Saturday, November 15, 2008

High Resolution Maps of Myanmar (7 States)

High Resolution Maps of Myanmar (7 States)


Kachin High Resolution Map




Kayah High Resolution Map




Karen High Resolution Map




Chin High Resolution Map




Mon High Resolution Map




Rakhine High Resolution Map



Shan High Resolution Map




Maps Dimension: 2048 x 2896
Size around (300K)

Creative Commons License

This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 3.0 Unported License.



ပထမ တင်ပေးလိုက်တဲ့ မြေပုံတွေမှာ လိုအပ်ချက်တွေ ရှိနေတာမို့ ပြန်ပြင်ထားပါတယ်။ အရင်ပုံတွေမှာ နာမည် ထင်ရှားတဲ့ မြို့တွေလောက်သာ ထည့်ထားခဲ့တော့ မပြည့်စုံပါဘူး။ ဒီတစ်ခေါက် ပုံတွေမှာတော့ တှောတှောလေး ပြည့်ပြည့်စုံစုံဖြစ်အောင် ဖြည့်ထားပါတယ်။ ပြည်ထဲရေးက ၂၀၀၈ ဖေဖှောဝါရီ ရက်စွဲနဲ့ အတည်ပြုထားတဲ့ မြို့ရွာ စာရင်းထဲမှာ ပါတဲ့ မြို့နယ်၊ မြို့နယ်ခွဲတွေအထိ ထည့်ထားလိုက်တယ်။ အရင် ဆွဲထားတုန်းက ပြေပြေပြစ်ပြစ် မရှိတဲ့ အချိုးအကွေ့တွေကိုလည်း ပြင်ထားလိုက်ပါတယ်။

ဒီမြေပုံတွေကို ကျွန်တှော အပင်ပန်းခံ ဆွဲထားတာ အကြောင်းရှိပါတယ်။ အရင် အင်တာနက်ပှေါမှာ ရှိတဲ့ မြေပုံတွေက ရှုပ်ယှက်ခတ်နေတယ်။ ပြီးတော့ ဆိုဒ်သေးတယ်။ အခမဲ့ မဟုတ်ဘူး။ ဒီတော့ Research လုပ်သူတွေ၊ အကယ်ဒမစ်တွေ၊ ဝန်ထမ်းတွေအတွက် Plain Maps လေးတွေ ဆွဲမယ်ဆိုပြီး လုပ်ခဲ့တာပါ။ ဒီ Plain Map အပှေါမှာ ကိုယ့်ပညာရပ်အလိုက် လိုအပ်တဲ့ ဒေတာတွေ အလွယ်တကူ ထည့်လို့ ရပါတယ်။ ဥပမာ သစ်တောကဆိုရင် မြန်မာပြည်မှာ ရှိတဲ့ သစ်တောတွေ တည်နေရာပေါ့၊ တကယ်လို့ လူဦးရေ ဆိုရင်လည်း သက်ဆိုင်ရာ ပြည်နယ်တွေအလိုက် ကိန်းဂဏန်းလေးတွေ လိုက်ထည့်ရုံပေါ့။

ဒါပေမယ့် ဒီနေရာမှာ ချွင်းချက် တစ်ခု ရှိပါတယ်။ ဘာလဲဆိုတော့ ဒီမြေပုံတွေဟာ အခမဲ့ ပေးထားတယ် ဆိုပေမယ့် Creative Common Lincese အရ စီးပွားရေးနဲ့ မပတ်သတ်တဲ့ နေရာတွေမှာသာ အသုံးပြုခွင့် ရှိပါတယ်။ ပြင်ခွင့် ရှိပါတယ်။ ဖြည့်စွက်ခွင့် ရှိပါတယ်။ ဖြန့်ဝေခွင့် ရှိပါတယ်။ စီးပွားရေးနဲ့ မပတ်သတ်တဲ့ ဘယ်နေရာမှာမဆို ကြိုက်သလို အသုံးပြုနိုင်ပါတယ်။ သူများ အပင်ပန်းခံ လုပ်ထားပြီး အခမဲ့ ပေးထားတာကိုတော့ လုပ်မစားပါနဲ့ အလွန်မုန်းပါတယ်။ ဒီပုံတွေကို ပြင်ဆင် မွမ်းမံပြီးရင်လည်း အခမဲ့ သုံးစွဲခွင့်၊ ဝေမျှခွင့်ပဲ ရှိပါတယ်။

မြေပုံမှာ ရထားလမ်းတွေ၊ ကားလမ်းတွေ၊ ဟိုဟာဒီဟာတွေ ထည့်မထားပါဘူး။ နယ်နိမိတ်၊ မြစ်ကြောင်းနဲ့၊ မြို့ တည်နေရာတွေပဲ ပါပါတယ်။ အထင်ကရ နေရာဆိုရင်တော့ သက်ဆိုင်ရာ အမှတ်အသား တစ်ခုခု ပြထားပါတယ်။ ဒီမြေပုံတွေထဲမှာ မှားနေတာ၊ လိုအပ်နေတာ ရှိခဲ့ရင် ထောက်ပြ အကြံပေးစေ လိုပါတယ်။ အခုကတော့ ပြည်နယ် ခုနစ်ခု ပုံပဲ တင်နိုင်ပါသေးတယ်။ တိုင်းတွေက ဆွဲနေဆဲပါ။ Mouse နဲ့ ဆွဲရတာက သိပ်အဆင်မပြေတာမို့ Wacom Tablet ဝယ်မလားလို့တော့ စဉ်းစားနေတယ်။ ပြောရရင်တော့ ဝယ်မယ် စဉ်းစားနေတာ ၃နှစ်လောက် ရှိပြီလေ။ :) ပျှောရွှင်ပါစေ။




Updated:

1. Fixed 2 errors at Rakhine Map and reloaded again! (Nov.16)
2. Download all these maps at 4Shared (Ko Nyein Khant) (2 Mb)
3. Download All these maps at Megaupload  (Ko Myat Thura) (2Mb)

No response to “High Resolution Maps of Myanmar (7 States)”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz