Saturday, January 26, 2008

MBS General Meeting Invitation

ဒီအပါတ် တနဂဿငနွေမှာ အလွတ်သဘောမျိုးတွေ့ဆုံမှုလေးလုပ်ချင်တာမို့ ဒီဖိတ်စာလေးပို့လိုက်ပါရစေ

ပထမဆုံး MBS ရယ်လို့ နာမည်ခံပြီး စာအုပ်လုပ်နေတဲ့ ကိစဿစလေးလဲ အခွင့်သင်ရင် ဆွေးနွေးခွင့်ရချင်ပါတယ်။ အဓိက တာဝန်ယူဆောင်ရွက်နေတဲ့ ကိုနေဘုန်းလတ်၊ ကိုစိုးဇေယျ၊ ကိုညီလင်းဆက်နဲ့ စသဖြင့်ပေါ့နှော (သူတို့ဆီက နောက်ဆုံး update status လေးလဲ သိချင်ပါတယ်) ထုတ်ဝေခွင့်ရလို့ ထုတ်ဝေပြီးမဲ့ အချိန်မှာ ဘယ်လိုဖြန့်ချိရင် ကောင်းမလဲ ဆိုတဲ့ အကြံဉာဏ်လေးတွေလဲ ကြိုပြီး စဉ်းစားပေးစေလိုပါတယ်

ဒုတိယအနေနဲ့က MBS အတွက် အချိန်ပေး ကူညီနိုင်မယ့် လူတွေကို ဖိတ်ခှေါချင်ပါတယ်။ အဲလို ဖိတ်ခှေါတာတွေ မတိုင်ခင်မှာ လောလောဆယ် ရန်ကုန်ရောက်နေတဲ့ မန်းကလူတွေ ကိုချမ်း၊ ကိုစစ်ကိုင်း နဲ့ လာဖို့ အစီအစဉ်ရှိတယ်လို့ သတင်းရထားတဲ့ ကိုသခင်ကြီး နဲ့ ကိုမောင်လှ တို့နဲ့အတူ ရန်ကုန်မှာ မတွေ့တာကြာပီ ဖြစ်သော ကြိုကြားကြိုကြား လူနည်းစု အနေနဲ့ တွေ့ဖြစ်နေတဲ့ ဘလော့ဂါ သူငယ်ချင်း မောင်နှမတွေ စုစုစည်းစည်း ပျှောပျှောရွှင်ရွှင် အလွတ်တန်း သဘောမျိုး တွေ့ချင်တာမို့ အားလုံး ကိုယ်အားတဲ့အချိန်လေး နည်းနည်းကို ဖဲ့ပေးပြီး လာရောက်ခဲ့ဖို့ ဖိတ်ခှေါပါတယ်။

အော့ဖ်လိုင်းမှာ တခါမှ မတွေ့ဖြစ်သေးတဲ့ မောင်လေး၊ ညီမလေးတွေလဲ လာခဲ့စေလိုပါတယ်။ ဆီမီနာမှာလိုမျိုး လူအင်အားအများကြီး တခါတည်း တွေ့ဆုံနှုတ်ဆက်နိုင်မဲ့ အခွင့်အရေးမျိုး ဖြစ်မှာပါ။ လာတဲ့အခါမှာလဲ ကိုယ့်ရဲ့ နာမည်ရင်းတွေ မပြောချင်ရင်လဲ ဖြစ်ပါတယ်။ ဘလော့ နာမည်လေးပြောပြီး မိတ်ဆက်ကြရင်း အရင်ထက် ပိုမိုရင်းနှီးချစ်ခင်စွာနဲ့ မြန်မာဘလော့ဂါ အသိုင်းအဝိုင်းမှာ ပျှောရွှင်စွာ ဘလော့ဂင်း ဆက်လုပ်ကြတာမို့ ဆက်ဆက်လာခဲ့ကြပါနှော။

နေ့ရက်က 27-ဇန်နဝါရီ(တနဂဿငနွေနေ့)
အချိန်က နေ့လည် 2နာရီမှ 5နာရီအတွင်း(မိမိ နှစ်သက်အဆင်ပြေသည့်အချိန်)
နေရာက service+ ၊ ရတနာလမ်း၊ မြေနီကုန်းပါ

နေရာရှာမတွေ့ရင်
မထိုက်(ဘာညာ)၊ ကိုဇှောဇှော(ဘလာဂေါက်) ဖုန်းနံပါတ် 500457
မမီ(မယ်လိုဒီမောင်) 09 90 61754
ကိုနေဘုန်းလတ် 09 515 0802 နဲ့
ကိုချမ်းမြစိုး 09 90 42107 တို့ကို ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်


ခင်မင်လေးစားစွာဖြင့်
မမီ @ မယ်လိုဒီမောင်

Wallpaper



ဟိုတစ်နေ့က စိတ်လေလေနဲ့ ထိုင်လုပ်ထားတဲ့ ကွန်ပျူတာ မှန်သားပြင်ရုပ်ပုံ Wallpaper လေးပါ။ တစ်ခါတစ်လေတော့ ဒါလေးတွေ လုပ်နေရတာ ပျှောဖို့ကောင်းတယ်။ အလယ်က အကောင်သုံးကောင်က သူများလုပ်ထားတဲ့ Smilie လေးတွေ။ ဒီနေရာမှာ ပုံကြီး ယူနိုင်ပါတယ်။

Download: 1280x840 (150Kb)

26.02.2008

မနေ့ညက ရုံးအပြန် စီးတီးမတ်ဝင်ပြီး ငံပြာရည် ပုလင်းဝယ်။ ငံပြာရည် ကုန်နေလို့ ဆားနဲ့ ဖြစ်သလို စားနေတာ ကြာပြီ။ မီးကလည်း ပျက်တာမို့ အရက်တစ်ပုလင်းကို စိတ်ပျက်ပျက်နဲ့ ထိုင်သောက်လိုက်တာ ဘယ်လိုကုန်သွားတယ်မသိ။ ပိုက်ဆံ ၆၀၀၀ ကုန်သွားတာတော့ သိလိုက်ရဲ့။ ဒီနေ့ ကိုလကလေးနဲ့ မပီပီတို့ မဂဿငလာဆောင်ကိုသွားတော့ လူက နဲနဲမူးချင်နေသေးတယ်။ ကိုသူရကင်မရာနဲ့ ဓာတ်ပုံလိုက်ရိုက်ပေးတယ်။ မိတ်ဆွေဟောင်းများနဲ့လည်း တွေ့ပါရဲ့။ တစ်ခါက သူငယ်ချင်း တစ်ယောက်လည်း ကလေးလေး တစ်ယောက်၊ တစ်ပိုင်းနဲ့ တွေ့ပါရဲ့။ သူငယ်ချင်း တစ်ကောင်ရဲ့ အဖြစ်ကလည်း ထူးခြားသေးတယ်။ ဝမ်းကွဲ ညီမလေးတစ်ယောက် ဆုံးပါးသွားတော့ မြေချတဲ့နေ့မှာ အဘိုးဖြစ်သူကပါ နှလုံးရပ်ပြီး ကွယ်လွန်သွားသတဲ့။ ဒါနဲ့ သူလည်း မိုင်၁ဝဝဝလောက် ခရီးကို လစ်သွားရတယ်။ မောင်ယော တစ်ယောက်လည်း ညက မူးမူးနဲ့ စစ်မမေးရဘဲ သူ့ကိစဿစ ကိုယ့္ကိစဿစေတြ ပြောနေလိုက်တာ ငါသတိမရတော့ဘူးလို့ပဲမှတ်။ ဒီရက်ပိုင်း ဘာတွေမှန်းကို မသိဘူး။ လူလည်း ကိုယ့်ကိုကိုယ် ဘာမှန်းမသိဘူး ဖြစ်နေတယ်။ လူပင်ပန်း စိတ်ပင်ပန်းတွေသာ ဖြစ်နေတာ ပေါင်ချိန်က တက်လာသေးတယ်။ ၂ဝဝဂခုနှစ် ဇန်နဝါရီ ၂၆ရက်၊ ပေါင်ချိန်က ၁၃၆။

Thursday, January 24, 2008

Chickipedia




ဝီကီပီးဒီးယားကိုတော့ လူတိုင်းလိုလို သိကြပါတယ်။ အခုဒီ ချစ်ကီပီးဒီးယား Chickipedia ကိုတော့ သိပ်မသိကြသေးဘူးနဲ့ တူတယ်။ ကိုကိုကာလသားများ အတွက်ပေါ့။ မှောဒယ်လ်စွယ်စုံကျမ်း ဆိုပါတော့။ တှောတှောကောင်းတဲ့ အိုင်ဒီယာဗျာ။ နှော့။ ခင်ဗျားတို့ သွားဖြစ်အောင်ကို သွားကြည့်ဦးမယ်ဆိုတာ သိနေလို့နဲ့တူတယ်။ အိုင်စက်စ်ပီက ကြိုပိတ်ထားသဗျ။ သူတို့တော့ ကြည့်မပေါ့။ အများပြည်သူ အတွက်တော့ ယဉ်ကျေးမှုနဲ့ မဆီလျှောဘူး ဘာညာပေါ့။ ထုံးစံအတိုင်း။ သူတို့က ထုံးစံအတိုင်း ဆိုတော့လည်း ကျွန်တှောတို့လည်း ထုံးစံအတိုင်း ကျှောရတာပေါ့လေ။ ဒန်တန့်တန်။

Chickipedia : Encyclopedia of Famous Models (18+)

Wednesday, January 23, 2008

Office 2007 PDF

သင်ဟာ Office2007 သုံးတယ်ဆိုရင် Office ထဲက ဖိုင်တွေကို Pdf တိုက်ရိုက် ထုတ်ဖို့ရာ အနည်းငယ်မျှလောက် အခက်အခဲ ရှိနိုင်ပါတယ်။ အမှန်ကတော့ ခက်ခဲတာတော့ မဟုတ်ပါဘူး မျက်စိလည်သွားတာ ဖြစ်ပါလိမ့်မယ်။ ဒါကို ဖြေရှင်းဖို့ရာ နည်းလမ်း နှစ်မျိုး ရှိပါတယ်။ ပထမနည်းလမ်းက PDF Printer တစ်ခု ထည့်သွင်းတဲ့ နည်းလမ်းပါ။ နောက်တစ်နည်းကတော့ Addin လေးတစ်ခု ထည့်သွင်းတာပါ။ အရင် ၂၀၀၃ မှာတုန်းက Adobe Acrobat Professional 8 လို ဆော့ဖ်ဝဲလ် သွင်းထားလိုက်ရင် Office မှာလုတ်လေးတစ်ခု ပှေါလာပြီး လွယ်လွယ်ကူကူ ပီဒီအဖ် ပြောင်းလို့ရတယ်။ Office 2007 မှာတော့ အဲဒီလိုမျိုး တွေ့ရမှာ မဟုတ်ပါဘူး။ ဒါပေမယ့် သင့်ရဲ့ စာရွက်ကို Print Out လုပ်မယ်ဆိုရင် Printer တွေရွေးချယ်ပေးရတဲ့ နေရာမှာတော့ Adobe PDF ဆိုတာလေး တွေ့ရမှာပါ။ အဲဒါလေးကို ရွေးပြီး Print လုပ်လိုက်မယ်ဆိုရင် သင့်ရဲ့ Office ဖိုင်ဟာ ပီဒီအဖ်ဖိုင် အဖြစ် ရရှိမှာ ဖြစ်ပါတယ်။ နောက်ထပ်တစ်နည်းကတော့ Office 2007 အတွက် Addin လေးတစ်ခု သွင်းပေးလိုက်တာပါ။ အဲဒီဟာလေးကို သွင်းပြီးသွားရင် ဖိုင်တစ်ခုကို Save As လုပ်တဲ့အခါ PDF or XPS ဆိုတာလေး ကိုရွေးပေးလိုက်ရုံပါပဲ။ အောက်မှာ အဲဒီဖိုင်လေး တင်ပေးထားပါတယ်။
Download : Save as PDF (934K)

Saturday, January 19, 2008

Stellarium Version 0.9.1





Stellarium Version 0.9.1 ထွက်လာပါပြီ။ အခုအသစ်မှာ ထူးခြားချက် များစွာ ပါဝင်ပါတယ်။ အရင် ဗားရှင်း အဟောင်းမှာ တွေ့ကြုံခဲ့ရတဲ့ ပြသနာတွေ အခက်အခဲတွေကို ဖြေရှင်းပေးထားတယ်။ ရုပ်ပုံအရည်အသွေးတွေ ပိုမြင့်လာတယ်။ ကြယ်စုတွေ ပိုများလာတယ်။ ပိုတိကျလာတယ်။ ကြယ်တွေကို ကောင်းကင်ကို စိတ်ဝင်စားတဲ့သူ တစ်ယောက်ဆိုရင် ဒီဆော့ဖ်ဝဲလ်ကို မဖြစ်မနေ သင့်စက်ထဲမှာ သွင်းထားရပါလိမ့်မယ်။

Stellarium Version 0.9.1
Sky

* default catalogue of over 600,000 stars
* extra catalogues with more than 210 million stars
* asterisms and illustrations of the constellations
* constellations for ten different cultures
* images of nebulae (full Messier catalogue)
* realistic Milky Way
* very realistic atmosphere, sunrise and sunset
* the planets and their satellites

Interface

* a powerful zoom
* time control
* multilingual interface
* scripting to record and play your own shows
* fisheye projection for planetarium domes
* spheric mirror projection for your own dome
* graphical interface and extensive keyboard control
* telescope control

Visualisation

* equatorial and azimuthal grids
* star twinkling
* shooting stars
* eclipse simulation
* skinnable landscapes, now with spheric panorama projection

Customisability

* add your own deep sky objects, landscapes, constellation images, scripts...


Official Website : http://www.stellarium.org
Download Software : Here (37 MB)
Download User Guide : Here (Pdf )


ဒီမြစ်ကြီးထဲမှာ

ကျွန်တှောဟာ ဒီမြစ်ကြီးကို ဟိုးအရင် မစုန်ဆင်းခင်ထဲက မျှောကြည့်ခဲ့ဖူးတယ်။ ဒီမြစ်ကြီးနဲ့ မထိတွေ့ရသေးခင် ကတည်းက သူ့အကြောင်းတွေကို ကြားနေခဲ့ရတယ်။ စာအုပ်တွေထဲကနေ သိနေခဲ့တယ်။ အခြားသူတွေရဲ့ လက်ဆင့်ကမ်း စကားတွေကိုလည်း ကြားရတယ်။ ဒီမြစ်ကြီးထဲမှာ ကြောက်မက်ဖွယ်ရာ ကိုယ့်ဆီကို ဆွဲသွင်းနှစ်မြှုပ် ပစ်တတ်တဲ့ ဝဲကြီးတွေ ရှိတယ်။ ဒီမြစ်ကြီးထဲမှာ ကိုယ်တိုင်က ဦးတည်ချက်မရှိ မျောပါနေပြီး အခြားသူတွေကိုပါ ရိုက်ခတ်တတ်တဲ့ သစ်လုံးကြီးတွေလည်း ရှိတယ်။ ဒီမြစ်ကြီးကို ကျွန်တှောသာ ဖြတ်သန်းခဲ့ရင် ဆိုတဲ့ အတွေးနဲ့ ဒီလို အနဿတရာယ်တွေကို ကြိုတင် ရင်ဆိုင်နိုင်ဖို့ အကြံဉာဏ်တွေ စွမ်းအားတွေ မွေးမြူ ခဲ့ရတယ်။ သူ့အကြောင်းကို ပိုပို သိလာအောင် အားထုတ်ရတယ်။

ဒီလိုနဲ့ တစ်နေ့တော့ ဒီမြစ်ကြီးထဲကို ကျွန်တှော လှေတစ်စင်းနဲ့ စုန်ဆင်းလာခဲ့တယ်။ တကယ်တမ်း လက်တွေ့ဘဝမှာ ရင်ဆိုင်လာရတဲ့ အရာတိုင်းဟာ အတွေးအမြင်တွေ၊ အသိတွေ၊ ဗဟုသုတတွေလောက်နဲ့ ကျှောဖြတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးဆိုတာ ကျွန်တှော ပိုပို နားလည်လာတယ်။ ဒီအနဿတရာယ်တွေကို ရင်ဆိုင်ရာမှာ အသိတွေ သတိတွေနဲ့အတူ၊ စိတ်ခွန်အား၊ လူခွန်အား အများကြီး ထည့်သွင်း ရင်ဆိုင်ရတယ်။ တခါတလေတော့လည်း ကံကဖေးမတယ်။ ဒီမြစ်ကြီးထဲမှာ ကျွန်တှောဟာ ကိုယ့်ခရီးကိုယ် သွားနေတာပဲ။ ဒါပေမယ့် ကိုယ်နဲ့ ဘာမှမဆိုင်ဘဲ လာပတ်သတ်ပြီး ပြသဿသနာရပ်ပေါင်းများစွာကို သယ်ဆောင်လာမယ့် အရာများစွာ ရှိနေနိုင်သေးတယ်ဆိုတာကို ကျွန်တှော တွေ့လာရတယ်။ ဒီမြစ်ကြီးထဲမှာ ကျွန်တှော ခြေကုန်လက်ပမ်းကျတဲ့ တစ်နေ့ကျရင် ကျွန်တှော လှေကလေးကို ကမ်းနားကို တဖြည်းဖြည်းကပ်မယ်။ ငြိမ်သက် တိတ်ဆိတ်သော ကုန်းမြေတစ်နေရာမှ ခြေချပြီး အရာအားလုံးကို မေ့ပစ်လိုက်မယ်။ ဒါပေမယ့် အဲဒီကုန်းမြေမှာ သူခိုး၊ ဓားပြတွေ ရှိနေနိုင်တာကိုလည်း ကျွန်တှော သတိထားဖို့ လိုတာပေါ့။

Friday, January 11, 2008

New Blogs updated in Myanmar Blog Directory

New Blogs updated in Myanmar Blog Directory


http://yin-htal-shi-tar.blogspot.com
http://awizi.blogspot.com
http://kopaw07.blogspot.com
http://mgbotauk.blogspot.com
http://thitsarr.blogspot.com
http://tharkinwe.blogspot.com
http://myamarnews.blogspot.com
http://soethawn.blogspot.com
http://engineer4myanmar.mmgeeks.com (Electrical Engineering)
http://chitlaypyay.blogspot.com
http://nl80.blogspot.com
http://thazinni.blogspot.com
http://bigbbrown.blogspot.com (Political Blog)
http://aungphyoe.blogspot.com
http://mayburma.com
http://brain-and-beauty.blogspot.com
http://koye76.blogspot.com
http://aungsayapyi.blogspot.com
http://seitmeeain.myanmarbloggers.org (Group Blog)
http://hardangerfjord.blogspot.com
http://soehtet.blogspot.com
http://shunelaiyi.blogspot.com
http://thantharhtet.blogspot.com
http://kokyawmyintoo.blogspot.com
http://him.civiblog.org
http://ziwakka.blogspot.com (General Blog)
http://ideacorner.blog.com (General Blog)
http://ayeayechanchan.blogspot.com
http://hololodilolo.blogspot.com (General)
http://webber-virtualspace.blogspot.com ( Economics & Health Blog)
http://iceos.blogspot.com
http://s0wha1.blogspot.com
http://lonemay.blogspot.com
http://myeiknews.blogspot.com
http://aungmyohan.myanmarbloggers.org
http://goutthee.blogspot.com
http://gugu.bo5.us
http://panwaithi.blogspot.com (Music)
http://myanmarhiphopassociation.blogspot.com
http://thet-wai-blog.blogspot.com
http://shanyoe.blogspot.com
http://khinmgnyein.blogspot.com
http://mmrepublican.blogspot.com
http://hanlynnkyaw.net

Powered by ScribeFire.

Sunday, January 6, 2008

ညီမလေးအတွက်ကဗျာများ

ရေးထားခဲ့ဖူးတဲ့ ကဗျာလေးတွေပါ။ မှတ်မှတ်ယယ ပြန်စုထားလိုက်တာ။ ဘာရယ်တော့ မဟုတ်ပါဘူး။ ပြန်ဖတ်ကြည့် လိုက်တော့လည်း လူငယ်ဘဝကို သတိရသလိုလို။



ညီမလေးမသိတဲ့ အရောင်များ


ဒီဆောင်းတွင်းတစ်ခုလုံး
မျှားလိုက်ရတဲ့ငါးတွေ
ညီမလေးက မသိဘူး
ကျွန်တှော့ဆီ လာချင်တဲ့ အချိန်လာပြီး
ပြန်ချင်တဲ့ အချိန်ပြန်သွား
ကာလနဲ့ဒေသသဘောတရားကို
ညီမလေးက မသိဘူး
ဝင်သက်ကို ဖြည်းဖြည်းရှူတော့
ညီမလေး ကိုယ်သင်းနံ့များက တိုးတိုးပြီး မွှေးမြ
ထွက်သက်တွေ လေးလေးပြီးလာတော့
ညီမလေး ကိုယ်သင်းနံ့များက ရင်ထဲမှာ တိုးတိုးပြီး ကျန်လာ
နာရီတွေမလိုဘူး
သူလာတတ်တဲ့ ပြန်တတ်တဲ့ အချိန်တွေကို ကျွန်တှောကသိနေ
ဒီနယ်မြေဟာ အနဿတရာယ် ရှိတယ်ညီမလေး
ဒီနယ်မြေမှာ ကဝေတွေ ရှိသတဲ့ ညီမလေး
နူးညံ့တဲ့လေပြေ၊ မြက်ခင်းစိမ်း၊ ပန်းပွင့်တောအုပ်
အရာရာဟာသူယောင်အရိပ်တွေပဲ ညီမလေး
ဒီနေ့တော့ ကိုယ်တစ်ယောက်တည်းပေါ့
အိပ်မက်ထဲ အလည်လာတတ်လည်း မင်းမျက်ဝန်းတွေလည်း
ရပ်ဝေးမှာ ရှောင်ခွာနေခဲ့တာ ကြာပေါ့
နှင်းတွေကျလိုက်တာ
နှင်းတွေကျလိုက်တာ
မင်းမကြားနိုင်တဲ့ စကားတွေကြား
မင်းမမြင်နိုင်တဲ့ စိတ်နယ်လွန်မှုများကြား
မင်းမထိတွေ့နိုင်တဲ့ ငါ့လက်ဖဝါးများကြား
ငါ့ကဗျာများလည်း ရွာရိုးကိုးပေါက်လျောက်လို့
အှောဟစ်တတ်တဲ့စိတ်ဟာ မြိုသိပ်ရတဲ့အခါ
ပိုမိုနာကျင်တတ်တာ သဘာဝပဲပေါ့ ညီမလေး။



တောပန်း


မိုးတွေရွာမယ်ထင်လို့
တံခါးတွေကိုဖွင့်ထားမိခဲ့တာပါ
ငိုနေတဲ့ညတွေအကြောင်း
မင်းမသိခဲ့ပါလားညီမလေးရယ် . .
လွမ်းရင်းလွမ်းရင်းနဲ့
တလှမ်းခြင်းစီဝေးသွားခဲ့ရတဲ့အဖြစ်တွေပေါ့
သံယောဇဉ်ဟာ ရေလိုပဲအစရှာမရခဲ့ဘူး
ဒီပန်းကိုခူးရင်
ဒီဆူးဟာစူးမှာပဲဆိုတာ
ကမဿဘာဦးထဲက သိခဲ့သင့်တယ်
ရေတွက်ရင်း ရေတွက်ရင်း ကုန်သွားခဲ့တဲ့
ပြကဿခဒိန်များစွာထဲက နေ့တွေပါ
ဓါးဒဏ်ရာလို ပြင်း . . ထန် . . စူး . . ရှ
အချစ်ဆိုတဲ့အရာက
အိပ်မက်တွေထဲမှာတောင်မလှပခဲ့ဘူး
အရူးတစ်ကောင်ရဲ့လွယ်အိတ်လို
စိတ်ကိုဖြေချလိုက်ဖို့ ကြိုးစားတဲ့အခါမှ
ငါ့နှုတ်ခမ်းတွေက
အလိုလို ဆွံ့အ လို့နေခဲ့တယ်။



ညီမလေးနဲ့ ကျောင်းတှောရဲ့ အဝေးမှာ


ဘာကိုမှ ဖွင့်မပြောဖြစ်ခဲ့ဘူး
အတွေးများစွာနဲ့
ငါတို့ဝေးခဲ့ရတယ်

ဘာကိုမှ မပွင့်လင်းခဲ့ကြဘူး
တခါတခါဆုံခဲ့ကြတဲ့မျက်ဝန်းများက
ဆွတ်ပျံ့ခြင်းများနဲ့ရီဝေဝေ

ဘာကှိမှ မမျှောလင့်တော့ပါဘူး
လှပသောလက်ရေးနဲ့
ညီမလေးရဲ့စာရွက်လေးတွေက
နေရာယူနိုင်ခဲ့တာ ငါ့ဘီရိုလေးထဲမှာ

ဘယ်သူမှ မသိလိုက်ပါဘူး
အဖြူရောင်ဘောင်တွေထဲမှာ
ငါရူးသွပ်ခဲ့ရတာကအခါခါ

ဘာကိုမှ မတောင်းဆိုချင်တော့ပါဘူး
သတိတရဖြစ်နေချိန်တောင်မှ
ညီမလေးအနားမှာ
တခါမှ ရှိနေခွင့် မရခဲ့တာ။



ညီမလေးက လက်သည်းမရှိတဲ့ ကြောင်တစ်ကောင်


ဒီနေ့ဟာ ညီမလေးရဲ့ မွေးနေ့ပဲ
အိပ်ယာက ထလိုက်တာနဲ့ လွမ်းလွမ်းဆွတ်ဆွတ်
ငွေ့ရည်ဖွဲ့တိမ်တွေရဲ့ ဘာသာဗေဒကို ညီမလေး မသိခဲ့
ရာသီချိန်မှာ ပြန်လာတတ်တဲ့
ဆယ်လမွန်ငါးတွေအကြောင်းလည်း ညီမလေး မသိခဲ့တော့
အားလုံးကပြောတဲ့ မြို့ပျက်မှာ
ညီမလေးက အပေါင်းတစ်ဖြစ်ပြီး
ငါက အနှုတ်တစ်ဖြစ်လို့နေတယ်။

ရှိရင်းစွဲ အခြေအနေလေးနဲ့တော့
ငါနဲ့ ငါ့အသက်ရှူသံတွေက
ဘယ်လိုမှ ညီမလေးကို မဖြားယောင်းနိုင်
မြင်မြင်ချင်း ချစ်မိခြင်းက အပြစ် ၁ ဖြစ်ခဲ့ပြီး
ချစ်မိမိချင်း မသိလိုက်ခဲ့ခြင်းက အပြစ် ၂ ဖြစ်တယ်လို့
ငါ့သူငယ်ချင်းက ငါ့ကိုဆိုတယ်
တကယ်တော့
ညီမလေးဆိုတာကိုက ငါ့ရဲ့ အပြစ် ၃ ဖြစ်တယ်။

ငါ့အသံကို သူက မကြားနိုင်ပဲ
ငါ့အသံကို ငါသာပြန်ကြားနေခဲ့
ငါက ရင်မောစွာ ငေးကြည့်မိတိုင်း
ညီမလေးက ကြောင်တစ်ကောင်ဖြစ်လို့နေခဲ့
ငါသွားရာ လမ်းတွေမှာ ညီမလေး ပျောက်နေခဲ့ပြီး
ငါ့လမ်းတလျောက်မှာတော့ ညီမလေး အရိပ်တွေ တွေ့နေခဲ့ရတယ်။

ငါ့သွေးသားများက တောနက်ရိုင်းလို
ခြသေဿင့တစ်ကောင်အုပ်စိုးရာ တိုင်းပြည်မှာမှ
မြေခွေးနှစ်ဆယ့်ငါးကောင်ကပါ ကျက်စားခဲ့ကြတော့
ပြန်မလာမှန်းသိလည်း ငှက်တွေကို အခါခါလွှတ်နေခဲ့မိပေါ့။

နောက်ဆုံး
ဒီမျက်နှာဖုံးကို ငါစွပ်တယ်
ဒီတေးသွားကို ငါရေးတယ်
တီးခတ်ရာ ဂီတာကြိုးက ပုံမှန်မဟုတ်ခဲ့တော့
အသံအတယ်
ဂီတက ရုန့်ရင်း အကျည်းတန်တယ်
တကယ်တော့ငါက
ဒီမြို့ကြီး မှောင်နေတာကိုတောင်
မီးတွေ ထိန်နေအောင် ထွန်းချင်ခဲ့မိတဲ့ကောင်ပေါ့ ညီမလေး။



ရွာချလိုက်တော့မိုး


သူက ရွာသွန်းပြီး တိတ်ဆိတ်သွားလိုက်တာ
မြေငွေ့ရနံ့လေးတွေ လွင့်ပျံ့ပြီး
ကျွန်တှော့ကို ထားရစ်ခဲ့
ကြိုးမရှိတဲ့ ဂစ်တာတစ်လက်ရဲ့ အသံကို
ဘယ်သူတွေ နားလည်မလဲ
မိုးသားများ တရိပ်ရိပ်ပြိုကျ
သည်းကြီးမည်းကြီး ရွာချခဲ့တော့ ညီမလေး
အဆက်အသွယ်တွေဝေးကြလည်း
ငါ့ပတ်ဝန်းကျင်က ဆွေးဆွေးမြေ့မြေ့
ခူးဆွတ်မယ့်သူမရှိတဲ့ ပန်းများဘဝမှာ
လွင့်ကြွေခြင်းဆိုတာ
ဘယ်သူမှမကြားသိနိုင်တဲ့ကဗျာ
အသံမသာခဲ့သောဂီတ
အလွမ်းတွေကို ငါသတိတရ သိမ်းထားတယ်
ရုပ်ရှင်လက်မှတ်လေးနှစ်စောင်နဲ့
မြေပြင်မှာ တစ်ခါမှ မပွင့်ခဲ့ရတဲ့ ပန်းတစ်ပွင့်
ပျှောရွှင်စွာ ပွင့်ရဲခဲ့သော ရက်စွဲတစ်ခု အတွက်ပေါ့
ဝမ်းနည်းစွာ
မနက်ဖြန်ခါတိုင်းဟာ
ငါတို့အတွက် ဘယ်အခါမှ မသေချာခဲ့ပါဘူး။

(အိုင်ဒီယာ၊ ဇန်နဝါရီ၊ ၂၀၀၈)



ကျွန်တှော အဝေးဆုံး ရောက်သွားတဲ့အခါ


ကျွန်တှော အဝေးဆုံး ရောက်သွားတဲ့အခါ
ညီမလေးရယ် လေတိုးသံလေးတွေကိုနားဆင်ပါ
မျက်စိကို မှိတ်ပြီး နာကျင်စွာ ပြုံးရယ်ပါ
ချစ်ခြင်းတရားဟာ မြက်ဖျားကနှင်းလို မကြွေချင်ဘဲ ကြွေကျ
ကျွန်တှော့စိတ်များ လွင့်နေခဲ့တာက
လူတကာမသိအောင် ပင်လယ်ထဲ ရွာသွန်းခဲ့သောမိုးတိမ်လို
ချစ်လား မချစ်ဘူးလား စကားသံများက ဆူးပင်လို
ငြိတွယ်မိတဲ့အခါ ဆူးမယ်
ကျွန်တှောက ကိုယ့်စိတ်ကူးနဲ့ကိုယ် ရူးတယ်
သစ်ရွက်တွေ ကြွေတဲ့အခါလည်း ကျွန်တှောလွမ်းတယ်
အိပ်စက်နေရင်း ကျွန်တှော ရယ်မောတယ်
ဘာမှမရှိတဲ့ အပြင်ဘက်ကိုကြည့်ရင်း ကျွန်တှောနာကျင်တယ်
ကိုယ်ခနဿဓာထဲက သွေးဆိုးများ ဖောက်ပြန်ပြောင်းလဲတဲ့အခါ
ကျွန်တှောမိုက်မဲတယ်
ဆုပ်ကိုင်ထားတဲ့ ညီမလေးလက်များမှာ ယုံကြည် ကိုးစားခြင်းရှိတယ်
ဆုပ်ကိုင်ထားတဲ့ ကျွန်တှော့လက်များမှာ နာကျင်ခြင်းနဲ့ စိတ်မကောင်းခြင်းရှိတယ်
ညီမလေးဟာ ဖြူစင်တယ်
ကျွန်တှောက ဖြူစင်ချင်တယ်
ညနေခင်းက နေရောင်အလင်းတန်းတွေလို
မပြီးဆုံးခင်မှာတော့ အရာရာတိုင်းက လှတယ်
မှားယွင်းပစ်ခံရတဲ့ ငှက်တစ်ကောင်လို
ကျွန်တှော့ရင်ဘတ်က အရာဟာ ပျောက်မသွားဘူး
မှားယွင်းပစ်ခံရတဲ့ ငှက်တစ်ကောင်လို
ကျွန်တှော့ အကြည့်များက ပိုပို လေးလံလာ
လှုပ်ရှားမှုများလည်း တဖြေးဖြေး နှေးကွေးလာ
တစ်ခုသောအရာကို အခါတစ်ထောင် စူးစမ်းနေမိတဲ့အခါ
ကျွန်တှောဟာ အရာရာမှာ နောက်ကျလာ
စကဿကူလှေငယ်လေးလည်း ရေပြင်မှာ မျောပါ
ကျွန်တှော့ကို တပါတည်း ခှေါဆောင်သွားတော့တယ်

“ ကျွန်တှောဟာ တရားခံ”
“ ကျွန်တှောဟာ တရားလို”
“ ကျွန်တှောဟာ အမိန့်ပြန်တမ်း”

ကိုယ့်ကိုယ်ကို ဒဏ်ခတ်တယ်
ဘဝမှာ ဘာမှ မလုပ်နိုင်တဲ့အခါ
ကိုယ့်ကိုယ်ကို ဒဏ်ခတ်မယ်
နာကျင်မှုဟာ ကျွန်တှော့ရဲ့ ချိုမြတဲ့ အတိတ်စိမ်း ဖြစ်မှာပဲဆိုပြီး
ကံကို မကိုးစားပဲ ကျွန်တှော ထီတစ်စောင် ထိုးထားခဲ့တယ်
မမျှောလင့်ဘဲ ပေါက်သွားမှာ စိုးရိမ်မိလာတဲ့အခါ
မိုက်မဲစွာ ဆုတ်ဖြဲပစ်ခဲ့တယ် .... အနာဂတ်များ
ကျွန်တှောဟာ
ဆုတံဆိပ်များနဲ့ မထိုက်တန်သူပါ ညီမလေး။



ဆုတောင်း


တွေးကြည့်ကြတာပေါ့
ငါ့ကိုယ်ငါ ပန်းတစ်ပွင့်လို ဖန်ဆင်းခွင့် ရခဲ့မယ်ဆိုရင်
ရနံ့သိသူ သက်သက်တွေအတွက်သာ မွှေးမြချင်တယ်။
ငါ့ကိုယ်ငါ လဲမှို့ဝါလေးတွေလို လွင့်မျောခွင့် ရခဲ့မယ်ဆိုရင်
ခေါင်းအုံးတစ်လုံးထဲမှာ ပိတ်လှောင်ခံနေရတာမျိုးကလွဲလို့
ဘယ်တောဘယ်တောင်ကိုမဆို ငါသွားနိုင်ပါရဲ့။
ငါ့ကိုယ်ငါ ပုလဲတစ်လုံးလို ဖြစ်ခွင့်ရခဲ့ရင်
တန်ဖိုးမရှိရင်နေပါစေ
ရင်ခွင်ထဲမှာပဲ ငြိမ်းချမ်းစွာ အိပ်စက်ပါရစေ ပင်လယ်ရေ။
ငါ့ကိုယ်ငါ ထီးလေးတစ်လက်ဖြစ်ခွင့်ရခဲ့ရင်
အမြဲမဟုတ်တဲ့ တခါတရံသတိရ လွမ်းဆွေးခြင်းတွေကိုသာ ငါတောင့်တပါရစေ။
ငါ့ကိုယ်ငါ ကျားတစ်ကောင် ဖြစ်ခွင့်ရခဲ့ရင်
ပုံပြင်ထဲက ယုန်တွေကိုပဲ ရွေးချယ်စားသောက်မယ်။
ငါ့ကိုယ်ငါ နကဿခတ်တစ်လုံး ဖြစ်ခွင့်ရမယ်ဆိုရင်
လူတွေနာမ မပေးနိုင်တဲ့ အဝေးဆုံးမှာ နေချင်ပါရဲ့။
ငါ့ကိုယ်ငါ ဖြစ်ချင်ရာအားလုံး ဖြစ်ခွင့်ရခဲ့ရင်
နားတွေအားလုံး ကန်းသွားချင်တယ်။
ငါ့ကိုယ်ငါ သေနတ်တစ်လက် ဖြစ်ခွင့်ရခဲ့ရင်
မေတာှတဆထြက္မိတဲ့ က်ည္ဆံနဲ့
ငါမင်းကို ..........။


လင်းဆက်
၂၈ ဩဂုတ် ၂၀၀၅

Friday, January 4, 2008

ကိုပိုက်ဝတဿထုဖတ်ပြီးရေးတဲ့ကဗျာ

ပျှောလိုက်တာ။ အိုင်ဒီယာမဂဿဂဇင်းမှာပါတဲ့ ကျွန်တှော့ရဲ့ ကဗျာလေးကို လပွတဿတာ စာဖတ်အသင်းကနေ ဝသနဿတ အနှစ်သက်ဆုံး ကဗျာအဖြစ် ရွေးချယ်တာ ခံရတယ်။ ကိုယ့်ကဗျာကို သူတို့ ကြိုက်လို့ ပျှောတယ်ဆိုတာထက် ကိုယ့်ခံစားချက်ကို ကူးစက်ခံစားတတ်သူတွေ ရှိနေသေးတယ်ဆိုတာ သိလိုက်ရလို့ ပျှောတယ်။ အဲဒီကဗျာက ကျွန်တှော့ အကြိုက်ဆုံး ကဗျာတွေထဲက တစ်ပုဒ်ပါ။ အိုင်ဒီယာရဲ့  အောက်တိုဘာလထုတ်က ထင်ပါတယ်။



ငါ့ကိုလေးလံစေသူများ



ငါဟာတောင်တန်းတွေကိုထည့်ယူသယ်ပိုးနေမိတဲ့
ကျောပိုးအိတ်တစ်လုံးဖြစ်တယ်

ကြမ်းတမ်းသောမြစ်တချို့ နဲ့ နူးညံ့သော မြစ်တချို့လည်း ငါ့ကိုယ်ပှေါမှာစီးတယ်
လျို့ ဝှက်နက်နဲတဲ့ တောအုပ်တွေနဲ့ နက်ရှိုင်းတဲ့ ချောက်ကမ်းပါးတွေလည်း ရှိတယ်
ပြန့် ပြူးရှင်းလင်းသော လွင်ပြင်တချို့ နဲ့ စိမ်းလန်းသော မြက်ခင်းတချို့လည်း ရှိတယ်
အရိပ်ခိုနေတဲ့ တောရဲသားကောင်တချို့ပါသလို
ဘာကိုမှဂရုမစိုက်တဲ့ သေနတ်သမား တစ်ယောက်လည်း ပါတယ်
ကုန်ကုန်ပြောမယ်
အားလုံးနဲ့ ဝေးဝေးနေချင်တဲ့ ရသေ့တစ်ပါးလည်း ရှိတယ်။

ငါက ကျောပိုးအိတ် တစ်လုံးဆိုတော့ တောင်တန်းတွေကို သယ်ခဲ့မိတာပေါ့
စိတ်ကူးယဉ်စေတဲ့ ကောင်းကင်တွေ ပင်လယ်တွေတော့ အစထဲက ချန်ထားရစ်ခဲ့တယ်
ဒီလိုဆိုတော့
ငါ့မှာအလင်းဆိုတာ မရှိဘူး
မိုးချုန်းသံတွေ မရှိဘူး
လေကောင်းလေသန့်တွေ မရှိဘူး
တိမ်တွေနဲ့ မိုးစက်တွေလည်း မရှိဘူး
စိတ်ကူးယဉ်စရာဆိုလို့ ဘာမှကို မရှိဘူး။

ခရီးရှည်သွားတဲ့ ညညတွေဆို
တောနက်ထဲက သားကောင်တွေက အသက်ရှူမဝလို့ စုစုပြီး အှောကြဟစ်ကြ
မြစ်တွေလည်း အငွေ့မပျံရလို့ တဝုန်းဝုန်းနဲ့ စီးကြဆင်းကြ
သစ်ပင်တွေလည်း နေရောင်မရလို့ ညှိုးကြနွမ်းကြ
ချောက်ကမ်းပါးတွေလည်း လူသူလေးပါး မတွေ့ရလို့ ပဲ့တင်သံတွေ ဆက်ဆက်ပြီး လွှင့်ကြထုတ်ကြ
ရသေ့လည်း ရှေ့ ဖြစ်ဖတ်ဖို့ရာ နကဿခတ်တာရာရှာမတွေ့လို့ နည်းသစ်လမ်းသစ်တွေ တကုပ်ကုပ်နဲ့ ရှာရဖွေရ
သေနတ်သမားကလည်း အလင်းရောင်မရလို့ မည်းမည်းမြင်တိုင်း ပစ်ရခတ်ရ

ဆူညံတယ်
လှုပ်ရှားတယ်
လေးလံတယ်

ဘဝဟာ ကျောပိုးအိတ်တစ်လုံးလို
တစုံတရာကိုသယ်ပိုးမိတဲ့အခါ
အခြားမသက်ဆိုင်သော အရာများစွာ ပါလာတတ်တယ်
ကျွန်တှောက တောင်တန်းတွေသက်သက်ကို သယ်ပိုးချင်ခဲ့မိတဲ့ ကျောပိုးအိတ်သက်သက်ပါ
သေနတ်သမားတစ်ယောက် အဲဒီမှာ ရှိနေနိုင်တာကိုတောင် ထည့်မတွက်မိခဲ့ဘူး။

လင်းဆက်


ကျွန်တှော့ သူငယ်ချင်းတစ်ယောက်က ဒီကဗျာ မဂဿဂဇင်းမှာ ပါလာတော့ သူများတွေကို ကျွန်တှော့ကိုယ်စား ကြွားပေးပါတယ်။ သူတို့က ပြန်မေးတော့ ဒီကောင် ကိုပိုက်ရဲ့ မုဆိုး ဝတဿထုတွေ ဖတ်ပြီး ခံစားရေးထားတာလို့ ပြောခဲ့တယ်တဲ့။ ဟုတ်တော့လည်း ဟုတ်သလိုလို။ သေနတ်သမားတွေရော၊ မုဆိုးတွေရော၊ ရသေ့တွေရော၊ သားကောင်တွေရောဆိုတော့။ ထားပါတော့။ ဆုချီးမြှင့်ငွေက ၂၀၀၀၀ ရတယ်ခင်ဗျ။ ပိုက်ဆံကလည်း နှစ်သစ်ကူး လိုနေတဲ့ ကာလမို့ (စကားလှအောင်သာ ပြောရတာ တကယ်တမ်းက အမြဲကို လိုနေတာ) ဝမ်းသာလိုက်တာ။ အဲဒီပိုက်ဆံလေးထုတ်ပြီး စာအုပ်ပွဲတှောသွား၊ အဟောင်းတွေမွှေနှောက်၊ လိုချင်တာလေးတွေ ရှာဝယ်လိုက်တာ ပလရောင် သွားတဲ့အပြင် အိတ်ထဲကတောင် မြိုးမြိုးမြက်မြက်လေး စိုက်လိုက်ရသေးတယ်။ ကဲကဲ ခင်ဗျားတို့ရော သူတစ်ပါးကို လေးလံစေသူတွေလား ဘာတွေလားဆိုတာ စမ်းစစ်ကြည့်ကြပါဦး။ ဒါမှမဟုတ်လည်း ကျွန်တှော့လို ကိုပိုက်ဝတဿထုတွေ များများ ဖတ်နိုင်ကြပါစေလို့။

Thursday, January 3, 2008

News and Announcement 03.01.2008

Trying to reconfigure my template. Haloscan Comment is back now! Most essential codes were added and almost 80% is restored. Sorry for those who commented on Blogger comment system.
News (1)
Newest and Latest Zawgyi font and Keyboard will be released on next few days. Zawgyi developers are seeking to cheer the users, who are most prominent of promoting zawgyi font and contributing public to get easy access. And plus, who helped and tried to solve some errors, of Zawgyi to become bug free essential Myanmar Keyboard. Latest Zawgyi font is added some more characters, and some are changed Keyboard sequence. The name of Dead Key is renamed as Zawgyi Key, and new value "wa" is added, old value "Stacked Pa" keystroke is replaced with Zkey+y. K! Visit and check at www.zawgyi.net oftenly and get latest updated of Zawgyi System.
News (2)
Sooner or later, everybody can be using English-Myanmar Dictionary, based on Zawgyi Font, along with the most popular Babylon Translation software, said a main volenteer of that project. Honestly, Babylon is not free, perhaps Myanmar Babylon is fully free :). Interesting ppl can be participated to type some glossaries. Woops! Rock Saturn!
News (3)
Who are willing to use Myanmar OCR more than me? For your pleasure, just wanna let you know some news about MM OCR. Ya it's on da way! All alphabets are recognized and some medial jointed also. According to alpha testing, my name was fully recognized. So not later than 2010, it will be on your hands. Cheer!!
News (4)
MBS, Myanmar Blogger Society will award 2 Prizes with online voting system, Myanmar Blogger of the Year, 2007 and Popular Myanmar Blogger of the Year, 2007. Detail will be announced sooner and feel free to vote anyone you wish. Lets try together to develope Real Knowledge Based Society, not fake one!
News (5)
Latest news! NLS is struggling with his earning to keep some amount of his monthly consumption, for smoking and drinking :P
 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz