Monday, December 22, 2008

Yadana Nat Mai


Free Image Hosting at www.ImageShack.us
လင်းပင် မင်းသားကြီးနှင့် ရေနံ့သာ ခင်ခင်ကြီး

Yadana Nat Mai
ရတနာနတ်မယ် ငယ်စဉ်က

Free Image Hosting at www.ImageShack.us
IPO President Dr. Hans Koechler နဲ့အတူ တွေ့ရစဉ်

ရတနာနတ်မယ်
အခုမြင်တွေ့ရတဲ့ June Bellamy



ရတနာနတ်မယ် (Yadana Nat Mai) ဆိုတဲ့ နာမည်ဟာ မြန်မာပြည်မှာ တခေတ်တခါက လွန်စွာ ထင်ရှားခဲ့တဲ့ နာမည်တစ်ခု ဖြစ်ပါတယ်။ သူဟာ ကုန်းဘောင် မင်းဆွေမင်းမျိုး လင်းပင်မင်းသားကြီးရဲ့ မြေးတှောလည်း ဖြစ်တယ်။ အီတလီလူမျိုး WHOဆရာဝန် တစ်ဦးရဲ့ ကြင်ဖက်လည်း ဖြစ်ခဲ့တယ်။ ဆိုရှယ်လစ်ခေတ်က ဗိုလ်ချုပ်နေဝင်းရဲ့ ကြင်ယာတှော မြန်မာပြည်ရဲ့ First Lady လည်း ဖြစ်ခဲ့ပါသေးတယ်။ 

ရတနာနတ်မယ် ဆိုတဲ့ မင်းသမီးကြီးကို လင်းပင် မင်းသားကြီးနဲ့ ရေနံ့သာ ခင်ခင်ကြီးတို့ရဲ့ သမီးတှော ထိပ်တင်မလတ် (Princess Hteiktin Ma Lat) နဲ့ ဩစတေးလျ နိုင်ငံသား မြင်းပွဲဘွတ်ကီ Mr.Herbert Bellamy တို့က မွေးဖွားခဲ့တယ်။ ထိပ်တင်မလတ်ဟာ ၁၈၉၄ ခုနှစ်မှာ မွေးတယ်ဆိုတော့ သမီးဖြစ်သူကို မွေးဖွားချိန် ၁၉၃ဝမှာ သူ့အသက်က ၃၆ ရှိနေပြီ ပါပြီ။ Mr.Bellamy နဲ့ အသက် တှောတှောလေး ကွာပုံ ရပါတယ်။ သူ့ကို တချို့ကလည်း သစ်ခွစုဆောင်းသူလို့ ဖှောပြကြတယ်။ သေချာတာကတော့ မြန်မာပြည်မှာ နှစ်ရှည်လများ နေထိုင်သွားခြင်းပါ။ သူတို့နှစ်ဦး လက်ထပ်ကြတာက ၁၉၂၁ အောက်တိုဘာ လထဲမှာပါ။

သူတို့နှစ်ဦး လက်ထပ်တာကို အသိသက်သေ ပြုပေးရသူကတော့ နာမည်ကျှော စာရေးဆရာ မောရစ်ကောလစ် ဖြစ်ပါတယ်။ လင်းပင်မင်းသားကြီးနဲ့ ရေနံ့သာ ခင်ခင်ကြီးတို့ နှစ်ဦးစလုံးက ချောမောခန့်ညားကြသလိုပဲ သူတို့ရဲ့ သမီးတှော ထိပ်တင်မလတ်ကလည်း ချောမောပြီး အဂဿငလိပ် အသိုင်းအဝိုင်းမှာပါ ထင်ရှားသူပါ။ သူနဲ့ မစဿစတာဘယ်လမီက မွေးလာတဲ့ ရတနာနတ်မယ်ကတော့ အဖေအမေ အဘိုးအဘွားတွေရဲ့ အလှတွေစုပြီး အနောက်သွေးကလည်း တစ်ဝက်မို့ အင်မတန် လှပပါတယ်။ ခေတ်ပညာတတ်ပြီး ဂုဏ်သိကဿခာရှိတဲ့ အသိုင်းအဝိုင်းက ဖြစ်လို့ လူကုံထံနဲ့ အဂဿငလိပ် အသိုင်းအဝိုင်းမှာလည်း ထင်ရှားသူတစ်ယောက် ဖြစ်ခဲ့တယ်။ ပြင်ဦးလွင် စိန့်မိုက်ကယ် အမျိုးသမီး အထက်တန်းကျောင်းမှာ အထက်တန်းအထိ ပညာသင်ကြားခဲ့ပြီး မြင်းစီး ကျွမ်းကျင်သူ၊ တင်းနစ်ရိုက်ရာမှာ ထူးချွန်သူ၊ အရပ်အမောင်း ကောင်းသူ ဖြစ်တယ်လို့ ဆိုပါတယ်။ သူမကို တချိန်တုန်းကဆိုရင် she was once the cream of Rangoon society during the 1950s and 1960s လို့တောင် ပြောကြပါတယ်။ နိုင်ငံခြားသားနဲ့ လက်ထပ်ပြီး ရတဲ့ကလေး ဖြစ်ပေမယ့် ကုန်းဘောင်မင်းမျိုး အဘိုးအဘွားတွေက သူ့ကို အတှောလေး ချစ်မြတ်နိုးပုံ ရပါတယ်။ နတ်ကပေးတဲ့ ကလေးလေး ဆိုပြီး ရတနာနတ်မယ် လို့ အမည်ပေးခဲ့တာလို့ ဆိုပါတယ်။ 

အခုနောက်ဆုံး သိရတာက သူမဟာ အီတလီနိုင်ငံ ဖလောရန့် မြို့မှာ Studio June Bellamy ဆိုတဲ့ Cooking School ဖွင့်ထားတာ တွေ့ရပါတယ်။ သူမဟာလည်း ကျှောကြားတဲ့ Chef တစ်ယောက် ဖြစ်နေပါပြီ။ သူမရဲ့ ဝဘ်ဆိုဒ်လေးမှာ မြန်မာအငွေ့အသက်လေးတွေ မြင်နိုင်ပါသေးတယ်။ သူမရဲ့ ဒီအခန်းလေးထဲမှာ သူ့ဖခင် ဝါသနာပါတဲ့ မြင်းပုံတွေကို အမှတ်တရ ရေးဆွဲထားသလို သူ့အဘိုး လင်းပင်မင်းသားကြီးနဲ့ ရေနံ့သာ ခင်ခင်ကြီးတို့ရဲ့ မဂဿငလာပွဲ ပုံကိုလည်း ရေးဆွဲထားတယ်လို့ သိရတယ်။ 

သူ့အကြောင်းကို ဒီလောက် သိနိုင်အောင်လို့ ဒီနေ့ တစ်နေ့လုံး ကြိုးစား ရှာဖွေခဲ့ရတယ်။ တခြား ပါဆင်နယ် ကိစဿစတွေကိုလည်း ကျွန်တှော မသိပါဘူး။ တခါက မြန်မာပြည်မှာ ထင်ရှားခဲ့တဲ့ သူတစ်ယောက် အဖြစ်၊ မြန်မာပြည် ဘုရင်စနစ်ရဲ့ လက်ကျန် ဆွေတှောမျိုးတှောအဖြစ် ကျွန်တှော တတ်နိုင်သမျှ သိသမျှ မှတ်တမ်း တင်ထားလိုက်တဲ့ သဘောပါ။ သူ မထုတ်ဖြစ်လိုက်တဲ့ စာအုပ်လေးတော့ ဖတ်ချင်နေမိတယ်။ 


Correction & Update!
  • Changed Mr. Herbert Bellamy as Mr. Bellamy Herbert thanks KO KMA
  • Thanks Bo Bo for her relatives (he knows alot!) He pointed out her name (Yadana Nat Mai) seem to be come from Princess Hlaing Htaik Khaung Tin's Eain Da Wun Tha Zat Taw Gyi. 
  • She has been in Myanmar at Nov, 2006 for visit (Ko KMA)
  • I deleted some texts for someone.


Ref:

Mauric Collis: Trials in Burma
မေမြို့ချစ်ဆွေ၊ သမိုင်းဝင်ဖြစ်စဉ် ပြင်ဦးလွင်

2 Responses to “Yadana Nat Mai”

gattobanzai said...

hello nyi lynn
found you just by chance
i am the son of yadana nat mai

MAL EI said...

thks for the post ..
if you don't mind, may i get address of her site.

ehnindar@gmail.com

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz