Thursday, November 20, 2008

Myanmar Machine Translation

လွန်ခဲ့တဲ့ တစ်နှစ်က ဒီအချိန်မှာ ကျွန်တှောဟာ နေ့ရောညပါ ပညာရပ်တစ်ခုကို လိုက်စားခဲ့တယ်။ မနက် ၉နာရီကနေ ည၉နာရီအထိ အဲဒီပညာရပ်နဲ့ ပတ်သတ်တဲ့ စာတမ်းတွေကို ဒေါင်းလုဒ်ဆွဲပြီး နားလည်အောင် ဖတ်ရှုလေ့လာခဲ့ရတယ်။ မြန်မာပြည်မှာ အဲဒါနဲ့ ပတ်သတ်တဲ့ စာအုပ်စာတမ်း မရှိတဲ့အတွက် အီးဘွခ်တွေ၊ သီးစစ်တွေကို အင်တာနက်တခွင်မှာ ပြဲပြဲစင်အောင် ရှာဖွေခဲ့ရတယ်။ ဆော့ဖ်ဝဲလ်ပေါင်း များစွာကို အပင်ပန်းခံ ဒေါင်းလုဒ်ချပြီး ကိုယ့်ကွန်ပျူတာလေးထဲမှာ စမ်းသပ်ခဲ့ရတယ်။ ပြီးတော့ ဒါတွေကို လူပြိန်းနားလည်အောင် ဘာသာပြန်ရပြန်တယ်။ တကဿကသိုလ်တွေမှာ ဒီဟာအတွက် သူတို့ လုပ်နိုင်တာတွေ၊ လုပ်သင့်တာတွေကို လိုက်လံ ပို့ချခဲ့တယ်။ ဒီလို ပို့ချရာမှာ သူတို့ နားလည်နိုင်စေဖို့ ကိုယ်က သူတို့ ကျွမ်းကျင်တဲ့ ဘာသာရပ်တွေကို တီးမိခေါက်မိအောင် လေ့လာရပြန်တယ်။ တှောတှောကြိုးစားပမ်းစား လုပ်ပြီး အရှိန်ရလာချိန်မှာပဲ ဒီဟာက အကြောင်းအမျိုးမျိုးကြောင့် ပျက်သွားခဲ့တယ်။ ကျွန်တှော စိတ်မကောင်းဘူး။ ကျွန်တှော့ အချိန်တွေ အများကြီး ကုန်သွားခဲ့ရတယ်။ ဒါပေမယ့် ကျွန်တှော ကျေနပ်မိပါတယ်။ မြန်မာပြည်ရဲ့ ရှားရှားပါးပါး ခက်ခက်ခဲခဲ ပရောဂျတ်တစ်ခုမှာ ပါဝင်ခဲ့ရတာကို။ အဲဒီနောက်ပိုင်း ကျွန်တှော အဲဒါနဲ့ ပတ်သတ်တာတွေကို စိတ်နာစွာ ထိတောင် မထိတော့ပါဘူး။ လေ့လာထားတာတွေလည်း ကြာတော့ မေ့ကုန်ပြီ။ ဒါပေမယ့် ဒါဟာ ကျွန်တှောတို့ဆီမှာ တစ်နေ့မဟုတ် တစ်နေ့ အကောင်အထည် ဖှောရမယ့် အရေးကြီးကိစဿစ တစ်ခု ဖြစ်လာမှာပဲ။ အများထင်သလောက် လွယ်ကူတဲ့ ကိစဿစေတာ့ မဟုတ္ပါဘူး။ ဒါကေတာ့ အဂဿငလိပ္လို ရေးထားတဲ့စာတွေကို မြန်မာလို အလိုအလျောက် ဘာသာပြန်ပေးနိုင်တဲ့ Machine Translation စနစ်ပဲ ဖြစ်ပါတယ်။ တကယ်လို့ ဒီစနစ်သာ အကောင်အထည် ပှေါလာခဲ့ရင် သူတို့ဆီက ဘာသာရပ်တွေ၊ ဝတဿထုတွေကို မြန်မာတွေ အဂဿငလိပ်လို မတတ်ရင်တောင် မြန်မာလို လွယ်လွယ်ကူကူ လေ့လာနိုင်လာမှာ အသေအချာပဲ ဖြစ်ပါတယ်။ အဲဒီတုန်းက ကျွန်တှော ရေးထားခဲ့ဖူးတဲ့ Article လေးတစ်ခု ပြန်တွေ့လို့ တင်လိုက်ပါတယ်။ ဒီဘာသာရပ်ကို စိတ်ဝင်စားတဲ့သူ စမ်းသပ်ချင်တဲ့သူ၊ လုပ်ကိုင်နေတဲ့သူတွေရှိရင် ကျွန်တှောက ကျွန်တှောစမ်းခဲ့ဖူးတဲ့ ဆော့ဝဲလ်တွေအကြောင်း နည်းလမ်းတွေအကြောင်း အခက်အခဲတွေအကြောင်း ပြောပြဝေမျှချင်ပါသေးတယ်။ 




ကွန်ပျူတာစနစ်သုံး ဘာသာပြန်ခြင်း  (Machine Translation)



Machine Translation ဆိုသည်မှာ ကွန်ပျူတာ (သို့) စက်ကို အသုံးပြုပြီး ဘာသာစကား တစ်မျိုးမှ တစ်မျိုးသို့ အလိုအလျောက် ဘာသာပြန်ဆိုစေသော စနစ်ကို ဆိုလိုသည်။ 


သမိုင်းအကျဉ်း

ထိုစနစ်မှာ အမှန်စစ်စစ် ယခုမှ ပှေါပေါက်လာခဲ့သော နည်းပညာ မဟုတ်ချေ။ ကွန်ပျူတာ မပှေါပေါက်ခင် ၁၉၄ရခုနှစ်ခန့် ကတည်းကပင် အမေရိကန် နိုင်ငံက စက်ကို အသုံးပြုပြီး အလိုအလျောက် ဘာသာ ပြန်ဆိုနိုင်စေသော စနစ်ကို စတင် စဉ်းစား ခဲ့မိကြသည်။ ထို့နောက် ၁၉၅၂ ခုနှစ်တွင် ပထမဆုံးအကြိမ် ထိုနည်းပညာနှင့် ပတ်သတ်သော ညီလာခံ ကို ကျင်းပနိုင်ခဲ့ကြသည်။ ထိုမှစကာ ယင်းစနစ်သည် လူတိုင်း၏ အထူး စိတ်ဝင်စားခြင်း ခံခဲ့ရပေသည်။ သို့ရာတွင် လူတို့က ယင်းစနစ်ကို ယေဘုယျ တွေးထင်ထား ကြသည်မှာ ခလုတ်တစ်ချက် နှိပ်လိုက်ရုံမျှဖြင့် ဘာသာစကား တစ်မျိုးမှ တစ်မျိုးသို့ လွယ်လင့်တကူ ပြောင်းလဲပေးသွားနိုင်ကာ လူအနေဖြင့် အားစိုက်စရာ မလိုတော့ ဟူ၍ ဖြစ်သည်။ ထိုယူဆချက်မှာ လွန်စွာ မှားယွင်းသော ယေဘုယျ ယူဆချက်မျိုးပင် ဖြစ်ပေသည်။ အမေရိကန်တွင် ပုဂဿဂလိက အဖွဲ့အစည်းများ အာဏာပိုင်များက ထိုစနစ်ကို အကောင်းမွန်ဆုံး ဖြစ်လာစေရန် ပညာရှင်များအား သုတေသန အဖွဲ့အစည်းများ ဖွဲ့စည်းစေကာ ရန်ပုံငွေများ ထောက်ပံ့ပေးပြီး စီမံကိန်း တစ်ရပ် အနေဖြင့် သုတေသန ပြုစေခဲ့သှောလည်း ၁၉၆၆ခုနှစ် အထိအောင်ပင် ပြီးပြည့်စုံသော စနစ်ကို မဖန်တီးနိုင်သောကြောင့် ထိုစီမံကိန်းကို ရပ်တန့်ရန် ဆုံးဖြတ်ခဲ့ကြသည်။ သို့သှောလည်း ယင်းလုပ်ငန်းမှာ ရပ်တန့်မသွားဘဲ ဆက်လက် အကောင်အထည်ဖှော ဆောင်ရွက်လာခဲ့ကြရာ ၁၉၇၄ခုနှစ်တွင် အမေရိကန် လေတပ်အတွင်း စစ်ထရန် (Systran)ခှေါ ရုရှား-အဂဿငလိပ် ကွန်ပျူတာ ဘာသာပြန် စနစ်ကို တပ်ဆင် အသုံးပြု နိုင်ခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် ကနေဒါနိုင်ငံတွင်း Meteroခှေါ ဘာသာပြန်စနစ်ဖြင့် မိုးလေဝသတင်းများတွင် စတင် အသုံးပြုခဲ့ရာမှ  ယင်းစနစ်သည် အများပြည်သူသုံး စနစ်တစ်ခုအဖြစ် အသွင်ပြောင်းလဲ လာခဲ့ပြီး European Commissionမှ ယင်းစနစ်ကို တရားဝင် ဝယ်ယူကာ အခြားဘာသာများဖြင့်လည်း သုံးစွဲခဲ့သည်။ ပထမဆုံးသော ကွန်ပျူတာသုံး ဘာသာပြန် ဆော့ဖ်ဝဲလ်မှာ ၁၉၈၁ ခုနှစ်တွင် ပှေါပေါက်လာခဲ့ကာ တစ်ကိုယ်ရေသုံး ကွန်ပျူတာ များနှင့်အတူ ပြည်သူများကြားတွင် ပိုမို ပြန့်နှံ့လာခဲ့သည်။ ထို့နောက် ၁၉၈၀ ခုနှစ် နောက်ပိုင်း တလျောက်လုံးတွင်ကား ဂျပန်နိုင်ငံမှ ထိုစနစ်ကို အထူးလေ့လာ သုတေသနပြုပြီး စီးပွားဖြစ် လုပ်ကိုင်လာသည်အထိ အောင်မြင်လာသည်ကို တွေ့ရပေသည်။ ယခုအချိန်တွင်တော့ ယင်းစနစ်မှာ အင်တာနက်ပှေါတွင် အခမဲ့ ဖြန့်ဖြူးပေးနိုင်သည် အထိပင် ကျယ်ပြန့်လာခဲ့သည်။


ကွန်ပျူတာ စနစ်သုံး အခြေခံ ဘာသာပြန်ခြင်းစနစ် (၂)မျိုး

ပထမ စနစ်မှာ ဘာသာပြန် လုပ်ငန်းတစ်ခုလုံးကို အစမှအဆုံး တိုက်ရိုက် ဘာသာပြန်ဆိုစေသော စနစ်ဖြစ်သည်။ ယင်းစနစ်မှာ စာကြောင်း တစ်ကြောင်းမှ တစ်ကြောင်း၊ စာလုံး တစ်လုံးမှ တစ်လုံး စက်ကို တိုက်ရိုက် ပြန်ဆိုစေခြင်းနည်း (Direct Translation) ဖြစ်သည်။ သို့ရာတွင် ယင်းစနစ်၏ ရလာဒ်မှာ အဘိဓာန်ကို တိုက်ရိုက် ကူးယူသလို ဖြစ်နေသောကြောင့် ထွက်ပှေါလာသော ဘာသာပြန် ရလာဒ်မှာ ဆိုးရွားလှသည်။ ထို့ကြောင့် စာလုံးများ၊ စာကြောင်းများ အစီအရင် ကျနစေရန် တတ်ကျွမ်းသူ ဘာသာပြန် လူတစ်ဦးဦးမှ ပြန်လည် စီစဉ် ပေးနေရမည် ဖြစ်သည်။( မှတ်ချက်။ ဖှောပြခဲ့သော သမိုင်း အကျဉ်းတွင် အမေရိကန်တို့ ယင်းစနစ်အပှေါ အားလျော့ခဲ့ကြခြင်းမှာ အထက်ပါ တိုက်ရိုက် ပြန်ဆိုခြင်း စနစ်ကြောင့် ဖြစ်နိုင်ပေသည်။)

ဒုတိယ စနစ်မှာလည်း လူအကူအညီ မယူဘဲ ကွန်ပျူတာဖြင့်သာ အစအဆုံး လုပ်ဆောင်စေခြင်း ဖြစ်သည်။ သို့ရာတွင် ယင်းစနစ်မှာ အထက်ပါ ပထမစနစ်ကဲ့သို့ တိုက်ရိုက် ပြန်ဆိုခြင်း နည်းဖြင့် မဟုတ်ဘဲ ကွန်ပျူတာထဲတွင် မှတ်ဉာဏ်စနစ် ထည့်သွင်းပေးထားပြီး မည်သည့်စာလုံးကိုတွေ့လျှင် မည်သို့ ပြန်ဆိုစေမည်၊ မည်သည့် စာကြောင်း အတွဲအဆက်တွေ့လျှင် မည်သို့ ပြန်ဆိုမည် စသော စည်းမျဉ်းစည်းကမ်းများကို ကွန်ပျူတာသို့ သင်ကြားပေးကာ ဘာသာပြန်စေခြင်း ဖြစ်သည်။ ယင်းစနစ်မှာ လက်ရှိအောင်မြင်နေသော စနစ်ဖြစ်သှောလည်း ထိုစနစ်ကို အသုံးပြုနိုင်ရန် နိုင်ငံတကာမှ ပညာရှင်များ နှစ်ပေါင်းများစွာ သုတေသနပြု စူးစမ်းလုပ်ကိုင်ခဲ့ကြသည်ကို ကြည့်ခြင်းအားဖြင့် အတန်ပင် ရှုပ်ထွေး နက်နဲသော စနစ်တစ်ခု ဖြစ်သည်ကိုလည်း သတိပြုရန် လိုအပ်ပေသည်။

အဆိုပါ စနစ်ကို အသုံးပြုသူ အတွက်မူ ကွန်ပျူတာအတွင်းဘက် လုပ်ငန်းများကို မြင်နိုင်မည် မဟုတ်ဘဲ နားလည်မည်လည်း မဟုတ်ချေ။ တိုက်ရိုက် ပြန်ဆိုခြင်း စနစ်ကို အသုံးပြုခြင်းလော၊ စကားလုံးများ၊ ဝါကျများကို ဆန်းစစ်ပြီး ရွေးချယ် ဘာသာပြန်ဆိုသော စနစ်ကို အသုံးပြုခြင်းလော စသော အချက်များကို သုံးသပ်မိမည် မဟုတ်ဘဲ ဘာသာပြန် ရလာဒ်အပှေါတွင်သာ အာရုံထားမည် ဖြစ်ပေသည်။ သို့ရာတွင် စက်ဘက်မှ လုပ်ဆောင်နိုင်မှုများကို သိလျှင်မူ ပိုမိုကောင်းမွန်သော ဘာသာပြန် ရလာဒ်များကို ရရှိနိုင်ပေမည်။



အခြေခံအားဖြင့် Machine Translation နည်းပညာတွင် လုပ်ဆောင်သော အခြေခံအပိုင်း လေးခုရှိသည်။


Dissemination: The production of translations of ‘publishable’ quality.

အထက်ပါ အချက်မှာ တိတိကျကျ ဘာသာပြန်ရလာဒ်ကို လိုအပ်သော အခါမျိုးတွင် ဘာသာပြန်စက်ချည်း သက်သက် မဟုတ်ဘဲ လူကိုပါ ထိုစနစ်ကို ထိန်းကျောင်းစေခြင်းမျိုး ဖြစ်သည်။ ယင်းတွင် လူလိုက်ပါ ဆောင်ရွက်ရမှု နှစ်မျိုး ရှိသည်။ ပထမတစ်မျိုးမှာ Pre-editing Input ခှေါ ဘာသာပြန်မည့် စာသားများကို မထည့်သွင်းမီ စက်နားလည်အောင် ပြုပြင်ခြင်း အဆင့်နှင့် Post-editing Output ခှေါ ထွက်ပှေါလာသော ဘာသာပြန် ရလာဒ်ကို ပြန်လည် စီကုံးပေးခြင်းမျိုး ဖြစ်သည်။ 


Assimilation

ဤအချက်မှာမူ သုံးစွဲသူဘက်မှ တိကျသော လုံးစေ့ပတ်စေ့ ဘာသာပြန်ခြင်းမျိုးကို မလိုအပ်ဘဲ အကြမ်းဖျင်း သိရုံသာ လုံလောက်သော အခြေအနေမျိုးအတွက် သုံးသော စနစ်ဖြစ်သည်။ ယင်းဘာသာပြန်ခြင်း စနစ်တွင် အဓိက ပြဌာန်းထားသော စကားလုံးများကိုသာ ရွေးချယ်ပြီး ဆက်စပ် ဘာသာပြန်ပေးခြင်း ဖြစ်သည်။ 


Interchange

ထိုလုပ်ဆောင်မှုတွင် စက်၏ဘာသာပြန်ခြင်းက ပို၍ တိုက်ရိုက်ကျသလို ပိုပြီးလည်း ပြတ်သား ရှင်းလင်းသည်။ အဓိကအားဖြင့် ယင်းစနစ်၏ လုပ်ငန်းစဉ်မှာ တစ်ယောက်မှ တစ်ယောက်သို့ တိုက်ရိုက်ပြောဆိုခြင်း မဟုတ်ဘဲ သတင်း၊ အချက်အလက် စသည်တို့ကို ပေးပို့ရာတွင် ပေးပို့သော သတင်း၊ အချက်အလက်ကိုသာ အဓိကထားပြီး ဘာသာပြန်ဆိုခြင်း ဖြစ်သည်။


Database Access

နိုင်ငံခြား ဘာသာစကား Database တစ်ခုကို ပြုလုပ်ထားပေးပြီး အဆိုပါ ဘာသာစကား အသုံးပြုထားသော နည်းပညာ၊ အချက်အလက်များ ရှိပါက ထို Database ကိုအသုံးပြု ဘာသာပြန်ကာ ရှာဖွေခြင်းမျိုး ဖြစ်သည်။ ဥပမာအားဖြင့် အင်တာနက်ပှေါတွင် Google Translation ကဲ့သို့သော Application များကို အသုံးပြုကာ အခြားဘာသာများဖြင့် ရေးထားသော ဝဘ်ဆိုဒ်များသို့ပါ သွားရောက် ရှာဖွေခြင်းမျိုး ဖြစ်သည်။



အထက်ပါ လုပ်ငန်းစဉ် ပုံစံတွင် MT Engine နှင့် တွဲဆက်ထားသော Sublanguage ဆိုသည်မှာ သီးခြား ဘာသာရပ် အဘိဓာန် Individual Lexicon တစ်ခုခုကို ဆိုလိုသည်။ ဥပမာအားဖြင့် ဆေးပညာ ဘာသာရပ် စကားလုံး အသုံးများသည် စီးပွားရေး ဘာသာရပ် စကားလုံးများနှင့် မတူပေ။ စစ်ရေးတွင်သုံးသော စာလုံးများနှင့် အင်ဂျင်နီယာ ဘာသာရပ်တွင်သုံးသော စကားလုံး တို့သည်လည်း အဓိပဿပာယ် မတူကြပေ။ ထို့ကြောင့် သက်ဆိုင်ရာ ဘာသာရပ် အားလုံးအတွက် သီးခြား အဓိပဿပာယ်ကွဲ Sublanguage (or) Specific Lexicon များထားပေးရမည် ဖြစ်သည်။

Controlled Language ဆိုသည်မှာ စက်နားလည်အောင် အကြိုပြုပြင်ထားသော စာသားများ (Pre-edited Texts)ဟု အဓိပဿပာယ် ယူ၍ရသည်။ စက်အနေဖြင့် စာကြောင်းတစ်ကြောင်းကို တွေ့ရှိစစ်ဆေးသည့်အခါ မည်သည့်နေရာတွင် ဖြတ်မည်၊ ရပ်မည် စသည်ဖြင့် စည်းကမ်း အားလုံးကို လုပ်ဆောင်ရမည် ဆိုလျှင် လူကဲ့သို့ အသိဉာဏ်အစစ် မရှိသောကြောင့် ရှုပ်ထွေး မှားယွင်းမှုများ ရှိလာနိုင်သည်။ အကယ်၍ လူကသာ ထိုစက်ထဲသို့ ထည့်သွင်းမည့် စာသာများကို မည်သည့်နေရာတွင် ဖြတ်မည်၊ ရပ်မည်၊ တွဲဆက်မည် စသည်တို့ကို အကြို သတ်မှတ် ပေးလိုက်မည်ဆိုလျှင် စက်အနေဖြင့် ပိုမိုတိကျသော၊ မှန်ကန်သော ဘာသာပြန်ချက်ကို ထုတ်ပေးနိုင်မည် ဖြစ်ပေသည်။ 

Post-Editing ဆိုသည်မှာ စက်က ဘာသာပြန်လိုက်သော စာသားကို လူကလိုက်ပါ ပြုပြင်ပေးသည် ဟူသော အဓိပဿပာယ်ထက် ပိုမို ကျယ်ဝန်းသည်။ အထက်တွင် ဖှောပြခဲ့သော စက်ဖြင့် ဘာသာပြန်ခြင်း၏ လုပ်ငန်းစဉ်များကို နားလည် သဘောပေါက်မည်ဆိုလျှင် ယင်း Post-Editing အခန်းကဏဿဍ၏ အရေးပါ အရာရောက်မှုကို သိနိုင်ပေသည်။ ဘာသာပြန်မည့် စာသားများသည် Pre-Edited ကြိုပြီး သတ်မှတ် ပြင်ဆင်ထားသည် ဖြစ်စေ၊ သို့မဟုတ် Raw ကစင့်ကလျား ထည့်သွင်းထားသည် ဖြစ်စေ ယင်း PE အဆင့်တွင် ပြန်လည် စီစစ် တည်းဖြတ်ပေးနိုင်သည်။ ထိုသို့ လုပ်ဆောင်နိုင်ရန်အတွက် ယင်းအဆင့်တွင် Corpus ဟုခှေါသော စာသားဘဏ်၊ Lexicon ဟုခှေါသော စနစ်တကျ ထည့်သွင်းထားသည့် အဘိဓာန်စနစ်၊ စာသားများတွဲဆက်ပုံ Grammar စနစ်များကို ထည့်သွင်းပေးထား ရပေမည်။ သို့မှသာ စက်မှ ပထမအဆင့် Direct Translation နည်းဖြင့် ပြန်ဆိုလိုက်သော စာသားများကို နောက်ဆုံးအဆင့်တွင် နေရာအထားအသိုနှင့် မှန်ကန်သော ဘာသာပြန်ဆိုမှုဖြစ်အောင် လုပ်ဆောင်နိုင်မည် ဖြစ်သည်။


Lexicon Database ၏ အထူးအရေးပါပုံ

Lexicon Database ဆိုသည်မှာ သာမန်မြင်နေကျ အဘိဓာန် မဟုတ်ပေ။ အမှန်စင်စစ် အဘိဓာန်သည် Lexicon Database ၏ အစိတ်အပိုင်း တစ်ခုသာ ဖြစ်သည်။ သဘောအားဖြင့် ဖတ်ရှုသူများ မြင်နေရသော အဘိဓာန်ပုံစံမှာ ၎င်းတို့ မမြင်ရသော Lexicon Database မှအချက်အလက်များကို စနစ်တကျ ဆွဲထုတ်ယူငင် ပြန်လည် စီစဉ်ထားခြင်းပင် ဖြစ်သည်။

 
ရိုးရိုး အဘိဓာန်သည် Root Base ဟုခှေါသော တည်ပုဒ်စကားလုံး တစ်လုံးပှေါတွင် ဆက်စပ် စကားလုံးများကို ထပ်ခါထပ်ခါ ပေါင်းထည့်ပြီး စာကို သိမ်းဆည်းသည်။ LD တွင်မူ Meaning Oriented ဟူသော စနစ်အရ စာလုံး တစ်ခုစီတိုင်းကို အချက်အလက် တစ်ခုအနေဖြင့် သိမ်းဆည်းထားပေးသည်။ အထက်ပါ ပုံတွင် လက်ျာဘက်၌ မြင်ရသော အဘိဓာန်ပုံစံ ရလဒ်မှာ ဘယ်ဘက်ခြမ်းရှိ စနစ်တကျ သွင်းထားသော Lexicon Database ကြောင့် ဖြစ်သည်။  Machine Translation နည်းပညာတွင် အထက်ပါ စနစ်ကျတကျ ဆောက်လုပ်ထားသော Lexicon Database သည် အထူးအရေးပါသည်။ ထို့ကြောင့် ပထမအဆင့် အနေဖြင့် အဘိဓာန်ထဲမှ စာသားများကို စနစ်တကျ ကွန်ပျူတာ အသုံးပြုနိုင်သော စနစ်အဖြစ်သို့ ပြန်လည် ပြောင်းလဲ သိမ်းဆည်း ရပေမည်။ ယင်းစနစ်မှာ လူသုံးနှင့် စက်သုံးဟူ၍ နှစ်မျိုး ရှိနိုင်ပေမည်။ လူသုံး ဆိုသည်မှာ အဘိဓာန်မှ စာသားများကို တိုက်ရိုက် သိမ်းဆည်းပြီး လူသုံးရန် ရည်ရွယ်ထားသော ပုံစံနှင့်၊ နောက်တစ်မျိုးမှာ စက်ဖြင့်ဘာသာပြန်ခြင်း လုပ်ငန်း သက်သက်အတွက် လိုရင်းတိုရှင်း အဓိကကျသော စကားလုံး အနက်များကို စီစစ် ထည့်သွင်းထားသော ပုံစံဟူ၍ ဖြစ်သည်။ 


Corpora (or) Corpus

Corpora (or) Corpus ဆိုသည်မှာ စာလုံး၊ စာကြောင်းများစွာကို သိုမှီးထားသော ဘဏ်တိုက်တစ်ခုပင် ဖြစ်သည်။ ယင်းအထဲတွင် နေ့စဉ်သုံး၊ အရပ်သုံး စာများမှစပြီး ဘန်းစကားများ၊ စာတမ်းများ၊ ဝတဿထုများ၊ မဂဿဂဇင်းများ၊ ဝဘ်ဆိုဒ်များမှ စာများအထိ ပါဝင်သည်။ အကယ်၍ ထိုဒေတာဘေ့စ်ကို သက်ဆိုင်ရာ အခန်းကဏဿဍများ ခွဲခြားပြီး သိမ်းဆည်းမည် ဆိုပါက စက်အနေဖြင့် ဘာသာပြန်မည့်စာကို လွယ်ကူ လျှင်မြန်စွာ ရှာဖွေ ကိုးကား နိုင်ပေလိမ့်မည်။ ထိုဒေတာ တစ်ခုချင်းဆီကို တိတိကျကျ ပြောင်းလိုသည့် ဘာသာရပ်သာမက၊ အခြားဘာသာရပ် များနှင့်ပါ ယှဉ်တွဲပြီး သိမ်းဆည်းထားမည် ဆိုလျှင် Parallel Corpora သဘောမျိုးဖြင့် Bilingual သို့မဟုတ် Multi lingual ဘာသာပြန်ခြင်းမျိုးပါ ဆောင်ရွက်နိုင်မည်ဟု ယူဆမိပါသည်။ ယင်း Corpus ထဲတွင် သက်ဆိုင်ရာ အခန်းကဏဿဍများကို ခွဲခြားမည်ဆိုလျှင် (Subcorpus) များအနေဖြင့် 

  • Medicine, 
  • Religion, 
  • Business
  • Huminities
  • Computing
  • Science
  • Law
  • Society
  • Sport
  • Arts
  • Technology
  • News
  • Fictions
  • Etc:

စသည်ဖြင့် သီးခြား အခန်းကဏဿဍများ ပါဝင်လာပေလိမ့်မည်။ ယင်းသီးခြား အခန်းများထဲတွင်မှ ထပ်မံပြီး အသေးစိတ် ကဏဿဍငယ်လေးများ ထပ်မံ ခွဲစိတ်၍ ရနိုင်ပေသေးသည်။ ဥပမာအားဖြင့် အနုပညာဟူသော ခေါင်းစဉ်အောက်တွင် ပန်းဆယ်မျိုး အတွက် အသုံးအနှုန်းများမှာ တစ်ခုနှင့်တစ်ခု မတူသောကြောင့် ဖြစ်သည်။ မြန်မာပြည်တွင် အထက်ပါ လုပ်ငန်းများကို လုပ်ဆောင်နေသည်ဟု သတင်းစကားများအရ ကြားသိရသှောလည်း သုံးစွဲစမ်းသပ်ခြင်း မပြုရသေးသည့်အတွက် မည်သည့်နည်းလမ်းဖြင့် တည်ဆောက်ထားသည်၊ မည်သည့် စနစ်ဖြင့် လည်ပတ်နေသည် မိမိတို့ အသုံးပြုမည့် စနစ်နှင့် သင့်လျှောမည်စသော အချက်များကို အတည်မပြု နိုင်သေးပါ။ အဂဿငလိပ်-မြန်မာ ဘာသာရပ်ဆိုင်ရာ အဘိဓာန်များမှာလည်း ပြည့်စုံမှု မရှိသေးကြောင်း တွေ့ရှိရပါသည်။ ယင်းသို့ အချက်အလက် များများစားစားကို ကွန်ပျူတာကို သင်ကြားရန် တိတိကျကျ မထည့်သွင်း နိုင်သေးသရွေ့ ဘာသာပြန်မှု စွမ်းအားမှာ ကောင်းမွန်လာနိုင်စွမ်း မရှိဟု မြင်မိပါသည်။


ဘာသာရပ်ဆိုင်ရာ အကြောင်းအရာတစ်ခုကို ဘာသာပြန်မည် ဆိုပါက သက်ဆိုင်ရာ ဘာသာရပ်နှင့် ဆိုင်သော Tabs လေးများကို နှိပ်ပေးခြင်းဖြင့် ပိုမိုတိကျသော ဘာသာပြန်ချက်ကို ရရှိနိုင်ပါလိမ့်မည်။ ဥပမာ အားဖြင့် ယေဘုယျ အခြေအနေတွင် Capital ဆိုသော စာလုံးသည် မြို့တှောကို ရည်ညွှန်းသှောလည်း၊ စီးပွားရေး ပညာရပ်တွင်မူ အရင်းအနှီး ကဲ့သို့သော အဓိပဿပာယ်မျိုးကို ပေးပေလိမ့်မည်။

MT ကိုလုပ်ဆောင်ရာတွင် Approach Method အနေဖြင့် အောက်ပါအတိုင်း လေးမျိုးခန့် တွေ့ရသည်။ 


Dictionary Based

Machine translation can use a method based on dictionary entries, which means that the words will be translated as a dictionary does — word by word, usually without much correlation of meaning between them.


Statistical Approach

Statistical machine translation tries to generate translations using statistical methods based on bilingual text corpora, such as the Canadian Hansard corpus, the English-French record of the Canadian parliament and EUROPARL, the record of the European Parliament. Where such corpora are available, impressive results can be achieved translating texts of a similar kind, but such corpora are still very rare. The first statistical machine translation software was CANDIDE from IBM. Google used SYSTRAN for several years, but has switched to a statistical translation method in October 2007. Recently, they improved their translation capabilities by inputting approximately 200 billion words from United Nations materials to train their system. Accuracy of the translation has improved.


Example- Based

Example-based machine translation (EBMT) approach is often characterised by its use of a bilingual corpus as its main knowledge base, at run-time. It is essentially a translation by analogy and can be viewed as an implementation of case-based reasoning approach of machine learning.


Interlingual


Interlingual machine translation is one instance of rule-based machine-translation approaches. In this approach, the source language, i.e. the text to be translated, is transformed into an interlingual, i.e. source-/target-language-independent representation. The target language is then generated out of the interlingua.


ဘာသာပြန်သူ တစ်ဦးဟာ အနည်းဆုံး အောက်က အခြေခံအချက် ငါးချက်ကို ကျွမ်းကျင်ရပါမယ်။

  • မူရင်းဘာသာရပ်ကို သိရမယ် (Source Language)
  • ဘာသာပြန်မယ့် ဘာသာရပ်ကို သိရမယ် (Target Language)
  • အဲဒီနှစ်ခုရဲ့ အပြန်ပြန် အလှန်လှန် ဆက်နွယ်ပုံတွေ၊ သဘောတရားတွေကို သိရမယ်
  • ကိုယ်ဘာသာပြန်မယ့် အကြောင်းအရာ အကြောင်းကို သိရမယ်
  • မူရင်းနဲ့ ဘာသာပြန် နှစ်ခုစလုံးနဲ့ ဆက်နွယ်တဲ့ ယဉ်ကျေးမှုတွေ၊ လူမှုရေး၊ စီးပွားရေး၊ ထုံးတမ်းစဉ်လာ စတာတွေကို သိရမယ်


ဘာသာစကား ပညာရှင် တစ်ဦး အနေနဲ့ဆိုရင်

  • စကားသံ ဖွဲ့စည်းပုံ၊ ဖြစ်ပှေါပုံတွေကို သိရမယ် (Phonological Knowledge)
  • စာလုံးဖွဲ့စည်းပုံ၊ ပုဒ်ဖွဲ့စည်းပုံ စတာတွေကို သိရမယ် (Morphological Knowledge)
  • စာကြောင်းဖွဲ့စည်းပုံတွေကို သိရမယ် (Syntactic Knowledge)
  • စာလုံးတစ်လုံး၊ စာကြောင်းတစ်ကြောင်း၊ စာပိုဒ်တစ်ပိုဒ်ရဲ့ ဆိုလိုရင်းတွေကို သိရမယ် (Semantic Knowledge)



No response to “Myanmar Machine Translation”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz