Tuesday, December 9, 2008

နည်းပြနဲ့ အောင်အောင်ဦးကို ပွဲပယ်ပြစ်ဒဏ်ပေးပြီ


မြန်မာဘောလုံးအသင်းရဲ့ နည်းပြဖြစ်တဲ့ Carlos Antonio Falopa နဲ့ ဂိုးသမား အောင်အောင်ဦးတို့ကို အာရှဘောလုံး အဖွဲ့ချုပ်က စကဿငာပူနဲ့ပွဲမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်အတွက် ကစားခွင့် တစ်ပွဲ ပိတ်ပင်လိုက်ပါတယ်။ ဒီလို ဂိုးမျိုးကို ပရီးရီးယားလိဂ်မှာ အာဆင်နယ် အသင်းက အွန်နရီ သွင်းခဲ့ဖူးပါတယ်။ အဲဒီတုန်းကလည်း ဂိုးပေးလိုက်လို့ ပြသဿသနာတွေ တက်ကြတယ်။ အခုဖြစ်စဉ်မှာတော့ စကဿငာပူ ဘောလုံးသမားတစ်ယောက် လဲကျနေတာ မထလာ သေးတာမို့ မြန်မာ ဘောသမားတွေ စောင့်ကြည့်နေကြတုန်း အလစ်အငိုက်မှာ ကန်သွင်းသွားတာပါ။ ပြောရမယ် ဆိုရင်တော့ ဒီဂိုးပေးလိုက်တာ မှန်ပါတယ်။ အောင်အောင်ဦး ဒိုင်သူကြီးကို အဝေးကြီးကနေ ပြေးလာပြီး တွန်းပစ်တာဟာ မှားတယ်။ မြန်မာတွေ အမြင်အရတော့ သူတို့ လူတစ်ဦး လဲကျနေလို့ ကိုယ်ကတောင် ဂရုဏာထားပြီး စောင့်ကြည့်နေချိန်မှာ ဒင်းတို့က လဲကျနေတဲ့သူကို ဂရုမထားဘဲ ကန်သွင်းသွားတယ်ပေါ့။ ကျွန်တှော့အမြင်ကတော့ ဒါဟာ သူ့အလုပ် သူလုပ်သွားတာပဲ။ တကယ်လို့ သူတို့က သူတို့လူကို ဂရုမစိုက်ဘူး ဆိုရင်လည်း ဒါက သူတို့ သမိုင်းလေ။ ကိုယ်ကတောင် နာမည်ကောင်း ယူရဦးမှာ။ ဒါပေမယ့် ဒီလို ယူမယ် ဆိုရင်လည်း ကိုယ့်တာဝန်ကို ပစ်ထားလို့ ဘယ်ရမလဲ။ ဂိုးသမားက ဂိုးမဝင်အောင် သတိရှိရှိ စောင့်နေရမှာပေါ့။ နောက်တန်း သမားတွေကလည်း ကာကွယ်နိုင်ဖို့ သတိရှိနေရမှာပေါ့။ အလုပ်တွေကို ရောယှက်မပစ်သင့် ဘူးလေ။ ယှဉ်ပြိုင်ခြင်းသာ အဓိက ဆိုရင် ဘယ်သူမှ ကြိုးစားပြီး ဂိုးသွင်းနေကြမှာ မဟုတ်ပါဘူး။ စကဿငာပူကို အကောင်းမမြင်ပေမယ့် ဒီဟာကတော့ သူ့အလုပ် သူလုပ်သွားတာမို့ မှန်တယ်လို့ ယူဆပါတယ်။ စကဿငာပူအသင်း ညစ်ပတ်တာကတော့ သူ့သမိုင်းနဲ့ သူပါပဲ။ မြန်မာတွေ သတိလက်လွတ် ဖြစ်ပြီး ရန်သူကို လျှော့တွက်လိုက်လို့ ခံလိုက်ရတာပဲ။ မြန်မာတွေက တခုခုဖြစ်ရင် ကွန်ပလိန်းတွေတက် ပြသဿသနာတွေရှာ ဆိုတာမျိုးက သောက်ကျင့်ပါနေပြီ။ ဒီသင်ခန်းစာမျိုး ရင်ထဲစွဲနေအောင် မှတ်ထားသင့်တယ်လို့ ထင်လိုက်မိသေးတယ်။ ရှုံးတာ နဲတောင် နဲသေးတယ်ဗျာ။ 


No response to “နည်းပြနဲ့ အောင်အောင်ဦးကို ပွဲပယ်ပြစ်ဒဏ်ပေးပြီ”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz