Thursday, December 18, 2008

သိန်းဖေမြင့်ရဲ့ ရည်းစား


ဆရာကြီး သိန်းဖေမြင့်ဟာ ကျွန်တှော သိပ်နှစ်သက်တဲ့ အားကျတဲ့ စာရေးဆရာ တစ်ယောက် ဖြစ်ပါတယ်။ သူဟာ မြန်မာ့ နိုင်ငံရေးမှာ အဓိက နေရာကနေ ပါဝင်ခဲ့ဖူးသူ တစ်ဦး ဖြစ်သလို၊ သူပါဝင်ခဲ့တဲ့ အကြောင်းအရာတွေကိုလည်း စာနဲ့ပေနဲ့ မှတ်တမ်းတင်ခဲ့တာကြောင့် နောင်လာနောက်သား ကျွန်တှောတို့ ဖတ်ရှုလေ့လာ နိုင်ခဲ့ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် တကဿကသိုလ်မှာတုန်းကလည်း ဆရာကြီးရဲ့မြေး ကောင်မလေး တစ်ယောက်နဲ့ အတှော ခင်မင်ခဲ့ကြသေးတယ်။ တကယ်တော့ သူဆရာကြီးရဲ့ မြေးဆိုတာ နောက်ပိုင်းမှ သိခဲ့ရတာပါ။ ဘရောက်ဒါ ဝါဒကို မြန်မာပြည်ထဲ ဆွဲသွင်းလာသူရယ်လို့ သခင်စိုးတို့ သခင်သန်းထွန်းတို့က စွပ်စွဲတာ ခံခဲ့ရတဲ့ ဆရာသိန်းဖေမြင့်ဟာ ပြောရရင် အတှော ဒူပေဒါပေ ခံနိုင်ရည်ရှိသူ တစ်ဦး ဖြစ်ပါတယ်။ ပြီးတော့ အမှန်ပြောရဲတဲ့ သတဿတိလည်း သိပ်ရှိတယ်။ တက်ဘုန်းကြီး ဝတဿထုတစ်ပုဒ်ထဲနဲ့တင် ဆရာ့လက်စွမ်းကို သိနိုင်ပါတယ်။ ကျွန်တှော့ဆီမှာ ဆရာ့စာအုပ်တွေ တှောတှောများများ ရှိတယ်။ တှောတှောလည်း ဖတ်ဖြစ်တယ်။ ဒီလိုနဲ့ တစ်ရက်ကျတော့ သခင်တင်မြရဲ့ ဆွေးနွေးခန်းတွေ သွားဖတ်ရင်း မှတ်သားစရာလေး တစ်ခု သွားတွေ့ပါတယ်။

မဟာမိတ်နှင့် မြန်မာ့တမန် စာအုပ်ကို ဖတ်တုန်းက သူတို့ အိနဿဒိယ ရောက်နေချိန် မြန်မာပြည်ကနေ ရဲဘှောတင်ရွှေ ပြန်ရောက်လာတော့ ခင်ဗျားဟာကလေး သေသွားရှာပြီ ဆိုတဲ့စကားလေး ဖတ်လိုက်ရတယ်။ မေ့မေ့ပျောက်ပျောက်ပါပဲ။ နောက်ပိုင်း သခင်တင်မြနဲ့ တွေ့ဆုံခြင်း စာအုပ်ထဲမှာမှ အဲဒီအကြောင်းလေး ပြန်အစပှေါလာတယ်။ ဆရာ့ပထမဆုံး ရည်းစားက ဒီးဒုတ်ဦးဘချိုရဲ့ သမီးပါတဲ့။ သူတို့ ကုလားပြည် ရောက်နေချိန်မှာ သခင်တင်က မီးခွက်မှုတ်လို့ ရှက်ပြီး ကိုယ့်ကိုကိုယ် သတ်သေသွားတာ ဆိုတဲ့အကြောင်းလေး ပါလာတယ်။ ဒါ့အပြင် စစ်အတွင်း ခရီးသည်မှာ ဆရာသိန်းဖေမြင့်က သူ့ရည်းစားကို ခှေါခဲ့ဖို့ မှာလိုက်တဲ့အကြောင်း မပါဘူး။ ရဲဘှောတင်ရွှေ သူ့ရည်းစား မမြရီကို လက်ထပ်ပြီး ခှေါလာတာတော့ ပါပါတယ်။ စာအုပ်ထဲမှာ ကောင်မလေး ဆုံးသွားလို့ ဝမ်းနည်းသွားတဲ့ ခံစားချက်ကို ထည့်မရေးခဲ့ဘူး။ အိနဿဒိယကို ခှေါခဲ့ခိုင်းတယ် ဆိုတာလည်း မပါဘူး။ အဲဒီညက မအိပ်နိုင်ဘဲ မျက်စိကြောင်နေတယ် ဆိုတာလောက်ကိုသာ ရေးထားပါတယ်။ အဲဒီအချိန်က သခင်တင်ကြောင့် ဖြစ်ရတယ် ဆိုတာကိုလည်း သိကြဦးမှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီအဖြစ်အပျက်ကို နောက်ပိုင်းမှ စစ်ဆေးရင်း သိကြလို့ပါ။ ဘုံဘဝမှာဖြင့် ထဲမှာတော့ ကောင်မလေး သေသွားတဲ့အကြောင်း ရေးထားတယ်။ သူ့အဖေ နေရာမှာတော့ xxx ရဲ့သမီး ဆိုပြီး နာမည်ကို ဖှောပြမထားပါဘူး။ ဒါကြောင့် ဒါလေးကို အမှတ်တရအဖြစ် မှတ်ထားလိုက်ပါတယ်။ ဆရာသိန်းဖေမြင့်ဟာ ဒီးဒုတ်ဦးဘချိုရဲ့ သမီးနဲ့ ရည်းစားဖြစ်ခဲ့ဖူးပြီး အဲဒီ ရည်းစားဦးဟာ သခင်တင်ကြောင့် ကိုယ့်ကိုကိုယ် သတ်သေသွားတယ် ဆိုတာလေးပါ။ ဘာရယ်တော့ မဟုတ်ဘူး။ စာဆိုတာ ဆက်စပ် ဖတ်မိတဲ့အခါ သိပ်အရသာ ရှိပါတယ်။ သခင်တင်မြနှင့် တွေ့ဆုံခြင်း စာအုပ်ထဲမှာ အဲဒီ သခင်တင် မီးခွက်မှုတ်တဲ့အကြောင်းကို ဗိုလ်မှူးချုပ် ကျှောဇောက ယိုးဒယားကနေ စာအုပ်တစ်အုပ် ရေးတယ်လို့ တွေ့လိုက်ရတယ်။ အဲဒါလေး မှတ်ထားလိုက်တယ်။ နောင်တချိန် အခွင့်ရရင် ဖတ်ချင်သေးတယ်။


စာကိုး။

မဟာမိတ်နှင့် မြန်မာ့တမန် - သိန်းဖေမြင့်
သခင်တင်မြနှင့် တွေ့ဆုံခြင်း - လူပေါင်းစုံ
ဘုံဘဝမှာဖြင့် - သခင်တင်မြ

No response to “သိန်းဖေမြင့်ရဲ့ ရည်းစား”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz