ဂျပန်နိုင်ငံ ATR Computational Neuroscience Laboratories က ပညာရှင်တွေဟာ လူတစ်ယောက်ရဲ့ စိတ်ထဲမှာ ရှိနေတဲ့ ရုပ်ပုံတွေကို ဖှောထုတ်နိုင်တဲ့ နည်းပညာတစ်ရပ်ကို တွေ့ရှိပြီလို့ ဒီဇင်ဘာ ၁၁ရက်နေ့က ကြေညာခဲ့ပါတယ်။
သူတို့ဟာ လူတစ်ယောက်ရဲ့ ကိုယ်ခနဿဓာထဲမှာ စီးဆင်းနေတဲ့ သွေးခုန်နှုန်းတွေကို ပြောင်းလဲမှုတွေ၊ စီးဆင်းမှု ပြောင်းလဲတာတွေကို တိုင်းတာစစ်ဆေးပြီး ကွဲပြားတဲ့ ပုံရိပ်တွေကို Functional Magnetic Resonance Imagine (FMRI) ဆိုတဲ့ စက်တစ်မျိုးကို အသုံးပြုပြီး ကွန်ပျူတာ ဖန်သားပြင် ပှေါကနေ ဖှောထုတ်နိုင်ပြီလို့ ဆိုပါတယ်။ ပထမဆုံး အနေနဲ့ ဒီနည်းပညာကို အသုံးပြုပြီး မျက်စိရှေ့မှာ လတ်တလော မြင်နေရတဲ့ ပုံရိပ်တွေကို 10x10 Pixel အဖြူအမည်း အပိုင်းအစလေး မြောက်မြားစွာ အဖြစ်ဖမ်းယူရရှိပါတယ်။ ပြီးတော့ ဦးနှောက်ရဲ့ လှုပ်ရှားမှုတွေကိုပါ စစ်ဆေးပြီး နောက်ဆုံး အဖြေကို ထုတ်ပေးပါတယ်တဲ့။ အခုလောလောဆယ်မှာ အဖြူအမည်း ရုပ်ပုံတွေကိုသာ ဖမ်းယူနိုင်သေးပေမယ့် နောက်ပိုင်းမှာ ရောင်စုံပုံတွေ အနေနဲ့ပါ ဖမ်းယူနိုင်ရုံသာမက လူတစ်ယောက် အိပ်နေစဉ် မြင်မက်တဲ့ အိပ်မက်တွေကိုပါ ဖမ်းယူနိုင်မယ်လို့ ဆိုပါတယ်။
ဒီနေရာမှာ အကျယ်ဖတ်ပါ။ [Pinktentacle]
No response to “Reconstruct the images inside a person’s mind”
Post a Comment
Trackbacks
Leave a trackback