Wednesday, December 3, 2008

Wacom and Me

Free Image Hosting at www.ImageShack.us

ကျွန်တှော ဒီ Digital Drawing Tablet လေးကို လိုချင်နေခဲ့တာ ၃နှစ်လောက် ရှိခဲ့ပြီ။ စကဿငာပူမှာ ကတည်းက။ ဒါပေမယ့် မဝယ်နိုင်ခဲ့ဘူး။ အခြားနိုင်ငံတွေ ရောက်ဖြစ်တဲ့ အခါမှာလည်း ခဏခဏ သွားကြည့်ဖြစ်တယ်။ ဝယ်ခါနီးတိုင်း ပိုက်ဆံကို ငဲ့ငဲ့ပြီး လက်တွန့် နောက်ဆုတ်ခဲ့ရတယ်။ ဒါလေးက ကျွန်တှောတို့လို Graphic Artist တွေအတွက် မရှိမဖြစ် အသုံးဝင်လွန်းပါတယ်။ သာမန် ရုပ်ပုံတွေ ဆွဲရာမှာ စုတ်တံကိုကိုင်ပြီး ဆွဲနေရသလို ဆွဲလို့ရတယ်။ ပြီးတော့ Illustration တွေမှာလည်း လွယ်လွယ်ကူကူနဲ့ ပေါ့ပေါ့ပါးပါး သုံးလို့ရတယ်။ တိကျတယ်။ တစ်ခါတုန်းက Audrie Tautu ရဲ့ပုံကို ၂၄နာရီကျှောကြာအောင် Mouse အသုံးပြုပြီး Photo Realistic Rendering လုပ်ခဲ့ဖူးတယ်။ တကယ်တမ်း ဒါမျိုးနဲ့ အသုံးပြုမယ်ဆိုရင် သိပ်မကြာဘူး။ ပြီးတော့ ရုပ်ထွက်ပိုကောင်းတယ်။ အသေးစိတ် တိတိကျကျလည်း ဆွဲလို့ရတယ်။ မြေပုံတွေ ဆွဲတုန်းကလည်း ခက်ခက်ခဲခဲ Mouse အသုံးပြုပြီး ဆွဲခဲ့ရတာ။ တကယ်တမ်း ဒါလေးနဲ့ဆို တစ်ရက်တည်းနဲ့တောင် ပြတ်သေးတယ်။ ဒါကြောင့် ကျွန်တှော ချောင်းနေခဲ့တာ။ တစ်ရက်တော့ ဘလောဂ်ကို အမြဲလာလာဖတ်တဲ့ နိုင်ငံခြားက အကို KMAက သူမြန်မာပြည် ပြန်လာမယ် ဘာမှာမလဲဆိုလို့ အတင်းကြီး ဆုံးဖြတ်ချက်တွေချပြီး Wacom Intuois 4x6 မှာလိုက်ပါတယ်။ အဲဒီအတွက် ဒေရှင်နရီ ပရောဂျတ်အတွက် ဒှေါလာ၂၀၀ ကြိုထုတ်လိုက်တယ်။ ဒါပေမယ့် ဒီရောက်တော့ အဲဒီအကိုက ပိုက်ဆံမယူဘဲ လက်ဆောင်ပေးပါတယ်။ ကျွန်တှော့အတွက် သိပ်အသုံးလိုမှန်းသိလို့ ပေးတာပါလို့ ပြောတယ်။ ကျွန်တှော့တစ်သက်မှာ ကိုယ်နဲ့ အကျွမ်းတဝင် မသိသေးတဲ့ သူတစ်ဦး စီကနေ ပထမဆုံး လက်ဆောင် ရတာပါပဲ။ လက်ခံရတာလည်း အလွန်အားနာပါတယ်။ ဒါဟာ ကျွန်တှော့အတွက် Quite much amount of money ပါ။ ဒါပေမယ့် ပိုက်ဆံမကုန်လို့ မဟုတ်ပါဘူး။ ကျွန်တှော အရမ်းပျှောမိတယ်။ ကျွန်တှောလုပ်တဲ့ အလုပ်တွေကို လက်ခံအားပေး ကူညီတဲ့ သူတစ်ယောက် ရှိနေတာ သိရတဲ့ အတွက်ပါ။ ဒီအတွက်လည်း အကို ကိုKMA ကို အရမ်းကျေးဇူးတင်ပါတယ်။ နာဂစ်တုန်းကလည်း စကဿငာပူက အမတစ်ယောက် ကနေ ကျွန်တှောတို့ကို ကဒ်လေးတွေ ပို့ပေးခဲ့ဖူးတယ်။ အဲဒီတုန်းကလည်း သူပို့လိုက်တဲ့ ကဒ်လေးတွေနဲ့ စာလေးတွေဖတ်ပြီး ကျွန်တှောတို့ အားတက်ခဲ့ရတယ်။ အရာရာတိုင်းကို ပိုက်ဆံနဲ့ တိုင်းတာလို့ မရပါဘူး။ ပိုက်ဆံပေးတိုင်းလည်း လူတိုင်းကို ပျှောရွှင်မှု ဖြစ်စေတာ မဟုတ်ပါဘူး။ လူတစ်ယောက်ချင်းစီ တန်ဖိုးထားတဲ့ အရာတွေက ကွဲပြားနိုင်ပါတယ်။

ဒါလေး စရတဲ့ နေ့ကစပြီး ကျွန်တှော အလုပ်တှောတှော ဖြစ်ပါတယ်။ အရင်တုန်းက လုပ်လက်စဖြစ်တဲ့ ရှေးရိုး မြန်မာကနုတ်တွေ၊ မြန်မာ ဒီဇိုင်းတွေကို တစ်ရက်ကို တစ်ပုံ Digitize လုပ်ဖြစ်ပါတယ်။ စာအုပ်ထဲမှာ ဆွဲထားတဲ့ ဒီဇိုင်းကို ကွန်ပျူတာနဲ့ ပြန်ဆွဲတာ ထင်သလောက် မလွယ်ပါဘူး။ ပထမဆုံး စာအုပ်ကို တစ်ရွက်စီ ဖြုတ်ပြီးတော့ စကန်ဖတ်တယ်။ ပြီးတော့ စာအုပ်ထဲက ဒီဇိုင်းတွေကို ကျွန်တှော ပြန်ပြင်ယူတယ်။ လိုနေတာတွေ ထပ်ထည့်တယ်။ တှောတှောလေးတော့ ပင်ပန်းတယ်။ ဒါပေမယ့် ၂၀၀၉ မှာတော့ အဲဒီ ဒီဇိုင်းတွေအားလုံး ပြီးလိမ့်မယ်လို့ ထင်တယ်။ အခုလောလောဆယ်တော့ ဘီလူးခေါင်းတွေ ဆွဲနေတယ်။ နောက်ပိုင်းလည်း ဆွဲဖြစ်တာလေးတွေ ဒီကနေ မျှဝေပါဦးမယ်။ ထုတ်ထားတဲ့ ပိုက်ဆံလေးကိုတော့ မနက်ဖြန် အင်ဗာတာလေးဖြစ်ဖြစ် မီးစက်အသေးလေးဖြစ်ဖြစ် ဝယ်မယ်လို့ စိတ်ကူးထားတယ်။ 


No response to “Wacom and Me”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz