Monday, December 8, 2008

Diary 08.12.2008 တစ်ရက်ခြောက်နာရီ


မနေ့ကပဲ ကျွန်တှောတို့ နေတဲ့တိုက်ကို လျှပ်စစ်ရုံးက စာရောက်ပါတယ်။ တစ်ရက်ကို ခြောက်နာရီပဲ မီးရပါတော့မယ်တဲ့။ သုံးရက် တစ်ခါတော့ ၁၂ နာရီ ပေးမယ်လို့ ဆိုပါတယ်။ လျှပ်စစ်ဓာတ်အား မလုံလောက်လို့ Load Shed လုပ်တယ် ဆိုလားပဲ။ တိုက်က မီးစက်က ညနေ ၅နာရီကနေ ည၁ဝနာရီ အထိတော့ ပေးမယ်ပေါ့။  တှောတှောလေး စိတ်ဓာတ်ကျမိတယ်။ ကျွန်တှော စိတ်ဓာတ်ကျတာ မပြောနဲ့ အိမ်က အကိုရဲ့သား တူလေးကတောင် သားသေချင်တယ် မီးတွေပျက်လို့တဲ့။ သူကတော့ ကလေးအတွေး အဲယားကွန်း မလာလို့ ပူတာ၊ ဂိမ်းမဆော့ရလို့ ပျင်းတာပဲ ရှိတာပေါ့။ 

ပြီးတော့ တစ်လတစ်လ ပေးလိုက်ရတဲ့ ဘာမှန်းမသိတဲ့ စရိတ်တွေက  မနည်းပါဘူး။ မီးစက်ဖိုး၊ ဓာတ်လှေခါးဖိုး၊ သန့်ရှင်းရေး၊ လုံခြုံရေး၊ ဘာကြေး ညာကြေး စုံနေတာပဲ။ အေးအေးလူလူ အဆင့်မြင့်မြင့်လေး နေနိုင်အောင်လို့ ဒီအခန်းလေး ဝယ်ထားတယ်။ သုံးထပ်နဲ့ ၁၁ထပ် ဘယ်ဟာ ရွေးရမှန်း ဝေခွဲမရ ဖြစ်နေချိန်မှာ နိုင်ငံခြားပြန် အမေကျှော ဒွေးတှောလွမ်းစိတ် မကုန်တဲ့ ကျွန်တှောက ကွန်ဒိုဆိုတာ မြင့်လေကောင်းလေဆိုပြီး ၁၁ထပ်ကို ဝယ်ဖို့ တိုက်တွန်းခဲ့တာ။  အခုတော့ ဓာတ်လှေခါး တစ်ခါစီး ၁၅၀၀ တစ်လတစ်လ ဓာတ်လှေခါးဖိုးတင် မနည်းပါဘူး။ အိမ်ကို လာလည်သူ ဧည့်သည်တွေကိုလည်း ၁၁ထပ်အထိ တက်ခိုင်းရမှာ အားနာတာမို့ သူတို့ လာရင်လည်း မီးစက်နှိုး ဓာတ်လှေခါး ဖွင့်ခိုင်းရပါသေးတယ်။ ဟိုးတုန်းကတော့ ကွန်ဒိုတွေ မီးဖြတ်ရင်တောင် ဓာတ်လှေခါးမီးတော့ ပေးထားမယ်ဆိုပြီး ကြားလိုက်သေးတယ်။ ဒါကလည်း ကြားလိုက်တာပဲ ရှိတာပါ။ ဖြစ်မလာပါဘူး။ အဲဒီ ဓာတ်လှေခါး မပျက်အောင်လည်း ဆုတောင်းရသေးတယ်။ တစ်ခါပျက်လို့ ပြင်မယ်ဆိုရင် အခန်းအားလုံးက ပိုက်ဆံပေးရတယ်။ တစ်ခါပြင်ရင် သိန်း ၃ဝလောက် ကျတာပါ။ အခန်းတစ်ခန်း ဝယ်ရင် ကားပါကင် တစ်နေရာ ရပြီးသား။ အဲဒါကို ဘယ်လို Shuffle လုပ်သလဲဆိုတော့ ပိုက်ဆံပေးတဲ့သူက နေရာကောင်းရတယ်။ မပေးတဲ့သူက ဟိုးမြေအောက်ထဲ ရောက်တယ်။ သူတို့အဘ ဆရာကြီးတွေကား ရပ်ထားရင်တော့ ဖင်တုန်အောင် ဘာမှ မပြောရဲဘူး။ ပြီးတော့ လွတ်နေတဲ့ ကားပါကင်တွေကို လုပ်စားကြသေးတယ်။ အငှားချတဲ့ သဘောပေါ့။ ဒီတော့ ကျွန်တှောတို့ဟာ ဘာဆားဗစ်များ ရလို့လဲ။ ကွန်ဒိုမှာနေပြီး ကိုယ့်ဒုကဿခ ကိုယ်ခံနေတာနဲ့ အတူတူပဲ။ ကျွန်တှောတော့ တှောတှော စိတ်ကုန်နေပြီ။ စဉ်းစားကြည့်ဗျာ တစ်ခန်းကို ယေဘုယျ သိန်း၅ဝဝနဲ့ အခန်းပေါင်း ၅၀ သိန်းနှစ်သောင်းငါးထောင် ရထားပြီးတော့ ဘာတွေများ ဆားဗစ်ပြန်ပေးသလဲဆိုတာ။ ရိုးရိုးတိုက်ခန်း ငှားနေတာနဲ့ ဘာမှမထူးတော့ဘူး။ နောက်ကြုံရင် အဲဒီလို အိမ်ရာတွေမှာ ရိုက်စားလုပ်ပြီး သိပ်ကြီးပွားနေတဲ့ သူတွေအကြောင်း ရေးပါဦးမယ်။ 

စကားမစပ် ကျွန်တှော ၁၃ရက်နေ့မှာ ပြင်ဦးလွင် ကွန်ပျူတာပွဲကို  MCPA အနေနဲ့ သွားရမယ်။ စာမေးပွဲ သွားစောင့်ရမှာ။ အချိန်ရရင်တော့ ပြင်ဦးလွင်တဝိုက် ဓာတ်ပုံလေးတွေ လျှောက်ရိုက်ခဲ့ဦးမယ်။ ဘယ်မှ သွားချင်စိတ် မရှိပေမယ့် မွန်းကြပ်နေတဲ့ ကာလတစ်ခုမှာ အေးချမ်းတဲ့ နေရာလေး တစ်ခုကို သွားရမှာမို့ စိတ်နဲနဲတော့ အပန်းပြေသွားမလားပဲ။ 



No response to “Diary 08.12.2008 တစ်ရက်ခြောက်နာရီ”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz