Sunday, December 7, 2008

တစ်ခါတုန်းက လူငယ်နှင့်မြို့ရိုး


















ဒါလေးက လွန်ခဲ့တဲ့ ၂နှစ်ကျှော ၂၀၀၆ ဇန်နဝါရီလ ၁၇ ရက်နေ့က တင်ထားခဲ့တဲ့ ပို့စ်လေးပါ။ ဒီနေ့မှ ပိုစ့်အဟောင်းတွေ ပြန်ကြည့်ရင်း အမှတ်တရ ပြန် Update လုပ်လိုက်တယ်။ မစနေရယ်၊ မဟနရယ် ကျွန်တှောရယ်က အဲဒီမတိုင်ခင်က အွန်လိုင်းမှာ စာတွေ အသားကုန်ရေးနေကြတဲ့ အချိန်ပေါ့။ သူတို့ နှစ်ယောက်က မြန်မာချတ်က မင်းသမီးတွေ။ ကျွန်တှောက ပလန်းနတ်က လူကြမ်း။ စာအုပ်လေး လုပ်ကြမယ်ဆိုတော့ ကျွန်တှော တစ်ခါရေးဖူးတဲ့ လူငယ်နဲ့ မြို့ရိုးဆိုတဲ့ နာမည်လေးကို ယူလိုက်ကြတယ်။ မှတ်မိသေးတယ်။ အဲဒီအတွက် လှတပတ သရုပ်ဖှောပုံလေးတွေ ရေးဆွဲပေးသူက ကိုပူစီတဲ့။ သူ့ကို ကျွန်တှော မတွေ့တာ တှောတှောကြာပြီ။ နောက်ဆုံး အခေါက်က ကျွန်တှော့က The Myth ထဲက ဂျက်ကီချန်း သီချင်းကို မြန်မာမှု ပြုခိုင်းသေးတယ်။ သူဆွဲထားတဲ့ ပုံလေးတွေ ပျက်သွားတဲ့ ဟာဒ္ဒစ္ထဲ ပါသြားတာ ေတာှေတာှ နှမြောမိတယ်။ ဒါလေးမြင်တော့ မလေးလုံးဆိုတဲ့ အမကြီး တစ်ယောက်လည်း သွားသတိရမိသေးတယ်။ သူကလည်း နာမည်ဝှက်နဲ့ ကျွန်တှောကလည်း နာမည်ဝှက်နဲ့။ ကျွန်တှော့ နာမည်ဝှက်ကို အဲဒီ အမကြီးကိုပဲ ပြောခဲ့ဖူးတယ်။ သူနာမည်ဝှက်ထားတာတော့ သူ့စာအရေးအသား ကြည့်တာနဲ့ ကျွန်တှောက သူဆိုတာ ထင်လိုက်ပြီးသား။ သူနဲ့ ကျွန်တှော အပြန်အလှန် ရယ်စရာ ကဗျာတွေ ရေးကြတာ မှတ်မိနေတယ်။ ပလန်းနတ် ဆာဗာဒေါင်းသွားတော့ အဲဒီပိုစ့်တွေ ပျက်သွားတာ သိပ်နှမြောမိတယ်။ နောက်တစ်ယောက်က စစ်ဆေးကနေ ရုရှားမှာ ကျောင်းသွားတက်တဲ့ mylittleforest ဆိုတဲ့ အကိုတစ်ယောက်လည်း သတိရမိသေးတယ်။ သူနဲ့ ကျွန်တှော စာပေ အကြောင်း တှောတှောလေး ဆွေးနွေး ဖြစ်ခဲ့ကြတာ။ နောက်တစ်ယောက်က ပလန်းနတ်က နာမည်ကျှော မမဗန်လို့ခှေါတဲ့ ဆုံးပါးသွားတဲ့ အကိုတစ်ယောက်။ တစ်ချိန်ချိန်ကျရင်တော့ အွန်လိုင်းကနေ ကျွန်တှောနဲ့ တှောတှောလေး ခင်ခဲ့တဲ့ သူတွေအကြောင်း တင်ဦးမယ်။ ရေးထားပြီးသားတွေ ရှိပါတယ်။ မတင်ဖြစ်သေးတာ။ 


No response to “တစ်ခါတုန်းက လူငယ်နှင့်မြို့ရိုး”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz