Saturday, December 20, 2008

စံပယ်မေးခွန်း


ဒီနေ့ အင်တာနက်တက်တော့ သတင်းတစ်ပုဒ် တွေ့မိတယ်။ စံနေတဲ့သူတွေကို ပယ်နိုင်ဖို့ စံပယ် လှုပ်ရှားမှု လုပ်ကြမယ်တဲ့။ ဒါကြောင့် ဒါကို ပူးပေါင်းပါဝင်ဖို့ နှစ်ပါတ်တိတိ စံပယ်ပန်းတွေကို ဘုရားမှာ လှူကြပါ၊ ပန်ကြပါ၊ မှောတှောယာဉ်မှာ ချိတ်ဆွဲကြပါ၊ အိတ်ကပ်ထဲမှာ ထည့်ကြပါ ဘာညာပေါ့။ ကျွန်တှော့မယ် ဘယ်လိုတောင် ဖြစ်သွားမှန်း မသိဘူး။ ဘုရားမှာ စံပယ်ပန်း လှူတယ်ဆိုတာ အခုမှ မဟုတ်ဘူး ဟိုးအရင် နှစ်ပေါင်းများစွာ ကတည်းက။ ကားမှာ စံပယ်ပန်း ချိတ်တာကလည်း အခုမှ မဟုတ်ဘူး၊ လုပ်ရိုးလုပ်စဉ် ကိစဿစကြီး။ ဒါမျိုး ရောချပြီး နိုင်ငံရေး လှုပ်ရှားမှုထဲ ထည့်တာကတော့ ရုပ်ပျက်လွန်းအား ကြီးပါတယ်။ ဘုရားပှေါက စံပယ်ပန်းသည်ကို ဒါငါတို့ကို ထောက်ခံလို့ ရောင်းနေတာလို့ ပြောရမလား။ ကားပှေါမှာ စံပယ်ပန်း ဆွဲမိတဲ့ လူတစ်ယောက်ကို ငါတို့ကို ထောက်ခံနေသူကြီးပါလို့ မှတ်တော့မလို့လား။ ဒါမှမဟုတ် ဒီလူတွေက ပြသဿသနာတက်မှာ ကြောက်ပြီး ကိုယ့်စီးပွားရေး အပျက်ခံ ပန်းမရောင်းဘဲ နေရမလား။ ဒီလို သိပဿပံခေတ်ကြီးထဲမှာ စံနေတဲ့သူကို ပယ်နိုင်ဖို့ ဆိုတဲ့ ရှေးရိုးစွဲ ယတြာလိုလို အတိတ်လိုလို တဘောင်လိုလို ဟာတွေနဲ့ ခေတ်နောက်ပြန်ဆွဲတဲ့ အကျင့်စရိုက်ကြီးကို ဘာလို့များ ဖှောထုတ်ချင်ရတယ် မသိဘူး။ လုပ်ချင်ရင်လည်း ယိုးဒယားက ရဲရဲဝံ့ဝံ့ အဝါနဲ့ အနီ ဝတ်သလို ဝတ်ကြပေါ့။ အခုဟာကတော့ဗျာ ဒီသတင်း မသိဘဲ ရိုးရိုးသားသား ကိုယ့်ဟာကိုယ်ကို စံပယ်ပန်း ပန်မိရင်၊ ဘုရားမှာ လှူမိရင်၊ ကားထဲမှာ ချိတ်ဆွဲမိရင်တောင် တစ်ဖက်ကလည်း ငါတို့ကို ထောက်ခံလို့လို့ တွေးနိုင်သလို တစ်ဖက်ကလည်း လှုပ်ရှားမှုထဲမှာ ပါနေတဲ့ သူပါလားလို့ ထင်ယောင်ထင်မှား မဖြစ်သွား စေဘူးလား။ မဆိုင်တဲ့သူတွေ ဒုကဿခမရောက်ဘူးလား။ ဒီအကြံကိုတော့ ကျွန်တှောဖြင့် အံ့ဩလို့ မဆုံးဘူး။ Ambiguous ဖြစ်အောင်ကို တမင်လုပ်တာလားဗျာလို့ မေးချင်ပါရဲ့။ ဒီပိုစ့်ရေးလို့ စိတ်ဆိုးချင် စိတ်ဆိုးကြမယ်။ ဒါပေမယ့် ကျွန်တှော စိတ်ထဲမယ် ခံစားမိတဲ့အတိုင်း ရေးလိုက်တာပါပဲ။ ဒီအတွက် တိုင်းပြည်ချစ်တဲ့ လူငယ်တွေထဲ ကျွန်တှော မပါဘူး ပြောမယ်ဆိုလည်း ခံရုံပေါ့ဗျာ။


PS: စံပယ်ဆိုတာကို မြန်မာအဘိဓာန်မှာ အဓိပဿပာယ် နှစ်မျိုး ဖွင့်တယ်။ တစ်မျိုးက စံပယ်ပန်းပေါ့။ နောက်တစ်မျိုးကတော့ တင့်တယ်သည်။ ကျက်သရေ ရှိသည်။ ခမ်းနားကြီးကျယ် တင့်တယ်စွာ နေထိုင်သည် ဆိုပဲဗျ။ စံနေတဲ့သူကို ပယ်နိုင်အောင် စံပယ်ပန်း ယတြာချေရမယ်လို့ အခါပေးတဲ့ ဗေဒင်ဆရာများရှိရင် တွေ့ချင်ပါသေးရဲ့ဗျာ။ ဘာနည်းနဲ့များ တွက်သလဲလို့။ 


No response to “စံပယ်မေးခွန်း”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz