Friday, November 28, 2008

Hoax at Snap Shot Journal


ဒီတစ်ပါတ်ထုတ်တဲ့ လျှပ်တစ်ပြက်ဂျာနယ် အတွဲ(၂) အမှတ်(၉)ထဲမှာ မျက်လုံးပြူးစရာ သတင်းတစ်ပုဒ် ပါလာပြန်တာ တွေ့လိုက်ရပါတယ်။ တစ်ခါတုန်းကလည်း ဖြစ်ပြီးပြီ ဒါမျိုးကို နောက်ထပ်တစ်ခါ ထည့်တယ် ဆိုကတည်းက လျှပ်တစ်ပြက်ရဲ့ ဦးတည်ချက်က ဘာလဲဆိုတာ စဉ်းစားစရာ ကောင်းလာပါတယ်။ ပထမ တစ်ခါတုန်းက နို့ကင်ဆာဆိုပြီး ကြာဖူးကြာဆံတွေနဲ့ လုပ်ထားတဲ့ အင်တာနက်က Hoax တစ်ခုကို အကြီးအကျယ် သတင်းတင်လိုက်လို့ မသိတဲ့လူတွေ ဘရာစီယာတောင် မဝတ်ရဲလောက်အောင် ဖြစ်သွားတဲ့သတင်းကို မှတ်မိကြဦးမယ် ထင်တယ်။ အဲဒီတုန်းကလည်း ကျွန်တှောတို့က တွေ့လိုက်ကတည်းက ဒီသတင်းဟာ အတုကြီးဆိုတာ သိလိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီသတင်း အင်တာနက်မှာ ပွနေတာ သုံးလေးနှစ် ရှိနေပြီကိုး။ 

ဒီတစ်ခေါက်ကတော့ ကံကိုအကြောင်းပြု၍ဆိုတဲ့ ခေါင်းစဉ်နဲ့ လူနှစ်ယောက် တစ်ကိုယ်ထဲ သတင်း။ ရေးတဲ့သူက ကျမ်းဆရာကြီး ဦးဋေဿဌးအောင်တဲ့။ မဟာသဒဿဓမဿမေဇာတိကဓဇ ဆရာကြီးပါ။ ဇာတ်လမ်းအကျဉ်းက ဆရာကြီးကို ပြည်ပရောက် တူလေး လင်းလင်းက အင်တာနက် အီးမေးလ်ကနေ ဓာတ်ပုံတွေ ပို့လိုက်ပါသတဲ့။ ပို့လိုက်တဲ့ ဓာတ်ပုံတွေက တစ်ကိုယ်ထဲမှာ ဖင်ပြန်ခေါင်းပြန် ဆက်နေတဲ့ ပုံတွေ။ တစ်ယောက်က အိမ်သာတက်ရင် တစ်ယောက် ပါးစပ်က ထွက်ပါသတဲ့။ သူတို့မှာ တင်ပဆုံရိုး ပေါင်တံ၊ ခြေထောက်မပါသလို ကျင်ကြီးကျင်ငယ်စွန့်ဖို့ ဘာအဂဿငါမှ မပါပါဘူးတဲ့။ ဓာတ်ပုံတွေနဲ့ ဝေဝေဆာဆာ ဖှောပြထားပါတယ်။ ဒါပေမယ့် ဘယ်နိုင်ငံက ဘယ်သူဘယ်ဝါ ဆိုတာကိုတော့ အတိအကျ မဖှောပြပြန်ပါဘူး။  (အကျယ်ဖတ်လိုလျှင်ဝယ်ပါ) 

ဆရာကြီးကို အပြစ်မတင်ချင်ပါဘူး။ ဆရာကြီးဟာ အသက်ကြီးပြီဆိုတော့ အင်တာနက်က လာတဲ့ ပုံကို တကယ့်အမှန်လို့ ထင်မှာပါပဲ။ သူ့အနေနဲ့ ဖိုတိုထရစ်တွေကိုလည်း သိပ်သိမှာ မဟုတ်သလို အင်တာနက် Hoax ဆိုတာတွေကိုလည်း အကျွမ်းဝင်မယ် မထင်ပါဘူး။ ဆရာကြီးက ဒီပုံကိုကြည့်ပြီး တရားသဘောတွေနဲ့ လျှောက်ဟောနေတယ်။ ကံတွေ၊ ကံအကျိုးတွေ၊ ကိလေသာတွေ၊ ဝဋ်တွေ၊ အကောင်းအဆိုးတွေ စသည်ဖြင့် သူမြင်ရတဲ့ အပှေါမှာ ပိုင်းခြားစိတ်ဖြာပြီး တရားဟောရှာပါတယ်။ ဒါပေမယ့် ကျွန်တှောကတော့ ဒီပုံကို မြင်လိုက်ကတည်းက သူ့စာကို မဖတ်ရသေးဘူး လံကြုပ် ဇာတ်လမ်းကြီး တစ်ခုဆိုတာ သိပါတယ်။ ဖတ်လည်း ဖတ်လိုက်ရော ခုန တရားဟောတာတွေ သွားတွေ့ပြီး တှောတှော ဓာတ်ကျသွားတော့တယ်။ 

ကျွန်တှောတို့လို အင်တာနက်နဲ့ အမြဲထိတွေ့နေတဲ့သူတွေ အတွက်ကတော့ ဒီသတင်းကြီး ဂျာနယ်ထဲ ပါလာတာ ဟားစရာကြီးပါ။ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစဿစကြီး ဆိုတာလည်း သိနိုင်တာပဲ။ ဒါပေမယ့် ဒီသတင်းဟာ ကျေးလက်ဒေသ ရောက်သွားတဲ့အခါ အဲဒီကလူတွေ ဒါကို အဟုတ်မှတ်ကြပါတော့မယ်။ ပြီးတော့ အောက်ကလည်း တရားတွေ ဟောထားသေးတာကိုး။ စုတ်တသပ်သပ်နဲ့ ထိတ်လန့်တကြား ဖြစ်တော့မယ်။ ပြီးတော့ ဒီလို အခြေအမြစ် မရှိတဲ့ မတိကျတဲ့ သတင်းကြီးကို တရားနဲ့ တွဲဟောလိုက်တော့ တရားလည်း သိကဿခာကျပါတယ်။ အဲဒီတရား ဟောမိတဲ့ ဆရာကြီးလည်း သိကဿခာကျပါတယ်။ ဆရာကြီး အနေနဲ့ ဒီပုံတွေကို အမှန်ထင်ပြီး တကယ်ကို ခံစားရလို့ တရားဟောလိုက်တာ ဖြစ်ကောင်းဖြစ်မယ်။ ဒါပေမယ့် သတင်းဂျာနယ်တိုက် အနေနဲ့ ဒီလိုသတင်းမျိုးကို ထည့်ပေးသင့်သလားဆိုတာ ကျွန်တှောတို့ စဉ်းစားသင့်ပါတယ်။ ဒီလို ပေါက်တက်ကရ ဘယ်သူလုပ်မှန်းမသိ လျှောက်လုပ်ထားတဲ့ သတင်းတိုင်းကို တရားဝင်ထုတ်ဝေပြီး နိုင်ငံအနှံ့ ဖြန့်ချိနေတဲ့ သတင်းဂျာနယ်တွေက တိတိကျကျ မသိဘဲ အစစ်လိုလို ထည့်မယ်ဆိုရင် မသိနားမလည်တဲ့သူတွေကို လိမ်လည်ရာ မရောက်ဘူးလား။ ဒါဟာလည်း စာနယ်ဇင်း အက်သစ်ပဲလားဆိုတာ ကျွန်တှော စိတ်ထဲက တွေးနေမိတယ်။ 

ဒါကြီးဟာ အင်တာနက် လုပ်ကြံသတင်းလို့ ကျွန်တှော ယုံကြည်တယ်။ ဒါပေမယ့် အဲဒီသတင်းရဲ့ ရင်းမြစ်ကို ကျွန်တှော ရှာမတွေ့သေးဘူး။ ရှာဦးမယ်။ တွေ့တဲ့အခါ ထပ်ပြီး တင်ပြပါဦးမယ်။ တကယ်လို့ ဒီသတင်းအတိုင်းသာ အမှန်ဆိုရင် အဲဒီ ခေါင်းနှစ်လုံးနဲ့ ဖင်မပါတဲ့ကောင် ကမဿဘာကျှောနေလောက်ပြီ။ Hoax တွေအကြောင်း သိချင်ရင် ဂူဂယ်လ်မှာ Internet Hoax ဆိုပြီးသာ ရိုက်ရှာကြည့်လိုက်ပါတော့။ လောလောဆယ်တော့ ဒါဖတ်ပြီး စိတ်ကုန်နေတယ်။ 

No response to “Hoax at Snap Shot Journal”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz