Thursday, December 11, 2008

ဆီမွှေး


ရွှေပြည်ဆရာကြီး ဦးဘတင် ဆိုတာကို သူ့အကြောင်း မသိခင် သူ့ဟောပြောချက်တွေ စာတွေ မဖတ်ဖူးခင် ကတည်းက နာမည်ကြားရုံနဲ့ ချစ်ခင် လေးစားနေမိတာ။ နောက်ပိုင်း စာတွေနဲ့ ရင်းနှီး ကျွမ်းဝင်လာတော့ ပိုလို့ လေးစားလာမိပါတယ်။ ဆရာကြီး မနဿတလေးမြို့ နှစ်၁ဝဝပြည့်ပွဲ ကာလ (၁၉၅၉) မှာ မနဿတေလး တကဿကသိုလ္မွာ ဟောပြောခဲ့တဲ့ ဟောပြောချက်တွေကို မိတဿထီလာ တကဿကသိုလ္က ဆရာဦးဝင်းတင့်က တိပ်ခွေကနေ ပြန်လည်ကူးယူ ရေးသားထားတာတွေကို အတွေးအမြင် စာစဉ်မှာ စဖှောပြကတည်းက လစဉ်လတိုင်း မပြတ်တမ်း ဖတ်လာခဲ့တာ ဗဟုသုတ အများကြီး ရပါတယ်။ ဆရာကြီး အဓိက ဟောပြောတာတွေက နန်းဓလေ့ ထီးမူနန်းရာတွေ အသုံးအနှုန်းတွေ အကြောင်း များပါတယ်။ ဒီတစ်လထုတ် အတွေးအမြင်မှာတော့ ရှေးခေတ် နန်းတွင်းသုံး ဆီမွှေး ပြုလုပ်ပုံလေး ပါလာလို့ မဖတ်လိုက်ရတဲ့သူတွေပါ မှတ်သားနိုင်အောင် ဝေမျှလိုက်ပါတယ်။ ဒီအကြောင်းလေး စိတ်ဝင်စားနေခဲ့တာ လှိုင်ထိပ်ခေါင်တင်အကြောင်း အတဿထုပဿပတဿတိ ဖတ်ကတည်းကပါ။ လှိုင်ထိပ်ထားက ကနောင်မင်းသားကြီး သိပ်ချစ်မြတ်နိုးတဲ့ သမီးတှောလေးကို ပေးတဲ့ ဆီမွှေးမှာ ပိုးဟပ်ဖြူပေါက်လေး ပါသွားလို့ သမီးတှောက တိုင်တာနဲ့ ကနောင်မင်းသားကြီးက လှိုင်ထိပ်ထားကို အမျက်ထွက်ခဲ့တာလို့ ဖတ်မှတ်ခဲ့ရဖူးတာကိုး။ 


ဆီမွှေး ဘယ်လိုလုပ်ကြရတုန်းဆိုတော့ နှမ်းကို ချွတ်လိုက်တယ်။ နှမ်းချွတ်လိုက်တယ်ဆိုတာ နီသလို မှိုင်းသလိုလိုဟာတွေ အပှေါဖတ်ကလေး ကျွတ်သွားတော့ နှမ်းဟာ ဖြူပြီးတော့ မွှေးကျန်ရစ်တယ်။ အဲဒီ ချွတ်ထားတဲ့နှမ်းကို နေပြင်းပြင်း လှမ်းလိုက်တယ်။ နေပြင်းပြင်း လှမ်းလိုက်တော့ ပူနေတဲ့ နှမ်းတွေမှာ သစ်စေးနဲ့ အလုံသုတ်ထားတဲ့ တောင်းရှိတယ်။ အဲဒီတောင်းနဲ့ ပယမ (ပထမ ရေးလိုရင်း ဖြစ်မည်ထင်သည်) ဒီဆီမွှေး လုပ်ဖို့ရာ စံပါယ်နံ့ကို လိုချင်လို့ရှိရင် စံပါယ်ပန်းကို အရင်ခင်းလိုက်တယ်။ ခင်းပြီးတော့ နှမ်းတစ်ထပ်၊ နောက်စံပါယ်တစ်ထပ်၊ နောက်နှမ်းတစ်ထပ်၊ နောက်စံပါယ်တစ်ထပ်၊ နောက်နှမ်းတစ်ထပ် ခင်းတယ်။ ခင်းပြီးတော့ ပိတ်ထားလိုက်တယ်။ ဒီပန်းတွေ နွမ်းသွားပြီးတော့ ဆန်ကာနဲ့ ချလိုက်တယ်။ ဒီနှမ်းတွေ တစ်ခါ ခြောက်အောင် လုပ်ပြန်တယ်။ နောက်တစ်ကြိမ် စံပါယ်တစ်ထပ်၊ နှမ်းတစ်ထပ် ဒီနည်းအတိုင်းလုပ်။ နောက် သုံးခါ (လေးငါးခြောက်ခါ) စံပါယ်ပန်းတွေချည်း သူ့ကို တစ်ခါတည်း နှပ်နေတာ။ ကြာတော့ စံပါယ် မပါဘဲနဲ့ နှမ်းကို ဒီအတိုင်း ကောက်နမ်းလိုက်ရင် စံပါယ်ပန်း ပကတိကို နမ်းရသလိုလို ဖြစ်လာတယ်။ အနံ့တွေ ကူးလာတယ်။ ဒီလောက် အနံ့ထုံမိပြီ ဆိုတော့မှ မဂဿငလာဆုံထဲမှာ ထည့်ပြီးတော့ ဆီရအောင် ကြိတ်တယ်။ ထွက်လာတဲ့ဆီက စံပါယ်ဆီ အဖြစ် ထွက်ရမယ်။ မဂဿငလာဆုံ ဆိုသည်မှာ ကုကဿကိုပင်ဆုံကြီးတွေ ရှိတယ်။ ဗမာက ကုကဿကိုပင်ကြီးက ဆုံပဲ။ ကုကဿကိုပင်ကြီးက ကျည်ပွေ့ပဲ စသည်ဖြင့် ဆုံတစ်ခုလုံးမှာ ဒီလို ထိုးရတဲ့ သတ်ကလေးမကျန် ဒီသစ်ပင် တစ်ပင်ထဲကချည်း လုပ်ထားသော ဆီဆုံလေးကို မဂဿငလာဆုံလို့ ခှေါတယ်။ စံပါယ်နဲ့ နှပ်ထားသော နှမ်းများက စံပါယ်ဆီ၊ မြလေးဆီ၊ ဒေါနဆီ ကိုယ်ကြိုက်ရာ ပန်းရနံ့တွေ ဒီလိုလုပ်တာ။


ရွှေပြည်ဦးဘတင် စာပွဲသဘင်၊ အတွေးအမြင်၊ အမှတ် ၂၀၁၊ ၂၀၀၈ ဒီဇင်ဘာ၊ စာ ၁၃။


No response to “ဆီမွှေး”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz