ်။ တချို့ရွာတွေကို လေယာဉ်နဲ့ ရိကဿခာရောက်တယ် ဆိုပေမယ့် ဖူလုံမှု မရှိသေးပါဘူး။ တချို့ရွာတွေဆို လမ်းပမ်း အခက်အခဲကြောင့် သွားလာဖို့ ခက်ခဲနေဆဲပါ။ သူတို့က မြစ်ချောင်း အင်းအိုင်အနားမှာ ကြီးပြင်း အသက်မွေး လာကြသူတွေမို့ အစားအစာအတွက် အဲဒီလောက် စိုးရိမ်တကြီး ပူပန်နေတာမျိုးကို မတွေ့ရဘူး။ မြစ်တွေချောင်းတွေ ရှိနေရင် သူ့တို့အတွက် ငါးတွေ ပုစွန်တွေ ဖမ်းတယ်ဆိုတာက မခက်ခဲပါဘူး။ ဒါပေမယ့် လယ်ပြန်မလုပ်ရမှာကိုတော့ အတှော့ကို စိုးရိမ်နေကြပါပြီ။ လယ်မြေတွေကို ရေငန် ဖုံးလွှမ်းသွားခဲ့တာမို့ သူတို့အနေနဲ့ အဲဒီ ဆားရေတွေကို ပြန်ထုတ်ကြရပါမယ်။ ပြီးရင် ပြန်ပြီး ထွန်ယက်ရမယ်။ အဲဒါတွေ လုပ်ဖို့ဆိုတာ ပထမဆုံး အမိုးအကာ နေစရာ လိုအပ်ပါတယ်။

အဲဒီအတွက် အိမ်ဆောက်မယ်လို့ ကြည့်ကြတော့ အခက်ကြုံရပြန်တယ်။ ပထမဆုံး အခက်အခဲကတော့ သွားလာရေးပေါ့။ တချို့ ပင်လယ်ကမ်းခြေက ရွာတွေကို သွားဖို့ရာ သာမန် စက်လှေနဲ့ ၅နာရီလောက် မောင်းရတယ်။ စက်လှေတွေ ရေမြုပ်ကုန်တော့ ရှိတဲ့ စက်လှေတွေနဲ့က မလောက်ဘူး။ အမြဲငှားရမ်း သွားဖို့ကလည်း ပိုက်ဆံ အခက်အခဲ ရှိပါတယ်။ ကျွန်တှောတို့ ပထမဆုံး တဲဆောက်ပေးတဲ့ ရွာလေးမှာတော့ ရွာသားတစ်ဦးမှာ ကံကောင်းထောက်မစွာ စက်လှေတစ်စင်း ကျန်ခဲ့တာမို့ ဒီဇယ်ဆီပဲ ဝယ်ပေးခဲ့ရပါတယ်။ နောက်တစ်ခုက ဝါးပါ။ မုန်တိုင်းဒဏ်ကြောင့် ဝါးတောတွေ အကုန် နီးပါး ကုန်သွားခဲ့တယ်။ ဒါကြောင့် ဝါးကို ခက်ခက်ခဲခဲ ရှာဖွေကြရတယ်။ ဝါးတော ဝေးရင် ဝေးသလောက် အကုန်အကျ များနိုင်တယ်။ ဒါကိုလည်း ချင့်ချိန်ကြရတယ်။ သစ်မသုံးဘဲ ဘာလို့ ဝါးကို ရွေးရတယ် ဆိုတဲ့အကြောင်းကို နောက်ပိုင်းမှာ ရှင်းပြပါမယ်။ နောက်တစ်ခုကတော့ အထွေထွေ ပစဿစည်းတွေပေါ့။ ဒါတွေကလည်း အဲဒီဒေသမှာ ဈေးကြီးတာမို့ ရန်ကုန်ကနေ သယ်ကြရတယ်။

ကျွန်တှောတို့ တည်ဆောက်တဲ့ တဲအိမ်လေးတွေက မိသားစု တစ်ခုချင်းစီအတွက် မဟုတ်ပါဘူး။ ကျွန်တှောတို့ လေ့လာ မေးမြန်းချက်တွေအရ ဘယ်မိသားစုမှ အကုန် ရွာမှာ ပြန်မနေချင်ကြသေးဘူး။ သူတို့ အစီအစဉ်က ယောက်ျားတွေက ရွာကိုပြန်မယ်။ ဒီရွာက ရွာသားတွေ စုပေါင်းပြီး ဘုံလယ်ယာလေး ဆယ်ဧက ဆယ့်ငါးဧက ဖြစ်ဖြစ် လုပ်ကြမယ်။ (အရင်က တစ်ယောက်ကို ဧကရာနဲ့ချီပြီး လုပ်ကြတာမျိုးပါ)။ ဒီနှစ်ရတဲ့ စပါးလေးတွေကနေ နောက်နှစ် နောင်နှစ်တွေမှာ တိုးတိုးပြီး စိုက်သွားမယ် ဆိုတဲ့ ရည်ရွယ်ချက် ရှိကြပါတယ်။ ကျွန်တှောဟာ သူတို့ကို ကြည့်ပြီး ကြက်သီးတောင် ထမိတယ်။ သူတို့မှာ ဒီလို အခြေအနေမျိုးမှာတောင် နှစ်ရှည်စီမံကိန်းတွေ ရှိနေခဲ့တယ်။ ဒါဆို ကျွန်တှောတို့ကရော ဘာကြောင့် မရှိရမှာလဲတွေးမိ ခဲ့တယ်။ ဒါနဲ့ သူတို့နဲ့ ဆွေးနွေးတဲ့အခါ သူတို့က ရွာသားတွေ စုပေါင်းနေထိုင်ချင်ကြတယ်။ မိသားစုတစ်စု တစ်အိမ် ဆိုတာထက် သူတို့ပေါင်းပြီး တစ်အိမ် နေချင်ကြတယ်။ ဒီအိမ်တွေမှာ သူတို့ တသက်လုံး နေမှာ မဟုတ်ဘူး။ ဒါပေမယ့် သေချာတယ် ၃နှစ်လောက် နေကြလိမ့်မယ်။ ပြီးရင် သီးခြား အိမ်ကောင်းလေးတွေကို ကြိုးစားဆောက်ကြပါလိမ့်မယ်။ အဲဒါကြောင့် ဒီ လတ်တလော နှစ်နှစ် သုံးနှစ်စာ ကာလလေးအတွက် ရည်ရွယ်ပြီး အကုန်အကျ သက်သာတဲ့ အိမ်လေးတွေ ဆောက်ဖို့ ကျွန်တှောတို့ သဘောတူခဲ့တယ်။

ကျွန်တှောတို့ ဘတ်ဂျတ်တဲလေးတွေက အစွန်းထွက် အမိုးမပါ အလျား ပေ၂၀၊ အနံ ၁၅ ပေလောက် ရှိပါမယ်။ အလျား ၆ ပေရှိတဲ့ မီးဖိုချောင် အဖီလေး တစ်ခုလည်း ပါမယ်။ အိမ်ကို ဝါးနဲ့ဆောက်မယ်။ အမိုးနဲ့ အကာအတွက်ကို တာပှေါလင် သုံးမယ်။ တချို့က ပြောကြတယ်။ ဘာလို့ ဓနိမသုံးတာလဲတဲ့။ သူတို့ မသိကြလို့ပါ။ မုန်တိုင်းမလာခင်က အဲဒီဒေသတွေမှာ နွေရာသီဆို လာမယ့် မိုးဒဏ်ကို ခံနိုင်အောင်ဆိုပြီး အိမ်အမိုးတွေ အသစ်ပြင်ကြတယ်။ အဲဒါကြောင့် အခုပြန်ထွက်နေတဲ့ ဓနိတွေက အိမ်မိုးလို့ မကောင်းတဲ့ အနုစားတွေ ဖြစ်ပါတယ်။ နောက်ပြီး ဓနိထိုးတဲ့ အမျိုးသမီးတွေ အများအပြား သေကုန်တာကြောင့် ဓနိထိုးမယ့်သူကို မရှိတာ ကြုံနေကြရတယ်။ ဒါကြောင့် ဈေးအနည်ငယ် ကြီးပေမယ့် မြန်တယ်၊ လွယ်ကူတယ်၊ အဆင်ပြေတယ် ဆိုတဲ့ တာပှေါလင်ကို သုံးတာပါ။ သစ်အစား ဝါးကို သုံးရတယ် ဆိုတာက သစ်က ဈေးကြီးတယ်။ သယ်ဆောင်ဖို့ မလွယ်ဘူး။ ရန်ကုန်က သစ်လှူရင်တောင် ပထမဆုံး လပြတဿတာပို့ဖို့၊ အဲဒီကေန သက္ဆိုင္ရာ ရြာကို ပို့ဖို့ဆိုတာ အေတာှ ခက်ခဲတယ်။ ဒုကဿခသည်တွေမှာ ပိုက်ဆံဆိုတာ မူးလို့ ရှူစရာရှိတာ မဟုတ်ဘူး။ ဒါကြောင့် သူတို့ ခေါင်းခဲနိုင်မယ့် ကိစဿစကို လုံးဝမစဉ်းစားတာ ကောင်းပါတယ်။

အဲဒီလိုအိမ်ကို ကျွန်တှောတို့က သုံးပင် နှစ်ပင် တစ်ဖီ အိမ်လို့ ခှေါတယ်။ တစ်အိမ်မှာ အခန်းကျဉ်း ခြောက်ခန်း ရှိတဲ့ သဘောပါပဲ။ တစ်ခန်းမှာ လူနှစ်ဦး ကောင်းကောင်းကြီး နေလို့ ရပါတယ်။ ဒါကြောင့် အိမ်တစ်လုံးမှာ လူ ၁၂ ယောက် နေလို့ရတယ်။ အိမ်ငါးလုံး ဆောက်ခက ကျပ်ငွေ ၁ဝသိန်းလောက်သာ ကုန်ကျပါတယ်။ ဒါကြောင့် တစ်အိမ်ကို နှစ်သိန်း၊ လူတစ်ယောက်အတွက် ကုန်ကျစရိတ် ကျပ်နှစ်သောင်းခန့်ပဲ ရှိပါတယ်။ ဒါဟာ တကယ့်ကို ဘတ်ဂျတ် အိမ်လေးတွေပါ။ သူတို့အတွက် အိမ်ကြီးရခိုင်ကို တစ်လနှစ်လ ဆောက်နေတာမျိုးထက် ဒါမျိုးလေးတွေက ပိုလိုအပ်ပါတယ်။ ရွာသားတွေဟာ သူတို့အတွက် အိမ်ကို သူတို့ကိုယ်တိုင် ဆောက်ရပါမယ်။ အဲဒီလို ဆောက်နေချိန်မှာ ကျွန်တှောတို့က အစားအသောက် စီစဉ်ပေးပါတယ်။ သူတို့ကို ကိုယ်တိုင် ဆောက်ခိုင်းတာကလည်း အကုန် အလကားရတာပဲ ဆိုတဲ့ အလေစိတ်တွေ ဝင်သွားမှာ စိုးလို့ပါပဲ။ ဒီအိမ်လေးတွေ ပြီးသွားရင် သူတို့အတွက် အိမ်သာ၊ ရေ ကိစဿစတွေကို သက်ဆိုင်ရာ အန်ဂျီအိုတွေနဲ့ ကျွန်တှောတို့ ကိုယ်တိုင် ညှိုနှိုင်း ကူညီပေးသွားပါမယ်။

ဘဝပေါင်းများစွာ ဒီမုန်တိုင်းဒဏ်ကြောင့် ဆုံးပါးသွားခဲ့ကြတယ်။ သူတို့ရဲ့ စိတ်တွေ ဘယ်လို ထိန်းချုပ်ထိန်းချုပ်ထားတယ် ဆိုပေမယ့် အလွန်ကြီးမားတဲ့ စိတ်ဒဏ်ရာ ရသွားခဲ့ ကြပါပြီ။ မျက်စိရှေ့မှာတင် မိဘ၊ မောင်နှမသားချင်း၊ ခင်ပွန်းမယားတွေ ကွန်လွန်သွားခဲ့ကြတယ်။ ဒီလို အဆုံးရှုံးကြီး ဆုံးရှုံးသွားရတဲ့ လူတွေကို သာမန်အခြေအနေ ပြန်ရောက်အောင် လုပ်ပေးတယ် ဆိုရုံနဲ့ ကျွန်တှောတို့ဟာ တာဝန်ကျေတယ်လို့ မယူဆသင့်ပါဘူး။ သူတို့ကို အရှုံးတွေ ကြားထဲက တစ်ခုခု အမြတ်ရအောင် လုပ်ပေးသင့်ပါတယ်။ အရင်က အိမ်သာကို ဖြစ်သလို သုံးတယ် အခုလည်း အရင်လိုပဲ သုံးတယ်ဆိုရင် သူတို့ဟာ အသက်ရှင်တာသာ အဖတ်တင်ပါတယ်။ ဘာမှ တိုးတက်မလာပါဘူး။ ဒါကြောင့် ကျွန်တှောတို့ သူတို့ကို စိတ်ဓာတ်၊ လူနေမှု၊ ပညာရေး အားလုံး မြင့်မားလာအောင် ကူညီပေးသင့်ပါတယ်။ ဒါမှ သူတို့ ဘဝတွေဟာ အသက်ရှင် ကျန်ရစ်ခဲ့ရကြိုး နပ်ပါလိမ့်မယ်။ နိုင်ငံခြားမှာဆို စိတ်ဓာတ်မြှင့်တင်ရေး အဖွဲ့လေးတွေ၊ နှစ်သိမ့် ဆွေးနွေး ကူညီတဲ့ အဖွဲ့လေးတွေ ရှိတယ်။ ကျွန်တှောတို့ ဆီမှာ ဘာလို့ မရှိရတာလဲ။ ကျွန်တှော စိတ်မကောင်းဘူး။

ဒုကဿခသည်ပေါင်း တစ်သန်းကျှော ရှိပါတယ်။ လူတစ်ယောက်အတွက် ကျွန်တှောတို့ ဒီလို ဘတ်ဂျတ်အိမ်လေး တွေ လိုက်ဆောက်ပေးမယ် ဆိုရင်တောင် ရံပုံငွေက ကျပ်သိန်းနှစ်သောင်းလောက် အနည်းဆုံး လိုအပ်ပါတယ်။ ကျွန်တှောတို့မှာ ရှိနေတာ အဲဒါရဲ့ အမှုန်အမွှားလောက်တောင် မရှိပါဘူး။ ဒါပေမယ့် ကျွန်တှောတို့ တတ်နိုင်သမျှ ဆောက်ပေးသွားမယ်လို့ စိတ်ကူးထားတယ်။ ဒါကြောင့် နောက်ပိုင်း ဒီလို အိမ်လေးတွေ လှူချင်တယ်ဆိုရင် အထက်က အချက်အလက်တွေကို တွက်ချက်ပြီး ရွာတစ်ရွာ ဘယ်နှစ်လုံး ဆိုပြီး တွက်ချက် လှူဒါန်းနိုင်ပါတယ်။ ကျွန်တှောတို့မှ မဟုတ်ပါဘူး။ ဘယ်သူမဆို ကိုယ်တိုင် ရွာထဲဆင်းပြီး လှူမယ်ဆိုလည်း ဒါလေးတွေကို ဆင်ခြင် သုံးသပ်ကြည့်မယ်ဆိုရင် အကျိုးရှိရှိ လှူဒါန်းနိုင်မှာ ဖြစ်ပါတယ်။


Thursday, May 22, 2008

Transportation to Laputta

ဒီနေ့ ကျွန်တှောတို့ လပွတဿတာကို ပို့ဆောင်ပေးလိုက်တဲ့ ပစဿစည်းစာရင်းကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

(၁) တာပှေါလင်မိုးကာများ
(၂) ဒန်အိုးများ
(၃) ပန်းကန်ခွက်ယောက်များ (ပန်းကန်လုံး၊ ပန်းကန်ပြား၊ ဇွန်း၊ သောက်ရေခွက်၊ ချိုးရေခွက်)
(၄) စားသုံးဆီ
(၅) အိမ်ဆောက်ပစဿစည်းများ (သံ၊ ကျစ်ကြိုး၊ လွှ၊ တူ၊ ရဲဒင်း၊ တူးရွင်းပြား၊ ထွန်ခြစ်)

အားလုံး မပြည့်စုံသေးပေမယ့် အိမ်တစ်လုံးဖြစ်ဖို့ လတ်တလောလိုအပ်နေတဲ့ ပစဿစည်းလေးတွေပါပဲ။ လူဦးရေ ၁၀၀၀ စာလောက်အတွက် ဖြည့်ဆည်းပေးနိုင်ဖို့ ရည်ရွယ်ပို့ဆောင်လိုက်ပါတယ်။ ၎င်းပစဿစည်းများကို လပွတဿတာရှိ ကျွန်တှောတို့ အဖွဲ့သားများမှ ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာခွဲများအထိအရောက် စနစ်တကျ ထိရောက်စွာ လှူဒါန်းပို့ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။



Wednesday, May 21, 2008

Donation at Laputta


ရိကဿခာသိုလှောင်ရေး စခန်းကနေ ပစဿစည်းတွေကို လှေပှေါထမ်းတင်နေရသော ရဲကျှော


ယောသား၊ ရဲကျှော၊ ကိုမျက်လုံးတို့ ပစဿစည်းများ ပေးလှူနေပုံ


ဒိန်းဒေါင်းပှေါက ယောသား


ခက်ခက်ခဲခဲ သယ်ကြရတယ်


ကံကောင်းလို့ အသက်ဘေးက လွတ်လာတဲ့ သမီးလေးရဲ့ မျက်ရည်


ကိုမျက်လုံးရဲ့ ချိုချဉ်လေးတွေကို စောင့်နေရှာတဲ့ အဖွားအိုရဲ့ လက်ကလေး နှစ်ဘက်ဟာ သနားစရာ


ရွာဘုန်းကြီးနဲ့ တိုင်ပင် စီစဉ်ကြရတယ်။ ပြောရရင် ဘုန်းကြီးတွေကမှ စီမံခန့်ခွဲတဲ့ နေရာမှာ သူတို့ထက် သာသေးတယ်။ ယောသားတို့ ပြောပါတယ်။


ရွာရောက်တော့ စက်လှေပှေါက ပစဿစည်းတွေကို ရွာထဲ သယ်ကြရပြန်တယ်


စိုးဇေယျ၊ ယောသားကြီးတို့ ဆရာတှောကို လူ ၄ဂဝစာ ပစဿစည်း အပ်နှံနေပုံ


ရွာဘုန်းကြီးနဲ့ ကျွန်တှောတို့ အဖွဲ့သားများ


သူလွတ်မြောက်လာပုံကို ပြောပြနေတဲ့ ဆရာတှော


ဒုကဿခသည်တွေကို ဓာတ်မီးလှူနေတဲ့ မင်းရဲကျှော


ဒုကဿခေဘးက ကေလးမ်ားနဲ့ က်ြန္ေတာှတို့ အဖြဲ့သားမ်ား


ရွာသားတွေနေဖို့ ကျွန်တှောတို့ ဆောက်ပေးနေတဲ့ ဘတ်ဂျက်အိမ်လေး


ပိုက်ဆံ မတတ်နိုင်တဲ့ ရွာသားတွေအတွက် အလှူရှင်တွေရဲ့ ပိုက်ဆံကို အကူအညီပေးတယ်။ ရွာသားတွေက သူတို့ နေဖို့အိမ်ကို ကိုယ်တိုင်ဆောက်ကြတယ်။


အမိုးလေးတော့ ပြီးပြီ။ အကာမပြီးသေးဘူး။ ၃နာရီလည်း ရှိတော့မှာမို့ ဆောက်လက်စ တဲပှေါမှာပဲ အားလုံး ထမင်းစားကြရတယ်


ဒီအိမ်လေးတွေ ဒီနေ့လောက်ဆို ငါးလုံးပြီးပြီ။

ဓာတ်ပုံများကို ဒီနေရာမှာ ပုံကြီး ကြည့်နိုင်ပါတယ်။ [Picasa]

ကျွန်တှောက ရုတ်တရက် ထိုင်းကို သွားရတာမို့ တဲအပြီးကို မစောင့်နိုင်ဘဲ ပြန်လာရပါတယ်။ ယောသား၊ ရဲကျှော၊ ကိုသက်ထူး၊ စိုးဇေယျထွန်းတို့ရဲ့ အားထုတ်မှုကြောင့် အလှူအတန်း ကိစဿစရော အိမ်ဆောက်တဲ့ ကိစဿစတွေရော ပြီးပြတ်သွားပါတယ်။ ပစဿစည်းတွေကို အိမ်ဆောက်ပြီး နေကြမယ့် ဒုကဿခသည် ငါးဆယ်အတွက်နဲ့ ကျန်တဲ့ အထုပ် ၄၃ဝကျှောကို ဘီတွတ်ရွာဘေးက ကညင်ကုန်းရွာမကြီးအတွက် ရွာဦး ဆရာတှော အကူအညီနဲ့ လှူဒါန်းခဲ့ပါတယ်။ ဝါးတောတွေ ပြုန်းတီးသွားတာကြောင့် ဝါးအခက်အခဲ ရှိတာမို့ တဲက ခန့်မှန်းတာထက် ရက်ကြာသွားပါတယ်။ တဲတွေ ပြီးတဲ့ပုံကို ပြချင်ပေမယ့် တချို့ အလှူရှင်တွေက ဓာတ်ပုံတွေ ကြည့်ချင်စိတ် များနေတာကြောင့် အဖွဲ့သားနှစ်ယောက်ကို ပြန်ခှေါရပါတယ်။ ရန်ကုန်နဲ့ လပွတဿတာ ကူးမယ်ဆိုရင် အနည်းဆုံး နှစ်ရက်ခန့် အချိန်ယူရပါတယ်။ လပွတဿတာနဲ့ အခြားရွာတွေကို ကူးတယ်ဆိုရင် တစ်ရက်လုံးလုံး ကုန်ပါတယ်။

ဘက်ဂျတ် ဝါးတဲလေးတွေ ဆောက်တာ ဒီဒေသမှာ ကျွန်တှောတို့ အဖွဲ့ ပထမဆုံး ဖြစ်ပါလိမ့်မယ်။ ဒုကဿခသည် တစ်ရာ ရှိတယ်ဆိုပေမယ့် တစ်ရာလုံး ရွာပြန်မနေကြသေးပါဘူး။ အဲဒီအထဲက ငါးဆယ်လောက်ကသာ ဝမ်းစာစပါးလေးရအောင် လယ်ပြန်ဖှောရအောင် ရွာပြန်နေချင်ကြတာပါ။ ကိုယ်တိုင်လည်း အိမ်မဆောက်နိုင် လယ်မလုပ်နိုင် သေးတာကြောင့် ကျွန်တှောတို့ တဲလေး တွေမှာ စုပေါင်း နေထိုင်ကြမှာပါ။ တဲတစ်လုံးမှာ လူ ၁၅ယောက်လောက် အသာလေး ဆန့်ပါတယ်။ ပျမ်းမျှ အားဖြင့် တဲငါလုံးကို ၁၁သိန်းခန့်သာ ကုန်ကျပါတယ်။ ခရီးဝေးရင် ဒါမှမဟုတ် သက်ဆိုင်ရာ ရွာသားတွေမှာ လှေသမဿဗာန် မရှိခဲ့ရင်တော့ အနည်းငယ် ပိုကုန်ကျနိုင်ပါတယ်။ ဒါကြောင့် လူတစ်ယောက် ကိုယ့်နေရပ်လေးမှာ ပြန်နေခွင့် ရဖို့ရာ ကျပ်နှစ်သောင်းလောက် အလှူပဲ လိုအပ်ပါတယ်။ ကျွန်တှောတို့ အစီအစဉ်အရ စုစည်းမှုရှိတဲ့ ရွာလေးတွေမှာ အဲဒီလို စုပေါင်း အိမ်လေးတွေ လိုက်ဆောက်ပေးမယ်။ အကြောင်းရင်း ကြီးငယ် မရှိဘဲ ဒီအိမ်တွေကို မဖျက်ပစ်ရဘူးလို့ သူတို့နဲ့ ဂတိခံဝန် လုပ်ထားပါတယ်။ အခြားရွာတွေကလည်း စိတ်ဝင်စားလို့ လာဆက်သွယ်နေ ကြပါတယ်။ ကျွန်တှောတို့ ပထမအဆင့် အနေနဲ့ တစ်ရွာကို တဲငါးလုံး ဆောက်ပေးမယ်လို့ စိတ်ကူးထားပါတယ်။ တဲတွေ ဆောက်ပြီးတဲ့အခါ ဓာတ်ပုံတွေ ရိုက်ကူးပြီး အိမ်သာတွေ ဆောက်ပေးနေတဲ့ နိုင်ငံတကာ အန်ဂျီအို အဖွဲ့လေးတွေနဲ့ ဆက်သွယ်ပြီး စနစ်ကျတဲ့ အိမ်သာလေးတွေ ဆောက်ပေးသွားမယ်လို့ စိတ်ကူးထားတယ်။ ဒါလေးတွေကို အလှူရှင်တွေ သဘောကျတယ်ဆိုရင် ကျွန်တှောတို့ အလှူငွေတွေကို အဲဒီနေရာမှာ အဓိက ထားသုံးပါမယ်။ ကိုယ်ဆောက်ပေးထားတဲ့ အိမ်လေးမှာ ဒုကဿခသည်တွေ မျက်ရည်အဝဲသားနဲ့ အိပ်နေတာကို မြင်ရတဲ့အခါ ရင်ထဲမှာ စိတ်မကောင်းချင်းနဲ့ ပီတိမျက်ရည် လည်လာရတာကို ခင်ဗျားတို့ကို လာရောက် ကြည့်ရှုစေချင်ပါသေးတယ်။ အခု ပထမဆုံး ဆောက်နေတဲ့ အိမ်ငါးလုံးက စလူဆိပ် ကျေးရွာအုပ်စု၊ ပြင်ကနုကုန်းဆိုတဲ့ ရွာမှာ ဖြစ်ပါတယ်။ အဲဒီကျေးရွာအုပ်စုမှာ စလူဆိပ်၊ မိချောင်းအိုင်၊ ပြင်ကနုကုန်း၊ ပဒဲကော၊ ကွင်းသုံးဆင့်၊ ပြင်ကနုအဝ၊ ပတောက်ကုန်း ဆိုပြီး ရွာရရွာ ပေါင်းစပ် ပါဝင်ပါတယ်။ လူဦးရေ ၁၄ဝလောက် အသက်ရှင် ကျန်ရစ်ပါတယ်။

ဒီအခေါက်ဟာ ပထမဆုံး အခေါက်ဖြစ်တာမို့ရယ်၊ ပထမဆုံး ကွင်းဆင်းရတဲ့ အခြေအနေ ဖြစ်တာမို့ရယ်ကြောင့် ပမာဏအားဖြင့် သိန်းငါးဆယ်ကျှောဖိုးလောက်သာ သယ်ဆောင် လှူဒါန်းနိုင်ခဲ့ပါတယ်။ အများသူငါ လှူဒါန်းတဲ့ ငွေတွေထဲက စင်ကာပူ Cyclone Relief Fund အဖွဲ့က လှူဒါန်းငွေ ကျပ် ၃၃သိန်း ၆သောင်းနဲ့ ဂျပန်က Myanmar Gidai အဖွဲ့ရဲ့ လှူဒါန်းငွေ ၁၅သိန်းတို့ကို အဓိကထား အသုံးပြုခဲ့ပါတယ်။ ဓာတ်ပုံတွေ ရှိသေးပေမယ့် မြန်မာပြည်က အင်တာနက် အခက်အခဲကြောင့် အခုလောက်ပဲ တင်နိုင်သေးတယ်လို့ ကိုသက်ထူးက ပြောပြပါတယ်။ ဓာတ်ပုံတွေ ဗွီဒီယိုတွေသာ လိုချင်ကြတယ်၊ ကျွန်တှောတို့ အဖွဲ့မှာ အလွယ်တကူ သယ်ဆောင်နိုင်တဲ့ ဓာတ်ပုံ ကင်မရာရော၊ ဗွီဒီယို ကင်မရာပါ မရှိပါဘူး။ ဒီပြသဿသနာလေးကိုလည်း အဆင်ပြေရင် ဝိုင်းဝန်းကူညီ ကြစေလိုပါတယ်။ လှူစရာ မလိုပါဘူး။ ပိုခဲ့ရင် ကျွန်တှောတို့ကို ခဏငှားပေးမယ်ဆို အဆင်ပြေပါတယ်။

ပထမအကြိမ် လှူဒါန်းတဲ့ ပစဿစည်းစာရင်းကို ဒီနေရာမှာ [Link] ကြည့်ရှုနိုင်ပါတယ်။ သမဿဗာန်ငှားရမ်းခ၊ ဒီဇယ်ခ၊ ကားငှားရမ်းခတွေကို ထည့်မတွက်ရသေးပါဘူး။ အချိန်ရတာနဲ့ ကျွန်တှောတို့ တင်ပေးပါမယ်။ ဒီအလှူလေးအတွက် ကျွန်တှောတို့လည်း ပိုက်ဆံ မထည့်နိုင်ပေမယ့် သူများတွေရဲ့ အလှူငွေနဲ့ အကူအညီ ပေးနိုင်ခဲ့လို့ အရမ်းကို ကြည်နူး ဝမ်းသာ ခဲ့ရတယ်ဆိုတာ အားလုံးကိုယ်စား ပြောကြားလိုပါတယ်။



Tuesday, May 20, 2008

Going to Thailand

I m going to Thailand for receiving some technology 0f Disaster Alarm System. 2 of our team members are coming back from Laputta now. So we can update the donation photos and some situations there. We will go back again at Friday or Sat with 2 trucks. I'll be online while i m in Thailand, or you can contact Ko Myat Lone (thethtoo@gmail.com) instead me. See ya again tomorrow, i'll be online.

Bye,

NLS




Monday, May 19, 2008

ယောသားကြီးရဲ့ ဆေးအလှူ


ယောသာကြီး (ကျှောဆွေဝင်း) မှ ဆေးထည့်ပေးနေပုံ


ကျွန်တှောတို့ အဖွဲ့ ရွာတွေထဲဆင်းတော့ သူနာပြုသေတဿတာလေး နှစ်လုံး ယူသွားတယ်။ တကယ်အသုံး ဝင်တယ်။ အပြင်ပန်း ဒဏ်ရာ အနည်းငယ် ရနေသူတွေကို ကူညီပေးနိုင်ခဲ့တယ်။ လူ့အသက်ကို မကယ်နိုင်ပေမယ့် အကျိုးအမြတ်ကတော့ သူတို့နဲ့ ပိုရင်းရင်းနှီးနှီး ထိတွေ့ ဆက်ဆံခွင့် လာတာပါပဲ။ ဆေးသေတဿတာလေးတွေကို ဗိုလ်ချုပ်ဈေးသစ်ထဲမှာ ဝယ်လို့ရတယ်။ တစ်သောင်း ဝန်းကျင်လောက် ရှိမယ် ထင်ပါတယ်။ ပုံများကြည့်ရန် (Link)


Documents for on going process

I've been busy the whole day for updating Donation List and some other documents. Our Group went to Betoot Villiage (1hr away from LPT) today and will donate the first aids we carried for 500 ppls. We have been permitted to go and to donate legally there. One member will be coming back tomorrow and will see the process photos then.

There were 12 Small Villiages in Beetoot Group

  1. ဘီတွတ်
  2. ဘုရားလေး
  3. ထုံးဗူးကျ
  4. ထုံးဗူးကျအဝ
  5. ထုံးဗူးကျအညာစု
  6. စစ်ကွဲ
  7. လေးအိမ်တန်း
  8. ကျွန်းချောင်း
  9. မောင်ငယ်ဝ
  10. ကန့်ဘလာ
  11. စုံထိုး
  12. ရွှေလဝန်း

Our donation Fund reached to 14597500 Kyats net. See Detail here: Nargis Donor List

We have spent 3352500 Kyats and on First trip. We have carried 500 packages and one included 8 different type of Aids, and other supports (Clothes, Touch-Light etc:) altogether. Total assume amount that we used for 1st phase will be 5400000. See Detail here : First Donation Laputta

I'll update our consumption on process later.


Photos: 500 packages arrived to Laputta Garage






Sunday, May 18, 2008

အသက်ရှင် ကျန်နေခဲ့တာ ကံကောင်းခြင်းလား ကံဆိုးခြင်းလား

အသက်ရှင် ကျန်နေခဲ့တာ ကံကောင်းခြင်းလား ကံဆိုးခြင်းလား


ကျွန်တှောတို့ သိထားတာက လေတိုက်နှုန်းက တစ်နာရီ မိုင်၅ဝလောက် ရှိမယ်ပေါ့။ ရေတွေတက်လာတော့ ကျွန်တှောတို့ အိမ်ပှေါထပ် တက်ပြေးကြတယ်။ ရေတက်ချိန် လေကပါ ဒီရေတွေကို ဆွဲခှေါလာတော့ တဝုန်းဝုန်းနဲ့ကို ရိုက်တာ။ ကျွန်တှောတို့ အိမ်တိုင်တွေက လက်တစ်ဖက်စာလောက် ရှိပါတယ်။ ဒါတောင် တဖြည်းဖြည်း ယိုင်လာတယ်။ ရေက အိမ်ပှေါထပ်ကိုပါ ရောက်လာတော့ ကျွန်တှောက ညီမလေးနှစ်ယောက်ကို ခေါင်မိုးထုပ်တန်းပှေါ တွန်းတွန်းတင်တယ်။ မိုးမှောင်ကြီး ကျနေတော့ ဘာမှ သိပ်မမြင်ရဘူး။ အဲဒီအချိန်မှာ အဖေ့လက်ကနေ အမေလွတ်ထွက်သွားတာ မြင်လိုက်ရတယ်။ အမေ့ကို လှမ်းဆွဲတော့ အမေက အှောပြောပြီး ကျွန်တှော့ကို တွန်းထုတ်တယ်။ ဒီဘက် ပြန်ကြည့်လိုက်တော့ ညီမလေးတွေကို မတွေ့တော့ဘူး။ နောက်ရေလှိုင်းရိုက်တော့ ကျွန်တှောလည်း လွင့်ထွက်သွားတယ်။ ကျွန်တှောလည်း ရှိသမျှ အဝတ်အစားတွေ အကုန်ချွတ်ပစ်ပြီး အားကုန်ကူးတယ်။ ပတ်ဝန်းကျင်မှာ ဘာမှကို မမြင်ရဘူး။ နောက်ဆုံး ဘုရားစာတွေ ရွတ်ရင်း ငါသေတော့မယ်ဆိုပြီး စိတ်ဓာတ် ကျလာတယ်။ အဲဒီအချိန်မှာ ပျဉ်ချပ်နှစ်ချပ် ကျွန်တှော့နား ရောက်လာလို့ အတင်းဖက်တွယ် ထားလိုက်ပါတယ်။ မျောသွားလိုက်တာ နောက်ဆုံး သစ်ပင်တစ်ပင်က ထိပ်ဆုံး အကိုင်းတစ်ခုပှေါ တက်နေရင်း ရေကျတဲ့အထိ စောင့်နေရတာပါပဲ။ ကံကောင်းလို့ လွတ်လာတာလား ကံဆိုးလို့ ကျန်နေခဲ့တာလားတော့ မသိတော့ပါဘူး အကိုရာ အမေရယ်၊ အမေကြီးရယ်၊ ဦးလေးနှစ်ယောက်ရယ်၊ ညီမနှစ်ယောက်ရယ်၊ အဒှေါရယ် ပြတ်သွားတယ်။ အဖေနဲ့ ကျွန်တှောပဲ ကျန်ခဲ့တယ်။


အချောင်သမားတွေက အလောင်းတွေကနေ ရွှေတွေငွေတွေ လိုက်ရှာယူကြတယ်။ ကျွန်တှောက လှေကိုကမ်းကပ်ဖို့ ချုံဖုတ်လေးနား တိုးသွားတော့ အမေကြီး အလောင်းကို တွေ့တာပဲ။ သူဝတ်ထားတဲ့ လက်စွပ်တွေ လက်ကောက်တွေ ဆွဲကြိုးတွေ တစ်ခုမှ မကျန်တော့ဘူး။ အမေကြီး အလောင်းက ဆံပင်နဲ့ ချုံပုတ်ကိုငြိပြီး ရေမှာတင်ကျန်နေတာဗျာ။ ဒီလိုယူတာကို ဘာမှပြောချင်စိတ် မရှိပေမယ့် ဆံပင်လေးဖြတ်ပြီး ကမ်းပှေါ တင်ပေးခဲ့ဖို့ ကောင်းတယ်။ အဲဒါကို မြင်ရတော့ ကျွန်တှော ငိုမိတယ်။


အိမ်က ကလေးနှစ်ယောက်နဲ့ ညီက ဟိုဘက်ရွာမှာ ရှင်ပြုသွားကြတာ၊ သူတို့ ရှင်ပြုတာမို့ အဒှေါတွေရော ဦးလေးတွေရော လာကြတာပေါ့။ ညနေမှာ လေပြင်းလာတော့ ညီမတွေက အတင်းပြန်သွားကြတယ်။ အခုထိ ဘာသတင်းမှ ပြန်မကြားရတော့ပါဘူး။ ဘုန်းကြီးကျောင်းက ဆရာတှော ၁၂ပါးရှိတာ ၁ဝပါး ပျံတှောမူသွားတယ်။ သူတို့က မုန်တိုင်းအဝင်မှာ ကျောင်းတိုက်ပိပြီး ပြတ်ကုန်ကြတာ။ အလောင်းတွေ အဲဒီအောက်မှာ ခုထိရှိသေးတယ်။ ကျွန်တှောတောင် ကံကောင်းလွန်းလို့ မသေတာပါဗျာ။ အုန်းပင်ပှေါ တက်နေလိုက်မိလို့။



ရေးလို့တောင် ကုန်မှာ မဟုတ်ပါဘူး။ ကျွန်တှော ကြားခဲ့ရတဲ့ ဇာတ်လမ်းလေးတွေ။ ရွာဆိုတော့ မိသားစုက များတယ်။ အိမ်ထောင်တစ်ခုမှာ ၆ယောက်ဆိုတာ အနည်းဆုံးပဲ။ ယေဘုယျ ပြောရရင် ၅ယောက်မှာ တစ်ယောက်လောက်ပဲ လွတ်တယ်။ အလောင်းတွေ တွေ့တိုင်း သူတို့ မျက်နှာတွေ မကောင်းဘူး။ ယောက်ျား ရင့်မာကြီးတွေမို့ မျက်ရည်ကျမလာကြပေမယ့် သူတို့ရဲ့ ဝမ်းနည်းကြေကွဲမှုကို မျက်လုံးတွေမှာ အတိုင်းသား မြင်နေရပါတယ်။ သေတာက မိန်းမတွေများတယ်။ ရေနစ်သေတာ မဟုတ်ပေမယ့် လှိုင်းပုတ်လို့ သေတာကြောင့်ရယ်၊ ပစဿစည်းတွေနဲ့ ထိခိုက်မိပြီး သေတာကြောင့်ရယ် ဖြစ်နိုင်တယ်လို့ ပြောကြပါတယ်။ တချို့မိသားစုမှာ အသက် ရဝလောက် အဖိုးကြီးနဲ့ မြေးငယ်လေး တစ်ယောက်ပဲ လွတ်တယ်။ သူတို့အဖို့ ဒါကို ပြန်တောင် မတွေးရဲဘူးလို့ ပြောကြတယ်။ ရွာတွေဆိုတာ ငုတ်တိုဖြစ်သွားလိုက်တာ ကိုယ့်အိမ်နေရာကိုတောင် မနည်း ရှာယူကြရပါတယ်။ တှောတှောများများက သာမန် မုန်တိုင်းဒဏ်လောက်ကတော့ သိပ်မမှုကြသူများပါ။ အခုတော့ ဘယ်လောက်ပြင်းမယ်ဆိုတာ မသိခဲ့တော့ ကြိုတင် မပြင်ဆင်နိုင်ခဲ့ကြဘူး။ ဒါနဲ့ပဲ သေကြရတယ်။ ၉ဝရာခိုင်နှုန်းက လယ်သမားတွေပါ။ ရိုးရိုးသားသား လုပ်ကိုင် စားသောက်ကြသူတွေကိုမှ ဘာလို့များ ဒီလို ကပ်မျိုးကြီး ဆိုက်ခဲ့ရသလဲလို့ ကျွန်တှော ကောင်းကင်ကြီးကို ကြည့်ပြီး တွေးနေမိသေးတယ်။ ကျွန်တှော လှေဆိပ် တံတားလေးပှေါ တက်တော့ ကျွန်တှော့ ခြေထောက်အောက်မှာ ကလေးငယ်လေး တစ်ယောက်ရဲ့ အလောင်း၊ လက်မှာ သားရေကွင်းလေးတွေ ဝတ်ထားလို့။ ဘဝပေါင်းများစွာ၊ အပြစ်မဲ့ လူပေါင်းများစွာ... မြေပှေါမှာ ရေထဲမှာ ကွယ်ပျောက်သွားခဲ့ရတယ်။


Read in English translation at Ko Myat Thura's Blog


Laputta



ပျဉ်ထောင်လေးရွာ လှေဆိပ်မှာလည်း လက်မှာ သားရေကွင်းလေးတွေနဲ့ ကလေးတစ်ယောက်



ကျွန်တှောတို့ ပစဿစည်းကားကြီး သိုလှောင်ရာကို ရောက်လာတော့



ပစဿစည်းချပေးသူ ဒုကဿခသည် ၁၆ဦးအတွက် ပထမဆုံး အလှူ



အနံ့ဟာ မခံနိုင်အောင် ဆိုးလွန်းတယ်၊ အသက်ရှူမရလောက်အောင်ပဲ

ပုံတွေကို ဒီမှာကြည့်လို့ရတယ်။ [Picasa-Laputta]


ကျွန်တှော လပွတဿတာက ဒီနေ့ပဲ ပြန်ရောက်တယ်။ အရေးကြီးကိစဿစ တစ်ခု ရှိလို့ပါ။ ကျွန်တှောတို့ အဖွဲ့သား သုံးယောက် ကျန်ခဲ့တယ်။ လူအယောက် ၅ဝဝစာ ပစဿစည်းတွေ မနေ့က ကုန်တင်ကားကြီးနဲ့ ရောက်ပါတယ်။ အခြေအနေကို နဲနဲ ရှင်းပြချင်တယ်။ အားလုံးက ဒုကဿခသည်တွေအတွက် စေတနာထားပြီး လှူကြတာ မှန်တယ်။ ကျွန်တှောတို့လည်း အားလုံး အပူတပြင်း မြန်မြန်ဆန်ဆန် သူတို့ကို ကူညီနိုင်အောင် ဆောင်ရွက်ပေးနေတယ်။ ဒါပေမယ့် အခက်အခဲတွေ ရှိပါတယ်။ တချို့ကိစဿစတွေလည်း ဒီအပှေါကနေ ပြောလို့ မကောင်းလို့ မပြောတော့ဘူး။ ဒါပေမယ့် ယေဘုယျ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ပြောပြပါမယ်။


နေရေးထိုင်ရေး

လပွတဿတာမြို့မှာ နေစရာ သိပ်ရှားပါတယ်။ အဖွဲ့အစည်းကြီးတွေက အဲဒီမှာရှိတဲ့ တည်းခိုခန်းတွေ၊ အိမ်ကောင်းတွေကို အကုန် လပြတ် နှစ်ချုပ်နဲ့ ငှားထားပြီးသွားပြီ။ ကျွန်တှောတို့ မငှားနိုင်ဘူး။ ဒီတော့ ကျောချလို့ရမယ့် နေရာကို ဒေါင်းတောက်အောင် ရှာရတယ်။ တွေ့တယ်။ အောက်ထပ်မှာ ယမကာဆိုင်၊ အပှေါမှာ တည်းခိုခန်းလိုလို ဘာလိုလို မိန်းမတသိုက်နဲ့၊ အခန်းတစ်ခုမှာ ကျောခင်းစရာ နှစ်ပေခွဲလောက်ရှိတဲ့ ကုတင်လေးနှစ်လုံး ရှိတယ်။ ညဘက်ဆို ဆူညံနေတယ်။ ခြင်ထောင်ထောင်လို့ မရဘူး ခြင်က ပလူပျံသလိုပဲ။ ဒါပေမယ့်လည်း နေရတာပါပဲ။ ဒီနေရာမှ မနေရင် နေစရာ မရှိဘူး။


ပစဿစည်းထားသိုစရာနေရာ

ပစဿစည်းတွေ လပွတဿတာကို ရောက်လာတယ်။ မက်စ်တောင်မှ ဘောလုံးကွင်း တစ်ကွင်းလုံး သူတို့ပစဿစည်းတွေနဲ့ ပြည့်ကျပ်နေတယ်။ အိမ်တွေအကုန်လုံး အမိုးတွေ လန်နေတယ်။ ဘယ်မှာ သွားထားရမလဲ။ ဒီကိစဿစကိုလည်း ဖြစ်သလို ဖြေရှင်းရတယ်။ လူတွေကို လိုက်အကူအညီ တောင်းရတယ်။ ကံကောင်းလို့ မိုးလုံလေလုံ တစ်နေရာကို ရခဲ့တယ်။ ဒါတောင် အခု ကားတစ်စီးစာပဲ ဆန့်တယ်။


ပစဿစည်းသယ်ယူခြင်း

ခင်ဗျားတို့အားလုံးက တိုက်ရိုက်လှူချင်တယ်။ ဒါကြောင့် အလှူငွေတွေ ပစဿစည်းတွေ လှူတယ်။ ကျွန်တှောတို့က ဒါတွေ မလှူနိုင်လို့ လုပ်အားလှူတယ်။ အဝတ်ထုတ်တွေ အများကြီး အိမ်ကို ရောက်လာတယ်။ ပထမဆုံး အိမ်ပှေါကို ကိုယ်တိုင် ထမ်းတင်ရတယ်။ သူများက လာမပို့နိုင်ရင် သွားယူရတယ်။ အဲဒါတွေပြီးရင် ကုန်ချိန် ဘယ်လောက်ရှိတယ်ဆိုတာ တွက်ရတယ်။ တွက်ပြီးသွားရင် အဲဒီပစဿစည်းတွေ လပွတဿတာပို့ဖို့ လုပ်ရတယ်။ လွယ်လွယ်နဲ့ ပို့လို့ရတယ် မထင်ပါနဲ့။ ဒီလိုသာ လွယ်ကြေးဆိုရင် လူတိုင်းသွားလှူ နေတော့မှာပေါ့။ လပွတဿတာကို ရန်ကုန်ကနေ ၁၂နာရီကျှော မောင်းရတယ်။ ကုန်နဲ့ကား စုစုပေါင်း ၁ဝတန်ထက် ပိုလို့လည်း မရဘူး။ လမ်းမှာ စစ်ဆေးမေးမြန်းမှုတွေ ရှိတယ်။ ထားပါတော့။ အဲဒီပစဿစည်းတွေ လပွတဿတာကို ရောက်လာတယ်။ နေရာတစ်ခုမှာ သိုလှောင်ထားတယ်။ ဖြန့်ဝေမယ်ဆိုတဲ့ အချိန်ကြရင် အဲဒီပစဿစည်းတွေကို သယ်ဖို့ ကားရှာရပြန်တယ်။ ရွာဆိုရင် စက်လှေရှာကြရတယ်။ ကိုယ်တိုင် ထမ်းရတယ်။ ရန်ကုန်ကပစဿစည်း ဒီကို ရောက်ဖို့တောင် တှောတှော ခက်ခက်ခဲခဲ သယ်ကြရတာပါ။ လမ်းတွေကလည်း ဆိုးနေတာ ပါတယ်။


ဒုကဿခသည္မ်ား

ဒုကဿခသည်တွေ မျိုးစုံရှိတယ်။ ဒုကဿခသည်ဆိုတိုင်း ဒုကဿခရောက်နေကြတာ မဟုတ်သလို ဒုကဿခသည် စခန်းမှာ မရှိပေမယ့် ဒုကဿခရောက်နေကြသူတွေ တပြုံကြီးပဲ။ အစိုးရရဲ့ ရိကဿခာခွဲတမ်းကို အမြဲရတယ်။ နည်းတာများတာတော့ ကျွန်တှော မသိဘူး။ ဒုကဿခသည်စခန်း တစ်ခုမှာ ဒုကဿခသည်ပေါင်း ၁၀၀၀ အနည်းဆုံး ရှိတယ်။ အားလုံးက မုန့်လေးတစ်ချပ် ရေလေးတစ်ခွက်ကိုတောင် လိုချင်နေကြသူချည်းပဲ။ ၁ဝဝဝကို ဝေမယ်ဆိုရင် သူတို့ တန်းစီရတာ ပင်ပန်းသလောက် ရတာနည်းတယ်။ လူ၅ဝဝပဲရပြီး ကျန်တဲ့သူတွေ မရရင်လည်း အနဿတရာယ်က ရှိသေးတယ်။ ဒါကိုလည်း ထည့်တွက်ကြရတယ်။ အများစုက မိန်းမတွေပဲ။ ရွာလုံးကျွတ် ပြုတ်ကုန်လို့ လာနေကြတာ များတယ်။ တှောတှောများများက သူတို့ရွာကိုသူတို့ ပြန်ချင်နေကြပြီ။ ရွာမှာ အိမ်လေး ၁ဝလုံးလောက် မခိုင့်တခိုင် ကျန်ခဲ့ရင် ပေကပ်ပြီး ကျန်နေရစ်ခဲ့သူတွေ ရှိတယ်။ သူတို့တွေဟာ တကယ် ဒုကဿခရောက်နေကြတယ်။ အစိုးရက ရွာတိုင်းကို နေ့တိုင်းသွားပြီး မထောက်ပံ့နိုင်ဘူး။ သူတို့လည်း မြို့ပှေါမှာတင် အခက်အခဲ ဖြစ်နေတာ တွေ့ရတယ်။ အဲဒီရွာတွေကို သွားဖို့ စက်လှေတွေ မရှိတော့ဘူး။ စက်သုံးဆီ မရှိဘူး။ ဒီတော့ ရှိတဲ့ စက်လှေလေးနဲ့ ဖြစ်သလို ရှာကြံ သွားနေရတယ်။


ကျွန်တှောတို့ အဖွဲ့


ကျွန်တှောတို့ အဖွဲ့လေးကို Handy Myanmar Youths လို့ နာမည်ပေးထားတယ်။ ဒါကလည်း နေရာတကာ မေးတာ ခံရလွန်းလို့။ လောလောဆယ် အဖွဲ့သား ငါးယောက်ရှိတယ်။ ကျွန်တှော၊ စိုးဇေယျထွန်း၊ မျက်လုံး၊ ကျှောဆွေဝင်း၊ မင်းရဲကျှော ဒီငါးယောက်ပါပဲ။ က်ြန္ေတာှတို့မွာ လူမ်ားမ်ား မေခါှထားဘူး။ သူတို့အတွက် နေရာထိုင်ခင်း မစီစဉ်ပေးနိုင်သေးသလို ခရီးစဉ်က အရမ်းပင်ပန်းလို့။ စရိတ်စက အကုန်အကျ မခံနိုင်တာကြောင့်လည်း ပါတယ်။ အခု ကျွန်တှော ဒီကို ပြန်လာတယ်။ ဟိုမှာ ကျန်တဲ့လေးယောက် ရှိနေတယ်။ တစ်ယောက်က မြို့ပှေါမှာ ရှိနေမယ်။ ကျန်တဲ့သုံးယောက်က ပင်လယ်စပ်မှာရှိတဲ့ ပြင်ကနုဆိုတဲ့ ရွာလေးကို သွားနေကြတယ်။ ဒီနေ့ည သူတို့ အဲဒီမှာ တဲထိုးပြီး အိပ်ကြလိမ့်မယ်။


ပစဿစည်းဝေခြမ်းမှု

လောလောဆယ် ရောက်နေတဲ့ ပစဿစည်း လူ၅ဝဝစာကို တချို့တဝက် ဝေပေးပြီးပါပြီ။ လူအားလုံးကို တပြိုင်နက် မဝေနိုင်တာကြောင့် ခွဲခွဲပြီး ဝေပေးနေပါတယ်။ ရွာတွေကို ကျွန်တှောတို့ အဖွဲ့သားတွေ သွားနေပြီး ပစဿစည်းတွေ လိုက်ပေးနေပါတယ်။ တကယ်လိုအပ်နေတဲ့သူတွေ ဘယ်သူတွေလဲဆိုတာ ကျွန်တှောတို့ မျက်စိနဲ့ မြင်နေရတာပါ။ ဘာတွေ လိုအပ်နေတယ်ဆိုတာလည်း ဒေသခံတွေ၊ ဒုကဿခသည်တွေနဲ့ မေးမြန်းပြီး လှူဒါန်းနေတာပါ။ ဒီအခြေအနေတွေကို အဲဒီမှာ တကယ်လုပ်ကိုင်နေတဲ့ ဘယ်သူကိုမဆို မေးကြည့်နိုင်တယ်။


ကျွန်တှောတို့ရဲ့ အခက်အခဲ

လူတွေ၊ အစုအဖွဲ့တွေကနေ ပိုက်ဆံတွေ လှူကြတယ်။ တချို့က တစ်သိန်းလှူတယ်၊ တစ်ချို့က ၁ဝသိန်းလှူတယ်။ တစ်ချို့က သိန်း သုံးဆယ်၊ သိန်း ခုနှစ်ဆယ် လှူကြတယ်။ ကျွန်တှောတို့က တစ်ဦးချင်း၊ တစ်စုချင်းအတွက် ပစဿစည်းဝယ် သယ်ပေးလို့ မရပါဘူး။ ကားခကတင် ၅သိန်းခန့် ရှိတာမို့ အများကြီး ချင့်ချိန်ရပါတယ်။ ဝယ်တဲ့ဝန်နဲ့ သယ်တဲ့ကားကိုလည်း ချိန်ဆရတယ်။ အခြေအနေအရ ကားနှစ်စီး သုံးစီးစာလောက် ပစဿစည်းရမှ ကျွန်တှောတို့ ရန်ကုန်ကနေ တစ်ခါ ထွက်နိုင်ပါတယ်။ နောက်တစ်ခုက ဒီလို လက်တွေ့ လှူဒါန်းပါတယ်ဆိုတာကို အထောက်အထား ဓာတ်ပုံတွေ အလျှင်အမြန် တင်ခိုင်းကြတယ်။ ဒီလို ပြသဿသနာမျိုး၊ ဘေးဒုကဿခမျိုးဟာ ချက်ချင်းချက်ချင်း ထလုပ်လို့ ရတဲ့ အရာမျိုး မဟုတ်ပါဘူး။ ကျွန်တှောတို့လည်း သူများ ဒုကဿခရောက်လို့ လှူဒါန်းတဲ့ ငွေကြေး ပိုက်ဆံ အပှေါမှာ တစ်ပြားသားမှ အမြတ်ထုတ်ဖို့ စိတ်ကူး မရှိဘူး။ ကျွန်တှော ဒါကို ရအောင် လှူပေးမယ်ဆိုရင် ရအောင်ကို လှူပေးမယ်လို့ ဆုံးဖြတ်ထားတယ်။

အခုလည်း အဆင်ပြေတယ်။ အခုနကလို အခက်အခဲတွေ၊ ကျွန်တှော ပြောပြလို့ မရသေးတဲ့ အခက်အခဲတွေကိုလည်း နားလည်စေချင်တယ်။ ကျွန်တှော့အနေနဲ့ ဒိုနေရှင်းပိုက်ဆံ လိုက်ကောက်နေတဲ့ လူမဖြစ်ချင်ဘူး။ ကျွန်တှော သူတစ်ပါးလှူချင်တာကို ကူညီပေးနေတာ သက်သက်ပဲ။ ပိုက်ဆံ တစ်သိန်းလှူတဲ့လူတစ်ယောက်အတွက် သီးခြား ဘယ်သူကဖြင့် လှူပါတယ်ဆိုတာမျိုး လုပ်ပေးလို့ မရဘူး။ ကားတစ်စီးစာ လူ၅ဝဝစာ လူတစ်ထောင်စာ စသည်ဖြင့် ဝယ်ရတာမို့ အထက်က အခက်အခဲတွေကို နားလည်ပေးနိုင်ကြဖို့ ကျွန်တှောက တောင်းပန်ထားချင်ပါတယ်။ ပိုက်ဆံတွေ ပါလာတဲ့အခါ လုပ်ရကိုင်ရတာ သိပ်ခက်ခဲတယ်။ ဒါကြောင့် နောက်ဆို ဒီလို လေဘယ်တွေ တပ်ချင်ကြတယ်ဆိုရင် ပစဿစည်းများသာ လှူဒါန်းကြပါလို့။ အခုဆိုရင် ရွာတစ်ရွာကို ယာယီအိမ်တွေ ပြန်ဆောက်ဖို့ ကျွန်တှောတို့ အကူအညီ ပေးနေတယ်။ ရွာသားတွေဟာ သိပ်ဝမ်းသာကြတယ်။ ဒါတွေရဲ့ ရလာဒ်ကို သည်းခံပြီး စောင့်ကြည့်ကြပါလို့ပဲ ပြောချင်ပါတယ်။

Wednesday, May 14, 2008

Another Cyclone can attack Myanmar soon!!




Sattelite Image from JTWC


မြန်မာပြည် ရန်ကုန်နဲ့ ဧရာဝတီကို နောက်ထပ် ဆိုက်ကလုံးတစ်ခု ဦးတည်လာနေတယ်လို့ သိရပါတယ်။ အစိုးရက သတင်းထုတ်ပြန် မထားသလို လွန်ခဲ့တဲ့ တစ်ရက်နှစ်ရက်က သတင်းစာမှာ မုန်တိုင်းမရှိဘူးလို့ ငြင်းဆိုထားပါတယ်။ မုန်တိုင်းဟာ နောက်ထပ် ၂ဝနာရီအတွင်း ဖြတ်သန်းနိုင်တယ်လို့ တွက်ဆကြပါတယ်။ ညကတည်းက လေတိုက်နှုန်း ပြင်းထန်နေတာပါ။ အခု ပိုစ့်တင်ချိန် ညနေ ၅နာရီခန့်မှာ မိုးခပ်သည်းသည်း စတင် ရွာသွန်းနေပါတယ်။ ဒီမုန်တိုင်းဟာ အရင်တစ်ခုလောက် မပြင်းထန်သေးပေမယ့် သူဖွဲ့စည်းထားတဲ့ တိမ်ထုကြောင့် မိုးသည်းထန်စွာ ရွာသွန်းနိုင်တယ်လို့ သိရပါတယ်။ လေတိုက်နှုန်းက တစ်နာရီ မိုင်၃၀ ကနေ ၄၀ ဖြစ်နိုင်ပါမယ်။ ဒီတစ်လုံးသာ ပြင်းပြင်းထန်ထန် ထပ်ဝင်မယ် ဆိုရင်တော့ ဒုကဿခသည်တွေ သေကုန်ကြတော့မှာ မြင်ယောင်မိပါသေးတယ်။ ရခိုင်၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ စတဲ့ ပြည်နယ်တွေကို သက်ရောက်နိုင်ပါတယ်။ အခြေအနေ ထူးခြားရင် ထပ်ပြီး တင်ပေးပါမယ်။

5:51pm

လေတိုက်နှုန်း တစ်နာရီ မိုင် သုံးဆယ်ခန့်ဟာ လေပြင်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့် Google Earth မှာမြင်ရတဲ့ တိမ်ထုက ကြီးတာမို့ မိုးကြီးနိုင်တယ်လို့ ထင်ပါတယ်။ အများဆုံး ဖြစ်နိုင်တာကတော့ ရေကြီးတာပါပဲ။ မြန်မြန် ဖြတ်သွားပါစေလို့ပဲ ဆုတောင်းရမှာပဲ။


6:15pm

ရခိုင်ပြည်နယ်ဘက်ကို အားပျော့စွာ ရွေ့လျားသွားနေတယ်လို့ FM ကလွှင့်တယ်လို့ သိရပါတယ်။ စောင့်ကြည့်နေရုံမှတပါး ကျွန်တှောတို့အတွက် ရွေးစရာ မရှိပါ။ လောလောဆယ် ရန်ကုန်မှာ မိုးမရွာတော့ပါ။


7 pm

အိမ်ပြန်တော့မည်။ အချိန်နဲ့ တပြေးညီ သတင်းတွေ တင်ပေးချင်ပေမယ့် အိမ်မှာ မီးမလာသေးပါ။ အင်တာနက်လည်း မရှိပါ။ နောက်နေ့ အဆင်ပြေတော့လည်း တွေ့ကြတာပေါ့။ :(

AP
Reuters
Xinxuanet
JTWC

Tuesday, May 13, 2008

Rescue Plan 1


ကျွန်တှောတို့ အဖွဲ့ ဗုဒဿဓဟူးနေ့မှာ လပွတဿတာမြို့ကို ချီတက်ပါမယ်။ ငွေနည်းနည်းနဲ့ လူအားလုံးကို ကူညီဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် လူငါးရာလောက်အတွက် ရည်စူးပြီး ထိရောက်တဲ့ ကူညီမှု ပေးနိုင်အောင် ဆောင်ရွက်ပါမယ်။ လူတစ်ယောက်စီအတွက် အောက်ပါ ပစဿစည်းများကို ယူဆောင်ပြီး လူငါးရာစာ လှူဒါန်းပါမယ်။ ဘတ်ဂျတ်ကို လူတစ်ယောက်စာ ၅၀၀၀-၆၀၀၀ ထားပါတယ်။ နောက်ပိုင်း လှူဒါန်းလိုသူတွေဟာ အောက်ပါ ပစဿစည်းတွေ ပါဝင်တဲ့ ပက်ကေ့ခ်ျ တစ်ခုစီအလိုက် လှူဒါန်းလို့ ရပါတယ်။ ဟိုရောက်တဲ့ အချိန်မှာ အစဉ်ပြေခဲ့ရင် အလှူငွေများထဲကနေ အိမ်ပြန်ဆောက်နိုင်တာမျိုးကို ငွေကြေးအကူအညီ ပေးပါမယ်။ အသေးစိတ်ကို ပြန်တင်ပေးပါမယ်။

One Package will contain

စောင် ၁ထည်
ဘီစကစ် ၁ထုပ်
ဖိနပ် ၁ရံ
ငါးသေတဿတာ ၂ ဗူး
တီရှပ် ၁ထည်
ဘောင်းဘီ ၁ထည်
ပန်းကန်ပြား ၁ချပ်
အမိုးအကာ လေးပေ ခြောက်ပေ ၁စ

ကျွန်တှောတို့ အခက်အခဲ ဖြစ်နေတဲ့ ကားခနဲ့ အထွေထွေ အသုံးစရိတ် အတွက် ငွေကျပ် ၆သိန်းနီးပါး အကူအညီပေးတဲ့ စကဿငာပူက မချိုမာညွန့်ကို အထူးပဲ ကျေးဇူးတင်ပါတယ်။

Nargis Donar List

14-May-08

ကိုသိန်းနိုင်+ မမိုးမြတ်လွင် (ISCL) 10000
မဝေးလ်မာ
(ISCL) 5000
ကိုဖြိုး+မသိမ့် (ISCL) 3000
ကိုမြတ်ထွန်း+မချောစုဝင်း (ISCL) 5000
ကိုကျှောစိုးလှိုင် (ISCL) 3000
ကိုဝင်းဗိုလ်ဆန်း (ISCL) 3000
ဦးဆန်းဝင်း (ISCL) 5000
ဦးကိုကို (ISCL) 2000


Ma Sophi (Sopia Fashion Shop, ဗိုလ်ချုပ်ဈေးအနောက်ဖက်တန်း) မှ ကျပ်ငွေ ခြောက်သိန်းခန့် တန်ဖိုးရှိ အဝတ်အထည်များ လှူဒါန်းသည်။



14-May-08 (36000)
Overall Total (13847500)


13-May-08


Ma Khin Ti Moe -S$100
Nan Nan Tint + Zeyar Aung -S$100
Ma Cho Mar Nyunt -S$500

မြန်မာကျပ်ငွေ 584500

Over Total - 13811500



12-May-08

Myanmar PSA Family, Singapore - 7620000
Cyclone Relief Fund (Singapore) - 3360000
Ma Rupar (Inforithm Maze Company) - 9000
Ma San San Aye (Inforithm Maze Company) -3000
Ma Ohnmar Kyaw Myint - 150000
Ko Hein Thu & Family - 5000
Ko Aung Tint Lwin & Family- 10000
Ko Nay Myo Aye - 10000

12 May. 2008 total 11167000 (ကျပ် တစ်ရာတစ်ဆယ့်တစ်သိန်း ခြောက်သောင်း ခုနစ်ထောင်)
Overall Total : 13227000 (ကျပ် တစ်ရာသုံးဆယ့်နှစ်သိန်း နှစ်သောင်း ခုနှစ်ထောင်)


10.05.2008

Myanmar Student Association of Nagaoka University of Technology - 109,000 Yen
မစန်းယုခိုင်နှင့် သူငယ်ချင်းများ- 35000 Yen
မနိုင်းနိုင်းစနေ - 100000
ကိုရဲမြတ်သူ (Alpha) ဓာတ်မီး အလက် ၁၀၀ တန်ဖိုး ကျပ် ၂သိန်းခွဲ

10. May. 2008 Total 1600000
Overall Total : 20,60000


9-May-08

မစံပယ် Inforithm Maze 20000
မတင်မြတ်ထက် (Pink Gold) Inforithm Maze 40000
ကိုမျိုးသာထက် Inforithm Maze 5000
မရူပါ Inforithm Maze 3000
မခင်ချောစု Inforithm Maze 5000
ကိုမျိုးလှိုင်အောင် Inforithm Maze 20000
မခိုင်နွယ်သိန်း Inforithm Maze 10000
ကိုကျှောစိုးမင်း Inforithm Maze 5000
7 Day News Inforithm Maze 100000
Inforithm Maze Employees Inforithm Maze 50000
မျမတ္သဒဿဓါေက်ာှ Inforithm Maze 2000
မေနာှဟရီ Idea Magazine 50000
မမေမျိုးဟန် Raffel Education Operation 50000
စိုးမင်း (Mark) www.burglish.com 100000

9.May.2008 Total 460000


Monday, May 12, 2008

Well, thanks to everyone for contributing in this Nargis Disaster. I m not from any NGO or any INGO. I m just trying to helping those victims by my own work load, as I cant effort finicial support. So and that's why I collected some donations from those who wanna help cyclone victims in direct way. The situations are not easy as much as you think. Transportation, Negotiation, Exploring, Contacting, etc.. everything is difficult.



Saturday, May 10, 2008

Latest News From Delta Area

I'll update the latest news from Delta area. Please see the comment for up-coming news. My first group will report atleast 2 times a day.

Donation Announcement

ဒီနေ့အထိ ကျွန်တှော့ဆီကို နှုတ်ကတိအားဖြင့် လှူဒါန်းငွေဟာ ကျပ်သိန်း ၈၀ ကျှောသွားပါပြီ။ ပစဿစည်းလှူဒါန်းသူများလည်း ရှိပါတယ်။ အခြေအနေ အရပ်ရပ်ကြောင့် ပိုက်ဆံ မရောက်နိုင်သေးလို့ စောင့်နေရတာတွေလည်း ရှိတယ်။ ကျွန်တှော့ အနေနဲ့ ဒီမှာ တစ်ယောက်တည်း ဒိုင်ခံ လုပ်နေရတာမို့ လောလောဆယ် Detail လုပ်မပေးနိုင်သေးတာ ခွင့်လွှတ်စေလိုပါတယ်။ အချိန်ရရင် ရသလို စာရင်းတွေကို တင်ပေးထားပါမယ်။

လူတွေက ကူညီချင်တာ၊ လှူဒါန်းချင်တာ၊ အဲဒီဒေသ သွားချင်တာပဲသိတာ။ အခက်အခဲတွေကို ထည့်မတွက် ထားကြပါဘူး။ အကန့်အသတ်တွေလည်း အများကြီး ရှိပါတယ်။ မနေ့က ပထမအသုတ် ထွက်သွားကြသူများရဲ့ သတင်းပေးချက်အရ ကားတွေ အလွန်ကြပ်ပါတယ်။ ကားခဟာ လပွတဿတာကားခဟာ လူတစ်ယောက်ကို ၁၂၀၀၀ ဖြစ်ပါတယ်။ ငါးပိသိပ်သလို စီးကြရတယ်။ တချို့ဒေသတွေမှာ ဒုကဿခသည်တွေဟာ အလွန်ငတ်ပြတ် ဒုကဿခရောက်နေတာကြောင့် နယ်မြေလုံးဝငြိမ်ဘူးလို့ သိရပါတယ်။ အဲဒီဒေသတွေကို အစိုးရက ဝင်ခွင့် ပိတ်ထားတယ်လို့ သိရတယ်။

ရောဂါတွေ စဖြစ်နေပါပြီ။ ဝမ်းရောဂါ အဓိက ဖြစ်ပါတယ်။ ငှက်ဖျားလည်း အလွန်ကြောက်ရပါတယ်။ လယ်ကွင်းတွေထဲမှာ ရေနစ် အလောင်းတွေ ပှေါနေပါပြီ။ သောက်သုံးရေ အခက်အခဲဟာ အများဆုံး ဖြစ်မယ်ထင်တယ်။ Water Guard လို ရေသန့်ဆေးတွေ ရန်ကုန်မှာ ဝယ်လို့တောင် မရတော့ပါဘူး။ ဒါကြောင့် ဒါတွေကိုလည်း လှူစေချင်ပါတယ်။ ရန်ကုန်မှာ ဈေးတွေ အရမ်းတက်နေပါတယ်။ ပစဿစည်း ဝယ်လို့ မကောင်းပါဘူး။ ဒါကြောင့် လိုအပ်တာတွေကို မန်းလေးကို မှာနေရတယ်။

အခုချက်ချင်း ဆနဿဒတစ်ခုတည်းနဲ့ ထသွား ထလုပ်လို့ ဘယ်လိုမှ မရဘူးဆိုတာကို သတိပေးချင်ပါတယ်။ ကျွန်တှောတို့ ကိုယ်တိုင်ကိုယ်ကျ လှူဒါန်းမှုကို ဓာတ်ပုံတွေ ပြန်တင်ပေးပါမယ်။ နောက်ထပ် အလှူငွေပမာဏ များပြားရင် ကျွန်တှော ဒီကို ပြန်လာပါမယ်။ ပြီးရင် ပြန်သွားလှူပေးပါမယ်။ ကျွန်တှောတို့ဟာ အဖွဲ့အစည်း မဟုတ်ပါဘူး။ ကိုယ်ကျိုးမပါတဲ့ ဝန်ဆောင်မှု သက်သက်ပါ။ ပိုက်ဆံ မလှူနိုင်လို့ လုပ်အားကို လှူနေတဲ့သူတွေပဲ ဖြစ်ပါတယ်။ အလှူငွေတွေကို ဘယ်လိုသုံးစွဲတယ်ဆိုတာ စာရင်းဇယား အားလုံး အတိအကျ ရေးမှတ်ထားပါတယ်။ ပြန်တင်ပေးပါမယ်။

လူတစ်ယောက် မဖြစ်မနေ ယူသွားရမယ့် စာရင်းကို ကျွန်တှော ပြုစုပေးလိုက်ပါတယ်။

Slipper 1
ခြင်ထောင် 1
ဖော့ပန်းကန် 10
ရာဘာလက်အိတ် 1
ဇွန်း 10
မီးခြစ် 2
ဖယောင်းတိုင် 2
စောင် 1
မြေခင်း 1
နှာခေါင်းစည်း 25
မိုးကာ 1
ခြေအိတ် 2
ဘွတ်ဖိနပ် 1
တစ်ရှူး 1
ဓာတ်မီး 1
ဓာတ်ခဲ 4
ရေသန့် 12
ရေခွက် 20
ခြင်ကာကွယ်ဆေး 1
ဝမ်းပိတ်ဆေး 1
ဝမ်းကိုက်ပျောက်ဆေး 1
ဓာတ်ဆားထုတ် 12
အရေပြားလိမ်းဆေး 1
Hand Gel 2
ကားခ 2
ကိတ်ခြောက် 5
ဘီစကစ် 5

Nargis (1)

Nargis (1)

ကျွန်တှောက မြန်မာပြည်ကို နာဂစ်ဝင်မယ် သတိထားနေ သတိထားနေဆိုပြီး တတ်နိုင်သလောက် လက်လှမ်းမီရာ ပြောတော့ သူငယ်ချင်းတွေက ရယ်ကြတယ်။ ဒီလိုပဲ လေလေးတိုက် မိုးလေးခပ်ပြင်းပြင်းရွာပြီး ပြီးသွားမှာပါတဲ့ သိပ်ကြောက် မနေပါနဲ့လို့ ပြန်ပြောသေးတယ်။ ကျွန်တှောကတော့ အမေကျှော ဒွေးတှောလွမ်း နိုင်ငံခြားစကား ယုံစားတတ်သူမို့ တစ်ကမဿဘာလုံးကတောင် စောင့်ကြည့်နေကြတဲ့ ဒီမုန်တိုင်းဟာ ပြင်းထန်မယ်ဆိုတာ သိထားပါတယ်။ နောက်တစ်ခုက ကျွန်တှော့မှာ ဒီလို မုန်တိုင်း အတွေ့အကြုံမျိုးကို ၁၉နှစ်သားထဲက ၄-၅ကြိမ် ကြုံဖူးတယ်။ ဒါကြောင့်မို့ အိမ်ကို စောစောပြန်ပြီး မုန်တိုင်းဒဏ်ကို ကာကွယ်ဖို့ ပြင်ဆင်ရပါတယ်။ လေပြင်းတိုက်ရင် အိမ်က Slide Doors တွေ မခံနိုင်မှာစိုးတာနဲ့ တံခါးတွေ လှုပ်ရှားမှု မရှိအောင် လုပ်ရပါတယ်။ အိမ်တွင်းမှာ လေလုံနေရင် အပြင်ကလေကို ခုခံနိုင်တဲ့ တွန်းအား ရှိတာမို့ အပြင်ဘက်က လေဝင်နိုင်မယ့် နေရာမှန်သမျှကို ပိတ်ဆို့ထားလိုက်ပါတယ်။

မုန်တိုင်းဟာ ရန်ကုန်ကို ၃ရက်နေ့ ညနေ ၅နာရီလောက်မှာ ဝင်မယ်လို့ ခန့်မှန်းထားကြပေမယ့် သတ်မှတ်ချိန်ထက် နောက်ကျပြီးမှ ဝင်လာတာ ဖြစ်ပါတယ်။ အဲဒါကြောင့် ၃နာရီလောက်က လေနဲနဲတိုက် မိုးအနည်းငယ် ရွာလိုက်ချိန်မှာ လူတှောတှောများများက မုန်တိုင်းပြီးသွားပြီလို့ ထင်လိုက်ကြတယ်။ ညနေ ၅နာရီလောက်မှာ မိုးရောလေရော ငြိမ်သွားလိုက်တာ ည ဂနာရီလောက် အထိပါပဲ။ ည ၉နာရီလောက်မှာတော့ လေပြင်း စတိုက်လာပါတယ်။ မိုးသိပ်မပါဘဲ အရှေ့တောင်အရပ်ကနေ လေတွေပိုတိုက်လာတယ်။ ၁၁နာရီလောက်မှာ ရန်ကုန်တစ်မြို့လုံး မီးတွေ ပြတ်သွားပါတော့တယ်။ ဒါပေမယ့် အဲဒီအချိန်အထိ ရန်ကုန်လမ်းတွေပှေါမှာ သွားလာနေတဲ့ ကားတွေကို မြင်နေရဆဲ ဖြစ်တာမို့ တှောတှောတောင် အံ့အားသင့် နေမိပါသေးတယ်။မနက် ၁နာရီလောက်မှာ လေတိုက်နှုန်းအထူး ပြင်းထန်လာပြီး အိမ်တံခါးတွေအားလုံး တဝုန်းဝုန်းနဲ့ကို ဖြစ်နေပါတယ်။ တစ်ချက်တစ်ချက် ဆောင့်ဆောင့်တိုက်တဲ့ လေက ပိုဆိုးပါတယ်။ အဲဒီအချိန်မှာ သူငယ်ချင်းတစ်ယောက် ဖုန်းဆက်လာပြီး မုန်တိုင်းဟာ ရန်ကုန်မြို့လယ်မှာ ၃နာရီကျှောအချိန် အပြင်းထန်ဆုံး ဖြစ်မယ်ဆိုတဲ့အကြောင်း၊ အခု ဧရာဝတီတိုင်းကို ဖြတ်ကျှောလာနေပြီ ဆိုတဲ့အကြောင်း သတင်းပေးလာတာမို့ ဒီထက် ပိုဆိုးဖို့ပဲ ရှိတယ်လို့ တွက်ဆလိုက်မိတယ်။

မနက် ၃နာရီခွဲ အချိန်မှာတော့ အပြင်းထန်ဆုံး ဖြစ်လာပါပြီ။ တံခါးတွေကို အလုံပိတ်ထားပေမယ့် မှန်တံခါးတွေကြားကို အတင်းတိုးဝင်လာတဲ့ လေဟာ တရွှီရွှီနဲ့ကို နေပါတော့တယ်။ ကျွန်တှောက တံခါးရှိတဲ့ အခန်းတွေတိုင်း တစ်ခန်းချင်းစီကို အသေပိတ်ထားလိုက်ပါတယ်။ အဓိကကတော့ အတွင်းက လေထု ငြိမ်နေအောင်လို့ရယ်၊ လှုပ်ရှားနိုင်တဲ့ အကျယ်အဝန်း မများအောင်လို့ရယ်ပဲ ဖြစ်ပါတယ်။ မှန်တံခါးတွေဟာ ကြောက်ဖို့ကောင်းတယ်။ သူ့ကို ထိန်းထားတဲ့ အလူမီနီယံအသားက လက်တစ်လုံးလောက်သာ ရှိတာပါ။ ပြီးတော့ မှန်သားက ပါးပါးလေးပါ။ တံခါးတစ်ချက် ကွဲထွက်သွားပြီ ဆိုတာနဲ့ တစ်အိမ်လုံး ဘယ်လိုမှ ထိန်းနိုင်တော့မှာ မဟုတ်ပါဘူး။ မနက် ၃နာရီနဲ့ ၅နာရီ အချိန်ဟာ အဆိုးရွားဆုံး ဖြစ်ပါတယ်။ လေတိုက်နှုန်းဟာ အလွန်ကြောက်ဖို့ ကောင်းပါတယ်။ ကျွန်တှော့ အတွေ့အကြုံများအရ ဒီလေဟာ တစ်နာရီ မိုင် ၁ဝဝကျှော ရှိတယ်ဆိုတာ သတိထားမိတယ်။ မြန်မာပြည်က သတင်းထုတ်ပြန်ချက်တွေမှာ ကုန်းတွင်းပိုင်းကို ဝင်ရောက်လာရင် လေတိုက်နှုန်း လျော့နည်းသွားမယ်၊ တစ်နာရီကို မိုင်၅ဝလောက်ပဲ ရှိတယ် ဘာညာနဲ့ လျှောက်ပြောနေတာတွေကို တကယ် အံ့အားသင့်မိတယ်။ တိုက်တစ်ခုလုံး တုန်ခါနေတယ်လို့ ထင်ရပြီး ဘယ်လိုမှ အိပ်လို့ မရပါဘူး။ တံခါးတွေဟာ ဘယ်လိုမှ ထိန်းမထား နိုင်တော့ဘူးလို့တောင် ထင်လာမိပါတယ်။ အဲဒီအချိန်အထိ ဖုန်းလိုင်းတွေ ကောင်းနေဆဲပါ။

အချို့ အသိမိတ်ဆွေတွေရဲ့ အိမ်မှာ တံခါးတွေ ပိတ်ထားပေမယ့် ပတဿတာတွေ ချောင်ကုန်ပြီး တံခါး အချပ်လိုက် ပြုတ်ကျကုန်တယ်လို့ ဖုန်းဆက် သတင်းပေးလာပါတယ်။ ကျွန်တှော သတိရလို့ အိမ်ရှေ့ မှန်တံခါးကနေ ချောင်းကြည့်တော့ တီဗွီအင်တနာတိုင် ကျိုးထွက်ပြီး တွဲလောင်းကြီး ဖြစ်နေတာ တွေ့ရပါတယ်။ အောက်ထပ်က သူများအိမ် မှန်တံခါးကို ရိုက်မိရင် သူတို့အိမ် ဒုကဿခရောက်မှာကို စိုးတာကြောင့် အရဲစွန့်ပြီး သွားဆွဲရပါတယ်။ လေတိုက်နှုန်း ဘယ်လောက် ပြင်းသလဲဆိုရင် ဝရန်တာမှာ လူဟာ ကောင်းကောင်းရပ်လို့ မရပါဘူး။ တံခါးမကြီးကို ကိုယ်လုံးနဲ့တိုက်ပြီး ဖွင့်ယူရတဲ့အထိ ဖြစ်ပါတယ်။မနက် ၅နာရီခွဲ လောက်မှာတော့ မုန်တိုင်းအနဲငယ် လျော့ကျသွားပါတယ်။ ကောင်းကင်မှာ အလင်းရောင်အနည်းငယ် ထွက်ပှေါလာတာမို့ ပတ်ဝန်းကျင်ကို မြင်နေရပါတယ်။ အိမ်တွေရဲ့ ခေါင်မိုးက သွပ်ပြားတွေ လေမှာ လွင့်ပျံနေတာ ကြောက်ဖို့တောင် ကောင်းတယ်။ ကြည့်နေရင်းနဲ့ကို အကောင်းအတိုင်း ရှိနေတဲ့ အိမ်ခေါင်မိုးတွေလည်း လေတစ်ချက် ဝှေ့လိုက်တာနဲ့ အတွဲလိုက် ပြုတ်ထွက်ပြီး လေမှာဝဲနေကြတာ လေးငါးခြောက်ထပ် အမြင့်လောက်တောင် ရှိပါတယ်။ မိုးသိပ်မပါဘဲ လေတိုက်တာကတော့ ကြမ်းနေဆဲပါ။

၆နာရီလောက်ကျတော့ အလင်းရောင်ကောင်းကောင်း ပှေါလာတာမို့ ကင်မရာယူပြီး အပြင်ထွက်ခဲ့ပါတယ်။ကျွန်တှောတို့ ခြံဝန်းက သံတံခါးမကြီးလည်း ပတဿတာပြုတ်ထွက်ပြီး ကွေးလို့နေတယ်။ အပြင်မှာ သွပ်ပြားတွေ ပလူပျံနေဆဲ ဖြစ်တာမို့ အတှောကြီး သတိထား ရပါတယ်။ လေတစ်ချက် ဝှေ့လိုက်တိုင်း ပစဿစည်းမျိုးစုံက ကိုယ့်ဆီကို ရောက်လာနိုင်တာမို့ တစ်နေရာကနေ တစ်နေရာကို အကူးမှာ အကာအကွယ်ယူပြီး ကူးရပါတယ်။ အဲဒီလို လေနဲ့ပါလာတဲ့ ပစဿစည်းတွေ ထိမိပြီး တိုက်အောက်က ကားလေးစင်းမှာ မှန်တွေကွဲနေတာ တွေ့ရတယ်။ ပန်းဆိုးတန်း အထက်လမ်း တစ်လျောက်မှာ သစ်ပင်ကြီးတွေ အလဲလဲ အပြိုပြို ဖြစ်နေတာ မြင်ရတယ်။ ဖဆပလ ရပ်ကွက်ထဲက အိမ်တှောတှောများများလည်း အမိုးတွေ ကျွတ်ထွက်ကုန်တယ်။ လက်သုံးလေးငါးဖက်လောက်ရှိတဲ့ ကုကဿကိုပင်ကြီးတွေ အမြစ်က လဲကုန်တော့ သူ့အမြစ်တွေ ဆက်နေတဲ့ လမ်းပလက်ဖောင်းတွေလည်း ပျက်စီးကုန်ပါတယ်။ စီးတီးမတ်ကတော့ ဆိုင်းဘုတ် ပြုတ်ထွက်တာကလွဲလို့ ကြီးကြီးမားမား ပျက်စီးတာ မတွေ့ရပါဘူး။ ဂင်ဇာပန်မှာ မှန်တွေအကုန် ကွဲထွက်ကုန်တယ်။ ကားတှောတှောများများလည်း သစ်ပင်တွေ ပိနေတာ တွေ့ရပါတယ်။ အဲဒီအချိန်အထိ လေဟာ ကင်မရာ ကောင်းကောင်း ရိုက်လို့ မရအောင် တိုက်ခတ်နေဆဲပါ။ မြို့တွင်း တစ်ပတ် လှည့်ပတ်ဓာတ်ပုံရိုက်နေတုန်း မိုးတှောတှော ကျလာတာနဲ့ ကျွန်တှောတို့ အိမ်ပြန်ပြေးကြပါတယ်။

To be continued

Nargis' Follow up News


ဒီလို အချိန်မှာ အပြစ်ပြောနေလို့ ဘာမှ ထူးမလာဘူးဆိုတာ သိထားပါတယ်။ ဒါပေမယ့် ဘယ်လိုမှ မနေနိုင်လို့ ပြောလိုက်ပါဦးမယ်။ မိုးလေဝသ ညွှန်မှူး ဦးထွန်းလွင်က ဒီတစ်ခေါက် မုန်တိုင်းသတင်းကို ပြည်သူလူထုကို ကြိုတင် သတင်းပေးနိုင်တာ မြန်မာပြည်မှာ ပထမဦးဆုံးနဲ့ အမြန်ဆုံး ဖြစ်တယ်လို့ 7Day သတင်းဂျာနယ်မှာ ပြောကြားသွားပါတယ်။ မေ၂မှာ သတင်းစာထဲ ပါလာပါပြီတဲ့။ ကျွန်တှောသိတာ ၂၈-၂၉ လောက်ကတည်းကပါ။ ဆိုတော့ စဉ်းစားကြည့်ပေါ့။ နောက်တစ်ခုက ဒီလောက် မုန်တိုင်းဟာ ဒီလောက် အားကြီးနိုင်တယ် ဆိုတာကို သိထားပြီးသားပဲ ဘာဖြစ်လို့ ကြိုတင်ကာကွယ်ရေး ဗဟုသုတတွေကို မပေးခဲ့သလဲ။ ဒီရေ ဘယ်လောက်အထိ တက်နိုင်တယ်။ ရှောင်ရှားနေသင့်တယ်။ ရေတက်လာရင် ဘယ်လိုလုပ်ရမယ်။ တိရစဿဆာန်တွေကို ဘယ်လိုထားရမယ်။ အမိုးတွေ လွင့်သွားရင် လိုက်မကောက်နဲ့ ဒါမျိုးတွေ ရပ်ကွက်အထိ ဆင်းပြီး သတင်းမပေးခဲ့ပါဘူး။ နောက်ပြီး မနက်မိုးလင်းတာနဲ့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားက ဒီမဲကိစဿစပဲ တရစပ် လာနေတယ်။ မုန်တိုင်းအပြီးမှာတောင် မဲထည့်ဖို့ လာနေတုန်းပဲ။ ဆိုတော့ကာ တှောတှော စိတ်ပျက်ဖို့ကောင်းတယ်။ တစ်ရက်က သတင်းစာမှာ ဖတ်လိုက်ရတယ်။ ရပ်ကွက်တွေထဲမှာ ကားနဲ့ဆင်းပြီး လိုက်အှောပါတယ်တဲ့။ ကျွန်တှောတို့ ရပ်ကွက်မှာတော့ မကြားလိုက်တာ အသေအချာပါ။

ဆန်းစစ်ကြည့်တော့ ဒီလောက် လူအသေအပျောက်များခဲ့ရတာ ပြည်သူတွေမှာ အသိ(Knowledge) မရှိကြလို့ပါ။ အသိမရှိဘူးဆိုတာ မသိရလို့ပါပဲ။ ကျွန်တှောက အင်တာနက်ကနေကြည့်ပြီး ၁ဝနာရီ ၁၁နာရီလောက်က မုန်တိုင်း အဝင်ကို ဂရုကို မစိုက်သေးဘူး။ ပိုမို အားကောင်းလာမယ်ဆိုတာ သိထားတယ်။ ပိုအနဿတရာယ် ရှိလာနိုင်တယ်ဆိုတာ သိထားတယ်။ နယ်ကလူတွေက အဲဒီလောက် အခြေအနေကို အဆိုးဆုံးထင်ပြီး အိမ်အမိုးလန်လို့ ထွက်ပြင်ကောင်း ပြင်နေမယ်။ ကျွဲနွားတွေ လွတ်ထွက်သွားလို့ လိုက်ကောက်ကောင်း ကောက်နေမယ်။ သူတို့ဟာ ပိုကြီးမားတဲ့ အနဿတရာယ်ကို မသိဘူး။ ကျွန်တှောတို့ နိုင်ငံမှာ ဒီလို အသိမဲ့နေတဲ့သူတွေ ဘယ်လောက်တောင် များနေခဲ့ပြီလဲ။ တွေးရင်းတောင် စိတ်မကောင်းဘူး။

နောက်တစ်ခုက ပထမမုန်တိုင်းအပြီး နေ့လည် ၂နာရီလောက်မှာ မြန်မာ့ဆက်သွယ်ရေးက GSM မက်ဆေ့တွေ ဝင်လာတယ်။ မှတ်မိသလောက် ပြောရရင် “This storm is not finish. The Second face will be coming soon. So Don’t Go out” ဒါဟာ ဘာလဲ။ ကျွန်တှောတောင် မျက်စိလည်သွားတယ်။ ကျွန်တှော အင်တာနက်မှာ ဖတ်ထားသလောက် နောက်ဆက်တွဲ မုန်တိုင်း လုံးဝမရှိဘူး။ လူတွေအားလုံးဟာ ပထမမုန်တိုင်းမှာကတည်းက ကြောက်လန့် နေကြပြီ၊ ဒုတိယ တစ်လုံး ထပ်လာမယ်ဆိုတော့ အားလုံး သွေးပျက်ကုန်ကြတယ်။ ရေးထားတဲ့ အဂဿငလိပ် အသုံးအနှုန်းကိုလည်း ကြည့်ဦး။ သတိပေးတဲ့ပုံလား ခြိမ်းခြောက်တဲ့ ပုံလားဆိုတာ။ ဒီလို သတင်းအမှား (False Information) ကို အစိုးရ ဝန်ကြီးဌာန တစ်ခုက ပေးတယ်ဆိုတာ အလွန်ဆိုးရွားတဲ့ အဖြစ်အပျက် တစ်ခုပါပဲ။

မုန်တိုင်းဒဏ်ကြောင့် လျှပ်စစ်လိုင်းတွေ ချို့ယွင်းပျက်စီး သွားခဲ့ရတယ်။ ရေတွေပြတ်လပ် သွားခဲ့တယ်။ အခုဆို မီးပြန်လာစေချင်ရင်၊ ရေပြန်လာစေချင်ရင် ပိုက်ဆံပေးရမယ်ဆိုတဲ့ စကားတွေ ကြားလာရပြီ။ တစ်ချို့လည်း တကယ်ကို ပေးရတယ်ပြောတယ်။ သိပ်စိတ်ပျက်ဖို့ကောင်းတယ်။ အိနဿဒိယက လှူတဲ့ သွပ်တွေ ရပ်ကွက်ထဲမှာ တစ်ချပ်ကို ၄၀၀၀-၅ဝဝဝနဲ့ ဝယ်ကြရတယ်တဲ့။ အစိုးရဝန်ထမ်း အိမ်ယာတွေ အမိုးလန်ရင် ချက်ချင်း ပြင်လို့ မရဘူး။ ခွင့်ပြုမိန့် မကျသေးလို့ မိုးလေထဲ ဒီအတိုင်းနေကြရတယ်။ မပြောချင်တော့ပါဘူး။ ဪ ရယ်စရာလေးပါ။ အခုလို မုန်တိုင်းပြီးသွားတော့ ပထမဆုံး မီးတွေပြန်ရတာက ဟိုးကိုလိုနီခေတ်က မြေအောက် ဓာတ်အားလိုင်းတွေကို ယူထားတဲ့ အိမ်တွေပါပဲ။ ဒါကြောင့် လူတွေရဲ့ ပါးစပ်ဖျားမှာ အဲဒါ ကိုလိုနီစနစ်ရဲ့ အမွေဆိုး ရလာဒ်တွေပေါ့လို့ အားကျစွာ ပြောနေကြပါတော့တယ်။

Thursday, May 8, 2008

Help Aids for Nargis' Victims

နာဂစ် မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုက ကြောက်ခမန်းလိလိ ဖြစ်ပါတယ်။ ဧရာဝတီတိုင်းမှာ လူတွေ သောက်သောက်လဲသေပြီး ရွာလုံးကျွတ် ပျောက်ကုန်ကြတယ်။ သောက်သုံးရေ၊ စားစရာ၊ နေထိုင်စရာ အခက်အခဲတွေ ဖြစ်နေပြီး လူတွေ ဆက်တိုက် သေနေကြပါတယ်။ ရောဂါတွေလည်း ကျရောက်နေပါပြီ။ ခန့်မှန်းချက်များအရ လူတစ်သိန်းကျှော သေနိုင်တယ်လို့ တွက်ဆကြပါတယ်။ အစိုးရ အနေနဲ့ ချမှတ်ပေးထားတဲ့ ကျပ်သန်းငါးထောင်ဆိုတဲ့ ပမာဏဟာ အတှောပဲ နည်းပါသေးတယ်။ အထောက်အပံ့တွေကိုလည်း အပြည့်အဝ လက်မခံသေးတာကြောင့် လူတွေ ဒုကဿခရောက်နေကြဆဲပါ။ ဒီအချိန်မှာ ဘယ်သူမှလည်း နိုင်ငံရေး စိတ်မဝင်စားနိုင်ကြ သေးပါဘူး။ ဧရာဝတီတိုင်းက ပျက်စီးမှုဟာ အကြီးမားဆုံး ဖြစ်ပါတယ်။ အစိုးရက ကူညီနေတယ် ဆိုပေမယ့် ဒုကဿခသည်တွေဟာ အထောက်အပံ့ အပြည့်အဝ မရရှိသေးပါဘူး။ နိုင်ငံတကာ အကူအညီတွေလည်း အပြည့်အဝ မပေးနိုင်သေးပါဘူး။ ဒါကြောင့် ဒုကဿခသည်တွေကို ကူညီချင်သူတွေအတွက် ကျွန်တှော ဧရာဝတီတိုင်းကို ဆင်းပြီး အလှူရှင်တွေ လှူဒါန်းတဲ့ ငွေနဲ့ အထောက်အပံ့ ပစဿစည်းတွေကို ဒုကဿခသည်တွေဆီ တိုက်ရိုက် တာဝန်ခံ လှူဒါန်းပေးပါမယ်။ စိတ်ပါဝင်စားတဲ့ ကမဿဘာတစ်ဝှန်းက အလှူရှင်တွေအားလုံး အောက်က လိပ်စာမှာ ဆက်သွယ်လှူဒါန်း နိုင်ပါတယ်။

မေလ ဂရက် (မြန်မာ့အလင်းသတင်းစာ)

သေဆုံးသူ ၂၂၉၈၀
ဒဏ်ရာရသူ ၁၃၈၃
ပျောက်ဆုံးသူ ၄၂၁၁၉

ညီလင်းဆက်
Manager, Online Division
Inforithm-Maze Company
၉/မထလ(နိုင်) ၁၆၉၀၆၅
Address: Bld A-3-1, 1103, Myanma Goan Yi Condo, Mingalartaungnyunt Township, Yangon.
Ph: 09 80 20413

Friday, May 2, 2008

Nargis Cyclone





မြန်မာပြည် ရန်ကုန်မြို့ကို ဖြတ်သန်းပြီး Nargis အမည်ရှိတဲ့ ဆိုက်ကလုန်း မုန်တိုင်းတစ်ခု ဖြတ်သန်း တိုက်ခတ်ဖို့ ရှိနေပါတယ်။ အိနဿဒိယ သမုဒဿဒရာထဲက ျဖစ္လာတဲ့ လေဖိအားနည်း ရပ်ဝန်းကနေ မြန်မာပြည်ဘက်ကို ရွေ့လာလိုက်တာ အခု စာရေးသားနေချိန်မှာ မုန်တိုင်းပြင်းအား သတ်မှတ်ချက် အဆင့်သုံးကို ရောက်ရှိနေပြီလို့ သိရပါတယ်။ [Cited] သတ်မှတ်ချက်တွေအရ အခုလို အဆင့်သုံး မုန်တိုင်းဟာ လေတိုက်နှုန်း ၁နာရီကို ၂၁ဝကီလိုမီတာကျှောအထိ ရှိနိုင်ပြီး ပျက်စီးမှုလည်း များပြားနိုင်ပါတယ်။ ရန်ကုန်မြို့ကို ညနေ လေးနာရီလောက်မှာ စတင် ဖြတ်သန်းမယ်လို့ သိရပါတယ်။ အရင်နှစ် မာလာမုန်တိုင်း တိုက်ခတ်စဉ်က လေတိုက်နှုန်း ၂၄၀ ကီလိုမီတာ ရှိပါတယ်။ ကျောင်းအချို့ ရုံးအချို့ကို နေ့လည်ပိုင်းမှာ ပိတ်ပေးလိုက်တယ်လို့ သိရပါတယ်။ ယခု 2:30pm အချိန်မှာတော့ မိုးဖွဲဖွဲ ရွာသွန်းနေပြီး အနောက်ဘက် ကောင်းကင်ပြင်မှာ အမည်းရောင် တိမ်တိုက်ကြီး တွေ့လို့နေပါပြီ။ လေတိုက်နှုန်း မြင့်မားလာနေပြီး မိုးရွာသွန်းမှုလည်း တဖြည်းဖြည်း များလာပါတယ်။ သစ်ပင်တွေက လေတိုက်လိုက်တိုင်း တဝိုးဝိုးနဲ့ ယိမ်းထိုးနေကြတာ ကျွန်တှော့နားထဲ နိုးနိုးနိုးနိုး လို့ပဲ ကြားနေမိပါတော့တယ်။


Underground Weather
Bloomberg

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz