Thursday, December 25, 2008

Christmas Seasonal Greeting


Free Image Hosting at www.ImageShack.us

Free Image Hosting at www.ImageShack.us


ခရစဿစမတ်လက်ဆောင် ဒီစာအုပ်လေး နှစ်အုပ်ကို မြန်မာပြည်ရောက်အောင် ခက်ခက်ခဲခဲ ပို့ပေးတဲ့ အမတစ်ယောက်ကို အရမ်း ကျေးဇူးတင်ပါတယ်။ ပထမ စာအုပ်က Greg Mortenson ရဲ့ Three Cups of Tea ဆိုတဲ့ စာအုပ်ပါ။ ဒုတိယ စာအုပ်ကတော့ Denison Museum က စုဆောင်းထားတဲ့ မြန်မာ့ အနုပညာ လက်ရာများ စာအုပ်ပါ။ ဒုတိယ စာအုပ်ကို ဒီနေ့ အကြမ်း ဖတ်ပြီးချိန်မှာ ကျွန်တှော လုပ်စရာ အလုပ်တစ်ခု ရှိသေးတယ် ဆိုတာ သိသွားတယ်။ နောက်လထဲမှာ လုပ်မယ်လို့ စိတ်ကူးလိုက်တယ်။ ပထမစာအုပ်ကိုတော့ မီးပျက်တဲ့အချိန် ဖယောင်းတိုင်လေးနဲ့ အေးအေးလူလူ ဖတ်မယ်။ ဖတ်ပြီးတဲ့အခါ ကျွန်တှော ခံစားရတာလေးတွေ ရေးပါဦးမယ်။ 

ဒီနေ့ ခရစဿစမတ်နေ့။ သူငယ်ချင်းတွေ ပါတီလုပ်ကြတယ်။ ကျွန်တှော မသွားတော့ဘူး။ Machine Translation နဲ့ ပတ်သက်တဲ့ ဆော့ဖ်ဝဲတစ်ခုကို ကြိုးစားပမ်းစား ဒေါင်းလုဒ် လုပ်ရတယ်။ Rapidshare အကောင့် အကူအညီပေးတဲ့ UCSY ကသူငယ်ချင်း ဘောလုံးသမားကြီး FLO ကိုလည်း ကျေးဇူးတင်မိတယ်။ ဒါမှမရရင် ဘယ်လိုမှ ဆွဲလို့ မရတာကိုး။ အထူး ကျေးဇူး တင်ရမှာက ကျွန်တှော့ကို ချစ်ခင်စွာ အင်တာနက် အသုံးပြုခွင့်ပေးတဲ့ အန်ကယ်ဦးဘုန်း ပါပဲ။ ကျွန်တှော ဒီလောက် အင်တာနက် သုံးဖြစ်တာ အန်ကယ် ကူညီလို့ပါ။ 

ပေါ့ပေါ့ပါးပါး ပျှောစရာလေးတွေ စိတ်လွတ်ကိုယ်လွတ် ရေးနေမိတော့ တချို့က ကျွန်တှော့ဘဝဟာ သိပ်ပျှောဖို့ ကောင်းတယ်။ လုပ်ချင်ရာ လုပ်နေလို့ စိတ်ချမ်းသာတယ်လို့ ထင်ကြတယ်။ ဒါပေမယ့် တကယ်တမ်းက ကျွန်တှော စိတ်ပင်ပန်းနေတယ်။ နောက်ကျောကလည်း ပြန်နာနေတယ်။ မြီးညှောင့်ရိုးက ထိုင်မရအောင် နာနေတယ်။ ဟိုတစ်ခါ ထိုင်နေရင်း အုန်းလွဲသလို ဖြစ်သွားကတည်းက ကျောရိုးက ပြန်ထိသွားတယ် ထင်မိတယ်။ လမ်းလျှောက်ရင်လည်း တမျိုး ဖြစ်နေတယ်။ ဒါကြောင့် ဒီနေ့ အင်ဖှောရစ်သမ်က ကိုဘန်နီရဲ့ မဂဿငလာပွဲတောင် မသွားနိုင်ခဲ့ဘူး။ ဘလာဂေါက်တို့ရဲ့ အင်တာနက် စာမျက်နှာ ပြပွဲကြီးလည်း မသွားနိုင်ခဲ့ဘူး။ အဲဒါတွေအတွက်လည်း ဒီနေရာကနေ တောင်းပန်ချင်သေးတယ်။ ဪ ဒီနေ့ အမက CHEQ အကဿငျီလေးတစ်ထည် လက်ဆောင်ပေးတယ်။ ပထမတော့ သိပ်မကြိုက်ဘူး။ ဝတ်ကြည့်ပြီးမှ တှောတှောကြိုက်သွားတယ်။ ဒီအတွက် အမနဲ့ ယောက်ဖကိုလည်း ကျေးဇူးတင်ပါကြောင်း။

ဒီနှစ်မှာ ခရီးတွေလည်း အတှောထွက်ဖြစ်တယ်။ မိတ်ဆွေတွေလည်း ရတယ်။ ရန်သူတွေလည်း လမ်းခွဲသွားကြတယ်။ စာလည်း အတှောပြန်ရေးဖြစ်တယ်။ နောက်လကစပြီး အခုလို ရေးနိုင်တော့မယ် မထင်ဘူး။ အင်တာနက်လည်း အခုလို အမြဲတမ်း မတက်နိုင်တော့ဘူး။ ဒါပေမယ့် ကျွန်တှော ၃နှစ်လောက် လုပ်ခဲ့တဲ့ အလုပ်တွေ နောက်နှစ်ထဲမှာစပြီး အကောင်အထည် ပှေါလာမှာမို့ ကျွန်တှော ပျှောပါတယ်။ အားလုံးပဲ ပျှာရွှင်ဖွယ် ခရစဿစမတ် ဖြစ်ပါစေ။ ပျှောရွှင်ဖွယ် နှစ်သစ်ကို ကြိုဆိုနိုင် ကြပါစေ။   


No response to “Christmas Seasonal Greeting”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz