Monday, December 29, 2008

ခေတ်ပြိုင်အနုပညာစာအုပ်


Free Image Hosting at www.ImageShack.us


တနေ့က ခေတ်ပြိုင်အနုပညာ(၁) ဆိုတဲ့ စာအုပ်လေးကို ဖိုးဝမီဒီယာက သူငယ်ချင်း အောင်ပြည်စိုးက အမှတ်တရ လက်ဆောင် ပေးလာတယ်။ ကျွန်တှော အဲဒါလေးကို တွေ့လိုက်တာနဲ့ ဒါဟာ မြန်မာပြည်အတွက် အဆင့်အတန်း ရှိတဲ့ စာအုပ်တစ်အုပ်ဆိုတာ သိလိုက်တယ်။ အထဲက စာတွေ ဖတ်ကြည့်လိုက်တော့ တကယ်ကောင်းတဲ့ မြန်မာ့ ပန်းချီ အနုပညာ သမိုင်းကားချပ်တွေကို သိလာရတယ်။ စာတွေနဲ့အတူ သက်ဆိုင်ရာ အနုပညာရှင်တွေရဲ့ အတွေးအခှေါ အယူအဆတွေကိုလည်း ပိုင်းဆစ် ပြထားသေးတယ်။ ရှားပါးတဲ့ ပန်းချီကားချပ်တွေကိုလည်း ခံစားလို့ ရသေးတယ်။ ဒီစာအုပ်လေးကို အမေရိကန်စင်တာက ကမကထ ပြုပြီး ထုတ်ပေးတာလို့ သိရပါတယ်။ တန်ဖိုးက တစ်သောင်းခွဲပါ။ တန်ဖိုးနဲ့ မလိုက်အောင်ကို ဝယ်သိမ်းထားသင့်တဲ့ စာအုပ်လေးပါ။ မြန်မာ့ အနုပညာစာအုပ်တွေထဲမှာ အဲဒီလောက် ပြည့်စုံတဲ့ အဆင့်မီတဲ့ စာအုပ် မရှိသေးဘူးလို့ ထင်မိတယ်။ ပန်းချီကို ချစ်မြတ်နိုးသူတိုင်း အမြန်ပြေး ဝယ်ထားသင့်တဲ့ စာအုပ်ပါ။ ကိုယ်တိုင် မဝယ်နိုင်တဲ့ အချိန်မှာ ကျွန်တှော့ သိပ်ကြိုက်တဲ့ အရာကို လက်ဆောင်ပေးတဲ့ သူငယ်ချင်း ပရိုဂျူဆာ ကြီးကိုလည်း ကျေးဇူးအရမ်း တင်နေမိကြောင်း။  


ခေတ်ပြိုင်အနုပညာ (၁)
အယ်ဒီတာ အောင်မြင့်၊ စာရေးသူ အောင်မင်း
စာမူခွင့်ပြု ၄၀၀၁၁၆၀၂၀၈
ပထမအကြိမ်
the art.com
တန်ဖိုး ၁၅၀၀၀ ကျပ်
စာမျက်နှာ ၃၅၀


No response to “ခေတ်ပြိုင်အနုပညာစာအုပ်”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz